တိမ်ပြာပြာနေ့



တိမ်ပြာပြာ နေ့တနေ့ Sunday မှာကွယ် မင်္ဂလာဆောင်ပွဲလေး ကျင်းပနေပါတယ် သူများတွေ လက်ထပ်ကျပြီ အချစ်ကလေးရယ်..

ဇော်ဝင်းထွဋ်ဆိုထားတဲ့ သီချင်းလေးပါ ငယ်ငယ်တုန်းကတော့ Feel အပြည့်နဲ့ ဆိုခဲ့ဘူးပါတယ် အခုဆိုတာကတော့ သူငယ်ချင်းမလေးကို Congratulations လုပ်တဲ့ အနေနဲ့ ဆိုတာပါဗျာ..

၂၀၀၆ - ၂၀၀၇ မှာ ဦးလေးလုပ်တဲ့ အစိုးရရုံးမှာ အလုပ်ဝင်လုပ်ခဲ့ဘူးတယ် ကျွန်တော်နဲ့ ဌာနတစ်ခုထဲမှာ အလုပ်အတူတူဝင်တာ ၅ယောက် အလုပ်ဝင်ပြီး မကြာပါဘူး ကျွန်တော်က Sg ကို ကောက်ထွက်သွားတာ..
 ဦးလေးက ဒေါသထွက်တာ ပြောမနေနဲ့ ဌာနမှာ သူများတွေကစာရင်းဆိုရင် ပတ်ပြေးနေတယ် ကျွန်တော်က စာရင်းကိုသဘောကျတော့ ဌာနတွင်းမှာရော တခြားဌာနဆိုင်ရာတွေမှာရော စာရင်းသင်တန်းတက်တာ စာမေးပွဲအောင်တော့ အနူတောမှာ လူချောဖြစ်သွားပြီး လူကြီးတွေကပါ ဦးလေးတူမမှန်းသိသွားတော့ ရုတ်တရက်ကြီး အလုပ်ထွက်လိုက်တော့ သူ့မျက်နှာ အိုးမဲသုတ်သလို ဖြစ်သွားတာပေါ့..

 ကန်တော့ဗျာ အဲ့ဒီသောက်ကျင့်က ပြင်လို့မရသေးဘူး ကျွန်တော့်စိတ်ထဲမှာ မရတော့ဘူးဆို ချက်ချင်းကောက်ခါငင်ခါလုပ်လိုက်တာပဲ ၂၀၁၂တုန်းက KL ကနေလဲ ဆိုင်းမဆင့်ဗုံမဆင့်ပြန်လာတယ် ဘာမှမပြင်ဆင်ထားဘူးနော် ပြီးခဲ့တဲ့နှစ်ကလဲ ဝုန်းဆို အလုပ်ထွက်ပြစ်လိုက်တယ် လက်ထဲငွေသားမပြောနဲ့ ပေးစရာအကြွေးတောင် ရှိနေတဲ့အချိန် အဲ့လိုတွေလုပ်တက်တဲ့အကောင်..

အဲ့ဒါနဲ့ ရေးမယ့်ဟာ မရောက်တော့ဘူး သူငယ်ချင်း ၅ယောက်မှာ မကေသီက ရည်းစားရှိတော့ ကျွန်တော်ထွက်သွားပြီး မကြာပါဘူး ယောင်္ကျားယူသွားရော အဲ့ထဲက ပျောက်သွားတာ အဆက်အသွးမရတော့ဘူး..

မနှင်းရယ် ဇာလီရယ် သန္တာရယ်ပဲကျန်တယ် သန္တာက သူ့ကိုကြိုက်နေတဲ့သူများတော့ ဘယ်သူကသူ့ရည်းစားမှန်းကို မသိဘူး သူကဒုတိယမြောက် အိမ်ထောင်ကျတာ အခုဆို ကလေး၂ယောက်တောင် ရနေပြီ သူပြီးတော ဇာလီ ဇာလီဖူးစာက ရုံးမှာထိုင်စောင့်နေတာ ဗညားကအရင်က ဆိုးသလောက် ဇာလီနဲ့ရည်းစားဖြစ်တော့ အရင်လိုမဆိုးတော့ဘူး သူတို့ကအတွဲညီတယ် ၂ယောက်လုံး အလုပ်ကထွက်ပြီး ဗညားကိုယ်ပိုင်စီးပွားရေးလုပ်တယ် ဇာလီကကုမ္ပဏီမှာအလုပ်ဝင်တယ် ကိုယ့်အိမ်ကိုယ်ယာနဲ့ ဖြစ်တော့မှ ခမ်းခမ်းနားနား မင်္ဂလာဆောင်တယ် ဇာလီမင်္ဂလာဆောင်မှ သူငယ်ချင်တွေ ပြန်စုံရတာ..

မနှင်းကတော့လူအေး အေးတာမှ ကိုယ်ကစကားမပြောရင် အနားမှာသူရှိမှန်းတောင် မသိရဘူး ဇာလီမင်္ဂလာဆောင်တုန်းကတောင် အချင်းချင်းနောက်နေတုန်းပဲ ၇ရက်နေ့ မနှင်းမင်္ဂလာဆောင် ကျွန်တော်က မင်္ဂလာဆောင်ဖိတ်မှ သူငယ်ချင်းတွေပြန်တွေ့ရတယ် ပြောလိုက်တော့ သူက နောက်တစ်ခါ နင့်မင်္ဂလာဆောင်ပေါ့တဲ့ ကျွန်တော်က ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်ပါတယ် အဲ့ဒီဆုတောင်းကတော့ မပြည့်ဘူးလို့..

ကျွန်တော်လဲ အပေါ်ကပုံထဲကလို မင်္ဂလာဝတ်စုံ လှလှလေးဝတ် အလှဆုံးမိတ်ကပ်ဆရာနဲ့ အလှပြင် ပုဂံလိုနေရာမျိုး ငပလီလိုနေရာမျိုးမှာ ဓါတ်ပုံတွေရိုက်ဖို့ စိတ်ကူးယာဉ်ခဲ့ဘူးပါတယ် ဒါပေမယ့် မင်္ဂလာဆောင်တဲ့တနေ့ပဲ ဖြတ်သန်းရမှာ မဟုတ်တာဗျာ ကျွန်တော်အတွက့်တော့ အိမ်ထောင်ပြုဖို့ဆိုတာ ကန်တော့ဗျာ ဖင်မနိုင်ပဲ ပဲကြီးဟင်းကို အိုးလိုက်စားသလိုပါပဲ..  
(ကျွန်တော့်ကိုကျွန်တော်ပြောတာနော် တော်ကြာအထင်လွဲပြီး အဆဲခံနေရမှာဗျ။ )

 အိမ်ထောင်ရေးဆိုတာ နောက်ထပ်ဘဝတစ်ခုမှာ လူစဖြစ်ရသလိုပါပဲ ကိုယ်က Perfect ဖြစ်နေတဲ့လူဆိုရင် တော်ယုံအဆင်မပြေဖြစ်ခဲ့ရင်တောင် Smoothly ပေါ့ဗျာ အဖုအထစ်ဖြစ်ရင်တောင် အထစ်အငေါ့မဖြစ်သွားဘူးပေါ့ ကျွန်တော်လိုအကောင် အဖက်ဖက်ကနေ လိုအပ်ချက်တွေများနေတဲ့ လူအတွက်ကတော့ တော်ယုံအဆင်မပြေတာ မပြောနဲ့ နေ့တဒူဝကိစ္စနဲ့တင်တောင် 100% ပြဿနာဖြစ်ဖို့ သေချာတယ်ဗျာ..
(Enough ကျွန်တော် အိမ်ထောင်မပြုတာမဟုတ်ပါဘူး အိမ်ထောင်ပြုဖို့မဖြစ်ဘူးဆိုတာ ခင်ဗျားတို့ နားလည်ရင် သိပ်ကောင်းမှာဗျာ။)

သူ့ကိုတော့ ဝမ်းမြောက်ဝမ်းသာကို Congratulations လုပ်ပေးပါတယ် မရေခဲလေး ထီးမိုးပေးမယ့်သူနဲ့ ဆုံတွေ့သွားရတာပေါ့ဗျာ ကျွန်တော်အတွက်တော့ မင်္ဂလာသတင်းပါပဲဗျာ။
😍😍😍

No comments: