မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေရှင်





Thingyan Moe

သင်္ကြန်မိုး တေးရေး - အဉ္ဖလီမောင်မောင်


မြူးကြွတဲ့တေးသံ ပျံလွင့်လို့နေ..
ကူးပြောင်းစ တန်ခူးလေမှာ..
တစ်ယောက်တစ်လှည့်မို့ လှမ်းကာဖျန်းပက်ကြစဉ်
ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ...
ခေါင်းကလေးမော့လို့ ပိတောက်ဖူးလေးတွေ
ပန်ဆင်ထားသူရေ..

ပျော်ပျော်ရွှင်ရွှင်တီးမှုတ်ကြတဲ့ပွဲမှာ
ငုံနေရှာတဲ့ပန်းပိတောက်ဖူးတွေထက်
ရာသီအချိန်မှီ လှမ်းပွင့်ခဲ့တဲ့ ပိတောက်ကို
ပန်ဆင်ပါရင် လှသထက်တင့်မှာမို့

မိုးပြေးနဲ့အရောက်လာ ပန်းပွင့်ဖို့ရာ
မြူးကြွတဲ့သင်္ကြန်အခါ
လန်းဆန်းတဲ့မိုးရေ မိုးပြေလေးရေ..
ပိတောက်ပန်းပွင့်ရုံ စိုရုံဖျန်းပက်ဦး
မိုးပြေးလေးရေ.. သင်္ကြန်မိုးပြေးရေ စိုရုံဖျန်းပက်ဦး....

http://i283.photobucket.com/albums/kk281/megumi21/water.gif

လာလည်တဲ့ သူငယ်ချင်းများကို ရေလောင်းပါတယ် နော်း )


 
ပိတောက်ပန်းကြိုက်တဲ့ သူငယ်ချင်းတွေ ပိတောက်ပန်းတွေ ခူးသွားနော် ဘုရားပန်းပဲလှူလှူ၊ အိမ်မှာအလှပန်းအိုးထိုးထိုး၊ ခေါင်းမှာပဲပန်ပန် အရမ်းကျက်သရေ ရှိပါတယ်ရှင်။



┊  ┊  ┊  ┊
┊  ┊  ┊ ★
┊  ┊  ☆
┊  ★


မင်္ဂလာရှိသော★* 。 • ˚ ˚ ˛ ˚ ˛ •
•。★သင်္ကြန်အခါသမယ ဖြစ်ပါစေရှင်★ 。* 。
° 。 ° ˛˚˛ * Π__*。*˚
˚ ˛ •˛•˚ */______/~\。˚ ˚ ˛
˚ ˛ •˛• ˚ | 田田 |門|
•。★* 。 • ˚ ˚ ˛ ˚ ˛ •
★ 。* 。˚Happy Myanmar New Year For All★* 。 • ˚ ˚ ˛ ˚ ˛ • .。.:*・゚.。.:*・゚☆.。.:*・゚☆.。.:*・゚.。.:*・゚☆.。.:*・゚☆.。.:*・゚*Be Happy, Peaceful & More Successful*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚.。.:*・゚ ☆.。.:*・゚.。.:*・゚☆.。.:*・゚☆.。.:*・゚.。.:*・゚☆.。.:*・゚☆.。.:*・゚*HAPPY NEW YEAR*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚.。.:*・゚ 

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

 "ရာစုနှစ်တစ်ဝက်ကျော် လျစ်လျူရှုခံထားရတဲ့ စတုတ္ထမဏ္ဍိုင်ဟာ ထိုက်သင့်တဲ့ သူ့နေရာကို ပြန်လည်ရရှိလာတော့မှာပါ"

ခေတ်နောက်ကျနေသော နိုင်ငံပိုင် သတင်းစာများသာရှိသည့် မြန်မာနိုင်ငံတွင် ပုဂ္ဂလိကနေ့စဉ်သတင်းစာများ ပေါ်ထွက်လာရေးနှင့် ပတ်သက်၍ များစွာပြောဆိုနေခဲ့ကြရာ တကယ့် လက်တွေ့တွင် အဓိပ္ပာယ်မည်သို့ရှိပါသနည်း။ မည်သူတွေ အကျိုးအမြတ်ရပြီး မည်သူတွေ အရှုံးပေါ်ကြမည်နည်း၊ မြန်မာတိုင်း(မ်)၏ ဒုတိယသတင်းအယ်ဒီတာ ရတနာထွန်း က အလန့်တကြားဖြစ်စေလောက် သော ထိရောက်မှုဆန်းစစ်ခြင်း အပါအ၀င် ရင်ဆိုင်တွေ့ကြုံရမည့် အရေးကြီး အခက်အခဲပြဿနာများအကြောင်းကို သတင်းစာ ဆရာကြီးများနှင့် တွေ့ဆုံမေးမြန်းခန်းကို ဤကဏ္ဍတွင် ဖော်ပြသွားပါမည်။ ဤကဏ္ဍတွင် အပိုင်းနှစ်ပိုင်း ပါဝင်ရာ ပထမတစ်ပိုင်း အဖြစ် ကျွန်ုပ်တို့ အပတ်စဉ်ဂျာနယ်ကို စတင် တည်ထောင်သူဖြစ်သော မစ္စတာရော့စ်ဒန်ကလီနှင့် တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြ လိုက်ပါသည်။

အတွဲ ၂၉ ၊ အမှတ် ၅၆၃ (၃၀၊၃ - ၅၊၄၊ ၂၀၁၂)

ရော့စ်ဒန်ကလီ
* မစ္စတာဒန်ကလီအနေနဲ့ မြန်မာ့ မီဒီယာလောကထဲကို ၂၀၀၀ ပြည့်နှစ် ကတည်းက ရောက်နေခဲ့တာပါ။ အခု အစိုးရက ပုဂ္ဂလိက နေ့စဉ် သတင်းစာတွေ ထုတ်ဝေခွင့်ပြုတဲ့ဥပဒေ ပြဋ္ဌာန်း လိုက်ရင် မြန်မာ့မီဒီယာ လောက ဘယ်လိုအပြောင်းအလဲတွေ ဖြစ်သွားမှာလဲ။

မကြာမီက သမ္မတသက်တမ်း တစ်နှစ်ပြည့်အခမ်းအနားမှာ သမ္မတကြီး ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်မှာ ပုံနှိပ်မီဒီယာတွေရဲ့ အရေးပါတဲ့ အခန်း ကဏ္ဍကို သမ္မတကြီး အထူးအလေးထား မိန့်ကြားသွားတာကို ကျွန်တော်အလွန်ပဲ အထင်ကြီး လေးစားမိပါတယ်။ သတင်း မီဒီယာတွေဟာ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံ အတွက် စတုတ္ထမဏ္ဍိုင်ဖြစ် တယ်ဆိုတဲ့ သမ္မတကြီးရဲ့ သုံးသပ်ပြော ကြားချက်တွေကြောင့် မီဒီယာလောကနဲ့ ကျွန်ုပ်တို့အဖို့ များစွာ အားတက်ခဲ့ရပါ တယ်။

 ဒီဝေဖန်ပြောကြားချက်အတွက် သမ္မတကြီး ဦးသိန်းစိန်ဟာ များစွာ ယုံကြည်လေးစားထိုက်ပါတယ်။ ရာစုနှစ် တစ်ဝက်ကျော် လျစ်လျူရှုခံထားခဲ့ရတဲ့ ဒီစတုတ္ထမဏ္ဍိုင်ဟာ ထိုက်သင့်တဲ့ သူ့နေရာကို ပြန်လည်ရရှိပြီး ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းကို 'အပြန်အလှန် ထိန်းညှိမှု' နဲ့ ထိုက်တန်စွာ ကျေးဇူး ပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ထွက်ပေါ် လာတော့မယ့် သတင်းစာတွေဟာ စီးပွား ရေးလုပ်ငန်းမှာ အကျင့်ပျက် ခြစားမှုတွေကို ဖော်ထုတ်တင်ပြကြမယ်၊ နိုင်ငံ ရေးသမားတွေကို ရိုးသားဖြောင့်မတ်စေမယ်။ နိုင်ငံ ရင်ဆိုင် ကြုံတွေ့နေရတဲ့ လူမှုရေးအခက်အခဲ ပြဿနာတွေကို မီးမောင်းထိုးပြကြမယ်။ မြန်မာဆိုတာ ဘာလဲ၊ ဘယ်လိုဖြစ်ကြမှာလဲ ဆိုတဲ့ မြန်မာ့ယဉ်ကျေးမှုလူ့ဘောင်ရဲ့ အနက် အဓိပ္ပာယ်တွေကို လက်တစ်ဆုံး နှိုက်ကြည့်ကြလိမ့်မယ်။ 

ကျွန်တော် စဉ်းစားကြည့် မိတယ်။သတင်းစာနဲ့ စာဖတ်ပရိသတ်အကြား တက်တက်ကြွကြွ အပြန်အလှန်ပြော ကြားမှုတွေ၊ အမြင်ချင်း ဖလှယ်မှုတွေ ရှိလာမယ်။ အများစုဟာ ကျန်းမာ သန်စွမ်းတဲ့ ကာယ၊ ဉာဏ၊ စာရိတ္တ ပြည့်ဝတဲ့ အတွေးအမြင်တွေဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ မြန်မာတွေဟာ တွေးတတ်၊ ခေါ်တတ်သူတွေ၊ ပညာ တတ်တွေ၊ သူတို့မှာရှိတာကို ထိန်းသိမ်း စောင့်ရှောက်ဖို့၊ တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့ အသိ တရားရှိသူတွေပါ။ သူတို့ တွေ ပါဝင်လုပ်ဆောင်လာကြပါလိမ့် မယ်။ နှစ်ဖက်စလုံးကပဲ စိတ်ဓာတ် တက်ကြွလွန်သူအချို့ မရှောင် မလွှဲသာ ရှိလာနိုင်တာကြောင့် မြန်မာနိုင်ငံမှာ ယခင်က မမြင်တွေ့ခဲ့ဖူးသေးတဲ့ စည်းကမ်းမျိုးတွေ ကျင့်သုံးကြရပါမယ်။ 

မကြာမီက The Voice ဂျာနယ်ကို တရားစွဲဖို့ လုပ်ဆောင်လာမှုဟာ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို အရိပ်အမြွက် ညွှန်ပြလိုက်သလိုပါပဲ။ များစွာသော အချိန်တွေမှာတော့ သတင်းစာတွေဟာ သူတို့ရဲ့စာဖတ်သူတွေကို သင့်တင့် လျောက်ပတ်တဲ့နည်းနဲ့ သတင်းပေးခြင်း၊ ဖျော်ဖြေခြင်းအလုပ်တွေကို လုပ်ဆောင် ခြင်းနဲ့သာ ကုန်လွန်ကြရမှာပါ။ အခု လက်ရှိမှာပဲ အလွန်စိတ်ဝင်စားဖွယ်၊ လှုံ့ဆော်ပေးနိုင်တဲ့ သတင်းဂျာနယ်တွေ ရှိနေပါပြီ။ 
 
* မီဒီယာကုမ္ပဏီတွေမှာ နေ့စဉ် သတင်းစာထုတ်လုပ်နိုင်လောက်အောင် အင်အားလုံလုံလောက် လောက် ရှိကြရဲ့လား။ သတင်းစာ ဖတ် ပရိသတ်ကော လုံလုံလောက် လောက် ရှိရဲ့လား။
မရှိဘူး။ လူဦးရေအနေကျဲသေးတဲ့ နိုင်ငံအတွင်းပိုင်း၊ ကျယ်ပြောလှတဲ့ တိုင်းပြည်အနှံ့ နေရာတွေဆီအထိ အရောက်ပို့ပေးရမယ့် ကြီးမားတဲ့တာဝန်ကြီးကို လုပ်ဆောင်နိုင်ဖို့ ကျွန်တော်တို့ အထဲက ဘယ်သူမှ အဆင်သင့်မဖြစ် ကြသေးပါဘူး။ တကယ်တော့ ရန်ကုန် နေရာအနှံ့တောင် ထိရောက်အောင် မဆောင်ရွက်နိုင်ကြသေးပါဘူး။ 

ကျွန်တော့သုတေသနအရပြောရရင် မြန်မာပြည်မှာ စာဖတ်တဲ့ အသက် အရွယ် လူဦးရေ (၃၅ သန်း - သန်း ၄၀) လောက်ရှိတယ်။ ဒီအထဲက လူ ၁၀၀ မှာ တစ်ယောက် နေ့စဉ်သတင်းစာဝယ်ဖတ် တယ်ဆိုရင် တစ်နေ့ကို သတင်းစာ ၄၀၀,၀၀၀ လိုမယ်။ ရန်ကုန်မှာဆိုပါတော့၊ လူဦးရေ ငါးသန်းရှိတယ်။ ၁၀ ရာခိုင်နှုန်းက သတင်းစာ တစ်စောင်ဝယ်ရင် သတင်းစာ ငါးသိန်းရှိမယ်။ ဒီတော့ မယုတ်မလွန်ပြောရရင် စုစုပေါင်း တစ်နေ့ သတင်းစာ တစ်သန်းလိုမယ်။ တစ်ပတ်ကို သတင်းစာ ခုနစ်သန်းရှိမယ်။ 

ဒီဖြစ်လာနိုင်ဖွယ် ဈေးကွက်ကြီးရဲ့ ၀ယ် လိုအားကို ယနေ့ မြန်မာပြည်မှာ ဘယ် မီဒီယာ ကုမ္ပဏီမှ ဖြည့်စွမ်းမပေးနိုင်သေးဘူး။ အရောက်ပို့ပေးဖို့ဆိုတာ ထားလိုက်ပါဦး။ ဒါတင်မက၊ ယနေ့ မြန်မာပြည်မှာ တစ်ပတ်ကို ခုနစ်ရက်လုံး နေ့စဉ်ထုတ်ပေးနိုင်တဲ့ မီဒီယာကုမ္ပဏီတောင် မရှိသေးပါဘူး။ ရှိတယ်ဆိုရင်တော့ စိတ်ကူးယဉ်တာပဲ။ နေ့စဉ်သတင်းစာ ထုတ်ဖို့ မှတ်ပုံတင် ကိစ္စတွေပြီးရင် ကျစ်လျစ်အောင် ပေါင်းစည်းကြရမယ့်အချိန်တစ်ချိန်ကို မလွဲ မသွေရောက်လာဖို့များပါတယ်။ 

ထုတ်ဝေနိုင်ဖို့အလားအလာရှိတဲ့ ဘယ်ကုမ္ပဏီကိုမှ ပိတ်ပင်တားမြစ်မှုမလုပ် သင့်ပါဘူး။ အစိုးရရော၊ ပြန်ကြားရေး ၀န်ကြီးဌာနရော ၀င်မပါသင့်ပါဘူး။ ဒါ သူတို့အလုပ်မဟုတ်ဘူး။ ဒီမိုကရေစီ နိုင်ငံမှာ သူတို့ဝင်ရောက်စွက်ဖက်ရမယ့် ကဏ္ဍ မရှိဘူး။ ဒါကို ဥပဒေနဲ့ ပြဋ္ဌာန်း ထားရင် ဒီမိုကရေစီအတွက် အလားအလာ အကောင်းဆုံးပဲ။ ဒေသအသီး သီးကို ကိုယ်စားပြုနေကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဟာ နုပျိုတဲ့ ဒီမိုကရေစီလေး ရှင်သန်ကြီးထွားခွင့်ရအောင် ပါလီမန်ထဲမှာ ဆောင်ရွက်ပြောဆိုဖို့ဟာ သူတို့တာဝန် ပဲဖြစ်တယ်ဆိုတာ မမေ့ကြဖို့လိုပါတယ်။ 

လူ့အဖွဲ့အစည်းရဲ့ ယန္တရား (သတင်းမီဒီယာ)ကို လူ့အဖွဲ့ အစည်းအား အပြန်အလှန် ထိန်းညှိခွင့် မပေးရင် ဒီလူ့အဖွဲ့အစည်းဟာ အနှေးနဲ့ အမြန် ပျက်ပြုန်းသွားမှာပါပဲ။ ဒါဟာ ဒီမိုကရေစီအလုပ်လုပ်ပုံ နည်းစနစ်ပါပဲ။
* နေ့စဉ်သတင်းစာတွေထွက်လာရင် သူတို့ အမြတ်အစွန်းရှိမယ်ထင်သလား၊ မီဒီယာကုမ္ပဏီတွေမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ နိုင်ပါသလဲ။
သတင်းစာကဏ္ဍမှာတော့ သွေးချောင်းစီးတိုက်ပွဲအတွက် အသင့်ပြင်ထားရမှာပဲ။ ဈေးကွက်အင်အားစုတွေ လှုပ်ရှားလာတာနဲ့ ထိရောက်မှုဆန်းစစ်တာတွေကို နာကျင်ပင်ပန်းစွာ ကြီးကြီးမားမား လုပ်ကြရမယ်။ ဆင်ဆာကန့် သတ်မှုတွေအားလုံး ဖယ်ရှားလိုက်ပြီး လွတ်လပ်တဲ့မီဒီယာဖြစ်လာပြီဆိုရင် သတင်းစာနှစ်မျိုးနှစ်စားပဲရှိတော့မယ် ထင်တယ်။ 

ပိုမိုကြီးမားပြီး စုစည်းပါဝင်တဲ့ပွဲမှာ တင်ကျန် ရစ်အောင် ကြိုးစားကြ ရလိမ့်မယ်။ အတော်များများကျဆင်းသွားကြမယ်။ ငွေအိတ်ကြီးကြီးရှိပြီး ဘက်စုံမီဒီယာအုပ်စုတွေ တည်ထောင်ဖို့ အားစိုက်ထားတဲ့သူတွေ တင်ကျန်ခဲ့မယ်။ သူတို့နဲ့ပြိုင်ရမယ့်လူတွေကတော့ ဖန်တီးနိုင်စွမ်းရှိသူတွေပဲ။ မစို့မပို့ငွေ လေးနဲ့ ခြိုးခြိုးခြံခြံလုပ်ရပေမယ့် မိရိုးဖလာနည်းဗျူဟာ၊ ပြောက်ကျားနည်းဗျူဟာတွေနဲ့ စာဖတ်ပရိသတ်ကို ထိုး ဖောက်နိုင်စွမ်း ရှိတဲ့သူ၊ တစ်နေ့ကို သတင်းစာစောင်ရေ ၃၀,၀၀၀ - ၅၀,၀၀၀ (စာဖတ်ပရိသတ် သုံးသိန်းလောက် ခန့် မှန်း) လောက်ကို ဖြန့်ချိနိုင် မယ့်သူ၊ ပြီးတော့ ငွေမထောပေမယ့် ပရိသတ်ကို ထိုးဖောက်နိုင်စွမ်းရှိသူမျိုးတွေပေါ့။ မြန်မာတိုင်း(မ်)က ဒီအမျိုးအစား ထဲမှာ ပါ လိမ့်မယ်။ အခြားကျန်တဲ့သူတွေကတော့ ချုပ်ငြိမ်းပျောက်ကွယ်သွားကြမှာပါ။ သူတို့ ထဲက သီးသန့်စိတ်ဝင်စားမှုရှိမယ့် လစဉ် မဂ္ဂဇင်းမျိုးအဖြစ် ပြောင်းလဲမလုပ်နိုင်ရင် သူတို့အတွက် အနာဂတ်မရှိနိုင်ဘူး။ 

အားကစားဂျာနယ်တွေအားလုံး နိဂုံး ချုပ်ကြလိမ့်မယ်။ အပတ်စဉ် သတင်း ဂျာနယ်တွေဟာ မြန်လာတဲ့ ကံကြမ္မာ တစ်ခုကို ကြုံတွေ့ရပါလိမ့်မယ်။ အထွေထွေစိတ်ဝင်စားမှု သတင်းတွေကို ဖေါ်ပြတဲ့ဂျာနယ်တွေလည်း ဒီလမ်းစဉ် အတိုင်းပဲ၊ ဒီအထဲမှာ ဘာမှမည်မည် ရရမဟုတ်ဘဲ အင်တာနက်ကဟာတွေ ခိုးယူသုံးနေကြတဲ့ ဂျာနယ်တွေက အများစုပါ။ ဒါတွေဟာ ဖယ်ရှားသင့်တာတွေပါ။ စီးပွားရေးနဲ့ နိုင်ငံရေးအသားပေး ဂျာနယ်တွေ အချိန်တို အတွင်း ပျောက်ကွယ်သွားဖွယ်ရှိပါတယ်။

မကြာမီက အသစ်ထွက်လာတဲ့ ဂျာနယ်တစ်စောင်ဟာ စံပြနမူနာပါပဲ။ ပြီးခဲ့တဲ့အပတ်က ကျွန်တော် ကြည့်လိုက်ရတဲ့ အဲဒီဂျာနယ်ရဲ့ ၉၉ ရာခိုင်နှုန်းဟာ မြန်မာတိုင်း(မ်)ကို ကူးချထားတာပါ။ ရှင်းရှင်းပြောရရင် အခြားသူတွေရဲ့ အောင်မြင်မှုကို မှီခိုပြီး သူတို့အောင်မြင်မှုလုပ်တာပါပဲ။ သူတို့ဟာ ဘယ်တော့မှ မြန်မာတိုင်း(မ်)ဖြစ်လာမှာမဟုတ်ပါဘူး။ ကိုယ်ပိုင် ပုံရိပ် လည်း ထူထောင်နိုင်မှာမဟုတ်လို့ ဘယ်ပရိသတ်ကို ဦးတည်ရည်ရွယ်တယ်ဆိုတာလည်း မရှိတော့ သူတို့ ကြာကြာမခံနိုင်ပါဘူး။ ဒါကြောင့် ပထမနှစ်အတွင်းမှာပဲ ဂျာနယ်စာစောင် ၁၀၀ လောက် နိဂုံးချုပ်သွားကြမယ်လို့ မှန်းဆရတယ်။ အလုပ်ဈေးကွက်ထဲမှာ သတင်းထောက်တွေအများကြီး ပြန်လာကြဦးမှာပဲ။ 
 
* နေ့စဉ်သတင်းစာ ခေတ်သစ်ကို ရောက်လာရင် မီဒီယာကုမ္ပဏီတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲ။ ကမ္ဘောဒီးယားမှာ နေ့စဉ်သတင်းစာထုတ်ခဲ့တဲ့ လူကြီးမင်းရဲ့ အတွေ့အကြုံကို ဝေမျှပါဦး။
ရိုးရိုးသားသားပြောရရင် နေ့စဉ်သတင်းစာကို မွေးဖွားပေးတဲ့ လက်တွေ့အတွေ့အကြုံရှိတဲ့လူဆိုလို့ ဒီတိုင်းပြည်မှာ ကျွန်တော် တစ်ယောက်တည်းရှိပါတယ်။ ဒါကြောင့် ကျွန်တော် အောင်မြင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်။ 

ကမ္ဘောဒီးယားမှာ "The Phnom Penh Post" လို့ခေါ်တဲ့ သတင်းစာနှစ်စောင် (အင်္ဂလိပ် ဘာသာနဲ့တစ်စောင်၊ တိုင်းရင်းခမာဘာသာနဲ့ တစ်စောင်) ကျွန်တော် ထုတ်ဝေနေပါတယ်။ ဒါဟာ ကျွန်တော့အဖို့ ဒေါ်လာ လေးငါးသန်းအကုန်ခံပြီးမှ ရခဲ့တဲ့အတွေ့အကြုံပါ။ ကျွန်တော် အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။ တစ်ခုပဲ ပြောနိုင်တယ်။ ဒီအလုပ်ဟာ လွယ်လွယ်နဲ့ ငွေအမြန်ပြန်ပေါ်တဲ့အလုပ်တော့ မဟုတ်ဘူး။ အပြိုင်အဆိုင် ရှိလာပြီဆိုရင် ပြိုင်ဆိုင်မှုက ပြင်းထန်တယ်။ သူသေ၊ ကိုယ်သေပဲ။ 

သတင်းစာလုပ်ငန်းဟာ ကြမ်းတမ်း ခက်ထန်ပါတယ်။ အကျအ ဆုံးတွေ များလာမယ်။ ကျွန်တော်ကတော့ ဒါကိုမတွေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့မှာ အချက်အလက် အခြေခံဗဟုသုတ အတွေ့အကြုံတွေရှိတယ်။ အမာခံ အယ်ဒီတာတွေ၊ ထုတ်လုပ်ရေးကျွမ်းကျင်သူတွေ၊ ပုံနှိပ်စွမ်းရည်တွေရှိတယ်။ အသင်းအဖွဲ့တစ်ခုကို ဘယ်လိုတည်ဆောက်ရမယ် ဆိုတာကို သိတယ်။ ကျွန်တော့ကို ဘယ်သူမှ ၀င်ရောက်နှောင့်ယှက်မှု မရှိဘူးဆိုရင် ကျွန်တော်ဟာ ရှင်သန်ကျန်ရစ်မယ့်သူဖြစ်တယ်ဆိုတာ ကျွန်တော်သိတယ်။ အခြားသူတွေအကြောင်းတော့ ကျွန်တော်မသိပါဘူး။ ကျွန်တော့မှာကိုယ့် ပြဿနာနဲ့ကိုယ်လုံးပန်းနေရသူမို့ တခြားသူတွေအကြောင်းလည်း မစဉ်းစားအားပါဘူး။ 

ကျွန်တော့ပတ်ဝန်းကျင်မှာ ကျွန်တော်မြင် ထားတဲ့ တစ်ယောက်တည်းသော ကြေးစားကစားသမား (Professional Player) က တော့ Eleven Media Group ပါပဲ။ ကျွန်တော်တို့ သတင်းစာဟာ သူတို့သတင်းစာနဲ့ ကွဲပြားခြားနားမှုများစွာရှိမှာ ဖြစ်လင့်ကစား တူညီတဲ့ လူဦးရေဇုန်တချို့အတွင်းမှာရှိတဲ့ စာဖတ် ပရိသတ် အတွက် ကျွန်တော် သူတို့နဲ့ ယှဉ်ပြိုင်ရလိမ့်မယ်။ 
 
* ဟိုးအတိတ်မှာတုန်းကလည်း ကျွန်မတို့နိုင်ငံမှာ ပုဂ္ဂလိက ပိုင်သတင်းစာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆယ်စုနှစ်ပေါင်း များစွာ ပုဂ္ဂလိကသတင်းစာမရှိဘဲ ဆင်ဆာဖြတ်တောက်မှုတွေနဲ့ နေလာခဲ့ရတော့ မျိုးဆက်သစ်လူငယ်တွေမှာ ဒီအတွေ့ အကြုံတွေမရှိဘဲ ဖြစ်နေတယ်။ ဒါကြောင့် နေ့စဉ်သတင်းစာ တွေ ထုတ်ဝေခွင့်ပြုလိုက်ရင် ယနေ့ မြန်မာ့မီဒီယာလောကမှာ ဘယ်လိုအခက်အခဲတွေ ရှိနိုင်ပါသလဲ။
အခုကတည်းက ကျွန်တော်တို့တွေ့ကြုံရမယ့် အခက်အခဲတွေကို မြင်နေရပါပြီ။ တက္ကသိုလ်တွေနဲ့ အဆင့်မြင့်ပညာ ဌာနတွေကို သတင်းစာပညာရှင်တွေ လေ့ကျင့်မွေးထုတ်ပေးနိုင်အောင် စီစဉ်ရပါတယ်။ ဒါခုချိန်အထိ ဖြစ်မလာသေးပါဘူး။ အာဏာပိုင်တွေ အနေနဲ့ ပြည်ပက ကျွမ်းကျင်သူတွေကို အကန့်အသတ် အချုပ်အချယ်မရှိ ၀င်ခွင့်ပြုရပါမယ်။ 

ဒီလူတွေကတော့ - သတင်းထောက်တွေ၊ လက်ထောက် အယ်ဒီတာတွေ၊ ဝေဖန် ဆန်းစစ်သူတွေ၊ ဓာတ်ပုံဆရာတွေ၊ ဒီဇိုင်နာတွေ၊ ပုံနှိပ်ပညာရှင်တွေသာမက စီမံခန့်ခွဲသူအမှု ဆောင်လူကြီးတွေပင် ပါဝင်ပါတယ်။ ပြည်ပက ကျွမ်းကျင်သူတွေမပါဘဲ အခြေအနေတွေ မြန်မြန် တိုးတက်လာဖို့ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် သတင်းထောက်တွေပေါ့။ သတင်းထောက်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ နှစ်ပေါင်းများစွာ အချိန်ယူရပါတယ်။ ဒီမှာလိုအပ်နေတာက ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း၊ နောက်ပြီးတော့ သတင်းရဲ့ ရှုထောင့်ကို ဖော်ထုတ်နိုင်စွမ်း ဒီအရည်အသွေး တွေက အနောက် နိုင်ငံတွေမှာတော့ သတင်းထောက်လုပ်မယ့်သူမှာ ရှိပြီးသား လို့ မှတ်ယူထားကြတာ။ 

ဒီမှာ ကျွန်တော် တွေ့ရ သလောက် သတင်းထောက် ၁၀ ယောက်မှာ တစ်ယောက်ပဲ ဒီအရည်အသွေးရှိတာ တွေ့ရတယ်။ ဒီလိုဖြစ်ရတာဟာ ကလေးဘ၀ တစ်လျှောက် သူတို့ ဖြတ်သန်းခဲ့ရတဲ့ ပညာရေးစနစ်ကြောင့်လို့ ကျွန်တော်သံသယ ဖြစ်မိတယ်။ သတင်းစာလွတ်လပ်ခွင့်တွေ ပို ပေး လိုက်လို့လည်း ဒီရောဂါပျောက်သွားမှာမဟုတ်ဘူး။ ဒါဟာ မျိုးဆက်နဲ့ဆိုင်တဲ့ ပြဿနာပါ။ နေ့ချင်းညချင်းကမ္ဘာ့အဆင့် မီဒီယာဖြစ်လာ ဖို့တော့ မမျှော်လင့်နိုင်ဘူးပေါ့။

* နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်မူကြမ်းအရ ရင်းနှီးမြှုပ်နှံ သူတွေအဖို့ မြန်မာနိုင်ငံမှာ လုပ်ကိုင်ဖို့ ပိုမိုလွယ်ကူ ပျော့ပျောင်း လာပါတယ်။ နိုင်ငံခြားက မီဒီယာကုမ္ပဏီတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဟာ မြန်မာမီဒီယာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင် စားကြလိမ့်မယ်လို့ ထင်ပါသလား။
သူတို့ကို ဒီမှာ လာရောက်လုပ်ကိုင် ဖို့ ခွင့်မပြုဘူးဆိုရင်တော့ နောက်ကြောင်း ပြန်သွားတဲ့ ခြေလှမ်းပဲ ဖြစ်မှာပဲ။ စိုးရိမ်စရာ ဘာမှ မရှိပါဘူး။ နိုင်ငံခြားသားတွေက ကျွမ်းကျင်မှုနဲ့ အရင်းအနှီးတွေ ယူလာကြလိမ့်မယ်။ မြန်မာပြည်က ဒါတွေ လိုနေတာပါ။ မီဒီယာ ယှဉ်ပြိုင်မှုကို သော့ခတ်ပိတ်ဆို့ထားတဲ့ နိုင်ငံတွေမှာ မကျန်းမမာ ဖျားနာမှုမျိုးစုံ ကြီးထွားလိမ့်မယ်။ 

မီဒီယာရဲ့အခန်းကဏ္ဍသေးသိမ် ကျဉ်းမြောင်းသွားရင် နိုင်ငံရေးသမားတွေ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ တန်ဖိုးခိုး အာဏာတွေသာ ကြီးထွားလာပြီး သူတို့ရဲ့ လုပ် ဆောင်မှုတွေဟာ ထင်သာမြင်သာမရှိနိုင်တော့ဘူး။ ကျွန်တော်တို့ဟာ ဒီအမှောင်ထုထဲကထွက်လာစပဲ ရှိပါသေးတယ်။ လူထု အများ စုကတော့ အဲဒီအမှောင်ထုထဲကို ပြန်သွားချင်ကြမယ်လို့ ကျွန်တော်မယုံကြည်ဘူး။

ပြည်ပမီဒီယာတွေ၊ တစ်ကမ္ဘာလုံး ဖြန့်ကြက် လုပ်ကိုင်တဲ့ မီဒီယာလုပ်ငန်းရှင်ကြီးတွေ၊ ဒေသတွင်းက မီဒီယာတွေဆီကငွေတွေ မြန်မာနိုင်ငံထဲကို အလောသုံးဆယ် လှိမ့်ဝင်လာ ကြမယ်လို့ ကျွန်တော်မထင်ပါဘူး။ သူတို့တစ်တွေဟာ ရင့်ကျက်ပြီးသား ဈေးကွက်တွေမှာပဲ ပိုမိုဖွံ့ဖြိုးအောင် ချဲ့ထွင်ဖို့ ကြိုးပမ်း ရှာဖွေနေကြတာပါ။ အခု ပြဋ္ဌာန်းမယ့် ဥပဒေသစ်ဟာ လွန်စွာအရေးကြီးပါလိမ့်မယ်။

* ကမ္ဘာ့တခြားကျန်တဲ့နေရာတွေက ဒစ်ဂျစ်တယ်ခေတ်ထဲ စတင်ဝင်ရောက်နေကြချိန်မှာ မြန်မာနိုင်ငံမှာ ပုံနှိပ်နေ့စဉ် သတင်းစာက အလုပ်ဖြစ်မယ်လို့ ယူဆပါသလား။ မြန်မာမီဒီယာတွေ နေ့စဉ်သတင်းစာရိုက်နှိပ်ထုတ်ဝေဖို့ ကြိုးပမ်းချက်ဟာ တကယ်တမ်း အကျိုးအမြတ်ရှိပါ့မလား။ ဘာကြောင့်ပါလဲ။ 

အာရှနဲ့ တောင်အာရှဒေသမှာ သတင်းစာဖတ်သူဦးရေ တစ်ဟုန်ထိုးတက်နေပါတယ်။ သတင်းစာဝယ်လိုအားဟာ အချိန် ကာလ အတော်ကြာအောင်ဆက်လက်ရှိနေဦးမှာပါ။ ဒါပေမယ့် ခေတ်ရှေ့ပြေးသတင်းစာဖတ်သူတွေအတွက် လက်ကိုင်ဖုန်းတွေ၊ လက်ပ်တော့တွေ၊ PC ကွန်ပျူတာတွေနဲ့ ဖတ်လို့ရအောင်လည်း လုပ်ပေးရမှာပေါ့။

ပေါ်ပြူလာဂျာနယ်မှ ဆောင်းပါး တစ်ပုဒ်ပါ။

ပေါ်ပြူလာဂျာနယ်မှ ဆောင်းပါး တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့  AsiaFame Media Group မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။


Culture Shock မြန်မာ့ ယဉ်ကျေးမှု အရေးပေါ် အခြေအနေ

အခုတလော လူ့လောကမှာ မရှိရှာတော့တဲ့ ပုဂ္ဂိုလ်တွေကို သတိရ အောက်မေ့နေ မိပါတယ်။ ဘွားဘွား တို့ကို လွမ်းတယ်၊ အမေ လူထုဒေါ်အမာ ကို လွမ်းတယ်၊ မေမေ့ကို လွမ်းတယ်…။ သူတို့များ သက်ရှိ ထင်ရှား ရှိနေကြရင် ဘယ်လိုပြောကြ၊ ရေးကြမလဲလို့ စဉ်းစားမိရင် သွေးလန့် တုန်လှုပ်စရာ အပြောင်းအလဲတွေ တစ်ခုပြီး တစ်ခု ကြုံတွေ့လာ ရတော့ မဖြစ်မနေ စာရေး jဖစ်တော့တာပါပဲ။

‘သွေးလန့်သည်’ ဟု သုံးနှုန်းလိုက် မိတဲ့ အခါ ဆေးပညာ စကားအရ’ရှော့ခ်’ (Shock) ဟု ခေါ်ဝေါ် နားလည်ကြသော သွေးလန့်ခြင်းနဲ့ နှိုင်းယှဉ် တင်စားချင် မိပါတယ်။ ဒီ နေရာမှာတော့ ဂျာနယ်တစ်စောင်မှာ EDUCATION SHOCK  လို့ ရေးသားသွားတဲ့ ဆရာတစ်ဦးရဲ့ အသုံးအနှုန်းကို တူညီစွာ နောက်မှ သုံးစွဲမိခြင်းအတွက် ခွင့်ပြုစေ လိုပါတယ်။ ကျွန်မရေးသားရတဲ့ အကြောင်းအရာပိုင်းမှာ ဒီစကားလုံးက လွဲလို့ ဆီလျော် သင့်တော်တဲ့ စကား မရှိတော့ကြောင်း ကျွန်မရဲ့ဆောင်းပါး အဆုံးမှာ သိရှိကြ မှာလည်း ဖြစ်ပါတယ်။

ဆေးပညာရပ်မှာ SHOCK အမျိုး အစားတွေ တစ်ခုမကရှိသလို SHOCK ကို ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေ ကလည်း အများကြီးပါ ။ သေချာတာ တစ်ခု ကတော့ SHOCK ဆိုတာ အင်မတန် ရှုပ်ထွေးလှတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေနဲ့ အချိန်မီ မကုသနိုင်တဲ့ နောက်ဆုံးမှာ အသက်ဆုံးရှုံး နိုင်ပါတယ်။ အဲဒီတော့ လိုအပ်တာက မဖြစ်ခင် သတိရှိရှိ ကာကွယ်ဖို့၊ ဖြစ်ဖြစ်ချင်း သိပြီး အရေးပေါ် ဆောင်ရွက် ကယ်တင်နိုင်ဖို့တွေ ဖြစ်ပါတယ်။

SHOCK ဖြစ်ကြတဲ့ လူနာတွေ အမြောက်အမြား တွေ့ဖူးခဲ့သလို အသက်ချမ်းသာရာ ရသွားသူတွေရော၊ ဘယ်လိုမှ ကယ်တင်လို့ မရတဲ့သူတွေလည်း ပါပါတယ် ။ SHOCK ဟာ  ဆေးရုံမှာ အရေးပေါ် အခြေအနေ တစ်ခုဖြစ်ပါတယ်။ ဆေးရုံရဲ့ ဝန်ထမ်း အားလုံး SHOCK လူနာနားမှာ ဝိုင်းအုံနေပြီး  တစ်ယောက်နဲ့ တစ်ယောက် စည်းစည်း လုံးလုံး၊ ကိုယ့်တာဝန်နဲ့ ကိုယ် လျင်လျင်မြန်မြန် ဆောင် ရွက်ပြီး လူနာကို  SHOCK မှပြန်လည် ကုစား နိုင်ဖို့ ကြိုးစားရတာ ဖြစ်ပါတယ်။

လူတစ်ယောက်  SHOCK ရပြီးအသက် ကယ်လို့ မရတော့တဲ့အခါ ပြန်လည်ကောင်း မလာနိုင်တော့တဲ့ Irreversible Shock ရဲ့ နောက်ဆုံး သေခြင်းတရားနဲ့ ကြုံတွေ့ရပြီး ကျွန်မတို့ ဝမ်းနည်းနှမြောကြ ရတယ်၊ မိသားစု ဝင်တွေ ကြေကွဲ ပူဆွေးကြ ရပါတယ်။
အခု  SHOCK ရနေတယ်လို့ ကျွန်မရည်ညွှန်း လိုတာက မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ အမျိုးသမီး ကလေးများရဲ့ ဣနြေ္ဒသိက္ခာပါ။ အားလုံးနည်းတူ ကျွန်မ သတိထား မိတာ က ကိုရီးယား ဇာတ်လမ်းတွဲတွေ မြန်မာဘာသာ ပြန်ပြီး ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသတဲ့  အချိန်က ဖြည်းဖြည်းချင်း အစပြုခဲ့လေသလား။ ဒါပေမဲ့ ကိုရီးယား ဇာတ်ကား တစ်မျိုး တည်းက အဓိက တရားခံ၊ လက်သည် လို့တော့ ပြောလို့ မရပါ။ တရိပ်ရိပ် ဖြစ်တည်လာခဲ့တဲ့ အပြောင်းအလဲတွေက အများကြီး…။
အပြောင်းအလဲ များကို လက်ခံဖို့  ကျွန်မတို့အားလုံး အသင့်ဖြစ်နေကြ ရပါမယ်။ အဟောင်းတွေကို ဆုပ်ကိုင်ထားလို့မရမှန်း ကျွန်မတို့ ကောင်းကောင်း နားလည် လက်ခံ နိုင်ပါတယ်။ အယူအဆ အသစ်တွေ၊ စမ်းသပ်မှုတွေ၊ သုတေသနတွေ..။ ဒီကနေ့ ကျွန်မ တို့တစ်တွေဟာ အရင့်အရင် စူးစမ်းလေ့လာ မှုတွေ၊ အပြောင်း အလဲတွေ ရဲ့ အသီးအပွင့် တွေကို ဆွတ်ယူ စားသုံးခွင့် ရနေကြတာပဲ မဟုတ်လား။
ဒါပေမဲ့ ပြောင်းလဲလို့ မရတဲ့အရာတွေ က ရှိနေပါတယ်။ ဘာသာတရား၊ ယဉ်ကျေးမှု၊ မြန်မာ မိန်းကလေး တို့ရဲ့ ဣနြေ္ဒသိက္ခာ…။ ယဉ်ကျေးမှု ဆိုတာ ဘာလဲ လို့  ဝေဖန်သုံးသပ် နိုင်တဲ့ အသိ ဥာဏ်ပညာ မရှိခင် အရွယ်က တည်းကပင် ကျွန်မတို့ဟာ မြန်မာ့ ယဉ်ကျေးမှု စည်းဝိုင်းထဲမှာ အတိအကျ နေသားကျ ပျော် မွေ့နေခဲ့ကြ ပြီး ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်တဲ့ မြန်မာ မိန်းကလေး တစ်ယောက် အဖြစ် မွေးဖွားကြီးပြင်း ရတာကို အမြဲ ဂုဏ်ယူမိနေအောင် ဘာသာတရားရဲ့ အဆုံး အမ၊ ယဉ်ကျေးမှုရဲ့ ပညတ်ချက်၊ ဓလေ့ ထုံးတမ်းရဲ့ စည်းကမ်းတွေက တန်ဖိုးထားကျေ နပ်စရာ ဖြစ်ခဲ့ပါတယ်။

ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်တဲ့ မြန်မာ လူမျိုးတို့ရဲ့ ယဉ်ကျေးမှု အဆောက်အဦးကြီးက ကြီးမား ခိုင်ခံ့လွန်းလို့ တော်ရုံနဲ့ ပျက်စီး ယိုယွင်းမှု မရှိလောက်ဘူး လို့ ယုံကြည်ခဲ့ မိပါတယ်။

ကျွန်မတို့ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံက အနောက်တိုင်းသာ မဟုတ်၊ အရှေ့တိုင်း ထဲက တခြားနိုင်ငံ၊ လူမျိုး၊ ဘယ်သူနဲ့မှ မတူဘဲ သီးသန့် ရှိနေခဲ့တာမို့ မတူတာကို လိုက်တု လို့ မရ နိုင်ကောင်းပါဘူး။ ကိုရီးယား မင်းသမီး မျက်နှာကို လှပအောင် Plastic Surgery နဲ့ လိုက် ပြုပြင်လို့ ရနိုင်ပါတယ်။ လူမြင်ရင် ခေါင်း ညွှတ်ပြီး ‘မင်္ဂလာပါ’ လို့နှုတ်ဆက်တဲ့ ထုံးစံကို အတုခိုး လို့လည်း ရပါတယ်။ အလုပ်လုပ်တဲ့ နေရာမှာ ဇွဲနပဲ ကြီးကြီး ကြိုးစားကြတဲ့ ကိုရီး ယား လူငယ်တွေကို အားကျကောင်းပါတယ်။

ဒါပေမဲ့ လက်မထပ်ဘဲ တစ်အိမ်တည်း မှာ ယောက်ျားလေး၊ မိန်းကလေး အတူနေလို့ ရတာ၊ အိမ်ထောင်သည်မှန်း သိသိနဲ့ ငြိစွန်း ဖောက်ပြန်တာ၊ မိန်းကလေးဘက်က ချစ်စကား စပြောတာ၊ မိန်းကလေးတွေ အရက် သောက်ကြတာ၊ မိန်းကလေးတွေ အဝတ်အစား မလုံခြုံဘဲ ဝတ်စား သွားလာနေကြတာ  ကိုရီးယား ဇာတ်ကားထဲမှာ ပဲ ဖြစ်လို့ ရပြီး ကျွန်မတို့ တိုင်းပြည်ထဲမှာ မဖြစ်စကောင်းပါဘူး။

လူမျိုးခြား တိုင်းတစ်ပါး ဇာတ်ကားတွေရဲ့ လွှမ်းမိုးမှုက အားသိပ်ကောင်း နေတဲ့ အချိန်မှာ ပြည်တွင်းက အနုပညာသည် တွေက တစ်မျိုး တစ်ဘာသာ ဖြစ်လာပြန် ပါတယ်။ ဟိုအရင်က TV ထဲမှာ မင်းသမီး အင်္ကျီလည်ပင်း အနည်းငယ် ဟိုက်ရင်တောင် အရိပ်တွေ လိုက်ကာခဲ့တဲ့ ကျွန်မတို့ မြန်မာနိုင်ငံပါ။ TV အစီအစဉ်မှာ တင် မဟုတ်ပါဘူး။ ပြင်ပ စတိတ်ရှိုးတွေမှာ လည်း နည်းနည်း ကဲတယ်လို့ ယူဆရရင်တောင် အနုပညာ လှုပ်ရှားမှုတွေ ခေတ္တ ပိတ်လိုက်တာ မျိုးနဲ့ အနုပညာသည် တွေကို ယဉ်ကျေးမှု ထိန်းသိမ်းတဲ့ အဖြစ်အပျက်၊ အစဉ်အလာတွေ ကြားခဲ့၊ ကြုံခဲ့ပါတယ်။ အဲဒီနိုင်ငံရဲ့ MRTV-4 လို အသံလွှင့် အစီအစဉ်တွေမှာ အနုပညာသည်တွေ ရဲ့ ဝတ်စား ဆင်ယင်မှုဟာ သားနဲ့ အမိ၊ အဖနဲ့သမီး အတူ ထိုင်ကြည့်လို့ မရတော့ တဲ့ အခြေအနေပါ။

TV အစီအစဉ် မှာတောင် ဒီလိုဆိုတော့ သီချင်း သရုပ်ဖော်တဲ့ အစီအစဉ်တွေ မှာလည်း ဂီတ သက်သက် မဟုတ်၊ သရုပ်ဖော်တာ အနုပညာနဲ့ ဖျော်ဖြေတာ မတူဘဲ မိန်းကလေး အဆိုတော်တွေ ကပုံကလည်း နိုင်ငံခြား Channel တွေ၊ အခွေ တွေမှာလို အကမျိုးတွေ၊ ဖိုမ တွဲကတဲ့ အဝတ် အစား၊ အပွေ့အဖက်တွေ ကလည်း အင်မတန် ဘိုဆန် လိုက်တာလို့ အံ့သြ ဘနန်း တွေ့လာ ရပါတယ်။

မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ သရုပ်ဆောင် တွေ၊ မော်ဒယ်တွေ၊ အဆိုတော် တွေဟာ အဝတ်အစား လွတ်လပ်မှု အင်မတန်ရှိလာ ကြပါတယ်။ ဘေဘုတ်၊ ပိုစတာ ကြော်ငြာတွေ မှာ လည်း မြန်မာနိုင်ငံကမှ ဟုတ်ပါလေ စလို့ မေးရလောက်အောင် ‘မြန်မာ’ နဲ့ မတူတော့ တာ တွေ့ရမြင်ရတာ အတော် ကြာနေခဲ့ပါပြီ။

တစ်နေ့တုန်းက ဆေးကုမ္ပဏီက ထုတ်ဝေထားတဲ့ ၂ဝ၁၂ ခုနှစ်၊ ပြက္ခဒိန် တစ်ခု လက်ဆောင်ရတော့ ပထမတော့ ကျွန်မ နိုင်ငံခြား ကလားလို့ ထင်လိုက်မိပါတယ်။ သရုပ်ဆောင် တစ်ယောက်ချင်း ဝတ်စားထားပုံ က မလုံခြုံတဲ့ အပြင် ကြည့်နေပုံ အကြည့်တွေ က အနုပညာ သက်သက်နဲ့ ပရိသတ်ရဲ့ ချစ်ခင်အားပေး မှုကို ရယူမယ့် အနုပညာသည်နဲ့ မတူဘဲ မဖွယ်မရာ မယဉ်မကျေး ရှိလှပါတယ်။ ထူးထူးဆန်းဆန်း ယောက်ျားလေး သရုပ်ဆောင်ကလည်း အင်္ကျီ ကြယ်သီးပြုတ်နဲ့ ကြမ်းကြမ်း တမ်းတမ်း စိုက်ကြည့်နေပုံ…။ ဧည့် ခန်း၊ ရုံးခန်းမှာ ချိတ်ဆွဲထားဖို့တောင် မရဲဘဲ အဲဒီ ပြက္ခဒိန် ကြည့်ရတဲ့သူတိုင်းက ”မြန်မာ မော်ဒယ်တွေလား၊ ဘယ်လို ဖြစ်ကုန်ကြပြီ လဲ” လို့ တအံ့တသြ ဖြစ်နေကြတာနဲ့ ခေါက်သိမ်း ထားခဲ့ ရပါတယ်။

အဲဒီလို မလုံမခြုံ ဝတ်စားဆင်ယင်မှုတွေ၊ မထော်မနန့် ပြကွက်တွေ၊ ယောက်ျား၊ မိန်းမ အထိန်းအကွပ်မဲ့၊ စည်းဘောင်မရှိ တွဲကြ၊ အတူနေကြ၊ ယူလိုက် ကွဲလိုက် ဆိုတာတွေ.. အဲဒီ အရာတွေဟာ ဒီကနေ့ ကမ္ဘာမှာ အဆန်းတကြယ် မဟုတ်ဘဲ မြန်မာပြည်ရဲ့အပြင်ဘက် ခြေတစ်လှမ်း ထွက်လိုက်ရုံနဲ့ မြင်နိုင်၊ ကြားနိုင်၊ သိနိုင် ရှိနေ တာပါ။

အဲဒီ အရာတွေနဲ့ မြန်မာလူမျိုး၊ မြန်မာ့ ယဉ်ကျေးမှု၊ ဘာသာ တရားနဲ့ လုံးဝမအပ်စပ်ဘူး ဆိုတာ  အားလုံး သိရှိထားခဲ့ ကြပေမယ့် အခုအချိန် မှာတော့ အကြောင်း အရာတွေ တစ်ခုမက ပေါင်းဆုံပြီး ကျွန်မတို့ရဲ့ မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ အမျိုးသမီးတွေရဲ့ ဣနြေ္ဒ သိက္ခာ၊ အနုပညာ ဖန်တီးမှုများရဲ့ ယဉ်ကျေးမှု၊ စည်းကမ်း၊ ဆင်ဆာ…ဒါတွေဟာ အချိန်မီ မကုစားရင် မဖြစ်တော့တဲ့ အရေးပေါ် အခြေ အနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အဲဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူ တွေ၊ စာပေသြဇာ ကြီးမားသူတွေ၊ အနုပညာရှင် တွေနဲ့ မိဘပြည်သူ အားလုံးဝိုင်းပြီး ကိုယ့်အပိုင်းနဲ့ ကိုယ် အချိန်မီ ထိန်းသိမ်း ပါ မှနှစ်ပေါင်း ရှည်ကြာ ထိန်းသိမ်းလာခဲ့တဲ့ မြန်မာ့ ယဉ်ကျေးမှု မပျက်စီးဘဲ မြန်မာ မိန်းကလေးတွေ တန်ဖိုး ရှိရှိ၊ သိက္ခာရှိရှိ ဆက်လက် ရပ်တည်နိုင်ပြီး ကမ္ဘာ က လေးစား ခံရမှာပါ။

ပြည်သူထဲက တစ်ယောက် အနေနဲ့ တာဝန်ရှိတယ်လို့ ခံစားမိပြီး Culture Shock အချိန်မီ ကုစားကယ်တင်နိုင်ကြဖို့ အချက်ပေးခေါင်းလောင်းထိုးရခြင်းပါပဲ။ ဒါ..အရေးပေါ် အခြေအနေရာက်နေလို့ပါ။

သမီးရှင် (ဆေး- ၁)

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

http://www.globalpost.com/photo-galleries/planet-pic/5682929/clinton-visits-burma-steps-toward-openness-pariah-state 

ဒဲရစ်မစ်ချဲလ်က မြန်မာလွှတ်တော်တွေကို ချီးကျူး

ဂျက်ဖရီဂေါ့ဒတ်
အတွဲ ၂၉ ၊ အမှတ် ၅၆၂ (၂၃ - ၂၉ ၊ ၃၊ ၂၀၁၂)
လွန်ခဲ့သောတစ်နှစ်ကျော်က စတင် ကျင်းပလာခဲ့တဲ့ အမျိုးသားလွှတ်တော်ရဲ့ လုပ်ဆောင်မှုများဟာ "အလွန်ထူးခြား လှပါတယ်"လို့ အမေရိကန်အထူးသံ ကိုယ်စားလှယ်မစ္စတာ ဒဲရစ်မစ်ချဲလ်က ယခင်သီတင်းပတ်က ပြောသွားတယ်။ "သူတို့ကို ရော်ဘာတံဆိပ်တုံး နှိပ်ပေး တဲ့အဆင့်ထက် အများကြီးပိုတယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး"လို့ ရန်ကုန် မှာ မတ်လ ၁၇ ရက်တွေ့ဆုံမေးမြန်းပွဲမှာ မစ္စတာမစ်ချဲလ်က ပြောခဲ့ပါတယ်။ 

"လွှတ်တော်စချိန်တုန်းက အချေ အတင်ဆွေးနွေးခြင်း၊ ပွင့်လင်းခြင်း၊ ထင်သာမြင်သာရှိခြင်း ဆိုတာတွေကို သတ်မှတ် တင်းကျပ် ထားလွန်းတာ ကြောင့် အပြန်အလှန်စစ်ဆေးမှုနဲ့ ထိန်း ညှိမှု၊ အာဏာထိန်းညှိမှုဆိုတာတွေဟာ ရယ်စရာလိုလိုတောင် ဖြစ်ခဲ့ပါ တယ်"လို့ သူက ဆိုတယ်။
လွှတ်တော်ရဲ့ စွမ်းဆောင်လုပ်ကိုင် နိုင်တဲ့စွမ်းရည်တွေ ဖြည့်ဆည်းပေးဖို့ အသေအချာ လိုအပ်တယ်လို့ သူက ထောက်ပြတယ်။ 

"ဒါပေမယ့် လွှတ်တော်တစ်ရပ်ဖွဲ့ စည်းဖို့ လိုအပ်နေတာကို အသိအမှတ်ပြု ခြင်း ဥပမာ - အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေ ဆီက နည်းပညာအကူ အညီယူဖို့ ကမ်းလှမ်းခြင်းတွေဟာ အလွန်အားတက်စရာ ဖြစ်ရပါတယ်"တဲ့။ 

လွှတ်တော်ကိုယ်စားလှယ်တွေကို မိမိ တို့ မဲဆန္ဒနယ်တွေကို ကိုယ်စားပြုရာမှာ လည်းကောင်း၊ အစိုးရ အုပ်ချုပ်ရေး ယန္တရားအတွင်း မိမိတို့ရဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်ရာမှာလည်း ကောင်း အစွမ်းကုန်ထိရောက်အောင် မြင်အောင် လုပ်ဆောင်ဖို့ လွှတ်တော် ဥက္ကဋ္ဌကြီးသူရဦးရွှေမန်းရဲ့ တိုက်တွန်းမှု ဟာ အလွန့်အလွန်အားတက်စရာ ကောင်းပါတယ်။ 

သမ္မတကြီးဦးသိန်းစိန် နည်းတူ သူရဦးရွှေမန်းဟာလည်း အလွန်ထူးခြား ထက်မြက်တဲ့ လုပ်ဆောင်မှုတွေကို ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်လို့ မစ္စတာမစ်ချဲလ်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေထံမှ ပြန်လည်ပြောကြားချက်အရ ဥက္ကဋ္ဌသူရ ဦးရွှေမန်းဟာ အခြားပါတီတွေ၊ အခြား အုပ်စုတွေနဲ့ ဆက်ဆံရာမှာ အတော်မျှတ မှုရှိသူ ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ လွှတ်တော်ကြီး ဆက်လက်တိုးတက် သွားအောင် တတ်အားသရွေ့ သင့်တော် သလို အားပေး ထောက်ခံသွားရမှာ ဖြစ်ပါ တယ်။

ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ် လပ်ပြီး တရားမျှတတယ်လို့ ယုံကြည် ယူဆမယ်ဆိုရင် ဒီရွေးကောက်ပွဲအပြီး မှာ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လုပ် ဆောင်နိုင်စွမ်းကိုကူညီ တည်ဆောက် ပေးဖို့ အကူအညီတွေပေးသွားရန် အမေရိကန်ပြည်ထောင်စုက စဉ်းစား နေပါတယ်။
အစိုးရနဲ့ ပတ်သက်လို့ အာဏာရလာ ပြီးတဲ့နောက်ပိုင်းမှာ အဆိုးအမြင်တွေရှိ ခဲ့တယ်ဆိုတာကို မစ္စတာမစ်ချဲလ်က အသိအမှတ်ပြု ပါတယ်။

"မြန်မာပြည်မှာ ဖြစ်ပျက်ခဲ့သမျှတွေ ကို စောင့်ကြည့်နေခဲ့ကြတဲ့သူတွေအဖို့ တော့ အကောင်းမြင်နိုင်ကြမယ်မထင်ပါ ဘူး။ ဒီလူတွေပဲ ထိန်းချုပ်နေဆဲပဲ။ ယူနီ ဖောင်းချွတ်လိုက်ပြီး ဒါတွေပဲဆက်လုပ် နေတာပဲလို့ ထင်ကြမှာပါပဲ။ "ဒါပေမယ့် ကျွန်တော်တို့ ချဉ်းကပ်ပုံ က၊ ကျွန်တော်ရဲ့ချဉ်းကပ်ပုံက ကျွန်တော် စတင်စမ်းကြည့်လိုက်ကတည်းက ပထမ ဆုံးနေ့မှာပဲ သမ္မတကြီးဦးသိန်းစိန်က သူ့ မိန့်ခွန်းနဲ့ စပါတယ်။ "သူ့ရဲ့ သမ္မတရာထူးလက်ခံတဲ့ မိန့်ခွန်း မှာ လေသံရော၊ ဟန်ပန်ရော၊ အမြင်တွေ ပါ ပြောင်းသွားတာကို ခင်ဗျားသတိထား မိပါလိမ့်မယ်။ "အခွင့်အလမ်းတွေ မပေးရင်၊ အား ပေး ကူညီမှုမပြုရင် အပြောင်းအလဲတွေ ကို ရလာမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ကြိုးစားနေတာ။ တခြားသူတွေနဲ့အတူ တကွကြိုးစားနေတာ၊ ဒါပါပဲ"ဟု မစ္စတာ မစ်ချဲလ်က ပြောပါတယ်။ 

လွန်ခဲ့သော ခုနစ်လက အမေရိကန် အထူးသံတမန်အဖြစ် ပထမဆုံးအကြိမ် ရောက်လာခဲ့ချိန်မှစ၍ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်း စဉ်အပေါ် ၎င်း၏အမြင်ကို မေးကြည့်ရာ မစ္စတာမစ်ချဲလ်က "ဒီ လောက်အချိန်ကာလအတွင်း တိုးတက် ဖြစ်ပေါ်မှုတွေ တွေ့ရတော့ ပိုလို့တောင် အားတက်မိပါတယ်"ဟု ပြောပါတယ်။

"ဘယ်ကို ဦးတည်သွားနေတယ်ဆို တာ ဆုံးဖြတ်ဖို့တော့ စောင့်ရဦးမှာပေါ့။ ဒါပေမယ့် အချိန်နဲ့အမျှ မီဒီယာတွေ ပွင့်လင်းလွတ်လပ် လာတာ၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးနေတာ ကို ကြည့်ရင်ပဲ အားတက်စရာပါဗျာ။ "ဒီအရိပ်နိမိတ်တွေကို နိုင်ငံထဲက လူထု တွေဆီမှာလည်း မြင်နေရတယ်။ သူတို့ တစ်တွေမှာ အကောင်းမျှော်လင့်ချက် တွေနဲ့ အားတက်နေကြတယ်။ အနည်း ဆုံး အလယ်ပိုင်းပြည်မကြီးက လူထုမှာ ဒီအတိုင်းပါပဲ။ "တိုင်းရင်းသားတွေရဲ့ ဒေသမှာတော့ တကယ်တမ်းဘာမှ မပြောင်းလဲသေးပါ ဘူးဆိုတဲ့ အဆိုးမြင်မှုတွေ ရှိနေပါသေး တယ်။ 

ဒါပေမယ့် အချို့တိုင်းရင်းသား အုပ်စုတွေထဲမှာလဲ အားတက်မျှော်လင့် တဲ့ အကောင်း မြင်မှုတွေ ရှိပါတယ်" သူ့ကို ဤတာဝန်စတင်ပေးလိုက်ချိန် မှ စ၍မြန်မာပြည်ကို ခြောက်ကြိမ်တိုင် ရောက်ခဲ့ပြီးဖြစ်ရာ အခေါက်တိုင်း မှာပင် လျှင် တိုးတက်မှုများတွေ့နေရ၍ အပြောင်းအလဲဟာ အစစ်အမှန်ဖြစ် တယ်ဆိုတဲ့ အကောင်းမြင်မှုတွေ တိုး၍ တိုး၍လာပါ တယ်ဟု မစ်ချယ်က ပြောပါ တယ်။ 

ဒဏ်ခတ်ပိတ်ဆို့မှုများ လျှော့ချနိုင် မယ့် အလားအလာနှင့် ပတ်သက်လို့ မစ္စတာမစ်ချယ်က ဧပြီ ၁ ရက်နေ့တွင် ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲကို စောင့်ကြည့်၍ ကျွန်ုပ်တို့အနေနဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် လုပ်ဖော် ကိုင်ဖက်များအနေနဲ့ မည်သို့ပါဝင် သင့် တယ်ဆိုတဲ့ နည်းလမ်းကို တွက်ချက် ဆုံးဖြတ်ရန် စောင့်ကြည့်နေပါတယ်လို့ ပြောပါတယ်။
ကိုကိုနှင့် အောင်သာလင်း ဘာသာပြန်သည်။

Dhammaduta Ashin Say Kane Da ပဋ္ဌာန်း တရားတော် ၂

Dhammaduta Ashin Say Kane Da ပဋ္ဌာန်း တရားတော် ၁

U Nyanissara MahaParateTaTaYarTaw 10 မဟာပရိတ္တ တရားတော် ၁၀

U Nyanissara MahaParateTaTaYarTaw 9 မဟာပရိတ္တ တရားတော် ၉

U Nyanissara MahaParateTaTaYarTaw 8 မဟာပရိတ္တ တရားတော်8 ၈

U Nyanissara MahaParateTaTaYarTaw 7 မဟာပရိတ္တ တရားတော် ၇

U Nyanissara MahaParateTaTaYarTaw 6 မဟာပရိတ္တ တရားတော် ၆

U Nyanissara MahaParateTaTaYarTaw 5 မဟာပရိတ္တ တရားတော် ၅

U Nyanissara MahaParateTaTaYarTaw 4 မဟာပရိတ္တ တရားတော် ၎

U Nyanissara MahaParateTaTaYarTaw 3 မဟာပရိတ္တ တရားတော် ၃

U Nyanissara MahaParateTaTaYarTaw 2 မဟာပရိတ္တ တရားတော် ၂

U Nyanissara MahaParateTaTaYarTaw 1 မဟာပရိတ္တ တရားတော် ၁

( နှစ်သစ်မင်္ဂလာ )

.。.:*・゚.。.:*・゚☆.。.:*・゚☆.。.:*・゚.。.:*・゚☆.。.:*・゚☆.。.:*・゚*Be Happy, Peaceful & More Successful*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚.。.:*・゚ ☆.。.:*・゚.。.:*・゚☆.。.:*・゚☆.。.:*・゚.。.:*・゚☆.。.:*・゚☆.。.:*・゚*HAPPY NEW YEAR*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚☆.。.:*・゚.。.:*・゚




BY The Irrawaddy (Burmese Version)


အပြောသက်သက် မဟုတ်တော့တဲ့ သူရဦးရွှေမန်း

လက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တွေ ကြားမှာ ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းကို ဇွဲကောင်းသူ စေတနာကောင်းသူ သဘောထား ပျော့ပျောင်းသူအဖြစ် မှတ်ချက်ပြုကြပါတယ်။ မကြာသေးခင်က လွှတ်တော်မှာ သူ့ရဲ့ ၀န်ထမ်းလစာ တိုးမြင့်ရေး ကိစ္စကြိုးပမ်းမှုကြောင့် ပြည်သူလူထုအကြား စိတ်ဝင်စားမှု ပိုရလာနေပါတယ်။


ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း (ဓာတ်ပုံ - ဧရာဝတီ)

ယခုတကြိမ်ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးကနေ တိုင်းပြည်ရဲ့ ရသုံး အသုံးစရိတ်၊ ၀န်ကြီးဌာနအလိုက် အသုံးစရိတ်များ တင်တဲ့အခါ မလိုအပ်တဲ့ စီမံကိန်းတွေထဲက ဆိုင်းငံ့သင့်တာ ဆိုင်းငံ့၊ ရပ်သင့်တာ ရပ်ထားလိုက်ရင် ၀န်ထမ်းတွေရဲ့ လစာ တိုးပေးနိုင်တယ်လို့ တညီတညွတ်တည်း ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့် ၀န်ထမ်းလစာ တိုးဖို့ မဖြစ်နိုင်သေးဘူးလို့ မတ်လဆန်းမှာ ပြောခဲ့တဲ့ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းကနေ ပယ်ချထားပါတယ်။ သမ္မတက လစာတိုးမြင့်ရေးဟာ ၃ ရာခိုင်နှုန်းကျော်သော ပြည်သူ့ဝန်ထမ်းတွေအတွက်သာဖြစ်ပေမယ့် သန်း ၆၀ ကျော်ပြည်သူတွေထဲက ကျန်တဲ့ ပြည်သူ ၅၉ သန်းနီးပါးအပေါ် သက်ရောက်မှုအများကြီးရှိတယ်၊ လစာတိုးမယ်ဆိုတာနဲ့ ကုန်ဈေးနှုန်း တက်လိုက်လာနေတာကြောင့် ဒီကာလအတွင်း မဖြစ်နိုင်သေးဘူးလို့ ပြောခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းဆောင်စီကတော့ “လစာငွေကိစ္စမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာဆိုတော့ အဲဒီအတိုင်းပဲ။ ဦးရွှေမန်းကလည်း သူက သူ့ရဲ့ ဥပဒေပြုရေးလိုင်းကနေ ရွတ်ရွတ်ချွံချွံလုပ်သွားမယ်လို့ ယူဆတယ် “ လို့ ဧရာဝတီကို ပြောပါတယ်။

သမ္မတဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲမှုတွေလုပ်လိုသူလို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ထောက်ခံထားတဲ့သူ ဖြစ်သလို သူ့ရဲ့ မကြာသေးခင်က သမ္မတသက်တမ်း တနှစ်ပြည့်မိန့်ခွန်းကလည်း ပြည်သူ့အကြိုက်တွေ ထင်ဟပ်ခဲ့ပါတယ်။ ဦးရွှေမန်းကလည်း တိုင်းရင်းသားကိုယ်စားလှယ်တွေအပါအ၀င် ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှု လေးစားမှုရနေသူပါ။ လစာတိုးမြင့်ရေးနဲ့ ပတ်သက်လို့ “ဦးရွှေမန်းက ရှေ့ဆက်လက် လုပ်ဆောင်မှာပါ၊ သူ့အနေနဲ့လည်း သူလုပ်ချင်တာ ဆက်လုပ်နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်” လို့ စိုင်းဆောင်စီက ဆက်ပြောပါတယ်။

ဝန်ထမ်းလစာတိုးမြင့်ရေးကိစ္စကို အလေးထား တင်ပြလာတာဟာ အစိုးရသစ်လက်ထက်မှာ ပထမဆုံးဖြစ်ပြီး ပြည်သူအများကတော့ ဒါဟာ နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့ နဲ့ ဥပဒေပြုရေးအဖွဲ့တို့အကြားရဲ့ လစာကွာဟမှုတွေကြောင့် အခုလို တိုးမြင့်ဖို့ ပြောဆိုလာတယ်လို့ ယူဆကြပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တချို့ကတော့ ဒါဟာ အာဏာရပါတီဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ပြည်ခိုင်ဖြိုး) ခေါင်းဆောင်တွေရဲ့ အားပြိုင်မှုသာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးကြည်မြင့်က “လစာတိုးဖို့ ရော လျှော့ချဖို့ရော ပြောတာက အာဏာရပါတီက လူတွေပဲဖြစ်တယ်။ ပြောရခက်တယ်။ အာဂျင်ဒါက သူတို့ပဲ စွဲတာကိုး” လို့ ပြောပါတယ်။

ဒါဟာ အများမြင်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းတို့အကြား ကားလိပ်နောက်ကွယ်က လွန်ဆွဲပွဲဖြစ်နေမလား။ အရင်စစ်အစိုးရလက်ထက်မှာတုန်းက နံပါတ် ၃ အဆင့်ရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းဟာ သမ္မတဖြစ်လာလိမ့်မယ်လို့ တစ်ပေးခံခဲ့ရသူလည်း ဖြစ်ပါတယ်။ တကယ်တမ်း သမ္မတဖြစ်လာတာက သူ့ထက် စီနီယာနိမ့်တဲ့ နံပါတ် ၆ အဆင့်ရှိ ဒုတိယဗိုလ်ချုပ်ကြီး ၀န်ကြီးချုပ်ဦးသိန်းစိန် ပါ။

ဒါပေမယ့် သူတို့နှစ်ဦးအကြား ဘုံအကျိုးစီးပွားတော့ရှိပါတယ်။သမ္မတရော ပြည်သူ့လွှတ်တော်ဥက္ကဌရော နှစ်ဦးစလုံးဟာ တူညီတဲ့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် စစ်ခေါင်းဆောင် ဟောင်းတွေ ဖြစ်နေတာပါ။ အဲဒီအတွက် ပြည်သူ့လွှတ်တော်ဥက္ကဌက လုပ်ပိုင်ခွင့်ထဲက အာဏာကိုသုံးပြီး ရသလောက်လုပ်နေတာလို့ သုံးသပ်တာတွေလည်း ရှိပါတယ်။

မကျဆင်းတတ်တဲ့ ကုန်ဈေးနှုန်းနဲ့ ၀န်ထမ်းလစာ တိုးပေးဖို့အရေးနဲ့ပတ်သက်ပြီး သမ္မတနဲ့ ဦးရွှေမန်းတို့ဟာ ဦးရွှေမန်း တရုတ်ပြည်က ပြန်ရောက်ပြီးနောက် နှစ်ဦးထဲ တွေ့ဆုံခဲ့ပြီး ညှိခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ဧပြီလ ၁ ရက် ဘဏ္ဍာရေးနှစ်သစ်က စပြီး အစိုးရ ၀န်ထမ်းတိုင်းအား ရှားပါးစရိတ်ထောက်ပံကြေး ကျပ် ၃၀၀၀၀ တိုးမြှင့် ပေးမယ်လို့ အစိုးရက အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ရပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌအဖြစ် တနှစ်သားလွှတ်တော်မှာ သူရရွှေမန်းရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ ကိုယ်စားလှယ်တွေက ကျေနပ်မှုရှိတယ်လို့ စိုင်းဆောင်စီက ဆက်ပြောပါတယ်။ သူက “ဦးရွှေမန်းက အမှန်ပြောရရင် သူလုပ်လာတဲ့တလျှောက်မှာ စစချင်းတုန်းက သူတို့က ကြံ့ခိုင်ရေးပါတီ။ အန်ကယ်တို့က တိုင်းရင်းသားပါတီပေါ့ အခုကျတော့ ပါတီစွဲဆိုတာ တကယ်ပျောက်ချင်သလို ဖြစ်သွားပီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကိစ္စအ၀၀ ကို သူစိတ်ဝင်တစား ဖြေရှင်းပေးတာ တွေ့ရတယ်။ ဇွဲလည်းရှိတယ်။ စေတနာလည်း ရှိတယ်။ အခု ၁ နှစ် လွှတ်တော်တက်လာတဲ့အချိန်မှာ အန်ကယ်အနေနဲ့ကတော့ ဦးရွှေမန်းဟာ တော်တော်ကို ခေါင်းအေးအေးနဲ့ လုပ်ချင်တာ ဖြစ်အောင် လုပ်တတ်တဲ့သူလို့ မြင်တယ်” လို့ ပြောပါတယ်။ သူ့ကို ပါတီစွဲကင်းသူလို့ ယူဆထားကြပြီး သဘောထားပျော့ပြောင်းသူအဖြစ် အများစုက သဘောကျကြတာပါ။
 
ဒါ့အပြင် သူ့ရဲ့မိန်းခွန်းတွေမှာ ပြည်သူတွေကို အကျိုးဖြစ်စေမယ့် ဥပဒေတွေ ပေါ်ပေါက်လာဖို့ ကြိုးပမ်းလုပ်ဆောင်မယ်ဆိုတဲ့ ကတိက၀တ်တွေလည်း ပေးထားပါတယ်။ အစိုးရ ၀န်ကြီးဌာန ၆ ခုဟာ ငွေကြေး အလွဲသုံးစားမှု၊ ငွေစာရင်း မမှန်မကန် ဖော်ပြမှုတွေရှိတယ် ဆိုတဲ့ ပြည်ထောင်စု စာရင်း စစ်ချုပ်ရုံးရဲ့ အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်များထံ ဖြန့်ဝေပေးခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ လွှတ်တော်အစည်းအဝေးများမှာ ဆွေးနွေးသွားဖို့လည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း က လမ်းဖွင့်ပေးခဲ့ပါသေးတယ်။

သူရရွှေမန်းဟာ လွှတ်တော်ဥက္ကဌဖြစ်လာပီးနောက်ပိုင်း ပါလီမန်အတွေ့အကြုံ လေ့လာရေးအဖြစ် မနှစ်က ဇွန်လမှာ ရုရှားနိုင်ငံ ကို သွားရောက်ခဲ့ပြီး နှစ်ကုန်ပိုင်းမှာတော့ အိနိယနိုင်ငံရဲ့ ပါလီမန်ကို လေ့လာရေးခရီး ထွက်ခဲ့ပါတယ်။ ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှာလည်း တရုတ်နိုင်ငံကို ချစ်ကြည်ရေးသွားခဲ့ပြီး ဒါဟာ လွှတ်တော်ဥက္ကဌအနေနဲ့ ဒီနှစ်မှာ ပထမဆုံး နိုင်ငံခြား ခရီးဖြစ်ပါတယ်။ အမေရိကန်အပါအ၀င် ဥရောပနိုင်ငံတွေနဲ့ နိုင်ငံတကာက မြန်မာနိုင်ငံကို အဆက်မပြတ်လာရောက်မှုတွေရှိသလို အမေရိကန်နဲ့ သံတမန် ဆက်ဆံရေးတိုးမြင့်လာတာကြောင့် တရုပ်နဲ့ သံတမန်ဆက်ဆံရေး ဆက်လက်ကောင်းမွန်နေဖို့ သူရရွှေမန်း သွားခဲ့တာလို့ သိရပါတယ်။

အဲဒီနောက်တော့ မတ်လ ၆ ရက် ပြည်ထောင်စုလွှတ်တော် အစည်းဝေးမှာ မြန်မာ့စက်မှုဖွံ့ဖြိုးရေး စီမံကိန်း အသုံးစရိတ်တွေ လျှော့ချဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးချက်အပေါ် အကြီးစားစက်မှုလုပ်ငန်းများ ရပ်ဆိုင်းထားဖို့ဆိုတာမှာ တရုပ်နိုင်ငံရဲ့ချေးငွေနဲ့ တည်ဆောက်နေတာမို့ ရပ်စဲလျှင်လည်း ဘတ်ဂျက်လိုငွေပြမှုကို ကာမိမှာ မဟုတ်တဲ့အတွက် တရုပ်ပြည်ကုမဏီတွေနဲ့ ဆောက်လုပ်စ စီမံကိန်းလုပ်ငန်းများကို ရပ်တန့်မည် မဟုတ်ကြောင်း စက်မှုဖွံ့ဖြိုးရေးဝန်ကြီးက ပြောခဲ့ပါတယ်။ သူရဦးရွှေမန်း တရုတ်ပြည်ခရီးစဉ်နောက်ပိုင်းမှာမှ ဒီစီမံကိန်းကြီးတွေ ရပ်ပစ်ဖို့ မဖြစ်နိုင်ပါဘူးလို့ ဆိုင်ရာဝန်ကြီးက ပြောဆိုလာတာလည်း ဖြစ်ပါတယ်။

စစ်အစိုးရကနေ အရပ်သားအစိုးရအမည်ခံ အစိုးရသစ်လက်ထက် တနှစ်သားလွှတ်တော်ကနေ ပြည်သူ့လွှတ်တော် ဥက္ကဌက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးခိုင်မာလာအောင် ပြည်သူ့ကိုယ်စားလှယ်တွေအနေနဲ့ မှန်တာကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ကြဖို့နဲ့ သတ္ကိရှိကြဖို့ တိုက်တွန်းထားပါတယ်။

သူရဦးရွှေမန်းကိုယ်တိုင်က သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို သတ္တိရှိဖို့ မှန်ရာပြောဖို့ မကြောက်ကြဖို့ တိုက်တွန်းယူရကြောင်းနဲ့ သူ့ရဲ့ စကားတွေကို ဆင်ဆာဖြတ်ခံထိတဲ့အကြောင်းကို ဒီရက်ပိုင်းအတွင်း ထုတ်ဖော်ပြောလာပါတယ်။

သူက “လွှတ်တော်ထဲမှာ ဒီလိုပြော ပေမယ့် သတင်းထဲကျတော့အခါ ကျတော့ ရဲရဲဝံ့ဝံ့ဆိုတာပါပြီးတော့ သတ္တိဆိုတာပါမလာဘူး။ သဘော ကတော့ဒီစကားကို ကျွန်တော် သုံး လိုက်တဲ့ဟာကို သတင်းစာထဲ၊ ရေဒီယိုထဲ ထည့်လိုက်မယ်ဆိုရင် ကျွန်တော့်အတွက်များ စိုးရိမ်ပြီး တော့ မထည့်တာလား မသိဘူး” လို့ ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း မီဒီယာတွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

မကြာသေးမီက လုပ်ခဲ့တဲ့ အေအက်ဖ်ပီသတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းမှုမှာတော့ တပ်မတော်က နောက်ထပ် အာဏာသိမ်းဖို့မရှိပါဘူးလို့ အခိုင်အမာ ပြောဆိုခဲ့ပေမယ့် တပ်မတော်အသိုင်းအ၀ိုင်းနဲ့ အစိုးရအသိုင်းအ၀ိုင်းကတော့ ဦးရွှေမန်းကို လူကျွံဘောမိနေပြီလို့ တိုးတိုးတိတ်တိတ် ဝေဖန်ကြပါတယ်။ သူရဲ့ ပြောဆိုမှုတွေကြောင့် သူ့အပေါ် တပ်မတော်ကရော သူ့ရဲ့မိခင်ပါတီကပါ ယုံကြည်မှုနည်းသွားနေပြီလို့လည်း ဆိုကြပါတယ်။

စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် တပ်မတော်နဲ့ ကြံ့ခိုင်ရေးပါတီ နာမည်ပျက်လာခဲ့သမျှ နာလန်ပြန်ထူရေးနဲ့ နာမည်ကောင်းပြန်ရရေးအတွက် သူရရွှေမန်းတယောက်ရဲ့ ပြည်သူ့လွှတ်တော်တွင်း ကြိုးပန်းချက်တွေ ဘယ်လောက်ထိ အရာရောက်မလဲ၊ ဘယ်လောက် အကောင်အထည်ဖော်နိုင်မလဲ၊ ဘယ်အချိန်ထိ ခံမလဲ ဆိုတာတွေက စိတ်ဝင်တစား စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။

Eleven Media Group မှ ဆောင်းပါး တစ်ပုဒ်ပါ။

Eleven Media Group မှ ဆောင်းပါး တစ်ပုဒ်ပါ
အဲ့လိုသတင်းဆောင်းပါးတွေ ဖတ်ခွင့်ရလို့ Eleven Media Group မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

(၉)လ ကြာခဲ့ပြီ
Thursday, 01 March 2012 00:30 

''အိမ်မပြန်ရတာ ကြာပြီ။ စိုက်ခဲ့တဲ့သီးပင်စားပင်တွေလည်း ဘယ်အခြေအနေ ရောက်နေမယ်မသိဘူး။ ဖြစ်နိုင်ရင် ကိုယ့်အိမ်လေးကို ပြန်ချင်ပြီ။ ဆွေတွေမျိုးတွေ ဘယ်လောက်ကောင်းတယ်ဆိုပေမယ့် ကိုယ့်အိမ် ကိုယ့်ယာလောက် မသာယာပါဘူး။ အိမ်ပြန်ဖို့ဆိုတာ ကိုယ့်ဆုံးဖြတ်ချက်အပေါ် မူတည်တာမဟုတ်တော့လည်း စောင့်ရဦးမှာပေါ့လေ''။ 
လူသားတိုင်း မည်သူမဆို ကိုယ်ရပ်ကိုယ့်ရွာကို ခင်မင်တွယ်တာ တတ်ကြတာ သဘာဝပင်ဖြစ်ပါသည်။ သို့ပေမယ့် ကမ္ဘာကြီးက ရွာဆန်လာတဲ့အချိန်မှာ ဇာတိဆိုတာ ပျောက်သွားတတ်တာ ဒီနေ့ခေတ်မှာ ထူးဆန်းသော ပုစ္ဆာတစ်ခုမဟုတ်တော့ပါပေ။ အရှေ့ကလည်း အနောက်ကို သွားနေကြသလို မြောက်ကလည်း တောင်ကိုသွားပြီး အခြေချတတ်ကြပါသည်။  သို့သော်လည်း အခုကျွန်တော် တွေ့နေရတာက ရေကြည်ရာမြက်နုရာကို ပြောင်းရွှေ့တတ်ကြတဲ့ လူသားတွေမဟုတ်ဘဲ စိုးရွံ့ထိတ်လန့်မှုတစ်ခုကြောင့် ဇာတိရပ်ရွာကို စွန့်ခွာလာရသူတွေ ဖြစ်သည်။ ကချင်ပြည်နယ်တွင်းက တိုင်းရင်းသားများ ဖြစ်ကြပါသည်။ လူမျိုးစုံ၊ အရွယ်စုံ၊ ကိုးကွယ် ယုံကြည်မှုအစုံ၊ နေရာဒေသအစုံ ဖြစ်နိုင်ပေမယ့် သေချာတာကတော့ သူတို့ဟာ အကြောင်းတစ်ရပ်ကြောင့် နေရပ်ကို စွန့်ခွာလာရသူတွေ ဖြစ်ပါသည်။ သူတို့အထဲက ကချင်တိုင်းရင်းသားတစ်ဦး ရင်ဖွင့်ပြောဆိုတာကို ကျွန်တော်တို့ ကြားခဲ့ရခြင်းဖြစ်ပါသည်။ 


ဒါမျိုးက ဟိုးငယ်ငယ်ကတည်းက ကြုံခဲ့ဖူးပြီးသားပါ။ နှစ်ဖက်စလုံး အချိန်တန်ရင် နောက်ဆုတ်သွားကြတာပဲ။ ဒါပေမယ့် ဒီတစ်ခါဖြစ်တာက တော်တော်ဆိုးတယ်။ အခုဆို ကိုးလနီးပါးကြာပြီ။


''ပြီးခဲ့တဲ့ဇွန်လက ပစ်ခတ်တိုက်ခိုက်သံတွေကြောင့် ရွာမှာဆက်မနေရဲလို့ အမျိုးတွေရှိတဲ့ ၀ိုင်းမော်ဘက် ခဏလာခိုတာ အခုထိ မပြန်နိုင်သေးဘူး။ လာတုန်းကတော့ ခဏနေရင် ပြီးသွားမှာလို့ ထင်ခဲ့တာပဲလေ။ ဒါမျိုးက ဟိုးငယ်ငယ်ကတည်းက ကြုံခဲ့ဖူးပြီးသားပါ။ နှစ်ဖက်စလုံး အချိန်တန်ရင် နောက်ဆုတ်သွားကြတာပဲ။ ဒါပေမယ့် ဒီတစ်ခါဖြစ်တာက တော်တော်ဆိုးတယ်။ အခုဆို ကိုးလနီးပါးကြာပြီ။ ကလေးတွေလည်း စာမသင်ရတော့ဘူး။ ၀ိုင်းမော်ကိုရောက်စက အမျိုးတွေအိမ်မှာ နေတယ်။ ကြာလာတော့ အိမ်ရှင်ရော ဧည့်သည်ပါ ရပ် တည်ဖို့ခက်လာလို့ ဒီစခန်းကိုပြောင်းလာခဲ့တာ။  

ဆန်၊ ဆီ၊ ဆား အနည်းအကျဉ်း ထောက်ပံ့တာတော့ရတယ်။ နေ့စဉ်စရိတ် အတွက် အပြင်ထွက်ပြီး အလုပ်လုပ်ရတယ်။ ကိုယ်ကလည်း တောင်ယာပဲလုပ်တတ်တော့ အလုပ်ရှိတဲ့အခါ ရှိ၊ မရှိတဲ့အခါလည်း မရှိပေါ့။ ပြန်ချင်လှပြီ။ ခဏဆိုရင် မိုးကျလာတော့မယ်။ ဒီမှာဆက်နေလို့ မဖြစ်တော့ဘူး။ အကုန်ဒုက္ခရောက်ကုန်လိမ့်မယ်''ဟု ၀ိုင်းမော် သာဂရဘုန်းကြီးကျောင်းထဲက ရှမ်းအမျိုးသားကြီးက ပြောပြတာကြောင့် ရင်ထဲမကောင်းလှ။ စစ်ဘေးဒုက္ခသည်ဆိုတာအရင်က ရုပ်ရှင်နှင့်စာအုပ်ထဲမှာသာ ရင်းနှီးဖူးသည်။ အခုတော့ မျှော်လင့်ချက်မဲ့သော မျက်လုံးများစွာကို ကိုယ်တိုင်မြင်ဖူးပါတော့သည်။ 

ဇွန်လကတည်းက နှစ်ဖက်တင်းမာမှုတွေကြောင့် ကချင်ပြည်နယ်အတွင်းက အပြစ်မဲ့တိုင်းရင်းသားတွေ နေရပ်ကိုစွန့်ပြီး ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်နေကြရသော သတင်းများကို  မကြာမကြာဆိုသလို ကြားခဲ့ရသည်။ ကြားထဲက မြေဇာပင်တွေကိုလည်း ထည့်တွက်စဉ်းစား ပေးကြစေလိုပါသည်။
 
''ဧည့်သည် သုံး၊ လေးရာ လာရင် လူ ၂၀၊ ၃၀ နဲ့ ဧည့်ခံရတာ ဘာမှမပင်ပန်းဘူး။ အခုဟာက လူ ၄၀၀ လောက်ရဲ့နေ့စဉ် စားဝတ်နေရေးကို ဒိုင်ခံ ဖြေရှင်းပေးနေရတာ။ ဟင်းသီးဟင်းရွက်ဝယ်ရတာကိုက တစ်ရက်ကို နှစ်သောင်း၊ သုံးသောင်း ကုန်တယ်။ ပြည်နယ်အစိုးရနဲ့  INGO  တွေကလည်း ကူတော့ ကူညီကြပါတယ်။ ဒီစခန်းနဲ့ နီးတဲ့နေရာမှာ နေတဲ့သူတွေကတော့ မနက်သွား ညနေပြန်လုပ်ပြီး သူတို့စိုက်ခင်းတွေ ပြန်လုပ်နေကြပေမယ့် အများစုကတော့ လုံးဝစိတ်ချရတဲ့ အခြေအနေရှိမှ ပြန်လို့ရကြမှာ။ 

ကျန်းမာရေးအခြေအနေကတော့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေမှာ အာဟာရချို့တဲ့လို့ ဖြစ်တဲ့ရောဂါ ဖြစ်ကြပါတယ်။ စခန်းမှာ လူက သုံး၊ လေးရာလောက်ဆိုတော့ အညစ်အကြေးစွန့်ဖို့ အိမ်သာ မလုံလောက်ဘူး။  INGO တွေက ကူညီကြပေမယ့် ရေနဲ့မိလ္လာစနစ်ကတော့ လိုအပ်နေတုန်းပါပဲ။ စခန်းအတွက် လိုအပ်တဲ့ ငွေကြေးကိုတော့ ပြည်နယ်အစိုးရနဲ့ အသင်းတော်က ထောက်ပံ့ပေးပါတယ်။ 

စခန်းဖွင့်တာ ကြာလာပြီဆိုတော့ ရှိတဲ့ငွေကိုချွေတာပြီး သုံးနေရတယ်။ မြန်မြန်ငြိမ်းချမ်းစေချင်ပါပြီ''ဟု ၀ိုင်းမော်ဘုရားကျောင်းအတွင်း ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းမှ တာဝန်ခံဖြစ်သူက ကယ်ဆယ်ရေးစခန်းအရေးပြောသံနှင့်အတူ တာလပတ်ကာ တဲတန်းထဲက အရွယ်စုံဒုက္ခသည်တွေကိုကြည့်ပြီး ငြိမ်းချမ်းရေးဆိုသော စကား၏အဓိပ္ပာယ်ကို နားလည်လိုက်မိသည်။


စခန်းအတွင်းက မလုံ့တလုံ မိုးကာတဲတွေကြားမှာ ရက်ပေါင်းများစွာ ဖြတ်သန်းနေသူတို၏ ဘ၀၊ အသားမပါ ဟင်းသီးဟင်းရွက်နှင့် နေ့စဉ်စားသောက်နေရသောဘ၀များကို ကိုယ်ချင်းစာမိပါသည်။
''စိတ်မကောင်းစရာတွေလည်း အမြဲလိုလို ကြားနေရတာပေါ့။ တစ်ရက်ကဆို ကိုယ့်ဘေးမှာပြောနေတာ ကြားရတော့ စိတ်လည်းမကောင်းဘူး။ အများနဲ့လုပ်ရတဲ့ အလုပ်ဆိုတော့ လုပ်ပေးချင်ရက်နဲ့ လုပ်မပေးလိုက်ရတာ လုံးဝစိတ်မကောင်းဘူး။ 

သားလုပ်တဲ့သူက အမေကိုပြောတာ 'အမေ . . . ဒီထမင်းကို ကျွန်တော် ဘယ်လိုလုပ်ပြီး ကုန်အောင်စားရမှာလဲတဲ့'။ ဒီမှာ အဖွဲ့အစည်း အသီးသီးက လှူဒါန်းကြတဲ့ ရိက္ခာပေါင်းစုံရှိတာပေါ့။ ကုလားပဲဆိုရင် စားရတာ အဆင်ပြေပေမယ့် တခြားပဲဆိုရင်တော့ မျိုကျဖို့ခက်မှာပေါ့လေ။ အ သားမပါ၊ ငါးမပါဆိုတော့ ကလေးတွေက ဘယ်စားနိုင်ပါ့မလဲ။ ဒီလိုပဲ ရှိတာနဲ့ ဖြေရှင်းရတဲ့အခါ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ အာဟာရချို့တဲ့ကုန်ကြတယ်''။ 

ရှိသောကစားစရာနှင့်ပင် ဆော့ကစားနေသော ကလေးငယ်များဘေးက နေရောင်အောက်မှာထိုင်နေသည့် အသက် ၈၀ ၀န်းကျင် အဖွားအိုကိုမြင်ရတော့ ကိုယ်ချင်းစာစိတ်နှင့် သူတို့အတွက် စိတ်မကောင်းမိတာအမှန်ပင်။ ဂျပန်နိုင်ငံအလံပါ WFP တံဆိပ်နဲ့ ဆန်အိတ်လေး၊ ငါးဆယ် အိတ်ကိုတွေ့လိုက်ရတော့ ကိုယ့်နိုင်ငံအရေး ၀င်ရောက်ကူညီကြတဲ့နိုင်ငံတွေကို လေးစားစိတ်နှင့် ကျေးဇူးတင်မိပါသည်။

''community အားကောင်းတဲ့ အဖွဲ့အစည်းတွေကတော့ သိပ်မထောင်းသာလှပေမယ့် ကျွန်တော်တို့အတွက်တော့ တကယ်ကိုခက်ခဲပါတယ်။ NGO တွေ၊ INGO တွေနဲ့အတူ မီဒီယာတွေ ပါလာတယ်ကြားပေမယ့် ကျွန်တော်တို့စခန်းကိုရောက် လာတဲ့ မီဒီယာသမားတွေကတော့ ခင်ဗျားတို့ ပထမဆုံးပဲ။ နောက်ပြီး ကျွန်တော်တို့က သူစိမ်းကို သိပ်မှီခိုချင်တာမဟုတ်ဘူး။ အခုဟာက အိမ်ရှင်ရော ဧည့်သည်ပါ ဒုက္ခရောက်လာလို့သာ ဒီစခန်းဖွင့်ဖြစ်တာ။ 

ရှမ်းအ သိုင်းအ၀ိုင်းက တတ်နိုင်တဲ့သူတွေ ဆီအလှူခံပြီး ဒီတဲတန်းလေးဆောက် ထားတာ။ WFP ကတော့ ဆန်ရယ်၊ စားအုန်းဆီနဲ့ဆားတွေ ထောက်ပံ့ပါတယ်။ UNHCR ကလည်း တာလပတ်တွေပေးပါ တယ်။ပြည်နယ်ကြက် ခြေနီဆီကမိုးကာအလှူခံပြီး ဆောက် ပေးထားတာ။ ကိုယ့်အားကိုယ်ကိုး စိတ်လေးပျောက်သွားမှာစိုးလို့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ ချက်စားခိုင်းတယ်။ ဒီအနီးအနားက တိမ်းရှောင်လာတဲ့ ရှမ်းလူမျိုး အိမ်ထောင်စု ၇၃ စု ရှိတယ်လို့ စာရင်းကောက်ရပေမယ့် စခန်းမှာလာနေတာ အိမ်ထောင်စု ၂၇ စုလောက်ပဲ ရှိတယ်။ နောက်ထပ် လက်ခံစရာနေရာလည်း မရှိသေးဘူး။ ထပ်ဆောက်ဖို့ငွေလည်း မရှိတော့ပါဘူး။ 

ဒီတဲတန်းဆောက်ပြီး ပိုငွေဆိုလို့ ကျပ် ၄၅၀ ပဲရှိတော့တယ်'' ဟု သာဂရဘုန်းကြီးကျောင်းအတွင်း ကစခန်းတာဝန်ခံက ပြောပြပါသည်။
၂၀၁၁ ခုနှစ် ဇွန်လလယ်ကစခဲ့သော ပဋိပက္ခကြောင့် ကချင်ပြည်နယ်အတွင်း တိမ်းရှောင်ထွက်ပြေး လာရသူဦးရေ ခြောက်သောင်းဝန်းကျင်ရှိမည်ဟု ထုတ်ပြန်ကြေညာသည့် စာရင်းအချက်အလက်များအရ သိရသည်။ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်အစရှိသည့် ဘေးလွတ်ရာ ဒေသများတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း ၉၀ ၀န်းကျင်မှာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အစစအရာရာ အခက်အခဲ ကြုံနေရသူတို့ဘ၀မှာ  ရင်မောဖွယ်ပင် ဖြစ်သည်။
 
''တာလောကြီး အထက်တန်းကျောင်းခွဲကို မြစ်ကြီးနားမြို့ပေါ်က ၀န်းသိုကျောင်းတိုက်မှာ ဖွင့်ထားတယ်။ ဆရာတော်က စောင့်ရှောက်လို့က လေးတွေရဲ့ပညာရေးကတော့ စိတ်ချရပါတယ်။ ဒါပေမယ့်လည်း ဒီစခန်း တွေမှာနေတဲ့ ကလေးတွေရဲ့ ပညာရေးကတော့ အားရစရာ မရှိလှပါဘူး။ တချို့ကလည်း ပညာကို မရအရ သင်ဖို့ စိတ်အားထက်သန်ပေမယ့် ၀မ်းရေးတောင် မသေချာတဲ့အချိန်မှာ ကလေးတချို့ကတော့ ပညာသင်ဖို့ စိတ်မပါကြတော့ဘူး။ 

စိတ်မကောင်းရုံကလွဲပြီး ဘာတတ်နိုင်မှာလဲ။ နှစ်ဖက်ခေါင်းဆောင်တွေကို မေတ္တာရပ်ခံချင်တာက ကလေးတွေရဲ့အရေးကိုလည်း ထည့်စဉ်းစားကြဖို့ပါ။ အောက်ကျနောက်ကျဖြစ်နေတဲ့ ဒီနိုင်ငံမှာ ကလေးတွေရဲ့အခန်းကဏ္ဍကို ထည့်မစဉ်းစားဘူးဆိုရင် နောက်ထပ်နှစ်ပေါင်းများစွာ ဒီလိုပဲဆက်ဖြစ်နေဦးမှာပဲ''ဟု ကယ်ဆယ်ရေးစခန်း တာဝန်ခံတစ်ဦးကလည်း ကလေးများအရေး အတွက် မေတ္တာရပ်ခံ စကားဆိုပါသည်။
အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဆိုသည့်စကားလိုပင် ပြည်တွင်းတစ်နေရာမှာ မငြိမ်သက်မှုက တိုင်းပြည်အတွက်လည်း များစွာနစ်နာနိုင်ပါသည်။ 



လိမ္မော်ခြံတွေမှာ အသီးတွေမှည့်ကုန်တာ ဘယ်သူမှ သွားမသိမ်းရဲကြဘူး။ နောက်ပြီး ဆင်းရဲသားအများစုရဲ့ အဓိကအားထားရာဖြစ်တဲ့ တောင်ယာလည်း မစိုက်လိုက်နိုင်ကြဘူး။ ရှိတဲ့မျိုးကလည်း စားလိုက်လို့ ကုန်ပြီ။ နောက်နှစ်အထိ အထောက်အပံ့တွေအပေါ်မှာ မှီခိုရတော့မယ်။ ပြောရမယ်ဆိုရင် စီးပွားရေးက တော်တော်ကျပ်တည်းသွားနိုင်တယ်။


''ဒီနှစ်ဆိုရင် ကချင်ပြည်နယ်ရဲ့ စီးပွားရေးက အများကြီး နစ်နာသွားတယ်။ လိမ္မော်ခြံတွေမှာ အသီးတွေ မှည့်ကုန်တာ ဘယ်သူမှ သွားမသိမ်းရဲကြဘူး။ နောက်ပြီး ဆင်းရဲသားအများစုရဲ့ အဓိကအားထားရာဖြစ်တဲ့ တောင်ယာလည်း မစိုက်လိုက်နိုင်ကြဘူး။ ရှိတဲ့မျိုးကလည်း စားလိုက်လို့ကုန်ပြီ။ နောက်နှစ်အထိ အထောက်အပံ့တွေအပေါ်မှာ မှီခိုရတော့မယ်။ ပြောရမယ်ဆိုရင် စီးပွားရေးက တော်တော်ကျပ်တည်းသွားနိုင်တယ်။ 

သုံးနှစ်လောက်ပြန်ပြီး နာလန်ထူနိုင်မယ်မထင်ဘူး။ဒီတော့အများစုရဲ့ဘ၀တွေကိုငဲ့ညှာပြီး ငြိမ်းချမ်းရေးအတွက် စဉ်းစားစေချင်ပါတယ်။ အပစ်အခတ် ရပ်စဲတယ်ဆိုတာ တကယ့်ငြိမ်းချမ်းရေးမှ မဟုတ်တာ။ အားလုံးအတွက်က တကယ့်ငြိမ်းချမ်းရေးရမှ ဖြစ်မှာပေါ့'' ဟု မြစ်ကြီးမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြည်နယ်တွင်းစီးပွားရေးနှင့်ပတ်သက်ပြီး ပူပန်မှုကို ရင်ဖွင့်သည်။ သဘာဝသယံဇာတများ ပေါကြွယ်သော၊ မြေကြီးက ရွှေသီးနေသော သည်နေရာမှာ မငြိမ်းချမ်းသရွေ့ ယခုလိုပဲ ပြေးလွှားနေကြရဦးမည်သာ။ 
 
''ဧပြီလဆို မိုးရွာတော့မယ်။ ဒီမလုံမခြုံတဲတန်းထဲမှာ ဆက်နေကြရင် အားလုံးအတွက် ကျန်းမာရေး ပြဿနာပေါ်လာနိုင်တယ်။ ကိုယ့်အိမ်ကိုယ့်ယာကို ပြန်နိုင်ဖို့လိုလာပြီ။ ကိုးလဆိုတာ လူသားတစ်ယောက် လူ့လောကကြီးထဲ ၀င်ရောက်လာနိုင်တဲ့ အချိန်ကာလပဲလေ။ ဘာလို့ ငြိမ်းချမ်းရေးက လူသားတစ်ယောက်ဖြစ်ဖို့ထက် အချိန်ပိုယူနေရတာလဲ။ ရောဂါတစ်ခုရှိနေမှန်း သိနေရပြီဆိုရင် ကုသရမယ့်ဆေးလည်း ရှိရမှာပေါ့။ အမြန်ဆုံးအဖြေကို ရှာကြပါတော့လို့ တိုက်တွန်းချင်ပါတယ်''ဟူသော ကချင်အမျိုးသမီးတစ်ဦး၏ ပြောစကားကို နားမှာ ပြန်ကြားရင်း ငြိမ်းချမ်းနိုင်ကြပါစေဟုသာ ဆုတောင်းလိုက်ရပါသည်။ 

http://www.weeklyeleven.com/index.php?option=com_content&view=article&id=12597:2012-02-29-19-15-34&catid=104:life&Itemid=175 

Myanmar Times က ဆောင်းပါးတစ်ပုဒ်ပါ။

Myanmar Times က ဆောင်းပါးတစ်ပုဒ်ပါ အဲ့လိုသတင်းဆောင်းပါးတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

သုညတွေဆီ လက်တွဲ လျှောက်လှမ်းရမယ့်ခရီး

 
 ယမုံဖူးသစ်
ကျန်းမာရေးသတင်းထောက်
အတွဲ ၂၈ ၊ အမှတ် ၅၅၉ ( ၂ - ၈ ၊ ၃၊ ၂၀၁၂)

 
အေအိုင်ဒီအက်စ်နေ့ အခမ်းအနားတစ်ခုတွင် ဝေဒနာရှင်များ အတွက် ဆုတောင်းပေးနေစဉ်။
ဓာတ်ပုံ-လွင်မောင်မောင်
"သုညတွေအထိ လျှော့ချမယ်ဆိုတာ ရည်မှန်းချက် အရမ်းကြီးလွန်း သလိုများ ဖြစ်နေမလား"။ ဒီလို မေးခွန်းထုတ်မယ်ဆိုရင်တော့ အဖြေက 'ဟုတ်ပါတယ်' ဆိုပေမယ့် မဖြစ်နိုင်တဲ့ပန်းတိုင်တစ်ခုကို ချိန်ရွယ်နေ တာမဟုတ်ပါဘူးလို့ အိပ်ခ်ျ အိုင်ဗီ-အေ့ဒ်စ် တိုက်ဖျက်ရေးလုပ်ငန်း တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် နေကြသူတွေက ပြောမှာပါ။ 

၂၀၁၁ ခုနှစ်အတွက် ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေး နေ့အထိမ်းအမှတ်ဆောင်ပုဒ်က မြန်မာ လိုဆိုရင်တော့ 'ခွဲခြားနှိမ်ချကင်းစင်လို့၊ အေအိုင်ဒီအက်စ်ပပျောက်ဖို့၊ လူတိုင်း ပါဝင် ဆောင်ရွက်စို့'လို့ပဲ ဖြစ်ပါတယ်။
အင်္ဂလိပ်လိုမူရင်း အနက်ကတော့ အိပ်ခ်ျ အိုင်ဗီပိုးအသစ်ကူးစက်မှု လုံးဝမရှိစေ ခြင်း၊ ဝေဒနာရှင်တွေအပေါ် ခွဲခြား နှိမ်ချဆက်ဆံမှုတွေ လုံးဝမရှိစေခြင်းနဲ့ အေအိုင်ဒီအက်စ်ကြောင့် သေဆုံးမှုလုံးဝ မရှိစေခြင်း ဆိုတဲ့ သုညသုံးလုံးပဲဖြစ်ပါ တယ်။

"ဒါဟာ ကြီးမားတဲ့လုပ်ငန်းတာဝန် တစ်ခုပါ။ ဒါပေမယ့် မဖြစ်နိုင်တဲ့တာဝန် တော့မဟုတ်ပါဘူး" လို့ International AIDS Alliance က Country Director Ms Audrey က ပြောပါတယ်။
"ပန်းတိုင်ကိုရောက်ဖို့ လူတစ်ဦး တစ်ယောက်တည်းနဲ့ လျှောက်လှမ်းလို့ မရဘူး။ လူတိုင်းပါဝင်ဆောင်ရွက်မှ အောင်မြင်နိုင်မယ်"လို့ National AIDS Program ရဲ့ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာမြင့်ဆွေက ပြောပါ တယ်။
"အိပ်ခ်ျအိုင်ဗီပိုး ကူးစက်နှုန်းတွေက ပြီးခဲ့တဲ့နှစ်တွေနဲ့ယှဉ်ရင် ကျဆင်းလာ တာကို တွေ့ရပါတယ်"လို့လည်း သူက ပြောပါတယ်။ 

ကုလသမဂ္ဂ အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ် ပူးတွဲအစီအစဉ် (UNAIDS) က Country Director ဒေါက်တာဆွန်ဂန်းက "ကျွန်တော်တို့ဟာ အိပ်ခ်ျအိုင်ဗီ- အေ့ဒ်စ် ရဲ့ ရာဇ၀င်တစ်လျှောက်လုံးမှာ ဒီရောဂါ ကို အဆုံးသတ်ဖို့ ဖြစ်နိုင်တယ်လို့ ရဲရဲတင်း တင်းနဲ့ မပြောနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အခု အချိန်မှာတော့ ပြောနိုင်နေပါပြီ"လို့ ဆိုပါတယ်။
ကမ္ဘာပေါ်မှာ လူပေါင်း ၃၄ သန်းခန့် ဟာ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံထားရပြီး လူပေါင်း ၁ ဒသမ ၈ သန်းခန့်ဟာ အိပ်ခ်ျ အိုင်ဗီကြောင့် သေဆုံးနေကြရပါတယ်။
မြန်မာနိုင်ငံမှာတော့ အိပ်ခ်ျအိုင်ဗီပိုးရှိသူ ပေါင်း ၂၄၀,၀၀၀ ခန့် ရှိတယ်လို့ ခန့်မှန်း တွက်ချက် ထားတဲ့စာရင်းတွေအရ သိရ ပါတယ်။ 

ဒီလို အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ်နဲ့ ပတ်သက်တဲ့ ဆိုးကျိုးတွေကို သုညတွေ အထိ လျှော့ချမယ်ဆိုတဲ့ ပန်းတိုင်ဟာ ဝေဒနာရှင်တွေအတွက် တကယ့်ကို အားတက်စရာပါ။

ပထမဆုံး သုညတစ်လုံးကတော့ 'အိပ်ခ်ျအိုင်ဗီပိုး အသစ်ကူးစက်မှုကို သုညအထိ လျှော့ချမယ်'ဆိုတာပါပဲ။
"ကူးစက်မှုအသစ်တွေသာ မဖြစ် တော့ရင် အိပ်ခ်ျအိုင်ဗီဆိုတာ နှစ်ပေါင်း များစွာကြာရင် ပုံပြင်လေးတစ်ပုဒ်လိုပဲ ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ကုသမှု တွေဘယ်လိုပဲလုပ်လုပ် အသစ်အသစ် တွေသာ ကူးစက်ခံနေရဦးမယ်ဆိုရင် ဘာမှမထူးပါဘူး"လို့ Myanmar Positive Group ရဲ့ အဖွဲ့ဝင်ဝေဒနာရှင် တစ်ဦးက ပြောပါတယ်။

"ပိုးရှိတဲ့သူကလည်း သူများကို မကူး စက်အောင်၊ ပိုးမရှိသူကလည်း ကိုယ့်ဆီ ကို ကူးစက်မလာအောင်တစ်ဦး တစ်ယောက်ချင်းက ကာကွယ်သွားရင် ပိုးအသစ်ကူးစက်မှုတွေဟာ သုညကို ရောက်ရှိပါမယ်"လို့ သူကဆိုပါတယ်။
ဒုတိယမြောက် သုညကတော့ 'အိပ်ခ်ျ အိုင်ဗီပိုးရှိသူတွေကို ခွဲခြားနှိမ့်ချဆက်ဆံ ခြင်းတွေကို သုညအထိ လျှော့ချမယ်'ဆို တဲ့ ပန်းတိုင် ပါပဲ။ 

"အေအိုင်ဒီအက်စ်ကြောင့် သေစေ တာမဟုတ်ဘူး၊ ခွဲခြားနှိမ့်ချ ဆက်ဆံမှု တွေကြောင့်သာ သေစေတာပါ" ဆိုတဲ့ စကားလေးကိုတော့ သူသူကိုယ်ကိုယ် လူတိုင်းကြားဖူးကြမှာပါ။
ဒါပေမယ့် အိပ်ခ်ျအိုင်ဗီပိုးရှိသူတွေလောက် နက် နက် ရှိုင်းရှိုင်းခံစားမိမယ်မထင်ပါဘူး။
"ခွဲခြားနှိမ့်ချမှုတွေကို အိပ်ခ်ျအိုင်ဗီပိုး ရှိသူတွေလောက် ဘယ်သူမှ သိကြမှာ မဟုတ်ပါဘူး။ အရင်ထက်စာရင် လျော့ ကျလာတယ် ဆိုပေမယ့် ခွဲခြားမှုတွေက ရှိနေပါသေးတယ်။ ဒါက တကယ့်ကို မြင်မကောင်းပါဘူး"လို့ Myanmar Positive Group က အဖွဲ့ဝင် ဝေဒနာရှင် တစ်ဦးက ပြောပါတယ်။ 

အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံထားရတဲ့ ကျောင်းသူလေးတစ်ဦးက "သမီးမှာ ရောဂါပိုးရှိမှန်းသိတော့ ကျောင်းက ဆရာမက ကျောင်းဆက် မတက်ဖို့ ပြော တယ်"လို့ ငိုရင်းနဲ့ ပြောပါတယ်။ UNAIDS က Social Mobilization Adviser ဒေါက်တာစိုးနိုင်က "ဒီရောဂါ ပိုးရှိတဲ့ လူက ရှက်ကြောက်အားငယ်နေ စရာ၊ လူကြားထဲမှာ ပုန်းကွယ်နေစရာ မလိုတဲ့ အခြေအနေအထိဖြစ်အောင် လုပ်ဖို့လိုတယ်"လို့ ပြောပါတယ်။
"တကယ်တော့ ခွဲခြားခံလိုက်ရတဲ့သူ က ရှက်ဖို့ကောင်းတာမဟုတ်ဘူး။ ခွဲခြားလိုက်တဲ့သူကသာ ရှက်ဖို့ကောင်း တာပါ။ ဒါက ကိုယ့်ရဲ့မပြည့်စုံမှုကို ပြလိုက်တာနဲ့ အတူတူပါပဲ"လို့ သူက ပြောပါတယ်။

"ဒီပန်းတိုင်ကိုသာ ရောက်ခဲ့မယ်ဆို ရင် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်က နွေးထွေးလုံခြုံတဲ့ပတ်ဝန်းကျင် ဖြစ်လာ မှာပါ။ ကျွန်တော် တို့အားလုံး ခွဲခြားနှိမ့်ချ မှုတွေကို သုညအထိ လျှော့ချချင်ပါ တယ်"လို့ ရတနာ့မေတ္တာအဖွဲ့မှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသူ၊ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံထားရတဲ့ ကိုဇော်စိုးက ပြောပါတယ်။
နောက်ဆုံး သုညတစ်လုံးကတော့ 'အေအိုင်ဒီအက်စ်ရောဂါကြောင့် သေ ဆုံးမှုတွေကို သုညအထိ လျှော့ချမယ်' ဆိုတဲ့ ပန်းတိုင်ပါပဲ။ 

"လိုအပ်တဲ့ ဆေးဝါးတွေ၊ ကုသမှုတွေ သာရမယ်ဆိုရင် ကျွန်မတို့အားလုံး လူ့ သက်တမ်းစေ့နေနိုင်ကြမှာပါ။ ဒါကြောင့် ဝေဒနာရှင် တွေအတွက် အားလုံး ၀ိုင်းဝန်းလုပ်ဆောင်ပေးကြရင် ဆေး ကုသမှုတွေရရှိပြီး အေအိုင်ဒီအက်စ် ကြောင့် မသေတဲ့ကမ္ဘာကြီးကို ရောက်ရှိ မှာပါ" လို့ Myanmar Positive Group ရဲ့ အဖွဲ့ဝင် မချောစုက ပြောပါတယ်။ ဒေါက်တာဆွန်ဂန်းက မြန်မာနိုင်ငံ အနေနဲ့ကြည့်ရင် လူပေါင်း ၃၀,၀၀၀ လောက်ကို အေအာရ်တီဆေးပေးနိုင်နေ ပြီလို့ ပြောပါတယ်။
၂၀၁၀ ပြည့်နှစ် စာရင်းတွေအရ ၇၀ ရာခိုင်နှုန်းခန့်ကို ဆေးပေးဖို့ လိုအပ်နေပါသေးတယ်လို့ သူက ဆက်ပြောပါတယ်။ 

ရတနာ့မေတ္တာအဖွဲ့ရဲ့ အမှုဆောင် ကော်မတီဝင် ဦးမျိုးလွင်က "ငွေကြေး မတတ်နိုင်သူတွေက အေအာရ်တီဆေး ကို ၀ယ်သောက် နိုင်ဖို့မလွယ်ပါဘူး။
တစ်နှစ်စာကို ကျပ်သုံးသိန်းလောက် ကျပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လို အဖွဲ့အစည်းတွေကိုပဲ သူတို့ အား ထားရပါတယ်"လို့ ပြောပါတယ်။ 

ဒီဇင်ဘာလ ၁ ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်မှာ ကျင်းပတဲ့ ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက် ဖျက်ရေးနေ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က "ဝေဒနာရှင် တွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်း ပေးနိုင်ဖို့ အမေတို့ အားလုံး ၀ိုင်းဝန်းပြီး လုပ်ဆောင်ကြဖို့ လိုအပ်တယ်။ အဓိက ကတော့ ရိုးရိုးပြောရရင် ငွေရေးကြေးရေး ပေါ့။ တတ်နိုင်သလောက် ရက်ရက် ရော ရောနဲ့ ထောက်ပံ့ကြပါ"လို့ တိုက်တွန်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အေအာရ်တီဆေး လိုအပ်သူပေါင်းဟာ ၇၄,၀၀၀ ကျော်ရှိ တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က နေပြည်တော်မှာကျင်းပ တဲ့ World AIDS Day အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ 

ရောဂါဖြစ်ပွားနှုန်း တဖြည်းဖြည်း လျော့ကျလာပေမယ့် ရန်ပုံငွေများနှင့် အေအာရ်တီဆေးဝါးများ ပေးနိုင်ရန် လိုအပ်လျက်ရှိနေသေး တယ်လို့ ၀န်ကြီး က ပြောပါတယ်။
"သုညသုံးလုံးက ဆက်စပ်နေပါ တယ်။ လူ့အဖွဲ့အစည်းမှာ ခွဲခြားနှိမ့်ချမှု တွေမရှိတော့ရင် အသစ်ကူးစက်မှုတွေ မရှိနိုင်တော့ဘူး။ ကူးစက်မှုတွေ မရှိတော့ ရင် အေအိုင်ဒီအက်စ်ကြောင့် သေဆုံးမှု တွေလည်း မရှိနိုင်တော့ဘူး" လို့ ဒေါက်တာစိုးနိုင်က ပြောပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ခုခံ အား ကျဆင်းမှုကူးစက်ရောဂါဆိုင်ရာ အမျိုးသား မဟာဗျူဟာစီမံကိန်းကို ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ရေးဆွဲထားပါတယ်။ ၂၀၁၅ ခုနှစ် အရောက်မှာ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရ သူအရေအတွက်ကို ၅,၀၀၀ အောက် အထိ လျှော့ချမယ်လို့ ရည်ရွယ်ထားပါ တယ်။ 

ငါးနှစ်တာကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော်ဖို့ အမေ ရိကန် ဒေါ်လာ ၃၄၃ ဒဿမ ၆ သန်း သုံးစွဲသွား မယ်လို့လည်း သိရပါတယ်။
ဒေါက်တာစိုးနိုင်က "လွယ်လွယ်နဲ့ ရမယ့်ပန်းတိုင်တော့ မဟုတ်ဘူး။ ပန်းတိုင်ဟာ မနက်ဖြန်ရောက်လာမှာ လား၊ သန်ဘက်ခါ ရောက်လာမှာလား၊ နောက်နှစ်မှာ ရောက်လာမှာလား ဘယ် သူမှ မပြောနိုင်ပါဘူး။ နှစ်ပေါင်း ဘယ် လောက်ကြာမလဲဆိုတာ ကျွန်တော်တို့ အားလုံးအပေါ်မှာပဲ မူတည်ပါတယ်" လို့ ပြောပါတယ်။

သုညတွေအထိ လျှော့ချမယ်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုတော့ ချမှတ်ပြီး သွားကြပါပြီ။
ပန်းတိုင်ကိုရောက်မှာ လား၊ မရောက် ဘူးလား၊ ဘယ်အချိန်မှာ ဘယ်လိုရောက်ရှိမယ် ဆိုတာကတော့ အချိန်နဲ့ ကြိုးစားမှုကပဲ သက်သေပြလိမ့် မယ်လို့ ထင်ပါတယ်။

http://www.myanmar.mmtimes.com/2012/article/559/arti01.html

မြန်မာပြည်ကိုလွမ်းသည်။




မြန်မာပြည်ကိုကွယ်... လွမ်းတယ်...­ သွားမယ်... မြန်မာပြည်ကိုကွယ်... လွ­မ်းတယ်... 

သွားမယ်... မြန်မာပြည်ကိုကွယ်... လွမ်းတယ်... ပြ­န်တော့မယ်.......

Myanmar Times က ဆောင်းပါးတစ်ပုဒ်ပါ။


http://www.htweoomyanmar.com/dances/Program-Items-of-Htwe-Oo-Myanmar-Traditional-Puppet-Dance

Myanmar Times က ဆောင်းပါးတစ်ပုဒ်ပါ အဲ့လိုသတင်းဆောင်းပါးတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။


ပြဇာတ်ကောင်းကောင်း

မာဂျေ
အတွဲ ၂၈ ၊ အမှတ် ၅၅၉ ( ၂ - ၈ ၊ ၃၊ ၂၀၁၂)
သေသေချာချာ ဇာတ်တိုက်ထားတဲ့ ပြဇာတ်ကောင်းကောင်းတွေ ငယ်ငယ်က ကြည့်ဖူးတယ်။
ဘယ်လောက် ကောင်းလဲဆိုရင် မင်းသားနှိပ်စက်ခံရရင် ယောက်ျားလေးတွေက တောသဘာဝ ပြောင်းဖူးရိုးနဲ့ စင်ပေါ် လှမ်း ပေါက်မိကြသလို ကောင်မလေးတွေက အောက်ကနေ တရှုပ်ရှုပ် ငိုကြတဲ့အထိပဲ။နောက်ပိုင်းဇာတ်တော်ကြီးတွေမှာ ပုဏ္ဏားလုပ်တဲ့ သူဆိုရင် ပြောင်းဖူးရိုးတို့ သားရေကွင်းတို့နဲ့ အပစ်ခံရဆုံးပေါ့။
ရုပ်ရှင်ကောင်းကောင်းသွားကြည့်ရင် ဇာတ်လမ်းနောက်ကိုမျောပြီး ယောက်ျား ရင့်မကြီးဖြစ်ပါလျက်ကယ်နဲ့ ဘေးလူ မသိအောင် တိတ်တိတ်မျက်ရည်သုတ် ရတဲ့ကားမျိုးတွေ အသက်အရွယ်ရလာတဲ့အချိန်အထိ ကြည့်ခဲ့ဖူးပါတယ်။
အဲဒီလိုဖြစ်ဖို့က ဇာတ်လမ်းရေးသူ၊ ဇာတ်ညွှန်းခွဲသူ၊ သရုပ်ဆောင်နဲ့ ဒါရိုက်တာ ကောင်းကောင်းရှိဖို့ လိုပါသဗျ။
ဇာတ်တို့၊ အငြိမ့်တို့က ပြဇာတ်ကောင်းကောင်းများ ကြည့်လာရပြီဆိုရင် ကြည့် ခဲ့ရတဲ့သူက မကြည့်ရသေးတဲ့သူကို မနက်မိုးလင်း တာနဲ့ ရပ်ကွက်ထဲမှာ၊ ဈေးထဲမှာ၊ ကျောင်းမှာ၊ လက်ဖက်ရည် ဆိုင်မှာ စားမြုံ့ပြန်ပြတတ်ကြတယ်။
မကြည့်ရသေးတဲ့သူကတော့ ပါးစပ် အဟောင်းသားနဲ့ပေါ့။
သူငယ်ချင်း ကောင်မလေးတွေက ညတုန်းက ပြဇာတ်မင်းသားကို သနားလိုက်တာ၊ ဟိုလူကြမ်းကြီးက ထိုးလိုက် ရိုက်လိုက်တာများ သနားစရာဆိုရင် မာဂျေတို့က အဲဒီလူကြမ်းကြီးနဲ့ နင်တို့ သနားပါတယ်ဆိုတဲ့ ပြဇာတ်မင်းသားနဲ့က သားအဖတွေ၊ မယုံရင် ငါနဲ့ဇာတ်ရုံ နောက်ထဲ လိုက်ကြည့်ဆိုပြီး ခေါ်လည်း ပြဖူးပါရဲ့။
ဦးလေးတွေ၊ အဒေါ်တွေက ဇာတ်ကန်ထရိုက်တွေဆိုတော့ မာဂျေ တို့က ဇာတ်စင်ပေါ်က တက်ကြည့်ခွင့် ရှိသလို ရုံနောက်ထဲကို ၀င်ချင်သလိုဝင်ခွင့်က ရထားပေသကိုး။
ဒီတော့ သူများမမြင်ရတာတွေ မြင်ရတာပေါ့။
ဇာတ်ကနေတဲ့သူတွေဆိုတာကလည်း တစ်လှေတည်းစီး တစ်ခရီးတည်း သွားနေတဲ့ အဖွဲ့သားတွေမဟုတ်ပေလားဗျာ။
သူတို့ရဲ့ တူညီတဲ့ရည်မှန်းချက်က သူတို့ကဇာတ်အဖွဲ့ကြီး အောင်မြင်ဖို့လေ။
ဒီတော့ ပရိသတ်ကြိုက်အောင် စိတ်ဝင်စားအောင် ကရ ခုန်ကြရတာပေါ့။
ဒါက မာဂျေငယ်ငယ်ကတည်းက သိခဲ့တဲ့ အသိလေးတစ်ခုပါ။
အဲဒီကနေ ခေတ်တွေပြောင်းလာတော့ ဂြိုဟ်တုစလောင်းတွေ ကျေးဇူးနဲ့ နိုင်ငံတကာ ရုပ်သံလိုင်းတွေ ကြည့်လာ နိုင်ခဲ့တယ်။
ကိုယ်ကလည်း သက်လတ်ပိုင်းဆိုတော့ ဘာတွေကြိုက်မိလဲဆိုရင် အမေရိကန်နပန်းပွဲတွေပေါ့။
နိုင်နေပါလျက်နဲ့ ဘေးက မတရားအလစ်ဝင်ထိုးလို့ ရှုံးသွားတာတွေ၊ တစ်ယောက်နဲ့ အများထိုးပြီး အနိုင်ယူတာတွေ ကြည့်ပြီး ဘာလို့ ဒီလောက်တရားလက်လွတ် လုပ်နေကြသလဲဆိုပြီး စိတ်ဆိုးမိတယ်။
ဒါပေမယ့် တဖြည်းဖြည်း သိလာရတာက ဒါတွေဟာ အသေအချာ ဇာတ်တိုက်ထားတဲ့ အင်တာတိန်းမင့်လို့ခေါ်တဲ့ ဖျော်ဖြေရေးတွေ သာဖြစ်တယ်။
တကယ် အရှုံးအနိုင်ပေါ်အောင် နင်လားငါလား ထိုးကြနှက်ကြတဲ့ အားကစားမဟုတ်ဘူး ဆိုတာပါပဲ။
ဒါပေမယ့် ဇာတ်ကောင်းကောင်း တိုက်ထားလေတော့ ကြည့်ရသူတွေကလည်း သဘောကျတာပဲ။
ပြီးရင် ကြိုတင် ညှိနှိုင်းထားတဲ့အဖြေတစ်ခု ထွက်မယ် ဆိုတာသိလျက်နဲ့ ပရိသတ်က အော်ကြ ဟစ်ကြ အားပေးကြတယ်။
ဘာလို့လဲဆိုရင် ကြည့်လို့က ကောင်းနေတာကိုး။
အခုတလော ဂျာနယ်တွေ၊ သတင်းစာတွေထဲမှာ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကြား အပြန်အလှန် ပြောဆိုနေကြတာတွေ ဖတ်နေရတယ်။
အခုကာလ သတင်း ဂျာနယ်ထုတ်ခွင့်ရသူတွေအတွက်တော့ ရွှေခေတ်ပေါ့လေ။
အခုခေတ်စားနေတာက သ၀ဏ်လွှာတွေပို့တာကို ဂျာနယ်တွေထဲမှာ ဖော်ပြလာတာလို့ ထင်ပါတယ်။
အရင်ကတော့ သ၀ဏ်လွှာဆိုတာ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား အကြီးအကဲ အချင်းချင်းပေးပို့တာ၊ အခါကြီး ရက်ကြီးမှာ နိုင်ငံခေါင်းဆောင်တွေက လူထုလူတန်းစားတွေကို ပေးပို့တာလောက်ပဲ မြင်မိလေတော့ အခုမှလွှတ်တော် ဥက္ကဋ္ဌက နာယကဆီကို ပေးတာ၊ သမ္မတက လွှတ်တော်ဥက္ကဋ္ဌ ဆီပေးတာတွေ ဖတ်ရတော့.. အင်း..ဖတ်လို့ တော့ အတော်ကောင်းတာပဲဗျ။
မှတ်မိသလောက်ပြောရရင် သမ္မတက မြစ်ဆုံကိစ္စအတွက် လွှတ်တော်ကို သ၀ဏ်လွှာပို့တာ၊ ၀န်ထမ်းတွေလစာ တိုးဖို့အတွက် လွှတ်တော်ဥက္ကဋ္ဌက သူတင်ပြပါလျက်နဲ့ အစိုးရ၀န်ကြီးတွေက လောလောဆယ်မဖြစ်နိုင်သေးပါဘူး ဆိုပြီးလုပ်မပေးတာ၊ အပြင်က မီဒီယာ တစ်ခုကို လွှတ်တော်ဥက္ကဋ္ဌက သ၀ဏ်လွှာ ပို့တာတွေ သတိပြုမိပါတယ်။
ဘာပဲပြောပြော အရင်က သမားရိုးကျ သတင်းတွေသာဖတ်နေရာကနေ အခုလို ဆန်းဆန်းပြားပြား သတင်းတွေ ဖတ်လာရတော့ အတော်တော့ အရသာ အရှိသားခင်ဗျ။
ပြည်သူတွေမလဲအခုဆိုရင် လက်ဖက်ရည်ဆိုင်မှာ လေကန်စရာ သတင်းတွေက တစ်နေ့တစ်မျိုး မရိုးရအောင်ဖြစ်နေပြီ။
လက်ဖက်ရည်ဆိုင်တွေလည်း ရောင်းကောင်း၊ သတင်းဂျာနယ်တွေလည်း ရောင်းကောင်း၊ ဘယ်နေရာကြည့်လိုက်ကြည့်လိုက်
win-win situation
တွေချည်းဖြစ်နေတယ်။
ငယ်ငယ်တုန်းက ပြဇာတ်ကောင်းကောင်း ကြည့်ပြီးပြန်လာတဲ့သူက မကြည့်ရသေးတဲ့သူကို အပို ဆာဒါးလေးတွေထည့်ပြီး စားမြုံ့ပြန်တာကို သွားသတိရမိလိုက်သေးတယ်။
ဇာတ် အဖွဲ့ကြီးကတော့ သူ့ပွဲခွင်အတိုင်း အနယ်နယ်အရပ်ရပ်ကိုလှည့်ပြီး ကပြ နေလေရဲ့။
ပြဇာတ်ဆိုတာ ဒါရိုက်တာ ကောင်းရင်၊ သရုပ်ဆောင်ကောင်းရင် ပရိသတ်က ခံစားတတ်ကြတာမဟုတ်လားဗျာ။

http://www.myanmar.mmtimes.com/2012/article/559/arti02.html