ငပိန်းများနေတဲ့ နိုင်ငံတော်




နိုင်ငံတစ်နိုငံမှာ နိုင်ငံရေး၊စီးပွားရေးထက် ဖျော်ဖြေရေးက ပိုအရေးကြီးနေတော့ ဒီနိုင်ငံကလူတွေကြားမှာ လူလာဖြစ်ရတာ ရှက်လိုက်တာဗျာ။ 

သမ္မတအပြောင်းအလဲထက် ရုပ်ရှင်လောကက လူတွေ အတင်းပြောတာကို ရေးကြီးခွင်ကျယ်လုပ်ပြီး ဆောက်ရှက်မရှိ အလုပ်ကြီးအကိုင်ကြီး လုပ်နေကျတာ အရွယ်စုံပဲ ဒီလိုလူတွေအများစု တည်ရှိနေတော့ မြန်မာနိုင်ငံမဖွံ့ဖြိုး၊မတိုးတက်တာ မထူးဆန်းပါဘူးဗျာ။

နိုင်ငံရေးဆိုတာ ဘယ်လောက်အရေးပါတာထက် ဘယ်လောက်အကျိုးအမြတ်ရမလဲ ချိန်တွယ်နေတဲ့လူတွေကြားထဲ နိုင်ငံရေးမလုပ်ချင်လို့ ဘေးထွက်နေတာဗျ။

အရင်ကတော့ ၂၀၀၉၊၂၀၁၀ ကတော့ အပြောင်းအလဲကို တော်တော်လေးမျှော်လင့်ခဲ့တာဗျ သူတစ်နိုင်ငံမှာ အနှိမ်ခံဘဝဆိုတော့ ကိုယ့်နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရင် ခေါင်းမော့၊ရင်ကော့နိုင်ပြီပေါ့။

ကိုယ့်နိုင်ငံပြန်ရောက်လာတော့ အရင်လိုမချောင်လည်ပေမယ့် အသက်ရှုချောင်လာတော့ ဩော် ဒီမိုကရေစီဆိုတာ ထင်သလောက် မဆိုးဘူးပေါ့။

ရွေးကောက်ပွဲပြီးလို့ ချောင်လည်မလားမှတ်တယ် ဘုန်းကြီးရူးတွေ လှေလူးတွေက ဒင်းကြမ်း မတောက်တခေါက်နိုင်ငံရေးအသိနဲ့ ငါးပါးမှောက်ပြီဆိုတာ သိလိုက်ပါတယ် မြန်မာစကားပုံရှိတယ်လေဗျာ ကျားကျောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး ဗျ။

အဲ့ဒီထဲက နိုင်ငံရေးဆို သေခန်းပြတ်သွားတော့တာပါ ခင်ဗျားတို့မေးမယ်နော် ကျုပ်ကရော ဘာများကိုယ်ကျိုးစွန့်ပြီး နိုင်ငံအတွက့် ပေးဆပ်လဲလို့ မပေးဆပ်ဘူးဗျ ပေးဆပ်ရမှာ နိုင်ငံကိုမဟုတ်ဘူးဗျ ပြည်သူကိုဗျ။

ခင်ဗျားတို့ ကြည့်ပါလား အရင်ကတော့ ပြည်သူမှပြည်သူ အခုတော့ရော ဘယ်လူကမှ အာဏာနဲ့ဥစ္စာရဲ့ အရှင်သခင်မလုပ်နိုင်သေးဘူးဗျ အသက်တောင်ထပ်ပြီး လောင်းကြေးထပ်လိုက်ချင်ရဲ့။

အဲ့လိုလူတွေကြားမှာ ပြည်သူ့အတွက် နိုင်ငံရေးသမားစစ်စစ်ဆိုတာ ငါးပိအိုးထဲ ရေသန့်ရောသလို သားငန်ရေပဲ ဖြစ်သွားမှာဗျ။

အဲ့ဒါကြောင့် နိုင်ငံရေးကို အလေးမထားပဲ ပေါ်ပင်လုပ်ပြတဲ့ အရွယ်စုံလူတွေကို ရွံ့တယ်ဗျ ကန်တော့ပါရဲ့ သေးတောင်လှည့်မပန်းဘူး အဲ့လိုဟာတွေက သမ္မတပြောင်းလို့ သူတို့ငိုပြတဲ့ လွမ်းချင်းတောင် မျက်ရည်မခြောက်သေးဘူး အရည်မရ အဖတ်မရ ဆောက်ကျိုးမရှိတဲ့ ကိစ္စကို ရေးကြီးခွင်ကျယ်လုပ်ပြနေတော့ ကျွန်တော်ဆိုတဲ့ ဆောက်သုံးမကျတဲ့အကောင်က အနာဂတ်နိုင်ငံအတွက့် ရင်မောမိတယ်ဗျာ။




No comments: