My Guardian!

 



05.04.2021 


ဒီနေ့ဆိုရင် ကိုကို့ကို စသိခဲ့တာ ၂နှစ်ပြည့်ပြီ Friend အဖြစ် စသိပြီးမကြာပါဘူး 

Fb မှာ like ပေး comment ပေးပေမယ့် သိပ်မကြာခင်မှာပဲ ကျွန်တော့်ကိုသူစိမ်းဆန်သွားတာ သိပါတယ် 

ဒါပေမယ့် အဲ့ဒီအချိန်မှာ ကျွန်တော်က ကိုကိုဆိုတဲ့အမျိုးသားအပေါ် ချစ်ခင်တွယ်တာ မြတ်နိုးမိနေပါပြီ



စစသိချင်းက စာဖတ်ချင်တဲ့စိတ်တစ်ခုထဲနဲ့ request လုပ်ခဲ့ပေမယ့် တစ်လမပြည့်တဲ့အချိန်ကနေစပြီး အဲ့ဒီအမျိုးသားကို ဖက်တွယ်မိသွားရတာ ဒီနေ့အထိတိုင်ပါပဲ



March 22 ဘယ်လိုအကြောင်းကြောင့်များ ဒီနေ့မွေးတဲ့သူတွေကို ကျွန်တော်တစ်ဘဝလုံး ပုံအောပြီးချစ်ခဲ့မိမှန်းကို မသိပါဘူး သူတစ်ပါးအပေါ် အတိုင်းအတာတစ်ခုအထိပဲ သည်းခံပေးတက်တဲ့ မိန်းမတစ်ယောက်က ခင်ဗျားအပေါ်တော့ အချိန်ကြာလာသည့်အမျှ နားလည်မှုတွေပိုတိုးလာတာလည်း ကျွန်တော့်ချစ်ခြင်းတရားပဲနေမှာပါ



မဖြစ်နိုင်မှန်းသိလို့လည်း အကြိမ်ပေါင်းများစွာ တွေဝေခဲ့မိပါတယ် နောက်ဆုတ်ဖို့အကြိမ်ကြိမ်လည်း အားထုတ်ခဲ့မိပါတယ် အဲ့လိုကြိုးစားမိတိုင်း ခင်ဗျားကိုဖက်တွယ်မိတဲ့စိတ်က ပိုပိုပြီးတိုးလာမိတယ် မိန်းမတစ်ယောက်က ယောင်္ကျားတစ်ယောက်ကို တပ်မက်မိတဲ့စိတ်ထက် အဆပေါင်းများစွာပိုပြီးတော့ တပ်မက်လာမိပါတယ်



သာမန်ပုထုဇဥ်မိန်းမတစ်ယောက်ရဲ့ ပါးစပ်ကနေ မတန်တရာထွက်တာမဟုတ်ပါဘူး ခင်ဗျားအပေါ်တပ်မက်နေမိတဲ့စိတ်က ဘုရားရှင်ချွတ်မှပဲ ကျွတ်တန်းဝင်တော့မယ့်သူပါ



အရင်အချိန်ကတော့ ငါ့အပေါ်သူ ဘယ်လိုသဘောထားလည်း ဆိုတာကို မိန်းမတစ်ယောက်အနေနဲ့ သိချင်ခဲ့ပေမယ့် အခုအချိန်မှာတော့ ငါ သူ့အပေါ်ဘယ်အချိန်အထိတိုင်အောင် ဖက်တွယ်နိုင်မလဲဆိုတာကိုပဲ အလေးထားပါတော့တယ်



အများကြီးမတောင်းဆိုချင်ပါဘူး ကိုကိုဆိုတဲ့ ယောင်္ကျားတစ်ယောက်ကို တစ်နှစ်ကို ၃ခါလောက် တွေ့ခွင့်ရရင် တစ်လတစ်ကြိမ်လောက် ဖုန်းပြောခွင့်ရရင် တစ်ပတ်တစ်ကြိမ်လောက် စကားပြောခွင့်ရရင် ကျွန်တော်ကျေနပ်ပါပြီ



တစ်ခြားအမျိုးသမီးတစ်ယောက်အတွက် ဖြစ်တည်လာတဲ့ ယောင်္ကျားတစ်ယောက်ကို ကျွန်တော်ဒီထက်ပိုပြီး စိတ်သောကမပေးရဘူးဆိုတာ တခြားသူထက်ပိုပြီး ကျွန်တော်နားလည်ထားပါတယ်



ကမ္ဘာကြီးတစ်ခုလုံး ဘယ်လိုပဲဖြစ်တည်နေပါစေ ကိုကိုဆိုတဲ့ အမျိုးသားတစ်ယောက် အန္တရာယ်ကင်းဘေးရန်ရှင်းဖို့အတွက်က ကျွန်တော်အလိုချင်ဆုံး စိတ်ဆန္ဒတစ်ခုပါပဲခင်ဗျာ။









No comments: