Finally!

 




Finally The End!



ရေစက်ကုန်သွားတာလို့ပဲ ကျွန်တော်လက်ခံထားလိုက်ပါတယ် ဧပြီလကုန်အထိ ကျွန်တော့် 

feeling တွေကို အမှတ်တရဖြစ်စေချင်တာနဲ့ပဲ 

post တင်ဖြစ်တာပါ..



11.04.2023


စောက်မှတ်မရှိတဲ့

အလေးအနက်မရှိတဲ့

အပြုအမူတွေက

ကျက်သရေ တုံးလွန်းတယ်။



၁၂ရက်နေ့ ဘယ်လောက်ပဲ အလုပ်များနေပါစေ အဲ့လိုကြမ်းတမ်းတဲ့ စကားမျိုးတော့ ကျွန်တော့်ကို မပြောသင့်ဘူးလေ တစ်ကြိမ်တစ်ခါမျှ ခင်ဗျားထိခိုက်အောင် 

မလုပ်ခဲ့သူပါ။



သင်္ကြန်အကြိုနေ့ အရင်လို Viber ကို ခဏခဏ ဝင်မကြည့်တော့ပါဘူး ခင်ဗျားအလုပ်များနေမှာလို့ တွေးမိပေမယ့် ဒီအတိုင်းလေးပဲ မေ့ထားလိုက်ပါတယ်


ဧပြီလကုန်ဆိုရင် ကျွန်တော်တစ်ယောက် ခင်ဗျားနဲ့ပတ်သက်တဲ့ ခံစားချက်တွေအကုန်လုံး တည်ငြိမ်စပြုနိုင်သွားမယ်လို့ မျှော်လင့်ထားပါတယ်။



သင်္ကြန်အကျနေ့ ၁၉ရက်ဆိုတဲ့ အချိန်လေးကို ကျွန်တော်ကြိုးကြိုးစားစား ဖြတ်သန်းနေရပါတယ် 

ပြန်မလာတော့ဘူးလို့ ယတိပြတ် ဆုံးဖြတ်ထားတာဖြစ်လို့ မနည်းကိုအားတင်းထားနေရတာပါ ခင်ဗျားဆိုတဲ့နားခိုရာမရှိတော့ပေမယ့် မွေးလာထဲကတစ်ယောက်ထဲ လာခဲ့ရသူတွေကြီးပါပဲဆိုပြီး နှစ်သိမ့်ထားလိုက်ပါတယ်။



သင်္ကြန်အကြတ်နေ့ အဲ့ဒီဘက်မှာအခြေအနေမကောင်းမှန်း သိနေပေမယ့် ဂရုစိုက်ပါ သတိထားပါ မပြောတော့ပါဘူး အဲ့ဒီစကားကြောင့်ပဲ ကျွန်တော်တို့အဆုံးသတ်ခဲ့ရတာလေ စိတ်ထဲမှာပဲ ခပ်တိုးတိုးပြောနေမိပါတယ်


 အစစအရာရာ ဂရုစိုက်ပါနော် ဆိုတဲ့စကားကို ရေမစိုတဲ့သင်္ကြန်ကြောင့် နေမပျော်တာလား ခင်ဗျားမရှိတော့တာကြောင့် နေမပျော်တာလားဆိုတဲ့အတွေးကို ထပ်မတွေးတော့ပါဘူးဗျာ။



သင်္ကြန်အတက်နေ့ ဒီကာလမှာတောင် မအေးချမ်းတဲ့နယ်မြေမှာ တာဝန်ထမ်းဆောင်နေရတော့ စိုးရိမ်မိတယ် ဒါပေမယ့် စကားမဆိုမိပါဘူး တကယ်ကို ရေစက်ကုန်သွားခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဝေးကြရမှာပဲလေ။



နှစ်ဆန်းတစ်ရက်နေ့ စိတ်ထဲရှိတဲ့အတိုင်းဆို 

နှစ်သစ်ဆုတောင်းကို ခင်ဗျားစီပို့ဖြစ်မှာပါ ဒါပေမယ့် 

မပို့ခဲ့ပါဘူး ညပိုင်းမှာ post တင်ထားတာဖတ်ပြီးတော့ အဆင်မပြေတာသိရတော့ ပိုပြီးစိတ်မကောင်း ဖြစ်မိပါတယ် 


ကျွန်တော်ကြောင့် ထပ်ပြီးစိတ်ညစ်ရမှာ စိုးရိမ်တာနဲ့ပဲ ပိုနေမြဲ ကျားနေမြဲအတိုင်း နေပေးလိုက်ပါတယ် နှစ်သစ်ကစပြီးတော့ တစ်နှစ်ပတ်လုံး အစစအရာရာ အဆင်ပြေပါစေခင်ဗျာ။



နှစ်ဆန်းနှစ်ရက်နေ့ တခြား Account ပဲသုံးမယ်လို့ post တင်ထားပေမယ့် ကျွန်တော်ထပ်ပြီးတော့ မ Add တော့ပါဘူး ပြီးသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို အစကနေပြန်မစချင်တော့တာ ကျွန်တော့် feeling ပါ အနည်ထိုင်ဖို့ကို ကျွန်တော်တစ်ယောက် အချိန်ဘယ်လောက်များ ယူရအုန်းမှာလည်းဗျာ။



နှစ်ဆန်းသုံးရက်နေ့ ခင်ဗျားအဆင်မပြေဘူးလို့ ကျွန်တော်ခံစားနေရပါတယ် အဆင်ပြေရဲ့လားလို့ 

မေးချင်ပေမယ့် နှုတ်ဆိတ်နေလိုက်ပါတယ် လွမ်းတယ်ဗျာ အချိန်တစ်ခုရောက်ရင် အသားကျသွားမှာပဲလေဆိုပြီး နှစ်သိမ့်ထားပါတယ်။



၂၀ရက်နေ့ အိပ်ရေးပျက်တာများတော့ နေမကောင်းဖြစ်ရော မနက်လင်းအားကြီးမှ အိပ်ပျော်သွားပြီး ၁၀နာရီကျော်မှ တရေးနိုးတယ် အလုပ်ကိုခွင့်တိုင်ပြီး ပြန်အိပ်သွားတာ 


နေ့လည်မှပြန်နိုးတော့တယ် online 

မဖြစ်နေတော့ ခင်ဗျားစိတ်ပူနေမလားတွေးမိပြီး 

ညနေမှာ post တင်ထားလိုက်မိတယ် fb ဝင်တိုင်း 

သမီးနဲ့ ခင်ဗျား account ၂ခုလုံးကို အမြဲဝင်ကြည့်မိနေတုန်းပါပဲဗျာ။



၂၁ရက်နေ့ မနက်ကအလုပ်သွားတော့လည်း 

ချွေးမတအားထွက်ပြီး လူကလဲချင်နေရော ညဘက်ကို ထမင်းဝင်အောင်စားပြီး စောစောအိပ်လိုက်တယ် post တင်ထားတာတွေ့ပေမယ့် အန္တရာယ်ကင်းမယ်ပဲ ယုံကြည်ထားပါတယ်။



၂၂ရက်နေ့ အလုပ်မှာအလှူရှိပေမယ့် လူကအားနည်းနေတာနဲ့ မသွားဖြစ်ဘူး ၁၁ရက်ဆိုတဲ့အချိန်ကို 

အကြာကြီးဖြတ်ကျော်နေရမှန်းလည်းသိပါတယ် နောက်ထပ် ၈ရက်ကိုလည်း ကြိုးစားဖြတ်ကျော်ရမှာပဲလေ ခင်ဗျားသာပြန်ဆက်သွယ်ချင်တဲ့ စိတ်ဆန္ဒသာရှိခဲ့ရင် ဒီကြားအတွင်းမှာ ဆက်သွယ်မှာပဲလေ ဒါပေမယ့်လည်း..



၂၃ရက်နေ့ မနက်အစောနိုးလာတော့ အရင်ရက်တွေက စကားပြောဖြစ်တာကို သတိရပြီးတော့ ဆွေးသွားမိတယ် ဘယ်တက်နိုင်မှာလည်းဗျာ relationship တစ်ခုမှာ နားလည်မှုကအရေးကြီးဆုံးပါပဲ ကျွန်တော်မရင့်ကျက်သေးဘူးပဲ သဘောထားလိုက်ပါတယ်။ 


နောင်ချိုကိစ္စသတင်းကြားပြီး စိုးရိမ်မိတယ် အဆက်အသွယ်မရှိတော့တာပဲ ကောင်းပါတယ် နောက်ဆိုရင် ခင်ဗျားမကြားချင်တဲ့ ဂရုစိုက်ပါ သတိထားပါဆိုတဲ့စကားကို ထပ်ခါထပ်ခါ​ မှာနေမိမှာလေ။


အဆက်အသွယ်မရှိတာ ၁၂ရက်ပြည့်ပြီ ဝန်ခံရရင် တကယ်ကိုသတိရမိပါတယ် ဒါပေမယ့်လည်း 

ရပ်တန့်လိုက်တာနှစ်ယောက်လုံးအတွက် ပိုကောင်းမှာပါ viber မှာ နောက်ဆုံးပြောခဲ့တာတွေ ပြန်ဖတ်နေမိတယ် ဒီလိုနဲ့ ကျွန်တော်တို့ ဝေးခဲ့ရတာပါ။



၂၄ရက်နေ့ အလုပ်ကပြန်ရောက်တော့ မီးပျက်နေပေမယ့် ခင်ဗျား account ကို ခဏဝင်ကြည့်မိတယ် post တင်ထားတာတွေ့တော့ စိတ်အေးသွားမိပါတယ် အန္တရာယ်ကင်းတဲ့နေရာမှာပဲ နေပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ။


လွမ်းတယ်ဗျာ။



၂၅ရက်နေ့ နောက်၅ရက်ဆိုရင် ဧပြီလကုန်ပြီ ကျွန်တော်လည်း တည်ငြိမ်သင့်ပါပြီ ဒါပေမယ့်လည်း အခုအချိန်အထိ ခင်ဗျား online ဖြစ်နေတာကို 

ဝင်ကြည့်မိနေတုန်းလေ အချိန်ဆိုတာ အကောင်းဆုံးသမားတော်လို့ ကျွန်တော်လက်ခံထားတဲ့အတွက် အချိန်တစ်ခုရောက်ရင်တော့ တည်ငြိမ်သွားမယ်

ထင်ပါတယ်ဗျာ အခုတော့..


၅ရက်ဆိုတဲ့ ကာလတိုလေးကို ကျွန်တော်အတော်လေး သည်းခံရအုန်းမယ် အပြင်မှာရာသီဥတုပူလောင်နေသလို ကျွန်တော့်ရင်ထဲမှာလေ မအေးချမ်းပါဘူး 


ကိုထီးသီချင်းလေးညည်းရင်းနဲ့ တစ်ယောက်ထဲဆွေးနေမိတယ် ဘယ်သူ့ဘယ်သူကိုမှ နောက်တစ်ကြိမ် အလွန်အမင်းမဖက်တွယ်ဖို့ ကျွန်တော့်ကိုကျွန်တော် အသေအချာ သတိပေးရပါတော့မယ်။



၂၆ရက်နေ့ မနက်အစောကြီးတရေးနိုးသွားတော့ ခင်ဗျားကိုသတိရမိတယ် viber ကို ခဏဝင်ကြည့်မိပါတယ် ၃၀ရက်နေ့ပြီးရင်တော့ နေသားကျသွားမယ်လို့ မျှော်လင့်ထားပါတယ်။



၂၇ရက်နေ့ ညကရာသီဥတုပူပြီး အိပ်မရတော့ အလုပ်အပြန်အိမ်ရောက်တာနဲ့ လူက Weak ဖြစ်နေတော့ ခင်ဗျားအကြောင်း မရေးဖြစ်တော့ဘူး


ည၁၁နာရီကျော် မီးပျက်ထဲက အိပ်မရတော့တာ မနက်၂နာရီခွဲ မီးလာမှပဲအိပ်ဖို့ပြင်ရတယ် မအိပ်ရတဲ့အတူတူ ရေတင်ရင်းနဲ့ ခင်ဗျား account ဝင်ကြည့်မိတော့ online မဖြစ်တာကြာပြီ သိပ်မကြာပါဘူး online ဖြစ်သွားတော့ မအိပ်ရသေးဘူးလား စိုးရိမ်သွားမိတယ် ဒါပေမယ့့်စကားမဆိုဖြစ်ပါဘူး တချို့လူတွေရဲ့ ဖြစ်တည်မှုက ကျွန်တော်နဲ့မျှ လုံးလုံးလားလား မသက်ဆိုင်တာလေခင်ဗျာ..



၂၈ရက်နေ့ လွမ်းတယ်ယ်ဗျာ နောက်နှစ်ရက်ဆိုရင် ခင်ဗျားနဲ့ပတ်သက်တဲ့ ကျွန်တော်ခံစားချက်တွေ သိမ်းဆည်းဖို့သင့့်ပြီလေ။



၂၉ရက်နေ့ online ဖြစ်နေပေမယ့် မနေ့ထဲက post မတင်တော့ဘူးလေ ဒီညနေ ခင်ဗျားအကြောင်း ပတက်ကနေ post တင်ထားတော့ စိုးရိမ်မိသွားပြန်ပြော စာပို့ရမလား မပို့ရမလား ဒိဟဖြစ်နေရင်း မပို့ဖြစ်တော့ပါဘူးဗျာ တချို့အခြေအနေက တည်ငြိမ်စပြုနေပါပြီ..



၃၀ရက်နေ့ မနေ့ညထဲက ကြက်အရိုးစူးပြီး လူကအခြေအနေမကောင်းတော့ ခင်ဗျားကိုသတိရပေမယ့့် အိုဗာမတင်းနိုင်တော့ဘူး (ဒါတောင်မှ အိပ်ခါနီး နာတာသက်သာမလားဆိုတဲ့အတွေးနဲ့ ဖေဖေါ်ဝါရီလကနေ စကားပြောခဲ့တာတွေ ပြန်ဖတ်မိနေသေးတယ်)


မနေ့ညက post တင်ပေးလို့ကျေးဇူးပါ ခင်ဗျားအန္တရာယ်ကင်းတယ်ဆိုရင်ပဲ ကျွန်တော်ကျေနပ်ပါပြီ။














စိုင်းထီးဆိုင် - ဒီထက်ပိုပြီးမတတ်နိုင်ဘူး (Audio)

တစ်ခါတလေတော့လည်း ခင်ဗျားကိုသတိရမိတော့ 
ကိုထီးသီချင်းလေးနဲ့ ဆွေးမိပါတယ် 
ဒီလောက်ပါပဲဗျာ..



ဝေးသွားလည်း



 




ကျွန်တော်ဟာ ခင်ဗျားအတွက် သီးသန့်ဖြစ်တည်မှု
အဲ့လိုလေး တကယ်ကို ပြောပြချင်ပေမယ့်လည်း 
အခုတော့...


ဘီယာလေး ၄ခွက်သောက်တာနဲ့ လူကထွေလာပြီးတော့ ခင်ဗျားကို မတအားကို သတိရလာမိတယ် 


လွမ်းတယ် ကိုကိုလို့ ဖွဖွလေးဆိုမိပြီးတော့ ခင်ဗျား viber ကို ခဏခဏဝင်ကြည့်မိတယ် ဒီလောက်အထိပဲ ကျွန်တော့်ကိုကျွန်တော် ခွင့်ပေးထားပါတယ်


ဒါပေမယ့် ကျွန်တော်စာမပို့ရက်ပါဘူးဗျာ ရှေ့ဆက်ဖို့ 
မဖြစ်နိုင်တော့တဲ့အချိန်မှာ ဒီအတိုင်းပဲ ရပ်တန့်ပစ်ရမှာ ကျွန်တော်မဖြစ်မနေ လုပ်ရမယ့်တာဝန်ပါ


ဝေးသွားလည်း ကျွန်တော် ခင်ဗျားကို 
ချစ်နေစဲပါပဲဗျာ။



Ko Ko, i really miss you.


😭







ပြီးပါပြီ။


 

ပြီးပါပြီ။



တိတိကျကျပြောရရင် ခင်ဗျားနဲ့ပတ်သက်တဲ့ အရာအားလုံးကို ရပ်တန့်ပြစ်လိုက်ပါပြီ။



စာအရှည်ကြီးမရေးတော့ပါဘူးဗျာ ကျွန်တော်တို့ရေစက်ကုန်သွားတယ်လို့ပဲ ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါပြီ။



ဒါပါပဲဗျာ။



05.04.2021 to 11.04.2023.

My Guardian!

 



05.04.2021 


ဒီနေ့ဆိုရင် ကိုကို့ကို စသိခဲ့တာ ၂နှစ်ပြည့်ပြီ Friend အဖြစ် စသိပြီးမကြာပါဘူး 

Fb မှာ like ပေး comment ပေးပေမယ့် သိပ်မကြာခင်မှာပဲ ကျွန်တော့်ကိုသူစိမ်းဆန်သွားတာ သိပါတယ် 

ဒါပေမယ့် အဲ့ဒီအချိန်မှာ ကျွန်တော်က ကိုကိုဆိုတဲ့အမျိုးသားအပေါ် ချစ်ခင်တွယ်တာ မြတ်နိုးမိနေပါပြီ



စစသိချင်းက စာဖတ်ချင်တဲ့စိတ်တစ်ခုထဲနဲ့ request လုပ်ခဲ့ပေမယ့် တစ်လမပြည့်တဲ့အချိန်ကနေစပြီး အဲ့ဒီအမျိုးသားကို ဖက်တွယ်မိသွားရတာ ဒီနေ့အထိတိုင်ပါပဲ



March 22 ဘယ်လိုအကြောင်းကြောင့်များ ဒီနေ့မွေးတဲ့သူတွေကို ကျွန်တော်တစ်ဘဝလုံး ပုံအောပြီးချစ်ခဲ့မိမှန်းကို မသိပါဘူး သူတစ်ပါးအပေါ် အတိုင်းအတာတစ်ခုအထိပဲ သည်းခံပေးတက်တဲ့ မိန်းမတစ်ယောက်က ခင်ဗျားအပေါ်တော့ အချိန်ကြာလာသည့်အမျှ နားလည်မှုတွေပိုတိုးလာတာလည်း ကျွန်တော့်ချစ်ခြင်းတရားပဲနေမှာပါ



မဖြစ်နိုင်မှန်းသိလို့လည်း အကြိမ်ပေါင်းများစွာ တွေဝေခဲ့မိပါတယ် နောက်ဆုတ်ဖို့အကြိမ်ကြိမ်လည်း အားထုတ်ခဲ့မိပါတယ် အဲ့လိုကြိုးစားမိတိုင်း ခင်ဗျားကိုဖက်တွယ်မိတဲ့စိတ်က ပိုပိုပြီးတိုးလာမိတယ် မိန်းမတစ်ယောက်က ယောင်္ကျားတစ်ယောက်ကို တပ်မက်မိတဲ့စိတ်ထက် အဆပေါင်းများစွာပိုပြီးတော့ တပ်မက်လာမိပါတယ်



သာမန်ပုထုဇဥ်မိန်းမတစ်ယောက်ရဲ့ ပါးစပ်ကနေ မတန်တရာထွက်တာမဟုတ်ပါဘူး ခင်ဗျားအပေါ်တပ်မက်နေမိတဲ့စိတ်က ဘုရားရှင်ချွတ်မှပဲ ကျွတ်တန်းဝင်တော့မယ့်သူပါ



အရင်အချိန်ကတော့ ငါ့အပေါ်သူ ဘယ်လိုသဘောထားလည်း ဆိုတာကို မိန်းမတစ်ယောက်အနေနဲ့ သိချင်ခဲ့ပေမယ့် အခုအချိန်မှာတော့ ငါ သူ့အပေါ်ဘယ်အချိန်အထိတိုင်အောင် ဖက်တွယ်နိုင်မလဲဆိုတာကိုပဲ အလေးထားပါတော့တယ်



အများကြီးမတောင်းဆိုချင်ပါဘူး ကိုကိုဆိုတဲ့ ယောင်္ကျားတစ်ယောက်ကို တစ်နှစ်ကို ၃ခါလောက် တွေ့ခွင့်ရရင် တစ်လတစ်ကြိမ်လောက် ဖုန်းပြောခွင့်ရရင် တစ်ပတ်တစ်ကြိမ်လောက် စကားပြောခွင့်ရရင် ကျွန်တော်ကျေနပ်ပါပြီ



တစ်ခြားအမျိုးသမီးတစ်ယောက်အတွက် ဖြစ်တည်လာတဲ့ ယောင်္ကျားတစ်ယောက်ကို ကျွန်တော်ဒီထက်ပိုပြီး စိတ်သောကမပေးရဘူးဆိုတာ တခြားသူထက်ပိုပြီး ကျွန်တော်နားလည်ထားပါတယ်



ကမ္ဘာကြီးတစ်ခုလုံး ဘယ်လိုပဲဖြစ်တည်နေပါစေ ကိုကိုဆိုတဲ့ အမျိုးသားတစ်ယောက် အန္တရာယ်ကင်းဘေးရန်ရှင်းဖို့အတွက်က ကျွန်တော်အလိုချင်ဆုံး စိတ်ဆန္ဒတစ်ခုပါပဲခင်ဗျာ။