Nothing

https://dz9yg0snnohlc.cloudfront.net/


ဒီလိုနဲ့ ကျွန်တော်တို့ ဝေးသွားရမှာပါ..


တအိအိပြိုဆင်းလာတဲ့ မိုးသားတွေကိုကြည့်ရင်း ကျွန်တော် ခင်ဗျားကို သတိရလာမိတယ်..


စည်းဆိုတဲ့ အရံအတားနောက်မှာ ကျွန်တော်ခြေအစုံရပ်နေရင်းနဲ့  ခင်ဗျားဆိုတဲ့ ရုပ်နာမ်ခန္ဓာကြီးကို မျှော်ငေးကြည့်နေမိတယ်..


တားဆီးလို့မရနိုင်တာအချစ်တဲ့ ကျွန်တော်ခပ်သဲ့သဲ့ရယ်လိုက်မိတယ် အင်္ဂါတစ်ကောင်ရဲ့ ရင်ခုန်သံဆိုတာ အစစ်အမှန်ရော ရှိနိုင်ပါ့မလားဗျာ..


လူ့အလိုနတ်မလိုက်နိုင်တဲ့ ကျွန်တော်အလို့တော့ခင်ဗျားလိုက်နိုင်ပါတယ် မိန်းမတွေကို အသားလွတ်အထင်သေးနေတဲ့ ခင်ဗျားကြောင့် ကျွန်တော့်ခြေအစုံကို ရပ်တန့်ဖို့အတွက် တွန်းအားတစ်ခုပါပဲ..


ရက်တွေကိုလစားခဲ့ပေမယ့် ကျွန်တော်မသိတဲ့ ခင်ဗျားဆိုတဲ့ လူတစ်ယောက်အပေါ် ရင်ခုန်နေဆဲပါပဲ။






 

No comments: