အဖန်ငါးရာ ငါးကမ္ဘာမရှိရင် အခုကိုသတ်သေလိုက်ပါပြီ။
လက်တွေကွေးကောက်နေတဲ့အထိ ဘုရားကိုတပြီးအပြစ်တင်နေရင်း ငိုမိတာတောင် ငါ့မှာ ရင်ဖွင့်စရာလူသားတစ်ယောက်မရှိပါဘူး အဲ့ဒါငါ့နေထိုင်ရတဲ့ ဘဝအစစ်အမှန်ပါ။
ကိုစိုင်းရယ် အစ်မအခြေအနေက မထူးခြားဘူးလားရှင်
ဒီညမှာပဲလအစ်မပြန်မလာနိုင်တာ ညီမလုပ်တာ အသုံးမကျလို့ဘကြန့်ကြာနေရတာဆိုပြီး အိမ်ကလူတွေကအပြစ်တင်ကြလို့ စကားများရပါတယ်
ညီမကြောင့် အိမ်အပေါက်ထားရလို့ အကြွေးတင်နေရလို့ အတိုးတွေနေရလို့ ညီမကိုဝိုင်းပြီးအပြစ်တင်ခံနေရပါတယ် ညီမလည်း စိတ်ဆင်းရဲလွန်းလို့ ကိုယ့်ဘာသာတောင် အခုတကယ်ပို သတ်သေချင်နေမိပါပြီရှင်
အစ်မအမြန်ပြန်လာဖို့ ကူညီပေးပါအုန်းရှင် အစ်မပြန်ရောက်ရင် အိမ်မှာတင်နေတဲ့အကြွေးတွေဆပ်ပေးဖို့အတွက် ညီမမလေးရှားကို ရတဲ့နည်းနဲ့သွားပြီးတော့ အလုပ်လုပ်ရတော့မှာပါရှင်
လကုန်ရင် အဖေနဲ့အမေဆေးဘိုး အိမ်စားစရိတ် လမကုန်ခင် ၃၀ရက်နေ့ပေးရမယ့် အတိုး၆သိန်း အိုမန်ကနေပြန်မလာနိုင်သေးတဲ့အစ်မ ငါ့မှာဖိစီးလိုက်တဲ့သောကတွေ
သောကတွေများလွန်းလို့ အကူအညီရမလား ပြောကြည့်တော့ နင်ဆောက်လုပ်လုပ်လေတဲ့ တစ်သက်လုံးဒုက္ခပေးနေတဲ့ ထမိန်ဝတ်ထားတဲ့ကောင်က
အဖေအို အမေအို သူနဲ့၁၄နှစ်အရွယ်သားတစ်ယောက်ရဲ့ စားရိတ်အတွက် တစ်လပိုက်ဆံတစ်သိန်းပေးပြီး အိမ်တာဝန်ကြေပြနေတဲ့ အသက်၄၀အရွယ်တစ်သက်လုံးစိတ်ဒုက္ခပေးလာတဲ့ သွေးသားအရမောင်နှမတော်တဲ့လူလို့မခေါ်ထိုက်တဲ့သူက အိမ်တာဝန်အတွက်ကျွန်တော့်ကို ကန်တော့ပါရဲ့ ဆောက်လုပ်လုပ်ပါတဲ့ ဆောက်ကြွေးတွေတင်တာက အစ်မပြန်မရောက်လာနိုင်တာက အစ်မနိုင်ငံခြားထွက်သွားရတာ နင့်ကြောင့်တဲ့
အသက်၁၇နစ်မပြည့်ခင် ဆယ်တန်းအောင်ဆယ်ရင်းမထွက်ခင်တည်းက အလုပ်လုပ်ခဲ့ရတာပါ ဆယ်တန်းမှာတောင် ကျန်တဲ့မောင်နှတွေလို့အေးဆေးကျောင်းမတက်ခဲ့ရဘဲ စျေးရောင်းခဲ့ရတာပါ ဘဝမှာ အဖေပြည့်စုံနေတဲအချိန်တောင် အလုပ်မလုပ်ဘဲမနေခဲ့ပါဘူး ၂၀၀၄ခုနှစ်နဲ့ ၂၀၁၇ခုနှစ်မှာ ၆လနဲ့ ၄လသာအလုပ်နားခဲ့ဘူးတာ
အခုမှသာတစ်နှစ်နီးပါး အလုပ်နားဖြစ်တာသာ ဒီဇင်ဘာမှာ အလုပ်ရခဲ့ပေမယ့် အစ်မကိစ္စအရေးပေါ်ပေါ်လာလို့ အလုပ်တစ်ဖက်နဲ့သူ့ကိစ္စလိုက်လုပ်ပေးရဖို့မလွယ်လို့ အလုပ်မဝင်ဖြစ်တာပါ
ဘဝမှာ ကိုယ်ရတဲ့ဝင်ငွေနဲ့သူများနည်းတူ ပျော်ပါးလို့ရပေမယ့် အိမ်ကိုဦးစားပေးခဲ့တာကြီးပဲ ငါသုံးလို့ပိုတာမှအိမ်ကိုပေးမယ်ဆိုတဲ့စိတ်မရှိခဲ့ဘူး ဒီနေ့ဒီအချိန်အထိ အလှပြင်ပစ္စည်းကို သိန်းကျော်တန်ဝယ်မသုံးခဲ့ဘူး လက်ကိုင်အိတ်ကို သိန်းကျော်တန်ဝယ်မသုံးခဲ့ဘူး အလုပ်ရှင်အစ်မ၊ညီမလေးနဲ့ သူငယ်ချင်းတွေလက်ဆောင်ပေးလို့ရခဲ့တဲ့ အလှပြင်ပစ္စည်း ရေမွှေး လက်ကိုင်အိတ်တွေသာ သိန်းကျော်တန်သုံးခဲ့ဖူးတာပါ သိန်းကျော်တန်နာရီကိုတောင် ကြိုက်လွန်းလို့ငါးနှစ်ပြည့်မှ တစ်လုံးဝယ်ခဲ့တာ
ရွှေကိုကြိုက်လွန်းလို့ မရှိဝမ်းဆာရှိတန်ဆာသတ်မှတ်ပြီး ရွှေရအောင်စုတယ် အိမ်ကပိုက်ဆံအသုံးလိုရင် ရောင်းပေးတယ် ဦးလေးအငယ်စီကနေချေးငှားပြီး ထပ်လုပ်တယ် အိမ်ကလိုရင်ထပ်ရောင်းပေးတယ် ဦးအငယ်စီမှာတောင် ဆပ်ဖို့ပိုက်ဆံကျန်သေးတယ်အလုပ်မရသေးတော့ သူ့ခမျာဘာမှမပြောရှာပါဘူး
သားသမီးတာဝန်ကြေတယ်ဆိုပြီး ဂုဏ်မောက်ပြနေတာမဟုတ်ဘူး ၂၀၀၇ စင်ကာပူကပြန်လာတော့ လေယာဥ်လက်မှတ်ခပေးခဲ့ဘူးရတာရယ် ၂၀၁၂ မှာ ရည်းစားနဲ့ပြဿနာတက်လို့ မိဘကစိတိဆင်းရဲ တာရယ် အဲ့ဒီနှစ်ခုပဲ တစ်သက်လုံးဒုက္ခပေးခဲ့ဘူးပါတယ်
ဒေါသထွက်ပြီး လက်တွေကောက်ကွေးခဲ့တဲ့အထိ စိတ်ပင်ပန်းခဲ့ရလို့ ဒီစာကိုရေးတာပါ ခုဏကကိုယ့်ဘာသာ သတ်သေဖို့စဥ်းစားပေမယ့် နောင်ဘဝငါးရာမှာ ဒီအချိန်ရောက်တိုင်း ဒီလိုစိတ်ပင်ပန်းဆင်းရဲရပြီး ဒီလိုသေရမှာကြောက်လို့ရယ်
ဦးအငယ်ရယ် မအေးတို့ရယ် မောင်နှစ်ယောက်ရယ်ကို ပိုက်ဆံပေးရမှာရှိလို့ နောင်ဘဝတွေမှာ သူတို့စီမှာပိုက်ဆံမကြေမချင်းဆပ်နေရမှာကြောက်လို့ သတ်မသေတာပါ
အစ်မပြန်ရောက်တာနဲ့ မလေးရှားကိုရောက်အောင်သွားပြီး ကျွန်လိုအလုပ်လုပ်ပြီး သူတစ်ပါးကိုပေးရမယ့်အကြွေးတွေကိုရော ဒီဘဝဆပ်ရမယ့် အရင့်အရင်ဘဝကအကြွေးတွေကိုရော ကြေအောင်ဆပ်မှာပါ နောင်ဘဝလူဖြစ်ဖြစ်မဖြစ်ဖြစ် မုံညှင်းစေ့တစ်စေ့တောင် ထပ်မသည်သွားတော့ပါဘူးဗျာ။
No comments:
Post a Comment