Photo source: https://www.destinasian.com/travel/



သင်္ကြန်ပြီးထဲက လောကဓံရဲ့
ရိုက်ခတ်မှုတွေက တော်တော်လေးများပါတယ် လူမှုရေး၊ကျန်းမာရေး၊စီးပွားရေး ဘက်စုံက ပြဿနာမျိုးစုံ တစ်ချိန်ထဲမှာ ကျွန်တော့်စီပဲ စုပြုံလာရသလားလို့ကို ထင်ခဲ့မိပါတယ်။



စိတ်ဓါတ်လုံးလုံးကျနေပြီးတော့
မိသားစု၊ လုပ်ငန်းခွင်၊ ခင်ဗျားနဲ့အရာအားလုံး အဆုံးစွန်ဆုံး ကျွန်တော့်ကိုယ်ကျွန်တော်ပါ လွှတ်ချထားလိုက်ပြီး
ဘဝဆိုတာကြီးကို အဆုံးသတ်ဖို့အထိ
တွေးခဲ့မိပါတယ်



ဒါပေမယ့် အကုန်လုံးကို hold မလုပ်ထားပဲ လွှတ်ချလိုက်ပြီး အဆုံးသတ်မယ့်ကိစ္စကို ရပ်တန့်ခဲ့ပါတယ် တကယ်တမ်းသေကြည့်ရင် သေတယ်ဆိုတာက တော်တော်မလွယ်မှန်း နားလည်လိုက်ပါတယ်




ဘဝဆိုတာ ဒီလိုပါပဲဗျာ ပျက်စီးဖို့ဆိုတာ မျက်စိတစ်မှိတ်အချိန်လေးပဲ လိုအပ်တာပါ တည်ဆောက်ဖို့ကတော့ နှစ်နဲ့ချီပြီး တည်ဆောက်ခဲ့ရတာပါ အဲ့ဒီအသိလေးတစ်ချက်ကပဲ ဘုံးဘုံးလဲကျနေတဲ့ ကျွန်တော်အတွက် အားတစ်ရပ်ဖြစ်ခဲ့ရတာပါ




အရင်ကတော့ လဲကျသွားတိုင်း လောကဓံကိုအပြစ်တင်မိပါတယ် အခုတော့ အခြေမခိုင်လို့ ကျွန်တော်လဲကျရတာပါဆိုတာကို ကျေကျေနပ်နပ်ကြီး လက်ခံထားလိုက်ပြီး လဲကျတဲ့အချိန်တိုင်း ကျွန်တော်ပြန်ထနိုင်ဖို့အတွက်အရေးကြီးတယ်ဆိုတဲ့ အသိတစ်ရပ်ကိုပဲ ခေါင်းထဲထည့်ထားပါတော့တယ်



ဘဝဆိုတာတကယ်ကို ခဏလေးပါဗျာ ကျွန်တော်လူဖြစ်လာတာ သက်တမ်းတစ်ဝက်ကျော်နေပါပြီ ကျွန်တော်နေလှ ဆယ်နှစ်၊ ဆယ့်ငါးနှစ်ပေါ့ဗျာ အဲ့ဒါကြောင့်အရာရာတိုင်းပေါ် အကောင်းမြင်စိတ်ကလေးနဲ့ လက်ခံနိုင်ဖို့ ကြိုးစားနေပါတယ်

 

အဲ့ဒီလောက် ကျွန်တော်ကြိုးစားနေတာတောင် ပြဿနာပေါင်းစုံက တုံကင်ယူပြီးတန်းစီစောင့်နေသလို တနေ့ထက်တနေ့ version အသစ်တွေနဲ့ ကျွန်တော့်ကို ဆွဲချနေတုန်းပဲဗျာ


ဒီနေ့တော့ တွေးမိပါတယ် ငါဆိုတာမရှိတော့ရင် ဒီပြဿနာတွေ ရပ်တန့်သွားမလားဆိုတာ လူရယ်လို့ဖြစ်လာရင် လောကဓံဆိုတာလည်း ယှဉ်တွဲဖြစ်လာတာပါပဲ



အဲ့ဒီတော့ အသေတော့မထွက်တော့ပါဘူးဗျာ အဖန်ငါးရာငါးကမ္ဘာလုံး ဒီလိုစိတ်ဆင်းရဲမှုတွေနဲ့ အဆုံးသတ်မခံနိုင်ပါဘူး ဒီဘဝမှာတင် တော်သင့်ပါပြီဗျာ



လောကဓံဆိုတဲ့ သူကောင်းသား စိတ်ချမ်းသာစေဖို့
လဲကျတိုင်း ပြန်ထရင်းနဲ့ သူဆေးစက်ချရာ ကျွန်တော််တစ်ယောက် အရုပ်ထင်ပေးလိုက်ပါတော့မယ်။



#16.04.2022 to 15.05.2022

No comments: