Happy Birthday Mr. President!!





၂၀၁၂၊ဧပြီ၊၂၀ရက်နေ့။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်  နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ၆၇နှစ်မြောက် မွေးနေ့

သမ္မကြီး၏ ကိုယ်ရေးအကျဉ်း။ 

နိုင်ငံတော်သမ္မတအဂ္ဂမဟာ သရေစည်သူ ဦးသိန်းစိန် သည်
၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက် နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အဘ ဦးမောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့် တို့မှဖွားမြင်ခဲ့သူဖြစ်သည်။


အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်း နှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။


ထို့နောက် စစ်တက္ကသိုလ် ၊ အပတ်စဉ် (၉) တွင်တက်ရောက် ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့(စစ်တက္ကသိုလ်)ရရှိခဲ့ပြီး ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရှမ်း(၁)တွင် ဗိုလ်ကြီးအဆင့်ဖြင့် လည်းကောင်း၊
၁၉၈၂ ခုနှစ်အထိ ရမခ၊ ခမရ(၁၀၉) နှင့်ခလရ(၈၉)တို့တွင် ဗိုလ်မှူးအဆင့် ဖြင့်လည်းကောင်း၊
၁၉၈၉ ခုနှစ် တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ(၈၉)၊ နတခနှင့် ကက(ကြည်း)တို့တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။


၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊
၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊
၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့်ကကရေး၊
၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။


ဦးသိန်းစိန်သည် ၂၀၀၆ ခုနှစ် မှစတင်၍ နယကအဖွဲ့ နယကအဖွဲ့ ၀င်အဖြစ်လည်းကောင်း၊
အတွင်းရေး မှူး(၂)အဖြစ်လည်းကောင်း၊ အတွင်း ရေးမှူး(၁)အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကာ
၂၀၀၈ ခုနှစ် တွင် ခေတ္တ၀န်ကြီးချုပ်၊
၂၀၀၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ နိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ရရှိခဲ့သည်။


၂၀၁၀ ပြည့်နှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၌ဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်ခဲ့ကာ
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။


၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက် နေ့တွင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသူ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး နိုင်ငံတော်သမ္မတ တာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်အစိုးရ လက်ထက် တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကလည်း အထက်အမိန့်နာခံ တတ်မှု၊ အောက်လက်ငယ်သားတို့ အပေါ် စာနာတတ်မှုတို့ဖြင့် ထင်ရှား ခဲ့ပြီး နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူချိန်တွင်လည်း ပြည်သူလူထု၏ ဆန္ဒနှင့်အသံကို နားထောင်သူအဖြစ် မြစ်ဆုံအရေးနှင့် အတူ ထင်ရှားလာ သူ ဖြစ်သည်။


မြန်မာနိုင်ငံမှာ ဒီထက်ပိုပြီး ပွင့်လင်းတယ့် ပြုပြင်ပြောင်းလဲမှုတွေနဲ့ နိုင်ငံအကျိုးကို စွမ်းစွမ်းတမံနဲ့ ကျန်းမာချမ်းသာစွာ ထမ်းဆောင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 


Happy Birthday Mr. President!!

No comments: