မယ်ရီ မီ



ဘဝကဘယ်လောက်တောင် သာယာလဲဆိုရင် တရေးနိုးအိပ်ယာကထပြီး 
Blog ဝင်ရေးရတဲ့အဖြစ်..

ကောင်းပါတယ်ဗျာ စိတ်ဆင်းရဲစရာတွေ မတွေးတော့ဘဲ အခုလို ကျွန်တော့်ဘာသာ 
စိတ်ချမ်းသာစရာတွေ စိတ်ကူးယဉ်ပြီး..

တစ်ယောက်ထဲ နေတက်အောင်ကြိုးစားနိုင်တာ စောက်မြင့်ကတ်ပြီး ခင်ဗျားတို့ အဆဲခံရရင်တောင် ကျွန်တော်ကျနပ်တယ်ဗျာ..




မယ်ရီ မီ


ချစ်သူဆိုပေမယ့် ဝန်ခံရရင် သူ့ပုံစံခွက်နဲ့ဘယ်လိုမှ မိုးစက်နဲ့အံခွင်မဝင်ကျနိုင်မှန်း သိပေမယ့် နောက်ဆုံးနားခိုရာအဖြစ် နှလုံးသားကသူ့ကို သတ်မှတ်ထားတော့ ငြင်းဆန်ဖို့ မိုးစက်မကြိုးစားတော့ပါဘူး..


 " သဲ မင်းကို ကိုချစ်ပေမယ့် မင်းကိုငါ လက်ထပ်မှာမဟုတ်ဘူး " 


သူပြောခဲ့တဲ့ စကားဟာ မိုးစက်အတွက့်တော့ အဆိပ်လူးထားတဲ့မြားလိုပါပဲ မိသားစုဘဝကိုတည်ဆောက်ချင်ခဲ့မိတာ မိုးစက်စိတ်ကူးထဲက အိမ်မက်တစ်ခုပါ ဒါပေမယ့်..

မိုးစက်တို့နေတဲ့ Apartment မှာ အခန်းလေးခန်းပါတယ် Double Room ၂ခန်းမှာ ကိုက ၁ခန်း သူ့သူငယ်ချင်းကိုကြယ်နဲ့ကိုနေက ၁ခန်းနေပြီး Single Room ၂ခန်းမှာ မိုးစက်နဲ့ကိုနေ့ချစ်သူ မေလေးနေတာပါ..

အလုပ်ရှားပါးတဲ့ခေတ်ကြီးမှာ ခက်ခက်ခဲခဲရထားတဲ့အလုပ်မို့လို့ ဒီအလုပ်နဲ့အသားကျအောင် မိုးစက်အသားကုန်ကြိုးစားနေရတာ ဒီလိုခေတ်ကြီးထဲမှာ ချစ်သူအတွက့် အလုပ်ရှာပေးပြီး နေစရာစီစဉ်ပေးတဲ့ ကို့ဟာလဲ မိုးစက်အတွက့် ကောင်းကင်ကရောက်လာတဲ့ နတ်သားတစ်ပါးလိုပါပဲ..

၁နှစ်ဆိုတဲ့ အချိန်ကာလဟာ အလုပ်နဲ့ Apartment ကြားမှာ မသိလိုက်ခင်ပဲ ကုန်ဆုံးသွားရတာ Holiday ရောက်တိုင်း ကိုနဲ့ဖြတ်သန်းရတဲ့ အချိန်တွေက မိုးစက်ဘဝကို သံယောဇဉ်ဆိုတဲ့ကြိုးတွေနဲ့ ထပ်ခါထပ်ခါချည်နှောင်ထားခဲ့သလို အချစ်ဆိုတဲ့ခံစားချက်က နှလုံးသားရဲ့အနက်ရှိုင်းဆုံးအထိ ဝင်ရောက်ခဲ့ရတာ..

ဟန်နီဆိုတဲ့မိန်းကလေးက စုန်းမတစ်ယောက်လို မိုးစက်ဘဝထဲ ရောက်ရှိလာတာ ကျောင်းလာတက်ရင်း လတ်တလော နေဖို့အဆင်မပြေတဲ့ ဟန်နီကို ကိုဆိုတဲ့ ကယ်တင်ရှင်က Apartment ကိုခေါ်လာပြီး အခန်းမရခင်အချိန်မှာ Living Room မှာ တစ်လနေခိုင်းတာ ဟန်နီရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုအတွက့် Wash Room ကို နေ့စဉ် သူ့အခန်းနဲ့တွဲသုံးခိုင်းတာပါ..

ဖြစ်သင့်လား ဟင် မိန်းကလေး၂ယောက်ရဲ့အခန်းမှာ တွဲသုံးခိုင်းလို့ရသားနဲ့ သူ့အခန်းကိုတွဲသုံးခိုင်းတာ မိုးစက်ရဲ့ဝန်တိုမှုတွေက အတိုင်းအဆမဲ့စွာ ကြီးထွားလာရတာ ကို့ စေတနာကိုမစော်ကားရဲပါဘူး အဖြူရောင်ကိုလည်း အရောင်မဆိုးရဲပါဘူး မိုးစက်ရဲ့သဝန်တိုမှုတွေကတော့ လူတစ်ကိုယ်လုံးကို လောင်ကျွမ်းနေပါပြီ..


 " သဲ မင်းကို့ကို ကြိုက်တဲ့ပုံစုံနဲ့ ချစ်လို့ရတယ် ကို့ကိုမင်း သဝန်တိုတာတော့    

    ငါဘယ်လိုမှ သီးခံပေးလို့မရဘူး "  


မိုးစက်နဲ့ပတ်သတ်ပြီး ကြိုသတိပေးထားတဲ့ ကို့ စည်းကမ်းချက်တွေကို မိုးစက် မချိုးဖောက်ရက်တော့ ဒေါသတွေကိုမျိုသိပ်ထားနေရတယ်..

တစ်လဆိုတဲ့အချိန်ကာလကို မိုးစက်အတွက့် တစ်ကမ္ဘာလောက်ထင်ရအောင် စောင့်စားခဲ့ရတာပါ ဟန်နီအခန်းရတဲ့နေ့က အပျော်ဆုံးသူဟာမိုးစက်ပဲဖြစ်မှာပါ ဒီတစ်လအတွင်း သဝန်တိုစိတ်တွေနှိပ်စက်ပြီး ကိုဆိုတဲ့သူ့ကိုတောင် လျစ်လျှူရှုထားမိခဲ့ပါတယ် ပိတ်ရက်တိုင်းအခန်းအောင်းနေမိတယ် သူကလဲမိုးစက်ကို လျစ်လျှူရှုထားသလိုပါပဲ..


 " သဲ အပြင်သွားမယ်လေ " 


တစ်လကြာပါပြီ အဲ့ဒီ့စကားသံကို Holiday ရောက်တိုင်း သူ့နှုတ်ခမ်းကနေမကြားရတာ တစ်လကျော်လောင်ကျွမ်းနေတဲ့ မိုးစက်ရဲ့ သဝန်တိုခြင်းတွေဟာ အဲ့စကားတခွန်းမှာပဲ အရည်ပျော်ကျသွားတာ..

ဟန်နီဆိုတဲ့နာမည်ဟာ သဲဆိုတဲ့ စကားသံနဲ့အတူ မိုးစက်ဘဝထဲကနေ တခဏချင်း ပျောက်ကွယ်သွားရတာ အဲ့ဒီ့တနေ့လုံး သူ့လက်ဖဝါးကို ကလေးတစ်ယောက်လို တင်းတင်းဆုပ်ကိုင်ထားမိတယ်..

ဆုတောင်းမပြည့်ပါဘူး မရွှေချောကကျောင်းပိတ်ရက်တိုင်း မိုးစက်တို့ Apartment မှာ လာနေတာ အရင်အတိုင်းသူ့ Wash Room ကို 
ပြန်သုံးတာ မိုးစက်ရင်ထဲမှာတော့ မီးတောင်ပေါက်ကွဲသလိုပါပဲ မိန်းမအချင်းချင်းနားလည်တာပေါ့ ဟန်နီဘာလုပ်လဲဆိုတာကို အဲ့ဒီဘာသာဗေဒက မိန်းကလေးတိုင်းရဲ့ မွေးရာပါဗီဇလေ..

ကိုလဲ နဲနဲတော့စိတ်ရှုပ်သွားပါတယ် သူလဲနားလည်မှာပေါ့ ဟန်နီ သူ့အပေါ် Drama ခင်းနေပြီဆိုတာ ဒါပေမယ့် တရက်တလေပါကွာဆိုပြီး သူခွင့်ပြုပေးလိုက်တယ် မိုးစက်စိတ်ထဲမှာ ကို့ရဲ့ စေတနာတွေဟာ တဖြည်းဖြည်းအရောင်စွန်းထင်းနေသလိုပါပဲ..

ကို့ကို အပြစ်မတင်ရက်ပါဘူး ယောင်္ကျားပဲ သစ်သားနဲ့ထုထားတာမှမဟုတ်တာ မိန်းကလေးကစတော့ သူစိတ်ပါသွားတာမဆန်းလှပါဘူး 
အဓိကကမိုးစက်ဘာဆက်လုပ်ရမလဲ Holiday တိုင်း မပျက်မကွက် ကိုနဲ့ကုန်ဆုံးရတဲ့အချိန်တွေကို မလိုချင်တော့ပါဘူး သဲလို့ခေါ်တဲ့ သူ့စကားသံတွေမှာ မသာယာတော့ဘူး သဝန်တိုစိတ်တွေက မိုးစက်စီကအကုန်လုံးကို ဖျက်စီးပြစ်လိုက်တာ..

ဟန်နီလာတိုင်း အမြဲတမ်းပိတ်ထားတက်တဲ့ ကို့အခန်းကိုမုန်းတယ် ညဘက်ရောက်တိုင်း ဟန်နီဘယ်မှာအိပ်နေလဲဆိုတဲ့ တွေးမိတဲ့မိုးစက်ကိုမိုးစက်အရမ်းမုန်းတယ် မိုးစက် ကို့ကို တကယ်ချစ်ပါတယ် ကိုလဲမိုးစက်ကိုချစ်တယ်ဆိုတာ ယုံကြည်ပါတယ်..

ဒါပေမယ့် မိုးစက်ရဲ့ခံစားချက်တွေကို ကို နားမလည်ခဲ့ပါဘူး ကို နားလည်အောင်လဲ မိုးစက်ဖွင့်မပြောခဲ့ပါဘူး မိုးစက်ရဲ့အားနည်းချက်က ခံစားချက်ကိုမျိုသိပ်ထားတက်တာပါ အခုတော့ မခံစားနိုင်တော့လို့ ကိုနဲ့ဝေးရာကို ထွက်သွားပါတော့မယ်..


 " ကို ဒီတပတ် Holiday ကျရင် မိုးစက်အိမ်ပြောင်းတော့မယ် " 


မိုးစက်ကိုကြည့်တဲ့ ကို့မျက်လုံးတွေက မီးဝင်းဝင်းတောက်နေသလိုပါပဲ 

  
" မင်း ငါ့နားကလွဲလို့ ဘယ်မှမသွားရဘူး "


စကားအဆုံးမှာ ခပ်ပြင်းပြင်းပိတ်လိုက်တဲ့ တံခါးသံက 

တခန်းလုံးကိုပဲ့တင်သွားတယ် 


 " မိုးလေး ဘာဖြစ်တာလဲ "

တံခါးသံကြောင့် ကိုနေထွက်လာပြီး မိုးစက်ကို အံ့ဩတကြီးမေးလိုက်တယ်


" ကိုနေ မိုးစက် အခန်းပြောင်းတော့မလို့ အဲ့ဒါ ကို့ကို    

  အသိပေးတာ ကို ဒေါသအရမ်းထွက်သွားတယ် "


 " မေလေးရော သိပြီးပြီလား "

 " ဒီနေ့မှ မိုးစက်အကုန်လုံးကိုပြောမှာ "

 " မိုးလေး ဇေယျ မကြိုက်ရင် မပြောင်းပါနဲ့ဟာ သူ့ကိစ္စကို ငါသိပေမယ့် 

   အချိန်တန်ရင် ပြီးသွားမှာပါ နင့်ဘက်ကသီးခံပေးလိုက်ပါ "


 " မိုးစက်ဒီအိမ်မှာမနေချင်တော့ဘူး ကိုနေ အရင်လိုမပျော်တော့ဘူး 

   စိတ်အရမ်းညစ်တယ် အိမ်ပြောင်းလိုက်တာ မိုးစက်အတွက့် ပိုကောင်းမှာပါ "


  " မေလေးလာရင် တိုင်ပင်ပေါ့ဟာ မိန်းကလေးအချင်းချင်းဆိုတော့ 

     နင့်အတွက်ပိုကောင်းတာပေါ့ ငါကတော့ နင့်ကို မပြောင်းစေချင်ဘူးဟာ "

စကားသံအဆုံးမှာ ကိုနေအခန်းတံခါးပိတ်လိုက်တယ်..


ဒီ Apartment မှာနေရတာ မိုးစက် အရင်ကတကယ်ပျော်ပါတယ် သဲလို့ခေါ်တက်ပြီး ဂရုစိုက်တက်တဲ့ ချစ်သူရယ်၊ မိုးလို့ခေါ်ပြီးချွဲနွဲ့တက်တဲ့ မေလေးရယ်၊ မိုးလေးလို့ခေါ်တက်တဲ့ ကို့သူငယ်ချင်း ၂ယောက်ရယ် တအိမ်လုံးမှာ မိုးစက်တို့မိန်းကလေး ၂ယောက်အသံကလွဲရင် သူတို့၃ယောက်က ရှိတယ်တောင်မထင်ရပါဘူး..

ဒါပေမယ့်လဲ နှလုံးသားရဲ့ နာကျင်လွန်းရတဲ့ ခံစားချက်ကြောင့် မိုးစက်ဒီအိမ်လေးကို ကျောခိုင်းလိုက်ပါပြီ..

အလုပ်ပိတ်ရက် မနက်စောစောပဲ မိုးစက်အိမ်ကနေထွက်လာလိုက်တယ် ကို့ကို နှုတ်ဆက်ချင်ပေမယ့် နောက်တစ်ကြိမ်ထပ်ပြီး မိုးစက်ကြောင့် ဒေါသမထွက်စေချင်တော့ပါဘူး..

နေရာသစ်မှာအသားကျဖို့ထက် မနက်ဖြန်အလုပ်တက်နိုင်ဖို့ မိုးစက်ဗျာများနေရပြီ 
တဂြီဂြီဆႏၵျပေနတဲ့ဗိုက္ကိုလဲ ဖြည့်ပေးဖို့သင့်နေပါပြီ  အဲ့ဒီအချိန်မှာပဲ 
Beloved Ringtone မြည်လာတယ် ကို့တစ်ယောက်ထဲအတွက့် သီးသန့်ထည့်ထားတဲ့ သီချင်းပါ ကို စိတ်ဆိုးနေမှန်းသိပေမယ့် မိုးစက်ဖုန်းကိုင်လိုက်ပါတယ် 


 " _ မလို့ ငါ မနိုးခင် မင်းထွက်သွားတာလား "


ကို့ရဲ့ဒေါသတွေဟာ ကြမ်းတမ်းတဲ့စကားလုံးအဖြစ် ပြောင်းလဲသွားတာ


 " မင်း အခုချက်ချင်း ပြန်လာခဲ့ "

ကိုဘယ်လောက့်ဒေါသထွက်နေတယ်ဆိုတာ ဖုန်းနားထောင်ရင်း မိုးစက်ခံစားမိပါတယ် ခပ်တိုးတိုးရေရွတ်မိသွားတယ် 


 " မိုးစက်မခံစားနိုင်တော့လို အိမ်ကနေထွက်လာခဲ့တာပါ ကိုရယ် "




မိုးစက်ဖုန်းချလိုက်ပါတယ် ဆက်ပြီးနားထောင်နေရင် ကို့ဒေါသကြီးပြီး တစ်ခုခုဖြစ်မှာစိုးရိမ်မိတယ်..


ဆက်တိုက် Beloved Ringtone က မြည်နေတယ် မိုးစက်ဖုန်းကိုပိတ်ထားလိုက်ပါတယ် အခုအချိန်မှာ ဖုန်းပိတ်ထားတာ နှစ်ယောက်လုံးအတွက့် ကောင်းပါတယ် သူ့ဘက်ကနေ ဖြေရှင်းချက်တောင်းရင်တောင် မိုးစက်ခံစားချက်တွေကို ကို နားလည်အောင် ပြောပြနိုင်မှာမဟုတ်ဘူးလေ..

တပတ်ဆိုတဲ့အချိန်ကို မိုးစက်ကြိုးစားပြီးဖြတ်သန်းနေရတယ် ညဘက်ရောက်တိုင်း သဲဆိုတဲ့ အသံကိုရှာဖွေနေမိနေတယ်..

မိုးစက်အိပ်ယာဝင်ခါနီး တပတ်လုံးလုံး မကြားရတဲ့ Beloved Ringtone 

သံ ကြားလိုက်ရတယ်


 " သဲ မနက်ဖြန်နေ့လည် အိမ်ခဏလာခဲ့ ကို ပြောစရာရှိလို့ပါ "


စကားသံကြားယုံနဲ့တင် ကိုနေမကောင်းဘူးဆိုတာ မိုးစက်ခံစားလိုက်ရတယ် 


 " သဲ လာခဲ့မယ်နော် ကို နေမကောင်းဘူးလား ဘာဖြစ်တာလဲ"


 " ကို နေကောင်းပါတယ် မနက်ဖြန်ကျရင် သဲသာ ခဏလာခဲ့ပေးပါ "


 " သဲ လာခဲ့မှာပါ ကိုရယ် "


 " Goodnight သဲ "

မိုးစက်တောင် မနှုတ်ဆက်လိုက်ရဘူး ကို့ဘက်က ဖုန်းချသွားတယ် 

ကို နေမကောင်းဘူးဆိုတဲ့အသိက ရင်ဘက်တစ်ခုလုံးဗြောင်းဆန်နေတယ်..


တစ်ညလုံးအိပ်မရဘူး ကို့စီကိုပဲအတွေးတွေရောက်နေမိတယ် မနက်၁၀နာရီမှ မိုးစက်အိပ်ယာကနိုးတယ် ရေကိုခပ်မြန်မြန်ချိုးပြီး ကို့စီသွားဖို့ပြင်တယ် တပတ်ဆိုတာအကြာကြီးလိုပဲ မိုးစက်ခံစားနေရတယ် ကို့ကိုလဲ တွေ့ချင်နေမိတယ်..

လူခေါ်ဘဲလ်သံအဆုံးမှာတောင် တံခါးမပွင့်လာဘူး မေလေးအပြင်သွားနေတာလား မိုးစက်နောက်တစ်ခါထပ်နှိပ်လိုက်တယ် ဒုတိယမြောက်ဘဲလ်သံအဆုံးမှာ တံခါးပွင့်လာတယ် ကိုကြယ်လာဖွင့်ပေးတာပါ မိုးစက်အားနာသွားတယ် ပိတ်ရက်ကို ဧည့်သည်လာရင် မေလေးနဲ့မိုးစက် ဖွင့်ပေးနေကျလေ ကိုကြယ်တို့က အခုအချိန်ဆိုအိပ်ကောင်းနေတုန်း 


 " ဆောရီး ကိုကြယ် "

ဆိုတော့ ကိုကြယ်က ပြုံးဖြီးဖြီးနဲ့ရယ်နေတယ်..


မိုးစက်ဧည့်ခန်းမှာ ဆက်ရပ်နေတုန်း  


 "  မိုးလေး ဇေယျ အခန်းဝင်သွားလေ "

မိုးစက်က အပြင်လူဖြစ်နေပြီလေ အရင်လိုအိမ်သားလိုနေလို့ 

မသင့်တော်တော့ဘူး..



 " ရတယ် ကိုကြယ် မိုးစက်ဒီကနေပဲ ကို့ကို စောင့်နေမယ် "

 " နင်ကတော့ ဒုက္ခပါပဲ "

စကားလဲဆုံးရော မိုးစက်လက်ကိုဆွဲပြီး ကို့အခန်းထဲဆွဲခေါ်သွားပါလေရော..



" သဲ ကို့ကို ကလေးအဖေ ဖြစ်ခွင့်ပေးပါ "


ရုတ်တရက် ကို ပြောလိုက်တဲ့ စကားသံခပ်တိုးတိုးမှာ သူနစ်မျောသွားတယ် 

ကို ဘာပြောလိုက်မှန်းကို မိုးစက်ဝေဝါးနေတယ်..



" Will you marry me ? "


လို့ မေလေးတို့ ၃ယောက်ဝိုင်းအော်ပြီး လက်ခုတ်တွေတီးတော့မှ ကို မိုးစက်ကို 

လက်ထပ်ခွင့်တောင်းမှန်းသိတော့တယ်..


ဘယ်လောက်တောင် ပျော်သွားလဲဆိုရင် 

လူတစ်ကိုယ်လုံး သွေးတွေပြောင်းပြန်စီးနေသလို မိုးစက်ခံစားနေရတယ်  

ကို လက်ထပ်ခွင့်တောင်းတာကို မယုံဘူးဖြစ်နေတယ်..



 " ကို့ကို မထားခဲ့ပါနဲ့ သဲရယ် "


 ကိုဖက်ထားမှန်း စကားသံကြားမှ မိုးစက်အသိဝင်လာတယ် ကို့ကို 

 ခပ်တင်းတင်းလေး ပြန်ဖက်ထားမိပြီး သူ့အလိုလို မျက်ရည်တွေကျလာတယ်

 နှုတ်ခမ်းဖျားကနေ တိုးတိုးလေးရေရွတ်လိုက်တယ် 

 " ကို့ရင်ခွင်မှာ သဲနားခိုဖို့ နှလုံးသားကသတ်မှတ်ပေးထားပြီးသားပါ ကိုရယ် "


The End.



ဟီး အကြီးကြီးကျေနပ်တယ် အိပ်ရေးပျက်ခံပြီး ဒီ Post ရေးရတာ အိပ်တော့မယ်ဗျာ ဟီး အိမ်မက်ထဲမှာ ကိုနဲ့တွေ့ပါစေလို့ ဆုတောင်းလိုက်အုန်းမယ်..









No comments: