Be strong


      https://i.pinimg.com/originals/


24.3.2020


ငဗစ်ဂြိုဟ်စမွှေတဲ့နေ့


2020 သင်္ကြန်နဲ့အတူ ပိတ်လိုက်ရတဲ့ လုပ်ငန်းခွင်တွေဟာ June လဆန်းမှ မြေစမ်းခရမ်းပျိုးစပြုလာရတယ်


လုပ်ငန်းတွေလည်ပတ်ဖို့ အစပျိုးတဲ့အချိန်

Second wave တဲ့ 


28.8.2020


ကနေစလိုက်တဲ့ ပြဿနာဟာ November ရွေးကောက်ပွဲပြီးသည့်တိုင်အောင် မပြီးဆုံံံံံံံံးနိုင်ပါဘူး


ခင်ဗျားတို့ပြောစကားအတိုင်း ရွေးကောက်ပွဲအတွက် တစ်ဦးတစ်ယောက်က မဟုတ်မမှန် လုပ်ကြံခဲ့ရင် မေတ္တာဆူးပါစေဗျာ



1.2.2021


နစက အာဏာသိမ်းလို့ လုပ်ငန်းတွေရပ်တန့်လိုက်ရပြန်တယ် သူဌေးကောင်းမှုနဲ့ အဆင်ပြေခဲ့ပေမယ့် လုပ်ငန်းတွေက ရပ်တန့်ဆဲပါပဲ



30.6.2021


June လဆန်းကစပြီး အကုသိုလ်များလှတဲ့ လူတွေကြားထဲမှာ ဝမ်းရေးအတွက် ကျားကန်ပြီးရပ်တည်နေရတုန်း Third wave တဲ့


နိုင်ငံရေးလှည့်ကွက်ဆိုပြီး ဗြောင်ကျကျဆိုသံတွေလဲ ကြားရပါတယ် သိကြားသာသနာမှာ ရောဂါကို အသုံးချပြီး စေတနာလွဲရင်တော့ ကျွန်တော်အပါအဝင် မေတ္တာဆူးကြမှာ မလွဲပါဘူး


But လူသေနှုန်းတွေကတော့ တရိပ်ရိပ်တက်နေတာ ကျောချမ်းစရာပါ ကိုယ်ဖြစ်သူတစ်ပါးခံရောဂါဆိုးဆိုတော့ ဆင်ခြင်နိုင်ကာမှ ဘေးကင်းမှာပါ


ငဗစ် ခင်ဗျား​ေ_ာက်ရမ်းနှိပ်စက်တယ်ဗျာအလုပ်လေးလည်ပတ်ဖို့ သွေးပူနေဆဲ Third wave တဲ့ ​ေ_ာက်တလွဲ 2020 ကစပြီး သာယာတဲ့အချိန်ဆိုတာ ရွှေထက်တောင်ရှားပါလား..



စိတ်ဓါတ်တွေကျရပြန်ပြီ အသိတရားလေးသာ ကပ်မနေသေးရင် ကျွန်တော်လူ့ပြည်ဆိုတာကို နှုတ်ဆက်သွားတာကြာခဲ့ပါပြီ..



ခပ်ပေါ့ပေါ့အတွေးနဲ့လဲ အားမပေးချင်ပါဘူး it can't be rain forever ဆိုပေမယ့် မ​ေ_ဘေးက လူပြည့်ရောက်တာ ၂နှစ်ပြည့်တော့မယ်ဗျ..



ကိုယ်ဖြစ်ရင် သူများပါဒုက္ခရောက်ရမယ့် ရောဂါဆိုတော့ သတိကပ်ပြီ ပိုပြီးပိုပြီး ဆင်ခြင်ရမှာပေါ့ ငဗစ်ရေ ဒီနှစ်မွေးနေ့မှာ ဘုရားရောက်​အောင်သွားပြီး ကျွန်တော်နဲ့ခင်ဗျားအတွက် အမျှဝေခဲ့ပါမယ်..



နောင်သံသရာမှာ ခင်ဗျားလိုဂြိုဟ်ဆိုးနဲ့ ကျွန်တော်အပါအဝင် တစ်ဦးတစ်ယောက်မျှ မဆုံစည်းရပါစေနဲ့ဆိုတဲ့ ဆုတောင်းကို ရွှေတိဂုံဘုရား ခြေတော်ရင်းမှာ ကျွန်တော်ဆုတောင်းပါမယ်။



Be strong အားပေးမယ့်သူမရှိလဲ ကျွန်တော့်ဘာသာ နှစ်သိပ်လိုက်ပါတယ်။





 

No comments: