ရေစက်ကုန်တဲ့အခါ ။ ။
သင် က ရှေ့တစ်လှမ်းတိုးမိရင်
သူက နှစ်လှမ်းစာလောက်
နောက်ဆုတ်သွားတယ် ။
သင့်အိပ်မက်တွေ
သူ့ကြောင့်လှပ နေချိန်
သူ့အိပ်မက်ထဲ သင် မပါတော့ဘူး။
သင့်အတွက်
တစ်ဘဝလုံးစာ အမှတ်တရ တွေဟာ
သူအတွက်တော့
တစ်ခဏတာ အမှတ်တမဲ့တွေ။
သင် က အ ကောင်းပြောရင် တောင်
သူက အဆိုးတွေမြင် လာပြီး
သင့် ဂရုစိုက်မှု တွေက တောင်
သူအတွက် မွန်းကျပ်စရာတွေ
ဖြစ်လာတော့တယ် ။
အ ဖြေက
ဒီအတွက် ဝမ်းမနည်းပါနဲ့။
တကယ် မစစ်မှန်တဲ့
ဖူးစာရေစက်ဆိုတာ
အသွားနှစ်ဖက်ပါတဲ့
ဓားတစ်လက်နဲ့တူတာမို့
သင် ဆုပ်ကိုင် ထားလေ
ထိခိုက်နာကျင် လေပါပဲ ။
လက်လွှတ်ပေးလိုက်ခြင်းဆိုတာ
တချို့လူတွေအတွက်
လွတ်မြောက်ငြိမ်းအေးစေသလို
ကိုယ့်အတွက်လဲ အေးချမ်းစေပါတယ်. . .
Credit. . .Original Writer #Dr Shwe Tun
( ရေစက်ဆုံတိုင်း နဖူးစာပါတယ်လို့ ကျွန်တော်ထင်ခဲ့မိသမျှ
ဆုတောင်းမှားခဲ့ရင်လဲ ရေစက်ဆုံနိုင်မှန်းလက်ခံလိုက်ပါပြီ
လူတစ်ယောက်အတွက့် တစ်စုံတစ်ရာလုပ်ပေးချင်တဲ့ စိတ်ကလေးရှိနေသရွေ့
အဲ့ဒီလူတစ်ယောက် ခင်ဗျားအနားရှိနေသလို ခံစားနေရမှာပါ...
လူတစ်ယောက်အတွက့် ဘာမှမလုပ်ပေးနိုင်တော့ပါဘူးဆိုတဲ့
အချိန်ရောက်ခဲ့ရင် အဲ့ဒီလူတစ်ယောက် ခင်ဗျားလက်ကို
ဖမ်းဆုတ်ထားခဲ့ရင်တောင် ကမ္ဘာတစ်ခုရှိမှာတည်ရှိနေသလို
ခံစားချက်ပျောက်ကွယ်သွားရတာ...
အခုအချိန်မှာတော့ ကျွန်တော်ခင်ဗျားအတွက့် ဘာမှမလုပ်ပေးနိုင်တော့ပါဘူးဗျာ။)
# Waine
No comments:
Post a Comment