တိမ်ပြာပြာနေ့



တိမ်ပြာပြာ နေ့တနေ့ Sunday မှာကွယ် မင်္ဂလာဆောင်ပွဲလေး ကျင်းပနေပါတယ် သူများတွေ လက်ထပ်ကျပြီ အချစ်ကလေးရယ်..

ဇော်ဝင်းထွဋ်ဆိုထားတဲ့ သီချင်းလေးပါ ငယ်ငယ်တုန်းကတော့ Feel အပြည့်နဲ့ ဆိုခဲ့ဘူးပါတယ် အခုဆိုတာကတော့ သူငယ်ချင်းမလေးကို Congratulations လုပ်တဲ့ အနေနဲ့ ဆိုတာပါဗျာ..

၂၀၀၆ - ၂၀၀၇ မှာ ဦးလေးလုပ်တဲ့ အစိုးရရုံးမှာ အလုပ်ဝင်လုပ်ခဲ့ဘူးတယ် ကျွန်တော်နဲ့ ဌာနတစ်ခုထဲမှာ အလုပ်အတူတူဝင်တာ ၅ယောက် အလုပ်ဝင်ပြီး မကြာပါဘူး ကျွန်တော်က Sg ကို ကောက်ထွက်သွားတာ..
 ဦးလေးက ဒေါသထွက်တာ ပြောမနေနဲ့ ဌာနမှာ သူများတွေကစာရင်းဆိုရင် ပတ်ပြေးနေတယ် ကျွန်တော်က စာရင်းကိုသဘောကျတော့ ဌာနတွင်းမှာရော တခြားဌာနဆိုင်ရာတွေမှာရော စာရင်းသင်တန်းတက်တာ စာမေးပွဲအောင်တော့ အနူတောမှာ လူချောဖြစ်သွားပြီး လူကြီးတွေကပါ ဦးလေးတူမမှန်းသိသွားတော့ ရုတ်တရက်ကြီး အလုပ်ထွက်လိုက်တော့ သူ့မျက်နှာ အိုးမဲသုတ်သလို ဖြစ်သွားတာပေါ့..

 ကန်တော့ဗျာ အဲ့ဒီသောက်ကျင့်က ပြင်လို့မရသေးဘူး ကျွန်တော့်စိတ်ထဲမှာ မရတော့ဘူးဆို ချက်ချင်းကောက်ခါငင်ခါလုပ်လိုက်တာပဲ ၂၀၁၂တုန်းက KL ကနေလဲ ဆိုင်းမဆင့်ဗုံမဆင့်ပြန်လာတယ် ဘာမှမပြင်ဆင်ထားဘူးနော် ပြီးခဲ့တဲ့နှစ်ကလဲ ဝုန်းဆို အလုပ်ထွက်ပြစ်လိုက်တယ် လက်ထဲငွေသားမပြောနဲ့ ပေးစရာအကြွေးတောင် ရှိနေတဲ့အချိန် အဲ့လိုတွေလုပ်တက်တဲ့အကောင်..

အဲ့ဒါနဲ့ ရေးမယ့်ဟာ မရောက်တော့ဘူး သူငယ်ချင်း ၅ယောက်မှာ မကေသီက ရည်းစားရှိတော့ ကျွန်တော်ထွက်သွားပြီး မကြာပါဘူး ယောင်္ကျားယူသွားရော အဲ့ထဲက ပျောက်သွားတာ အဆက်အသွးမရတော့ဘူး..

မနှင်းရယ် ဇာလီရယ် သန္တာရယ်ပဲကျန်တယ် သန္တာက သူ့ကိုကြိုက်နေတဲ့သူများတော့ ဘယ်သူကသူ့ရည်းစားမှန်းကို မသိဘူး သူကဒုတိယမြောက် အိမ်ထောင်ကျတာ အခုဆို ကလေး၂ယောက်တောင် ရနေပြီ သူပြီးတော ဇာလီ ဇာလီဖူးစာက ရုံးမှာထိုင်စောင့်နေတာ ဗညားကအရင်က ဆိုးသလောက် ဇာလီနဲ့ရည်းစားဖြစ်တော့ အရင်လိုမဆိုးတော့ဘူး သူတို့ကအတွဲညီတယ် ၂ယောက်လုံး အလုပ်ကထွက်ပြီး ဗညားကိုယ်ပိုင်စီးပွားရေးလုပ်တယ် ဇာလီကကုမ္ပဏီမှာအလုပ်ဝင်တယ် ကိုယ့်အိမ်ကိုယ်ယာနဲ့ ဖြစ်တော့မှ ခမ်းခမ်းနားနား မင်္ဂလာဆောင်တယ် ဇာလီမင်္ဂလာဆောင်မှ သူငယ်ချင်တွေ ပြန်စုံရတာ..

မနှင်းကတော့လူအေး အေးတာမှ ကိုယ်ကစကားမပြောရင် အနားမှာသူရှိမှန်းတောင် မသိရဘူး ဇာလီမင်္ဂလာဆောင်တုန်းကတောင် အချင်းချင်းနောက်နေတုန်းပဲ ၇ရက်နေ့ မနှင်းမင်္ဂလာဆောင် ကျွန်တော်က မင်္ဂလာဆောင်ဖိတ်မှ သူငယ်ချင်းတွေပြန်တွေ့ရတယ် ပြောလိုက်တော့ သူက နောက်တစ်ခါ နင့်မင်္ဂလာဆောင်ပေါ့တဲ့ ကျွန်တော်က ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်ပါတယ် အဲ့ဒီဆုတောင်းကတော့ မပြည့်ဘူးလို့..

ကျွန်တော်လဲ အပေါ်ကပုံထဲကလို မင်္ဂလာဝတ်စုံ လှလှလေးဝတ် အလှဆုံးမိတ်ကပ်ဆရာနဲ့ အလှပြင် ပုဂံလိုနေရာမျိုး ငပလီလိုနေရာမျိုးမှာ ဓါတ်ပုံတွေရိုက်ဖို့ စိတ်ကူးယာဉ်ခဲ့ဘူးပါတယ် ဒါပေမယ့် မင်္ဂလာဆောင်တဲ့တနေ့ပဲ ဖြတ်သန်းရမှာ မဟုတ်တာဗျာ ကျွန်တော်အတွက့်တော့ အိမ်ထောင်ပြုဖို့ဆိုတာ ကန်တော့ဗျာ ဖင်မနိုင်ပဲ ပဲကြီးဟင်းကို အိုးလိုက်စားသလိုပါပဲ..  
(ကျွန်တော့်ကိုကျွန်တော်ပြောတာနော် တော်ကြာအထင်လွဲပြီး အဆဲခံနေရမှာဗျ။ )

 အိမ်ထောင်ရေးဆိုတာ နောက်ထပ်ဘဝတစ်ခုမှာ လူစဖြစ်ရသလိုပါပဲ ကိုယ်က Perfect ဖြစ်နေတဲ့လူဆိုရင် တော်ယုံအဆင်မပြေဖြစ်ခဲ့ရင်တောင် Smoothly ပေါ့ဗျာ အဖုအထစ်ဖြစ်ရင်တောင် အထစ်အငေါ့မဖြစ်သွားဘူးပေါ့ ကျွန်တော်လိုအကောင် အဖက်ဖက်ကနေ လိုအပ်ချက်တွေများနေတဲ့ လူအတွက်ကတော့ တော်ယုံအဆင်မပြေတာ မပြောနဲ့ နေ့တဒူဝကိစ္စနဲ့တင်တောင် 100% ပြဿနာဖြစ်ဖို့ သေချာတယ်ဗျာ..
(Enough ကျွန်တော် အိမ်ထောင်မပြုတာမဟုတ်ပါဘူး အိမ်ထောင်ပြုဖို့မဖြစ်ဘူးဆိုတာ ခင်ဗျားတို့ နားလည်ရင် သိပ်ကောင်းမှာဗျာ။)

သူ့ကိုတော့ ဝမ်းမြောက်ဝမ်းသာကို Congratulations လုပ်ပေးပါတယ် မရေခဲလေး ထီးမိုးပေးမယ့်သူနဲ့ ဆုံတွေ့သွားရတာပေါ့ဗျာ ကျွန်တော်အတွက်တော့ မင်္ဂလာသတင်းပါပဲဗျာ။
😍😍😍

"စစ်ကိုမုန်း၍ တိုက်ခဲ့သည်"




အဘိုးကလဲ စစ်သား
အဖေကလဲ စစ်သား
ကိုယ့်လက်ထပ်မှ စစ်သားမျိုးဆက်ပြတ်ရတော့မယ်..

ကိုယ်တွေအသက်ငယ်ငယ်တုန်းက ခေါ်ပါလား အမျိုးသမီးစစ်ဗိုလ်လောင်းဆိုတာ အသည်းနာလွန်းလို့ nursing class က လွဲရင် စစ်ထဲဝင်ဖို့ အခွင့်အရေးမရှိဘူး..

ကိုယ်ကလဲ လူတော်ဆိုတော့ ဆယ်တန်းစာမေးပွဲတောင် ဒီဇင်ဘာမှ စာစကျက်ခဲ့တဲ့အကောင် သူများတွေအောင်စာရင်းကြည့်ဖို့ ရင်ခုန်ပြီးတစ်ညလုံးမအိပ်နိုင်ဘူး ကိုယ်တွေများ မနက်၆နာရီထိုးတာတောင် အိပ်တာသိုးနေလို့ အိမ်ကနေမနဲ နှိုးယူပြီးအောင်စာရင်း သွားကြည့်ခဲ့ရတဲ့ဘဝ အဲ့လိုအကောင်မျိုး ဘယ်လိုလုပ်ပြီး nursing အမှတ်နားသီနိုင်မလဲဗျာ..

စစ်တပ်အကြောင်းပြောရင် မြစ်ကြီးနားက နန့်ပေါင်ရွာနားက ၅၀၃တပ်က ကျွန်တော့်ဘဝရဲ့အဓိကအစိတ်အပိုင်းပါ။

အဖေက စစ်သားဆိုပေမယ့် တပ်ကပေးတဲ့အိမ်ထောင်သည်လိုင်းခန်းမှာ မနေခဲ့ဘူး တပ်အပြင်မှာပဲနေခဲ့တာ မှတ်မှတ်ရရ ကျွန်တော်၇နှစ်၊ ၈နှစ် ၁၉၈၈ခုနှစ် အရေးအခင်းမဖြစ်ခင်အချိန် လောက်မှာ ရာထူးတိုးပါပြီး မြစ်ကြီးနားကို မိသားစုလိုက်ပြောင်းသွားပြီး စစ်တပ်ထဲ ပထမဆုံးနေဘူးခဲ့တာ..

ကျွန်တော့်ဘဝမှာ အပျော်ဆုံးအချိန်ပြောရရင် မြစ်ကြီးနားလေတပ် ၅၀၃ လိုင်းခန်းမှာ နေခဲ့ရတဲ့အချိန်ပါပဲ အစားအသောက်ရှားပါးတယ် ပညာရေးမဖွိ့ဖြိုးဘူး ကျန်းမာရေးအားနည်းတယ် ဒါပေမယ့် လူ့ဘဝအရသာကို အပြည့်အဝခံစားခဲ့ရတာ မနက်မိုးလင်းရင် စောင်ပုံထဲကနေထွက်လိုက်တာနဲ့ အေးစိမ့်စိမ့်မနက်ခင်းကကြိုနေတယ် မျက်နှာသစ်၊သွားတိုက်ပြီး ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီးတာနဲ့ အမေကြော်ထားတဲ့ ထမင်းကြော်နဲ့ကော်ဖီသောက်ပြီး ကျောင်းသွားဖို့ပြင်ရရော တပ်ထိပ်က အလကနန့်ပေါင်ကို တီအီး2000 ကားပေါ်မှာ သီချင်းတကြော်ကြော်ဆိုရင်း ကျောင်းတက်ရတဲ့ဘဝက ဘယ်လိုမှပြန်မရတော့ပါဘူး..

နေ့လည်ကျောင်းဆင်းတာနဲ့ ကျောင်းအကျီလဲပြီးရင် မြစ်ဆိပ်ကိုရေချိုးဖို့ဆင်းပါလေရော မြစ်ဆိပ်မရောက်ခင် နှုံးမြေတွေပေါ်မှာ စိုက်ထားတဲ့ ပြောင်းဖူး၊ပန်းအာလူး၊မုန့်ညှင်း၊ခရမ်းချည်သီး၊ခရမ်းသီးတွေက ကိုယ်တွေရဲ့ကစားကွင်းကြီးပါပဲ အမေဘယ်လောက်ဆူထားဆူထား အဲ့အခင်းတွေထဲဝင်ဆော့သွားရမှ ကျွန်တော်ကကျေနပ်တာလေ..

မြစ်ဆိပ်ရောက်ပြီဆိုရင် ပုရစ်ဖမ်းရတာလဲ အရမ်းပျော်ဖို့ကောင်းတာအမေမသိအောင် ဖွက်ယူလာတဲ့ရေခရားနဲ့ သဲသောင်ပေါ်က ပုရစ်တွင်းတွေကို ရေလိုက်ဖြည့် ပုရစ်တွေရေမွန်းလို့တက်လာရင် လိုက်ဖမ်း တွင်းထဲကနေလွတ်သွားရင် သဲသောင်ပေါ်မှာ ပုရစ်တစ်ကောင်နဲ့ဒိုင်ဗင်ထိုးရပါလေရော ပုရစ်ဖမ်းလို့ဝရင် ရေထဲဆင်းပြီး ငါးဖမ်းပါလေရော ဝတ်ထားတဲ့စကပ်ကို လက်နှစ်ဖက်နဲ့ဖြန့်ကိုင်ပြီး ရေစပ်ကငါးတွေ အကုန်ဖမ်းတော့တာပဲ ငါးဆိုတဲ့အမျိုးက ရေသရဲဆိုတော့ ဘယ်လိုလုပ်မိမှာလဲဗျာ ငါးဖမ်းလို့မောသွားမှ ရေချိုးစချိုးတာ ရေချိုးရင်လဲ လူကြီးတွေလို ဝတ်ထားတဲ့စကပ်ကို ရင်ခေါင်းထိဆွဲတင်ပြီး လေပူပေါင်းစီးလိုက်သေးတာ..

၁၂နာရီကျော်က မြစ်ဆိပ်ဆင်းရေချိုးတာ လိုင်းခန်းပြန်ရောက်ရင် ၁နာရီကျော်နေပြီ တပ်ကပေးထားတဲ့ ရေပိုက်လိုင်းကနေရေသန့်ပြန်ချိုး သနပ်ခါးလိမ်းပြီးတာနဲ့ အူကလိမ်နေအောင်ဗိုက်ဆာပြီ ဈေးနေ့နီးရင်အသားနဲ့အသီးအရွက်စားရပြီး ဈေးနေ့ဝေးရင်ငါးနဲ့အသီးအရွက်စားရပေမယ့် အခုအချိန်မှာ မက်မက်မောမော တမ်းတနေမိပါတယ် တစ်ခါတလေ တပ်ပတ်လည်မှာထောင်ထားတဲ့ မိုင်းကွင်းထဲနွားဝင်ရင်လဲ အမဲသားစားရပါတယ်..

နေ့လည်နေ့ခင်း တရေးတမောအိပ်ပြီးတာနဲ့ အိပ်ယာနိုးတာနဲ့ လိုင်းခန်းနောက်မှာ စိုက်ထားတဲ့ ခရမ်းကဆော့ပင်၊ခရမ်းသီးပ၊ငရုပ်ပင် တွေပေါင်းသင်ရေလောင်း စိုက်ထားတာ၅မျိုးလောက်ရှိတယ် အဲ့၃ပင်ပဲမှတ်မိတော့တယ် လိုင်းခန်းအောက်မှာ မွေးထားတဲ့ကြက်တွေကိုအစာကျွေး ကြက်မကဥနေတာတောင် အစာအတင်းကျွေးလို့ ဥဥရင်းသူ့ခမျာထွက်ပြေးရတယ် တပ်ထဲမှာနေတော့ စိုက်ပျိုးမွေးမြူရေးအိမ်တိုင်းလုပ်ရတယ် (အဖေကဘေးအိမ်ကနေ ဝက်မွေးတော့ သူတို့ဝက်မကြီးကသားပေါက်တော့ ဝက်ပေါက်လေးဝယ်မွေးထားတာ ကျွန်တော်က ရေမိုးချိုးပြီးအိမ်မွေးတိရိစ္ဆာန်လို အိမ်ပေါ်ထားမွေးတော့ သေပါလေရော ကျွန်တော်မှာငိုလိုက်ရတာ နေမကောင်းဖြစ်ရော)..

ညနေ၃နာရီကျော် ၄နာရီဆို လိုင်းခန်းထဲကအစ်မတွေနဲ့ လေယာဉ်ကွင်းဘေးနားက တောစပ်ထဲမှာ ထင်းခြောက်လိုက်ကောက်ပြီ(မြစ်ကြီးနားမှာအရမ်းအေးတော့ ညဘက်တွေဆို မီးဖိုထားရတး လိုင်းခန်းတိုင်းမှာ အိမ်ထဲမှာ အပေါက်ဖောက်ထားတဲ့ မီးဖိုတွေရှိတယ်) အဖေကတော့မိုင်းကွင်းနဲ့နီးလို့ စိတ်ပူတယ် ထင်းခြောက်ကောက်တာကို မလိုက်ခိုင်းဘူး တပ်ထဲမှာရောင်းတဲ့ ထင်းစည်းတွေဝယ်ထားတယ် ကျွန်တော်ကတော့ သီချင်းတကြော်ကြော်နဲ့ ထင်းလိုက်ကောက်ရတာကို အရမ်းပျော်ပါတယ် ပေါင်မုန့်သီးတွေ ဘောက်ဘောက်သီးတွေ မက်မွန်သီးတွေ မာလကာသီးတွေ လိုင်ချီးသီးတွေ ခူးစားရတာ ကုလားကြက်ဟင်းခါးသီးတွေ အမေ့အတွက်ခူးလာပေးရတာ ဘုရားတင်ဖို့တောပန်းတွေခူးလာရတာ အခုထိမမေ့နိုင်ပါဘူး..

၎နာရီခွဲလောက်ဆိုရင် ထင်းခြောက်တွေပိုက်ပြီး အိမ်ပြန်ကျပြီ ညနေစောင်းပြီဆိုတာနဲ့ အအေးဓာတ်ကစိမ့်ဝင်လာပြီ ညနေ၆နာရီကျော် တပ်ကမီးပေးတာနဲ့ မိသားစုစုံစုံညီညီထမင်းစားပြီ မီးဖိုထားပြီးပြီ ပြီးတာနဲ့ လိုင်းခန်းရှေ့က ကွပ်ပြစ်ပေါ်ထိုင်ပြီး လူကြီးသူမတွေပြောပြတဲ့ ပုံပြင်တွေဇာတ်လမ်းတွေနားထောင်ရတာ တစ်ခါတလေ မုန့်ပြားသလက်၊ဘိန်းမုန့်လုပ်စားကျတာ လသာရက်တွေဆိုရင် စိန်ပြေးလိုက်တမ်း ထုပ်စီးတိုးတမ်း ခိုတွန်းတမ်းဆော့ရင်း ည၈နာရီ မီးပိတ်တဲ့အချိန်ထိ ဆော့စကားခဲ့ရတာ..

တခါတရံ ကချင်တွေလာပစ်လို့ တိုက်ပွဲဖြစ်ရင်လဲ အမေတွေကတော့ တပ်အတွက် ခင်ပွန်းသည်တွေအတွက် သောကတွေများနေပေမယ့် ကျွန်တော်တို့ကလေးတစ်သိုက်ကတော့ ဗုံးခိုကျင်းထဲမှာ ပျော်ပျော်ကြီးအိပ်ခဲ့ဘူးတယ်..

အဲ့လောက်သာယာတဲ့ ဘဝမှာနေထိုင်ရင်းနဲ့ စီးပွားရေး ပညာရေး ကျန်းမာရေး မတိုးတက် မဖွိ့ဖြိုးတဲ့အကြောင်းတွေကြောင့် ကျွန်တော်ချစ်တဲ့ ကရိန်နော်ကို ၂နှစ်ဆိုတဲ့အချိန်အတောအတွင်းမှာ ခွဲခဲ့ရတာပါ..

အဖေသာ မြစ်ကြီးနားမှာ ဆက်နေခဲ့ရင် ကျွန်တော်လဲ တပ်ကလူတစ်ယောက်ယောက်နဲ့ အိမ်ထောင်ကျခဲ့ရင် ကလေးဘဝကလို ပျော်ရွှင်မှုကို အပြည့်အဝမရနိုင်ပေမယ့် ယခုလက်ရှိဘဝထက်တော့ ပျော်ရွှင်နိုင်မယ်လို့ ယုံကြည်နေတုန်းပါပဲ။

#ကျေးဂျူးကမ္ဘာဆိုင်ရော်

ငပိန်းများနေတဲ့ နိုင်ငံတော်




နိုင်ငံတစ်နိုငံမှာ နိုင်ငံရေး၊စီးပွားရေးထက် ဖျော်ဖြေရေးက ပိုအရေးကြီးနေတော့ ဒီနိုင်ငံကလူတွေကြားမှာ လူလာဖြစ်ရတာ ရှက်လိုက်တာဗျာ။ 

သမ္မတအပြောင်းအလဲထက် ရုပ်ရှင်လောကက လူတွေ အတင်းပြောတာကို ရေးကြီးခွင်ကျယ်လုပ်ပြီး ဆောက်ရှက်မရှိ အလုပ်ကြီးအကိုင်ကြီး လုပ်နေကျတာ အရွယ်စုံပဲ ဒီလိုလူတွေအများစု တည်ရှိနေတော့ မြန်မာနိုင်ငံမဖွံ့ဖြိုး၊မတိုးတက်တာ မထူးဆန်းပါဘူးဗျာ။

နိုင်ငံရေးဆိုတာ ဘယ်လောက်အရေးပါတာထက် ဘယ်လောက်အကျိုးအမြတ်ရမလဲ ချိန်တွယ်နေတဲ့လူတွေကြားထဲ နိုင်ငံရေးမလုပ်ချင်လို့ ဘေးထွက်နေတာဗျ။

အရင်ကတော့ ၂၀၀၉၊၂၀၁၀ ကတော့ အပြောင်းအလဲကို တော်တော်လေးမျှော်လင့်ခဲ့တာဗျ သူတစ်နိုင်ငံမှာ အနှိမ်ခံဘဝဆိုတော့ ကိုယ့်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရင် ခေါင်းမော့၊ရင်ကော့နိုင်ပြီပေါ့။

ကိုယ့်နိုင်ငံပြန်ရောက်လာတော့ အရင်လိုမချောင်လည်ပေမယ့် အသက်ရှုချောင်လာတော့ ဩော် ဒီမိုကရေစီဆိုတာ ထင်သလောက် မဆိုးဘူးပေါ့။

ရွေးကောက်ပွဲပြီးလို့ ချောင်လည်မလားမှတ်တယ် ဘုန်းကြီးရူးတွေ လှေလူးတွေက ဒင်းကြမ်း မတောက်တခေါက်နိုင်ငံရေးအသိနဲ့ ငါးပါးမှောက်ပြီဆိုတာ သိလိုက်ပါတယ် မြန်မာစကားပုံရှိတယ်လေဗျာ ကျားကျောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး ဗျ။

အဲ့ဒီထဲက နိုင်ငံရေးဆို သေခန်းပြတ်သွားတော့တာပါ ခင်ဗျားတို့မေးမယ်နော် ကျုပ်ကရော ဘာများကိုယ်ကျိုးစွန့်ပြီး နိုင်ငံအတွက့် ပေးဆပ်လဲလို့ မပေးဆပ်ဘူးဗျ ပေးဆပ်ရမှာ နိုင်ငံကိုမဟုတ်ဘူးဗျ ပြည်သူကိုဗျ။

ခင်ဗျားတို့ ကြည့်ပါလား အရင်ကတော့ ပြည်သူမှပြည်သူ အခုတော့ရော ဘယ်လူကမှ အာဏာနဲ့ဥစ္စာရဲ့ အရှင်သခင်မလုပ်နိုင်သေးဘူးဗျ အသက်တောင်ထပ်ပြီး လောင်းကြေးထပ်လိုက်ချင်ရဲ့။

အဲ့လိုလူတွေကြားမှာ ပြည်သူ့အတွက် နိုင်ငံရေးသမားစစ်စစ်ဆိုတာ ငါးပိအိုးထဲ ရေသန့်ရောသလို သားငန်ရေပဲ ဖြစ်သွားမှာဗျ။

အဲ့ဒါကြောင့် နိုင်ငံရေးကို အလေးမထားပဲ ပေါ်ပင်လုပ်ပြတဲ့ အရွယ်စုံလူတွေကို ရွံ့တယ်ဗျ ကန်တော့ပါရဲ့ သေးတောင်လှည့်မပန်းဘူး အဲ့လိုဟာတွေက သမ္မတပြောင်းလို့ သူတို့ငိုပြတဲ့ လွမ်းချင်းတောင် မျက်ရည်မခြောက်သေးဘူး အရည်မရ အဖတ်မရ ဆောက်ကျိုးမရှိတဲ့ ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်ပြနေတော့ ကျွန်တော်ဆိုတဲ့ ဆောက်သုံးမကျတဲ့အကောင်က အနာဂတ်နိုင်ငံအတွက့် ရင်မောမိတယ်ဗျာ။




ရန်သူစစ်စစ်



ကျွန်တော်လား နွားစစ်စစ်ဖြစ်ပြီးတော့ ကျားကြီးကို သွားသနားမိတဲ့ အကောင်လေဗျာ..

 ဒီနေ့မှ ကိုယ့်ကိုကိုယ် မျက်ရည်မဆယ်နိုင်လောက်အောင် သနားတက်သွားတာ ကျေးဇူးတင်ပါတယ်ဗျာ ကျားမှန်းသိအောင် ထပ်ခါထပ်ခါ အစွယ်ထုတ်ပြခဲ့လို့..

ကျန်ဖန်ပြီး ကျေးဇူးတင်နေတာ မဟုတ်ဘူးဗျ ကျေးဇူးတင်ထိုက်လို့ကို အဲ့လူကို ကျေးဇူးတင်နေတာ ကျွန်တော်လိုလူရဲ့ အစွဲအလန်းကို တော်ယုံတန်ယုံ လူချွတ်ဖို့ဆိုတာ မလွယ်ဘူးဗျ..

ဒူးနဲ့မျက်ရည်သုတ်တာလောက် မပြောနဲ့ မျက်ရည်ပင်လယ် ဝေနေတာတောင် ဆောက်မှတ်သည်းချေ မရှိတဲ့မိန်းမမျိုး မျက်ရည်မကျတော့တာနဲ့ အမြီးလေးတန်းပြီး ခေါင်းပြေးဝှေ့နေတဲ့ နွားမပါ..

ဆောက်ရမ်းနာကျည်းသွားလို့ မသိပါဘူးဗျာ သိပ်မခံစားရတော့ဘူး ခပ်ရင့်ရင့်ပြောရရင်တော့ ဝဋ်ကြွေးကုန်သွားတာနေမှာပေါ့ဗျာ။

Khin Sandar Waine @ ခင်စန္ဒာဝိုင်း

Achit Oo Zat Lan



TV Series မှာ လာတဲ့ ထိုင်းမင်းသားက ခင်ဗျားနဲ့တူတော့ သတိရတယ်ဗျာ

အဲ့အချိန်တုန်းက Gmail ကနေပို့ထားတဲ့ ခင်ဗျားဆိုပြတဲ့ Cover Song တွေ ကျွန်တော်အနိုင်ကျင့်ပြီး ဆိုခိုင်းတဲ့သီချင်းတွေ ဖျက်လိုက်မိတာ အခုတော့ (တကယ်ကို) နောင်တရနေမိတယ်

သတိရလို့ နားထောင်ချင်လို့ You Tube မှာ ခင်ဗျားကို မြေလှန်ရှာတာတောင် မရှိဘူးဗျ

ခင်ဗျားကိုရှာရင်း Subscribed လုပ်ဖို့ တစ်ယောက်တိုးလာပြီဗျ

တနေ့နေ့ တချိန်ချိန်ပြန်တွေ့ရင်တော့ Guitar Cover Song တွေ ခင်ဗျားကျေးဇူးကြောင့် နားထောင်ခွင့်ရတာကို ပြောပြချင်တယ်ဗျာ။