Happy Birthday Mr. President!!





၂၀၁၂၊ဧပြီ၊၂၀ရက်နေ့။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၆၇နှစ်မြောက် မွေးနေ့

သမ္မကြီး၏ ကိုယ်ရေးအကျဉ်း။ 

နိုင်ငံတော်သမ္မတအဂ္ဂမဟာ သရေစည်သူ ဦးသိန်းစိန် သည်
၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အဘ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့် တို့မှဖွားမြင်ခဲ့သူဖြစ်သည်။


အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်း နှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။


ထို့နောက် စစ်တက္ကသိုလ် ၊ အပတ်စဉ် (၉) တွင်တက်ရောက် ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)ရရှိခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရှမ်း(၁)တွင် ဗိုလ်ကြီးအဆင့်ဖြင့် လည်းကောင်း၊
၁၉၈၂ ခုနှစ်အထိ ရမခ၊ ခမရ(၁၀၉) နှင့်ခလရ(၈၉)တို့တွင် ဗိုလ်မှူးအဆင့် ဖြင့်လည်းကောင်း၊
၁၉၈၉ ခုနှစ် တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ(၈၉)၊ နတခနှင့် ကက(ကြည်း)တို့တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။


၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊
၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊
၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့်ကကရေး၊
၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။


ဦးသိန်းစိန်သည် ၂၀၀၆ ခုနှစ် မှစတင်၍ နယကအဖွဲ့ နယကအဖွဲ့ ၀င်အဖြစ်လည်းကောင်း၊
အတွင်းရေး မှူး(၂)အဖြစ်လည်းကောင်း၊ အတွင်း ရေးမှူး(၁)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကာ
၂၀၀၈ ခုနှစ် တွင် ခေတ္တ၀န်ကြီးချုပ်၊
၂၀၀၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ နိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ရရှိခဲ့သည်။


၂၀၁၀ ပြည့်နှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၌ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်ခဲ့ကာ
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။


၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး နိုင်ငံတော်သမ္မတ တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အစိုးရ လက်ထက် တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကလည်း အထက်အမိန့်နာခံ တတ်မှု၊ အောက်လက်ငယ်သားတို့ အပေါ် စာနာတတ်မှုတို့ဖြင့် ထင်ရှား ခဲ့ပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူချိန်တွင်လည်း ပြည်သူလူထု၏ ဆန္ဒနှင့်အသံကို နားထောင်သူအဖြစ် မြစ်ဆုံအရေးနှင့် အတူ ထင်ရှားလာ သူ ဖြစ်သည်။


မြန်မာနိုင်ငံမှာ ဒီထက်ပိုပြီး ပွင့်လင်းတယ့် ပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံအကျိုးကို စွမ်းစွမ်းတမံနဲ့ ကျန်းမာချမ်းသာစွာ ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 


Happy Birthday Mr. President!!

မြန်မာဓလေ့များမတိမ်ကောသောနှစ်သစ်ဖြစ်ပါစေရှင်။



နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကို ကူးပြောင်းရောက်ရှိသွားပါပြီ နှစ်ဟောင်းမှ အညစ်အကြေးများကို မြန်မာနိုင်ငံနဲ့အဝှမ်း အတာရေနဲ့ ဆေးကြောသန့်စင်ကြပါသည် ကိုယ်ပေါ်တွင်ရှိသော အညစ်အကြေးများသာမက စိတ်ခန္ဓာတစ်ခုလုံးရှိ အညစ်အကြေးများကိုပါ ဆေးကြောသန့်စင်နိုင်ရင်တော့ သင်္ကြန်ဆိုသော နှစ်သစ်ကူးပွဲတော်မှာ ပို၍ပင် သန့်စင်စေနိုင်ပါမည်။


အရိုးကို အရွက်မဖုံးစေချင်ပါဆိုသော ယဉ်ကျေးမှုအစဉ်အလာများ တဖြည်းဖြည်းတိမ်ကောလာသည်ကို စိုးရိမ်ကြောင့်ကြဖြစ်မိပါသည် ကိုယ်တက်နိုင်သည့်ဘက့်မှနေ၍ နှုတ်တစ်ရာစာတစ်လုံး သဲတမှုန်အနေဖြင့် ထိန်းသိမ်းပေးခဲ့သော်လည်း ခေတ်ကာလကို အကာကွယ်ယူ၍ ထန်းလက်ကာနေသော လူများကြောင့် အရာမရောက်ခဲ့ပါ။


တစ်ဦးကောင်း တစ်ယောက်ကောင်းမှသည် အသင်းအဖွဲ့ လူမျိုးတစ်မျိုးလုံး ကိုယ်စားပြုသည်ကို မသိသော (မသိကျိုးကျွန်ပြုသော) အနှီလူသားများကို အပြစ်မဆိုချင်တော့ပါ အုတ်တချပ်မဖြစ်နိုင်ရင်တောင် သဲတချပ်အဖြစ် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရမည်မှာ မြန်မာအမျိုးသမီးတစ်ယောက်အနေဖြင့် မွေးရာပါ သန္ဓေကောင်းဖြစ်ပါသည်။


အမျိုး၊ဘာသာ၊သာသနာကို စောင့်ရှောက်ရန်မှာ ဘယ်သူတစ်ဦးတစ်ယောက်မှ ခိုင်းစေရန်(သို့)ညွှန်ကြားရန် မလိုအပ်ပါ ကိုယ်ပိုင်အသိဖြင့် စောင့်ရှောက်ရမည် ဖြစ်ပါသည် သူများကို ဝေဖန်မယ်ဆိုရင် ကိုယ့်ဘာသာ အရင်ဆန်းစစ်ပါ သူမသည်လည်း ဗိုင်းကောင်းကျောက်ဖိ အိမ်တွင်းပုန်း မိန်းမတစ်ယောက် မဟုတ်ရပါ သို့သော် ဒူးနေရာဒူး တော်နေရာတော် ဝတ်စားနေထိုင်ပါသည် ဘုရားသွားကျောင်းတက်ကို မြန်မာထမီဝတ်ဆင်သကဲ့သို့ ဈေးဝယ်စင်တာသို့သွားရင် ဂါဝန်၊စကပ်၊ဘောင်းဘီတို၊ဘောင်းဘီရှည် နှစ်သက်သလို ခေတ်နဲ့အညီ ဝတ်ဆင်ပါသည်။


မဟာသင်္ကြန်ပွဲတော်တွင် ရိုးရာယဉ်ကျေးမှုဆိုရာ၌ မြန်မာထမီ၊ယဉ်ဖုံးအကျီင်္ဝတ်၍ ရေကစားခိုင်းခြင်း မဟုတ်ပါ သင့်တော်သော ဝတ်စားဆင်ယဉ်မှု ဖြစ်သင့်ပါသည် ယခုနှစ်သင်္ကြန်တွင် ကိုစိုးမင်း ရေးသားသကဲ့သို့ “ပေါင်တို့ချယ်ရီမြေ...” ဖြစ်နေပါတော့သည် သင်္ကြန်အကြိုနေ့မှစတင်၍ ဝတ်စားဆင်ယင်မှုများ တဖြည်းဖြည်း အမြင်ရိုင်းလာသည်မှာ ယခုစာရေးသားသည့် အကြတ့်နေ့တွင် အတွင်းခံအကျီင်္(ဘယာဇီဟာကိုသာ) ဝတ်ဆင်ထားတော့ မြန်မာအမျိုးသမီးငယ်ကို တွေ့မြင်ရသောအခါ သွေးကြောများ အလျှင်အမြန်စီးဆင်းသွားရပါတော့သည်။


ဘုရား အကြိမ်ကြိမ်တမိပါသည် အဲ့လိုဝတ်မှ ရေကစားရမည်ဟု အနှီမိန်းကလေး၏ စိတ်တွင် ကိန်းကောင်းနေသည်မှာ အလွန်တရာ ဝမ်းနည်းဖွယ်ကောင်းပါသည် ဒီလို ထိန်းသိမ်းအပ်သည့် အရာတွေကို လက်လွပ်စပယ် သဘောကောင်းစွာပြသနေသော တချို့သော မြန်မာအမျိုးသမီးငယ်များကြောင့် ယဉ်ကျေးသော အတာသင်္ကြန်မှာ ညစ်နွမ်းသွားရပါသည်။


ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပါပျောက်မည်ဆိုသည်အသိကို မြန်မာပြည်သူမြန်မာပြည်သားများအားလုံး နားလည်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာရှိသော နှစ်သစ်ကို ကြိုဆိုလိုက့်ပါသည်။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအလွန် နိုင်ငံရေးအင်အားစုများအားလုံး ညီညွတ်ကြရန် ကျွမ်းကျင်သူများ သတိပေးတိုက်တွန်း

စန္ဒာလွင်
အတွဲ ၂၉ ၊ အမှတ် ၅၆၄ (၆ - ၁၂ ၊ ၄ ၊ ၂၀၁၂)
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ် အကူး အပြောင်းဖြစ်စဉ်အတွင်း နိုင်ငံရေး အင်အားစုအားလုံး ပါဝင်ဆောင်ရွက်မှုကို သိသိသာသာ ဆောင်ကြဉ်းလိုက်ပြီ ဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ရွေး ကောက်ပွဲရလဒ်ဟာ နိုင်ငံအတွင်း နိုင်ငံ ရေးကဏ္ဍ တည်ငြိမ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ဒီမိုကရေစီ စနစ် ကို ပိုမိုပီပြင်စေမယ့် လွှတ်တော်များ ခိုင်မာ အားကောင်းရေးတို့အပေါ် အပြု သဘော အကျိုးသက်ရောက်မှုတွေ ဖြစ် စေမယ်လို့ ကျွမ်းကျင်သူတွေက မျှော်လင့် ကြသလို နိုင်ငံရေးအင်အားစုအချင်းချင်း ညီညွတ်ရေး မပျက်စေဘဲ ပိုမိုခိုင်မာစေ ရေး လိုအပ်ကြောင်းလည်း သတိပေး တိုက်တွန်းလိုက်ပါတယ်။

"ကြားဖြတ်ရွေးကောက်ပွဲကနေ နိုင်ငံ ရေး အင်အားစုတွေအားလုံး နိုင်ငံရေး ဖြစ်စဉ်မှာ ပါဝင်မှုရှိသွားတာက ဒီရွေး ကောက်ပွဲရဲ့ အနှစ်သာရပဲ။ "ဒါပေမယ့် စိတ်ပူတာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) က ခန့်မှန်းထားတာထက် ပိုရတယ်ပေါ့။ ဒီအခြေအနေကို ရင်ဆိုင်ရတဲ့အပေါ်မှာ နိုင်ငံရေးအင်အားစုတွေရဲ့ ညီညွတ်ရေး ကို မထိခိုက်စေဖို့ အရေးကြီးတယ်"လို့ ၀ါရင့် သတင်းစာဆရာ၊ နိုင်ငံရေး လေ့လာ သုံးသပ်သူ မောင်ဝံသက ပြောတယ်။
"ဒီအပေါ်မှာ နိုင်ငံရေး ရင့်ကျက်မှုကို မပြသနိုင်ကြဘူးဆိုရင် ၁၉၅၆ ခုနှစ်က ဖဆပလ၊ ပမညတ ပြဿနာတွေလို သမိုင်းတစ်ပတ် ပြန်လည်မှာကို အင်မ တန်စိုးရိမ်တယ်"လို့ သူက ပြောတယ်။ 

နိုင်ငံတော်သမ္မတရဲ့ နိုင်ငံရေး အကြံ ပေးအဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က လည်း "ဒီကြားဖြတ်ရွေးကောက်ပွဲက နိုင်ငံရေး လုပ်ငန်းစဉ်အတွင်း နိုင်ငံရေး ပါတီတွေရဲ့ inclusivity ကို ပြလိုက်တာ ပဲ။ ဒါကောင်းတယ်။ ဒါပေမယ့် ရှေ့ဆက် လုပ်တဲ့အခါ နိုင်ငံရေး အင်အားစုအချင်း ချင်းရဲ့ inter relationshipကို စိတ်ပူ တယ်။ ကျွန်တော်တို့ နိုင်ငံမှာ အဲဒါ အားနည်းတယ်"လို့ ပြောဆိုတယ်။

"၁၉၆၂ မတိုင်ခင်က နိုင်ငံရေး အင်အားစုချင်း ညီညွတ်မှု မကောင်းခဲ့လို့ တိုင်းပြည်မကောင်းခဲ့ဘူး"လို့ ဒေါက်တာ နေဇင်လတ်က ပြောတယ်။
စာရေးဆရာ ကိုတာက "ကြားဖြတ် ရွေးကောက်ပွဲက အားလုံးပါအောင် လုပ်တယ်ဆိုတာတော့ သိပြီးသားပဲ။ နိုင်ငံရေး တည်ငြိမ်ဖို့က အားလုံးပါတာ ကောင်းတာပေါ့။ စီးပွားရေးကောင်းရင် ပြီးတာ ပဲလို့ ယူဆသူတွေလည်း ရှိတယ်။ ဒါပေ မယ့် အားလုံးပါတာ ကောင်းတယ်" လို့ ပြောဆိုတယ်။ "ရလဒ်က အင်န်အယ်လ်ဒီ နိုင်မှာ ဆိုတာ သိကြပါတယ်။ ဒါပေမယ့် လွှတ် တော်ထဲမှာ ဘာလုပ်ကြ မလဲဆိုတာ ပို စိတ်ဝင်စားတယ်။ ဘယ်လိုပူးပေါင်း ဆောင်ရွက်ကြမလဲဆိုတာ ပိုစိတ်ဝင်စား တယ်"လို့ ဆရာကဆက်ပြောတယ်။ 

ယခုကြားဖြတ် ရွေးကောက်ပွဲအပြီး အင်အားကြီးပါတီနဲ့ အတိုက်အခံ ပါတီ အဖြစ် ပိုမိုပေါ်လွင်လာတဲ့ အနေအထား မှာ နိုင်ငံရေး အင်အားစုများ အချင်းချင်း ညီညွတ်ရေး၊ လွှတ်တော်အတွင်း ကောင်း မွန်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံရေး ရင့်ကျက်မှုရှိစေဖို့ ကျွမ်း ကျင်သူတွေက သတိပေးပါတယ်။
"နိုင်တဲ့အပေါ် ဇောတွေများရင်လည်း မကောင်းဘူး။ တစ်ဖက်လူ ခံရခက်တာကို မလုပ်မိအောင် သတိထားရမယ်။ တစ်ဖက်ကလည်း ဓမ္မဓိဋ္ဌာန်ကျကျရလဒ်ကို လက်ခံပြီး နှစ်ဦးနှစ်ဖက် နိုင်ငံရေး ရင့်ကျက်မှုကိုပြမယ်ဆိုရင် နိုင်ငံအတွက် ကောင်းဖို့ပဲရှိမယ်"လို့ ဆရာမောင်ဝံသ က ပြောဆိုတယ်။

ဒေါက်တာနေဇင်လတ်က မိမိအကျိုး ရှေ့တန်းတင်မှုတွေ အစွန်းမရောက်စေ ဖို့ကို သတိပေးပါတယ်။ "နိုင်ငံရေးအင် အားစု အချင်းချင်း ထိတွေ့ဆက်ဆံမှု ရှိ နေရမယ်။ အားလုံးရဲ့ mission မြင်သာ နေရမယ်။ clear vision ဖြစ်နေရမယ်။ ပါတီအကျိုး၊ ကိုယ်ကျိုး စတဲ့ personal interest တွေ ရှေ့တန်း သိပ်မရောက် စေချင်ဘူး"လို့ သူက ပြောတယ်။

(NLD နိုင်တဲ့အတွက့် တကယ်ကိုဝမ်းသာမိပါတယ် ဒါပေမယ့်လည်း တလွှဲဆံပင်ကောင်းတက်လွန်းတဲ့ ကျွန်တော်တို့လူမျိုးတွေကြည့်ပြီးတော့ ရင်လေးနေမိတယ် ရေရှည်မှာ ဒီလိုရောင်တော်ပြန်လွှတ်တက်တဲ့ လူမျိုးတွေ စိန်နားကပ်ရောင်နဲ့ ပါးပြောင်တက်တဲ့ လူမျိုးတွေကြောင့် ရရှိလာတဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားမှာကို စိုးရိမ်ပူပန်မိပါတယ်။)

Myanmar Times က ဆောင်းပါးတစ်ပုဒ်ပါ။


Myanmar Times က ဆောင်းပါးတစ်ပုဒ်ပါ အဲ့လိုသတင်းဆောင်းပါးတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

ထားသင့်တဲ့ဝါဒ

မြင့်သန်းကျော်
အတွဲ ၂၉ ၊ အမှတ် ၅၆၂ (၂၃ - ၂၉ ၊ ၃၊ ၂၀၁၂)
စာရေးသူ မိတ်ဆွေတစ်ယောက်က စကားဝိုင်းတစ်ခုမှာ နှစ် ၃၀ က ဖြစ်ရပ် လေးတွေ ပြောပြသွားတယ်။ အဲဒီအချိန် က သူဟာ မြစ်ကြီးနားနဲ့ တနိုင်း တပ်ရိက္ခာ စုပုံရေးယာဉ်တွေအတွက် အကြီးစား ပြုပြင်ရေးတာဝန်နဲ့ မြစ်ကြီးနားမှာ လေတပ်စခန်းအ၀င် နန့်ပေါင်မှာ နေခဲ့ ပါတယ်။
နယ်မြေခံတပ်မှာ လက်တစ်ဖက် တံတောင်ဆစ်ကပြတ်နေတဲ့ တပ်ကြပ် ကိုတွေ့လို့ အကျိုးအကြောင်း မေးကြည့် တော့ နန်းကွေ့ ချောင်းမှာ ငါးမိုင်းခွဲစဉ် က လက်ထဲမှာတင် မိုင်းဗုံးကကွဲပြီး လက် ပြတ်သွားတဲလေ။ 

ဒါနဲ့ပဲ မိတ်ဆွေက အဲဒီဆရာကို မိုင်းတစ်လုံးပြင်ထားပေးပါ။ ဒီတနင်္ဂနွေမှာ ငါးသွားရှာတာပေါ့ လို့ ပြောတော့ လက်တစ်ဖက်ပြတ် ဆရာက အပြုံးမပျက် ဟုတ်ကဲ့တဲ့လေ။
ဒါနဲ့ အဲဒီ နေ့မှာ နန်းကွေ့ချောင်းရဲ့ ချောင်းကွေ့ လေးမှာ မိုင်းခွဲတယ်။
မြစ်ကြီးနားရဲ့ ဒီဇင်ဘာ ဆောင်းကြောင့် နေ့ခင်း ၂ နာရီလောက်မှာ ခွဲလိုက်တာ။
ခွဲတဲ့သူက လက်တစ်ဖက် မိုင်းဆရာပဲတဲ့။

မိုင်းခွဲအပြီး မိုင်းဆရာက သူ့လက်တုကို ချွတ်၊ ဗုံးကွဲမှုကြောင့် ရေပေါ်ပေါ် လာတဲ့ ငါးတွေကို ဆင်းဖမ်းတော့တာ ပဲ။
ကျန်တဲ့ရဲဘော်တွေကတော့ ဆင်းဖမ်းသူ ဖမ်း၊ မိုင်းကွဲသံကြောင့် မူးပြီး မျောနေတဲ့ ငါးတွေကို လှေငယ်လေးတစ်စင်းပေါ်က နေ ဂေါ်နဲ့ဆယ်တင်သူကတင်နဲ့ ပျော် စရာကြီးပါ။
ရေက မေခ-မလိခရဲ့ ရေခဲရေတွေ ဆိုတော့ ခိုက်ခိုက်တုန်ချမ်းပေမယ့် လှေ ပေါ်တင်ထားတဲ့ ကချင်မီးတောက် အရက် တစ်ကြိုက်သောက်၊ ရေအောက် ကြမ်းပြင်မှာ မူးပြီး လဲနေတဲ့ ငါးကြီးတွေ ကို ဆင်းငုတ်ရှာကြပေါ့။

မူးနေတဲ့ငါး တွေက ပက်လက်ဖြစ်နေတော့ ဖြူဖြူ တွေ့ရင် ကောက်ကိုင်လိုက်၊ ငါးပဲ။ ရေက လည်း ကြည်လင်နေတာကိုး။
အဲ အမြည်းတော့ ပေါလောမျောရာက လှေပေါ်မှာ ဂေါ်နဲ့ခပ်တင် ဆယ်ထား တဲ့ ငါးငယ်တွေကို အရက်တစ်ကြိုက် ငါးငယ်တစ်ကိုက်နဲ့ အစိမ်းစားတာပေါ့။ 

ဒါပြီးတော့ ငါးချင်းတောင်းကိုသယ် ပြီး တပ်ကိုအပ်ြန် မော်ဖောင်းဆိုတဲ့ ကချင်ရွာကို ဖြတ်ဝင်တယ်။
ဒေသခံ ကချင်ရိုးရာအရက်ဆိုင်မှာ ခဏ၀င်ရင်း ရွာက ဒူးဝါး(ရွာလူကြီး)အိမ် ညွှန်ခိုင်း တယ်။ နေရာသိတော့ သွားပြီး ငါး ချင်းတောင်း ကိုချပြီး နှုတ်ဆက်စကား ပြောတယ်။
သူ့စကားက ဒူးဝါးကြီးရေ ရွာ အထွက်ဘက်က ချောင်းကွေ့မှာ ကျွန်တော်တို့ အပျော်သဘောနဲ့ မိုင်းခွဲ ဆယ်လာတဲ့ ငါးတွေပါ။ 
တကယ်တော့ ဒူးဝါးတို့ ငါးတွေပါ။
ကျွန်တော့တပ်စိတ် အတွက် ညနေစာ နည်းနည်းယူသွားပါ တယ်။
ကျန်တာ ဒူးဝါးတို့ရွာအတွက် ထားခဲ့တယ်။
မျှဝေပေးပါလို့ ပြောပြီး ငါးတွေ ထားခဲ့တယ်။ 

နောက်တစ်ပတ်မှာ ရွာအပြင်က ပတ်သွားရင်း ဆက်သားတစ်ယောက်နဲ့ မိုင်းခွဲတယ်ဆိုတာ ပြောခိုင်းလိုက်တယ်။
ရွာခံတွေရောက်လာတော့ မိုင်းခွဲတယ်။
ရေထဲက ပေါ်လာတဲ့ငါးတွေ ၀ိုင်းဆယ် ကြတာ ပျော်စရာပါပဲတဲ့။ 

ဒီတစ်ခါမှာ လည်း တစ်ညစာပဲ ယူပြီး ကျန်တာကို ရွာကလူတွေအတွက် ထားခဲ့တယ်။
နောက်တစ်ပတ်လည်း ဒီအတိုင်းပဲ။
ဒါပေမယ့် နောက်ထပ်တစ်ပတ်က ခရစ္စမတ်ဖြစ်တော့ နေ့လည်မဟုတ်ဘဲ မနက် ၉ နာရီ ချမ်းချမ်းစီးစီးမှာ သူတို့ကို အကြောင်း မကြားဘဲ မိုင်း နှစ်နေရာ ခွဲတယ်။
ရဲဘော်တွေအားနဲ့ပဲ ငါးဆယ် တယ်။
၁၁ နာရီလောက်မှာ ပြီးသွား တယ်။ 

နောက်တော့ ရွာထဲဖြတ်ဝင် အသင့်ယူလာတဲ့ငါးတွေကို ရမ်သုံးလုံးနဲ့ အတူ ဆလန်ဝါနဲ့ ဒူးဝါးတို့ကို ခရစ္စမတ် လက်ဆောင်ပါလို့ ပြောပြီး ပေးလိုက် တယ်။
အံ့ဩကြပြီး ပြုံးလို့၊ ကျေးကျူး ကမ္ဘာ (ကျေးဇူးတင်ပါတယ်)ချင်း ထပ်နေ ပါတယ်။
ခရစ်ယာန်ရွာကိုး။
ပြန်လှည့် ထွက်ဖို့လှည့်ရင်း နောက်ပြန်လှည့်ပြီး ဒီညမှာ ကျွန်တော်တို့လည်း လာမယ် နော်လို့ ပြောတော့ ဆလန်ဝါနဲ့ ဒူးဝါး တစ်သိုက် ဖျက်ခနဲ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ဒူးဝါးက စောစော တော့ လနော်တဲ့။ 

မိတ်ဆွေရဲ့တပ်စိတ် က ရိက္ခာစုံပုံရေးယာဉ်တွေကို အခြေချ တပ်က လာပြင်တာဆိုတော့ သက်ဆိုင် ရာ နယ်မြေလုံခြုံရေးတာဝန် ယူစရာ မလိုဘူး။
ညနေပိုင်းမှာ သူ့လူတွေနဲ့ တပ်ထဲမှာ ကြက်ကြော်တွေကြော်ပြီး ရွာကိုသွားကြတယ်။ ရဲဘော်တစ် ယောက်ကတော့ စစ်စောင်ကြားကြီးခြုံ ပြီး ပါလာတယ်။
ချမ်းနေတဲ့ကာလမှာ ကိုး။ 

ရွာရောက်တော့ ဒူးဝါးကြီး စီစဉ် ထားတဲ့နေရာမှာ ထိုင်ကြတယ်။
အဲဒီမှာ Army Rum သုံးလုံးကထောင်လျက်။
တစ်ယောက်က ရမ်ပုလင်းက ချိပ်တွေကို ထုခွာတယ်။
မိတ်ဆွေက ဘယ်သူ သောက်မှာလဲဆိုတော့ နင်တို့အတွက် တဲ့။ 

အဲဒီပြည်နယ်မှာ ဒူဝါးခေါ်ရင်ခေါ်၊ ဗိုလ်ကြီးခေါ် ရင်ခေါ်မယ်၊ ပြောရင်တော့ နင်နဲ့ငါ ပြောတာများတယ်။
အစတုန်းက တော့ တစ်မျိုးဖြစ်ပေမယ့် ဘာသာစကား ခြားနားမှုအရ လေသံမှာ ရိုင်းစိုင်းတဲ့ အသံ မဟုတ်တော့ နားယဉ်သွားတာပါ ပဲ။
အဲဒီမှာတင် အသင့်ဝယ်လာတဲ့ ကချင် မီးတောက်အရက်တွေထုတ်ပြီး ဒီအရက် ပဲ ကြိုက်တယ်။
ရမ်ကို ရွာကလူတွေပဲ သောက်ပါလို့ပြောလိုက်ပြီး အရက်ဝိုင်း လေး စဖြစ်တယ်ပေါ့။
ငါးကင်၊ ငါးမီးဖုတ်၊ ကြက်ကြော်တွေနဲ့ နည်းနည်းအရှိန်ရလာ တော့ ဆလန်ဝါ (ရွာလူကြီး)တစ်ယောက် က ရီဝေေ၀နဲ့ ပြောတယ်။ 

ဒူးဝါး မင်း ရောက်စ မိုင်းလာခွဲတုန်းက ပြောသွား တာ ငါတို့ ၀မ်းသာတယ်။ ငါတို့ ဒီနယ် က ငါးတွေ ငါတို့ပိုင်တယ်ဆိုတဲ့စကားကို ငါတို့ အရမ်းသဘောကျတယ်။ ခု ငါတို့ပွဲ ကို ကူညီပေးတာကိုလည်း ကျေးကျူး ကမ္ဘာဆိုင်လို့ ပြောပါတယ်တဲ့။

ဒီလိုနဲ့ပဲ ည ၈ နာရီလောက်ရောက်တော့ ရွာ လူကြီးကို လူတစ်ယောက်က တစ်ခုခု ကချင်လိုပြောလိုက်တယ်။
အဲဒီမှာ ရွာ လူကြီး အေးအေးပဲ။
ဒူးဝါး ဧည့်သည် အသစ်လာမယ်၊ လက်စသုတ်ရအောင် လို့ ပြောပါတယ်တဲ့။
မိတ်ဆွေက သူ့ရဲ့ စစ်စောင်ကြားခြုံ ထားတဲ့ ရဲဘော်ကို အမှတ်တမဲ့ လှမ်း ကြည့်တယ်။ သူ့မှာက ကျည်အပြည့်နဲ့ G-3 သေနတ် ပါတာကိုး။
လုံခြုံရေးအရ ယူလာခဲ့တာ။ 

နောက်တော့ မိတ်ဆွေက အရက်ပုလင်းယူပြီး အရက်ခွက်တွေထဲ တစ်ဝက်ကျော်လောက်စီ ထည့်လိုက်တယ်။
နောက်တော့ အရက်ခွက်မြှော က် ပြီး Merry Christmas ကန်ပိန့်ဆိုပြီး အရက်တွေကို တစ်ပြိုင်တည်း မော့ သောက်ပြီး ပြန်ဖို့ ထလိုက်တယ်။
ဆလန်ဝါတစ်ယောက်က အတူလိုက် လာတယ်။ 

အပြန်လမ်းမှာ သူက ဒူးဝါး ရယ် ငါတို့က မင်းတို့နှစ်ဖက်ကြားက မြေစာပင်ဖြစ်သလို မင်းတို့နှစ်ဘက်ရဲ့ မိသားစုတွေဟာလဲ မြေစာပင်တွေပါ။
အခု ဒူးဝါး ဒီမှာရှိနေစဉ်မှာ ဒူးဝါးရဲ့ မိသားစုလည်း စိတ်ပူနေကြမှာပါ။
မင်းတို့ စစ်ဗိုလ်ချုပ်တွေနဲ့ ငါတို့စစ်ဘုရင်တွေ ကြားမှာ မင်းတို့နှစ်ဖက်က အသက်တွေ ရင်းနေရတယ်။ ငါတို့နဲ့ မင်းတို့နှစ်ဖက် မိသားစုတွေအားလုံးဟာ မြေဇာပင်တွေ ချည်းပါလို့ ၀မ်းနည်းစွာပြောကာ ထည့် ထားတဲ့ ငှက်ပျောရွက် ထမင်းထုပ်တွေ ပေးပြီး တပ်ရောက်မှစားဖို့ပါ။

ငါတို့ ဧည့်သည်သစ်ကို ဧည့်ခံဖို့ပြန်ပါမယ်။ Happey Christmas ဆိုပြီး ကျောခိုင်း ပြီး ပြန်သွားပါတယ်တဲ့။
သူလိုက်ပို့တာက သူ့ရင်ထဲကစကား ကို ပြောချင်လို့ဖြစ်သလို လိုက်စောင့် ရှောက်တဲ့သဘောလည်း ပါပါတယ်။ 
နောက်တော့ အဲဒီအချိန်က ပူတာအို လွင်ပြင်ရဲ့ တစ်ခုတည်းသော ခြေလျင် တပ်ဖြစ်ခဲ့တဲ့ တပ်မှာသုံးတဲ့ စစ်ကားတွေ ပြင်ပေးဖို့ သွားခဲ့ရတယ်။ 

ဇန်န၀ါရီလ ၄ ရက်ရောက်တော့ တပ်မတော်ရဲ့ စစ်ရေး စစ်ရာမှာ ထူးထူးချွန်ချွန် ထမ်းဆောင်ခဲ့ သူတွေအတွက် ဘွဲ့ထူးဂုဏ်ထူးတွေ ကြေညာတဲ့အခါမှာ တပ်ရင်းမှူးရဲ့ ထောက်လှမ်းရးအရာရှိ (I.O) နဲ့ သူ့ တပ်စုဟာ သတင်းအရ လက်နက်ကိုင် အဖွဲ့တစ်ခု အခြေပြု တာကို ခရီးရှည် ထိုးဖောက်စစ်ဆင်ရေး (Long range penetration) စစ်ဗျူဟာနဲ့ တစ်ဖက် လက်နက်ကိုင်အဖွဲ့ကို လက်နက်ငယ် အားလုံးနဲ့ အသေရမိခဲ့လို့ တပ်မတော်ရဲ့ ထုံးတမ်းစဉ်လာအရ စစ်ရေးစွမ်းဆောင် မှုအတွက် ချီးမြှင့်တဲ့ သူရဘွဲ့တွေ တစ်သီ ကြီးရပြီး ပျော်ပွဲဆင်နေတာမြင်တော့ ရက်အနည်းငယ်အတွင်းက ခရစ္စမတ်ည မှာ မြစ်ကြီးနားက ကချင် မော်ဖောင်းရွာ လူကြီးပြောခဲတဲ့ ညကို အမှတ်ရလိုက်မိပါ တယ်တဲ့။ 

ကချင်ပြည်နယ်မှာ လွန်ခဲ့တဲ့နှစ် အတွင်းက တစ်ကြော့ပြန် စစ်မီးတောက် ပြန်တော့ မြေဇာပင်ပေါင်းများစွာ အတိ ဒုက္ခရောက် နေကြရပြီး နှစ်ဖက် လက်နက်ကိုင်အဖွဲ့ရဲ့ အရာရှိငယ်တွေနဲ့ ရဲဘော်တွေထဲက ဒဏ်ရာရသူ၊ သေဆုံး သူတွေရဲ့ မိသားစုတွေလည်း မြေဇာပင် တွေ ဖြစ်ကြရပြန်တယ်။ 

နှစ်ဖက် တန်းတူရည်တူ ညှိနှိုင်းနိုင် ရင် ပစ်ခတ်တိုက်ခိုက်မှုတွေ လျော့ပါး သွားမှာ မှန်ပေမယ့် မြေဇာပင်တွေရဲ့ ဘ၀အသီးသီးမှာ အခြေအနေတွေ ပျက်ယွင်းခဲ့ရပြီပဲ။
စစ်သဘောကတော့ ဒီပြည်နယ်မျိုးမှာ ပြည်မတပ်က အနိုင် တိုက်နိုင်ရင်လည်း မပြီးပါဘူး။
မျိုးဆက် သစ် လက်နက်ကိုင်အဖွဲ့တွေ ပေါ်လာ ဦးမှာပါပဲ။
တန်းတူရည်တူ သာတူညီမျှ ညှိနှိုင်းနိုင်ရင် အဆင်ပြေသွားမှာပါ။ 

ဆက်ပြီး အဆင်ပြေ ငြိမ်းချမ်းသာယာ ဖို့အတွက် ကျင့်သုံးရမယ့် လမ်းစဉ်က တော့ တန်းမတူ ရည်မတူ မူဝါဒပါပဲ။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေအရဆုံး သဘာဝဓာတ်ငွေ့ထွက်တဲ့ ရခိုင်ကမ်း မြောင်ဒေသနဲ့ တနင်္သာရီကမ်းမြောင် ဒေသ၊ ဒုတိယအရဆုံး ကျောက်စိမ်း ထွက်ရာဒေသ ကချင်ပြည်နယ်တွေဟာ ဖောင်စီးရင်း ရေငတ်နေသူတွေ ဘ၀မျိုး ပါ။ 

မိမိပြည်နယ်က ရှာဖွေပေးလိုက်တဲ့ တနင့်တပိုး ၀င်ငွေအတွက် တကယ် ဖြစ်သင့်တာက ဖွံ့ဖြိုးမှုတွေ တစ်ပြေးညီ အမှီ ဖြစ်လာရေးမှာ တန်းမတူ ရည်မတူ ၀ါဒထားကာ အဲဒီဒေသတွေကို အထူး ဦးစားပေးပြီး စနစ်ကျတဲ့ မြို့ပြမြေယာ တွေ ဖော်၊ တစ်နှစ်ခံမဟုတ်တဲ့ လမ်းတွေ တည်ဆောက်ပေးရပါမယ်။
ရုရှားပြည်ကြီး ပြုပြင်ပြောင်းလဲရေး လမ်းစဉ် လုပ်ဆောင်တဲ့ကာလမှာ အစိုးရ လုပ်ငန်းတွေနဲ့နွယ်ပြီး ငွေတွေ ဘီလျံနဲ့ ချီပြီး ချမ်းသာလာတဲ့သူဌေးတွေကို ဘန်းစကားနဲ့ ခေတ်ပျက်သူဌေးလို့ သုံးနှုန်းဖော်ပြခဲ့ပါတယ်။ 

ယခင်အစိုးရ တုန်းက ကချင်ပြည်နယ်မှာ ကျောက်စိမ်း တူးဖော်ခွင့်နဲ့ ကျွန်းသစ်တွေ ခုတ်ထွင် ထုတ်ဖော်ခွင့်ရပြီး ကျိကျိတက် ချမ်းသာ လာတဲ့ မြန်မာပြည်ရဲ့ ခါတော်မှီသူဌေး ကြီးများဟာ ဒီဒေသဖွံ့ဖြိုးတိုးတက်ရေး မှာ တာဝန်ရှိပါတယ်။ 

သူ့ပြည်နယ်က သယံဇာတတွေထုတ်၊ ထုတ်ဖို့အတွက် သူ့လမ်းတွေကို ဖွတ်ဖွတ်ကြေအသုံးခံ လိုက်ရနဲ့ ကချင်ဒေသခံတွေဟာ မိအေး နှစ်ခါနာကိန်းမျိုး ဆိုက်ခဲ့ရပါတယ်။
မိမိတို့စီးပွားရေး ဖြစ်ထွန်းခဲ့ရတာတွေ အတွက် ပြန်လည်ပေးဆပ်ဖို့ သဘော ပြည့်ဝစွာနဲ့ အထက်တန်းအဆင့်သာသာ တက္ကသိုလ် တွေအစား အရည် အချင်းပြည့်ဝတဲ့ ဆရာ ဆရာမတွေနဲ့ သင်ကြားနိုင်တဲ့တက္ကသိုလ်တွေ ဖြစ် အောင် လုပ်ပေးရပါမယ်။

ဒီပြည်နယ် တွေက ပညာရေး၊ ကျန်းမာရေးနဲ့ ၀န်ဆောင်မှုပေးနေတဲ့ ၀န်ထမ်းတွေ အတွက် အထူးထောက်ပံ့ငွေ ပေးသင့်ပါ တယ်။
နယ်မြေမအေးချမ်းရခြင်း အကြောင်းတရားတွေမှာ အခြေခံ လိုအပ်မှုတွေ မပြည့်စုံလို့ဆိုတာလည်း ပါပါတယ်။ 

နိုင်ငံတော်အတွက် ငွေအမြောက် အမြား ရှာလို့ရတဲ့ အထက်ဖော်ပြပါ တိုင်းနဲ့ ပြည်နယ်တွေကို အထူးဦးစားပေး စဉ်းစားပေး သင့်ကြောင်းပါခင်ဗျာ။
စာရေးသူရဲ့မိတ်ဆွေ ကချင်ရွာက ရွာလူကြီးကို လွန်ခဲ့တဲ့ နှစ် ၃၀ က ပြောတဲ့စကားလေး အမှတ်ရလို့ ရေးမိတာပါ။

(ဒီဆောင်းပါးလေး ဖတ်ပြီးတော့ စိတ်ထဲမကောင်းဘူး မြစ်ကြီးနား၊နန့်ပေါင်ရွာနားက (၅၀၃)တပ်မှာ  နေခဲ့ဘူးတယ် အဲ့ဒီ့နားရွာတွေက တိုင်းရင်းသားတွေ တကယ်ကို ရိုးသားကြတယ် အခုပြည်တွင်းစစ်ဖြစ်နေတော့ အရမ်းဝမ်းနည်းမိတယ် ဘာအတွက့်ကြောင့် မအေးချမ်းတဲ့ ဒေသဖြစ်သွားရတာလဲဆိုတဲ့ အမေးက ခေါင်းထဲကို တရစပ်ဝင်လာတယ်။)