ကြိုး


 

မချည်နှောင်ရပါဘူးလို့ ကျွန်တော့်ကိုကျွန်တော်

 အတန်တန်သတိပေးထားတဲ့ကြားက 

ခင်ဗျားကိုချည်နှောင်မိပြန်တယ် အဲ့ဒီကြိုးကိုထပ်ပြီး 

မနှောင်ဖွဲ့မိဖို့အတွက် ကျွန်တော်သတိထားပါမယ်ဗျာ။



တဖက်သားကိုမချည်နှောင်ရဲလို့


ကိုယ့်ဘာသာပြန်ချည်နှောင်မိတဲ့


ကြိုးကိုလည်း ကျွန်တော်တစ်ယောက်


ဖြေလျော့ပေးရတော့မယ် ကြာလာရင်ခက်လှချီရဲ့..



အစွန်းနှစ်ဖက်လွတ်အောင်


မနေတက်တဲ့လူတစ်ယောက်အတွက်


သံယောဇဉ်ဆိုတာလည်းဒုက္ခတစ်မျိုးပါပဲ

ဒုက္ခမှန်းသိလို့ လွှတ်ချဖို့ကြိုးစားလေ

အရင်ထက်ပိုပြီး ခင်ဗျားကိုကျွန်််််တော် 

ဖက်တွယ်မိလေဆိုတော့

ဒီအတိုင်းပဲ ကျွန်််််််််တော့်ဘာသာ

နှောင်ဖွဲ့ထားလိုက်ပါတယ်..



ဒုက္ခ


ဘုရားလည်းဟောခဲ့တယ်


ခင်ဗျားလည်းပြောခဲ့ဘူးပါတယ်


မလွှတ်ချနိုင်သရွေ့တော့


ကျွန်တော်တစ်ယောက်

ငြိတွယ်နေအုန်းမှာပါပဲ။


#13.2.2022


Ah Nge’ - Kyoe (ကြိုး)


တစ်ဖက်သားကို မချည်နှောင်ရက်လို့ ကျွန်တော့်ကိုကျွန်တော် နှောင်ဖွဲ့ထားမိတဲ့ ကြိုးကလည်း ပိုပြီးခိုင်မာလာတယ် ရုန်းထွက်ဖို့လည်း မကြိုးစားတော့ပါဘူးဗျာ..


ချည်နှောင်ခဲ့ပြီး
သံသရာ မီး 
ပူလောင်ပါစေ အချစ်ရေ


Him



ခင်ဗျားကအသက်အရွယ်ထက် လူကြီးဆန်ပြီးတည်ငြိမ်ရင့်ကျက်နေသလောက် ကျွန်တော်ကအသက်အရွယ်နဲ့မမျှ ကလေးဆန်နေမိတာ ခင်ဗျားမကြိုက်မှန်းသိပါတယ်ဗျာ အဲ့ဒါကြောင့် ကျွန်တော်လူကြီးဆန်ပြီးတည်ငြိမ်ရင့်ကျက်ဖို့ ကြိုးစားပေးပါခင်ဗျာ။



အခုနောက်ပိုင်း ကျွန်တော်စိမ်းကားနေတယ်လို့ ခင်ဗျားထင်ကောင်းထင်မယ် စိမ်းကားသွားတာ 

မဟုတ်ရပါဘူးဗျာ ခင်ဗျားနဲ့ခွဲခွာခဲ့ရတဲ့ဒုက္ခကြီးကို 

မခံစားနိုင်တဲ့ လူဖြစ်နေလို့ ခင်ဗျားနဲ့ပတ်သတ်သမျှ 

ကျွန်တော့်ဆန္ဒတွေကို အများကြီးထိန်းချုပ်ထားပါတယ်ခင်ဗျာ..



တကယ်တန်းပြောရရင် ၂၄ရက်ဆိုတဲ့ကာလလေးက ဘာမှမရှိပါဘူးဗျာ ဒါပေမယ့် အဲ့ဒီ၂၄ရက်အတွင်းမှာ ကျွန်တော်ခံစားခဲ့ရသမျှတွေက ကျွန်တော်ကလွဲရင် ဘယ်သူမှကိုယ်ချင်းစာနာပေးနိုင်မှာ မဟုတ်ပါဘူး 

သူတို့က ကာယကံရှင်မှ မဟုတ်ကျတာဗျာ



ခင်ဗျားကတော့တွေးမိမှာပဲ အရင်ကတော့ ငါ့ကိုအသည်းအသန်ဖြစ်နေတဲ့ မိန်းမတစ်ယောက်က တည်ငြိမ်ရင့်ကျက်တာမြန်လှချီလားဆိုပြီးတော့ အမှန်ကတော့ လူကြီးဆန်ချင်ယောင်ဆောင်ခဲ့မိတာပါ 



မိန်းမတစ်ယောက်သူ့အသက်အရွယ်နဲ့ မလိုက်မဖက်ရင့်ကျက်တည်ငြိမ်မှု မရှိတာကိုဖွင့်မပြောပေမယ့် ခင်ဗျားမကြိုက်မှန်း ကျွန်တော်နားလည်ပါတယ်ဗျာ ခင်ဗျားပတ်ဝန်းကျင်က မိန်းမတွေအကုန်လုံးနီးပါး မိန်းမပီပီသသ လူကြီးဆန်ဆန်လေးတွေဆိုတာလည်း ကျွန်တော်သိပါတယ်ဗျာ



ဒါကြောင့်မို့လည်း တာဝန်တွေ၊ဖိအားတွေများပြီး စိတ်ရှုပ်နေရတဲ့ ကျွန်တော်ချစ်မိတဲ့လူတစ်ယောက်အတွက် အရင်လိုမနှောက်ယှက်ပဲ ငြိမ်ငြိမ်လေးနေပေးနေတာ ခင်ဗျားကိုကူညီရာရောက်တယ်ပဲ ကျွန်တော်ဘာသာခံယူထားပါတယ်ခင်ဗျ



ကျွန်တော်ကိုယ်တိုင်လည်း တည်ငြိမ်ရင့်ကျက်ချင်ပါပြီ လူတစ်ယောက်ကိုတွယ်တာမိလို့ ရလာခဲ့တဲ့ဒဏ်ရာတွေက တကယ်ကိုနာကျင်ရပါတယ် အဲ့ဒါကြောင့်လည်း ရခဲ့တဲ့ဒဏ်ရာတွေ နောက်တစ်ကြိမ်အသစ်ပြန်မဖြစ်အောင် ခင်ဗျားမကြိုက်တဲ့အမှားတွေ ထပ်မလုပ်မိဖို့ဂရုစိုက်နေပါတယ်ဗျာ



ကျွန်တော်ကပျော့ညံ့လွန်းတော့ ဒဏ်ရာတစ်ခုသွားရသ်ယိုင်နဲ့သွားရတဲ့စိတ်ကို အနည်ပြန်ထိုင်ဖို့ အချိန်တော်တော်ယူပြီး ပြန်တည်ဆောက်ရတဲ့လူဖြစ်လို့ပါဗျာ



တကယ်တမ်းပြောရရင် ကျွန်တော်စိတ်ဆန္ဒအတိုင်းဆိုရင် တနေ့တနေ့ ခင်ဗျားကို စာတွေအများကြီးပို့မယ် ဖုန်းတွေအများကြီးခေါ်မယ် အခွင့်မရှိပေမယ့် ခင်ဗျားကိုခင်မင်တဲ့ မိန်းမတွေကိုသဝန်တိုနေမိမယ် မိန်းကလေးတစ်ယောက်လိုပြုမူမိမှာပါဗျာ ဝန်ခံရရင် ခင်ဗျားမကြိုက်တဲ့ကိစ္စတော်တော်များများ ကျွန်တော်လုပ်တက်တဲ့သူပါဗျ



ဒါပေမယ့်လည်း ခင်ဗျားနဲ့ဝေးရတဲ့ဒဏ်ကိုမခံစားနိုင်လို့ အဲ့ဒါတွေတစ်ခုမှမလုပ်မိအောင် ကျွန်တော်အများကြီးဂရုစိုက်နေပါတယ် နီးစပ်ခွင့်မရှိတဲ့ဘဝမှာ ခင်ဗျား Viber ကိုခိုးကြည့်ရတဲ့အချိန် ခင်ဗျား Facebook ကိုခိုးကြည့်နေရတဲ့အချိန်မျိုး ပြန်မသွားပါရစေနဲ့ဗျာ ကျွန်တော်အတွက့် တကယ်ကိုပင်ပန်းလွန်းလို့ပါဗျာ



နီးစပ်ခွင့်မရှိပေမယ့် အခုလိုခင်ဗျားအဝေးမှာရှိနေပေးပြီး ကျွန်တော်ကိုဂရုစိုက်ပေးနေတဲ့ဘဝကို 

ကျွန်တော်မက်မောတယ်ဗျ အဲ့ဒီဘဝမှာနေခွင့်ရနေတာကိုပဲ ကျွန်တော်တကယ်ကျေနပ်တယ်ခင်ဗျ 

ခင်ဗျားစောင့်ရှောက်ပေးနိုင်တဲ့ ဂရုစိုက်ပေးနိုင်တဲ့ 

ဒီလိုအချိန်တွေ ကျွန်တော်တကယ်ကို မြတ်နိုးတန်ဘိုးထားပါတယ်ခင်ဗျာ




အဲ့ဒါကြောင့်လည်း ကျွန်တော့်ကြောင့် 

ဒီလိုအချိန်လေးတွေ ပျက်စီးစေမယ့် အပြုအမူမျိုးဖြစ်သွားမှာကို အလွန်အမင်းစိုးရိမ်မိလို့ ကျွန်တော့်အပြုအမူတွေကို ထိန်းချုပ်ထားပါတယ်



ခင်ဗျားကို မချစ်တော့ဘူးမထင်ပါနဲ့ 

ဝေးရတဲ့ကာလအတွင်းမှာ ကျွန်တော့်ကိုကျွန်တော်အများကြီးနားလည်သွားတာပါ အဝေးမှာခင်ဗျားရှိပေးနေယုံနဲ့တင် ကျွန်တော့်ဘဝကပြည်စုံနေရတဲ့လူပါ 

ဒါကြောင့်ခင်ဗျားကို အရင်ကထက်ပိုပြီး မြတ်နိုးတွယ်တာချစ်ရပါတယ် ချစ်နေမိပါတယ် ချစ်နေဆဲပါခင်ဗျာ။



#formyuniverse!




ကမ္ဘာ



စကားလေးတစ်ခွန်းနဲ့တင်

ကျွန်တော့်ကမ္ဘာကြီးကလှပသွားခဲ့ရတဲ့အတွက်

ကျေးဇူးတင်ပါတယ်ချစ်သူ

ခင်ဗျားကိုချစ်ခွင့်ရနေယုံနဲ့တင်

ကျွန်တော်ဘဝကြီးပြည့်စုံသွားပါပြီခင်ဗျာ။


#7.2.2022

#7:50pm


မေတ္တာတရား


 

လိမ်ညာခြင်းဟာ တစ်ခါတလေ

လိုအပ်မှန်း သိခဲ့ပါတယ်။ 

အမှန်တရားဟာ 

(မိုက်မဲတယ်ပဲပြောပြော) 

တကယ်ရှိတယ်လို့ ယုံကြည်ခဲ့ပါတယ်။


ဝေမှုးသွင်။




ခင်ဗျားအပေါ် ထားရှိခဲ့တဲ့ချစ်ခြင်းတွေဟာ 

မေတ္တာတရားလိုမအေးမြခဲ့ပေမယ်

၁၀၀% မဟုတ်ခဲ့ရင်တောင်

၁၀၀% နီးပါးဖြူစင်ခဲ့တဲ့ ကျွန်တော်ရဲ့

ချစ်ခြင်းတရားတွေပါ


အဲ့ဒီချစ်ခြင်းတွေဟာ မအေးမြခဲ့တာမှန်ပေမယ့် 

ခင်ဗျားပူလောင်ပါစေဆိုတဲ့စိတ်မျိုး

ကျွန်တော့်မှာတစိုးတစ်စိတောင်မရှိခဲ့ရပါဘူးဗျာ


ကျွန်တော့်ချစ်ခြင်းတွေဟာ

ခင်ဗျားပေါ်စပြီးယိမ်းယိုင်ခဲ့တဲ့အချိန်ကနေ

ယနေ့အထိ ပကတိလိမ်ညာခြင်းအလျင်းမရှိတဲ့ 

၅၂၈ မေတ္တာတရားလိုမဖြူစင်ပေမယ့် 

အစွန်းအထင်းမဲ့တဲ့အရိုးခံမေတ္တာတရားတစ်ခုပါ


မေတ္တာမှန်ရင်ရောင်ပြန်ဟပ်တယ်ဆိုတာ 

လူကြီးသူမတွေပြောခဲ့ပေမယ့် 

ခင်ဗျားကိုချစ်ခွင့်ရနေယုံလေးနဲ့တင် 

ကျွန်တော်ကျေနပ်နေသူပါ


အဲ့ဒီလိုချစ်ခွင့်ရဖို့လည်း 

ကျွန်တော်တစ်ယောက်ထဲ ချစ်နေလို့မှမဖြစ်နိုင်တာ 

ခင်ဗျားတည်ရှိနေဖို့ကအဓိကကျပါတယ်


အဲ့ဒီလိုတည်ရှိပေးနေတာကိုပဲ 

ကျွန်တော့်အတွက်က ဘုရားပေးတဲ့ဆု 

ဒါမှမဟုတ် ခင်ဗျားပေးတဲ့ မေတ္တာတရားပါ။



#5.2.2022

💕 Thanks Bae, 

because you are my Universe. 💕

နေခြည်



 

နေခြည်ထွေးလို့နွေးပါသည်

နေရောင်ခြည်ကတော့ကျွန်တော်တစ်ယောက်

နွေးပါစေလို့မရည်ရွယ်ခဲ့ပေမယ့်

အဲ့ဒီနေခြည်ကြောင့်ပဲ

ကျွန်တော်တစ်ယောက်နွေးခဲ့ရပါသည်။



ကျွန်တော်အတွက်မဟုတ်ခဲ့ရင်တောင်

ခင်ဗျားရှိတယ်ဆိုတဲ့အသိတချို့နဲ့တင်

ရုပ်ပျက်ဆင်းပျက်အမြဲဖြစ်တက်ခဲ့တဲ့

ကျွန်တော်တစ်ယောက်

ဖရိုဖရဲဖြစ်မသွားခဲ့ရတဲ့အတွက်

တကယ်ကျေးဇူးတင်ပါသည်။