You look happier!!
Isn't finding yourself.
၇နှစ်နီးပါးကို ကျွန်တော့်ကိုကျွန်တော် ရှာဖွေနေမိခဲ့တယ်..
ကုန်ဆုံးသွားတဲ့ အချိန်တွေသာ နောက်ပြန်လှည့်လို့ မရနိုင်တော့တာ ကျွန်တော့်ကိုကျွန်တော် မတွေ့ရှိခဲ့ပါဘူး..
အခက်အခဲ အတားအဆီး ရှုံးနိမ့်မှု ပူဆွေးဝမ်းနည်းမှု အကြိမ်ကြိမ်ကျုးလွန်မိတဲ့ အမှားတွေ အဲ့ဒါတွေကို ဘဝလို့ထင်ပြီး ကျွန်တော်နစ်မွန်းနေခဲ့တာလေ..
အမှားသိရင်ပြင်လို့ရတာပဲ အမှားလို့လက်ခံဖို့ အချိန်တစ်ခုတော့ ပေးဆပ်ရတာပဲလေ ဒီလိုနဲ့ တနေဝင်ပြီး တစ်မိုးချုပ်ခဲ့တာ အခုတော့ ရောင်နီသန်းလာပါပြီ..
အမှားတွေထဲကနေ အမှန်ကိုရှာဖွေရမှာဆိုပေမယ့် ကျွန်တော်က အမှားတွေကို တော်တော်ခုန်မင်မက်မောတဲ့လူလေ တစ်ခါသေဘူး ပျဉ်ဖိုးနားလည်ဆိုပေမယ့် ထပ်သေဖို့ဝန်မလေးခဲ့လို့ ထပ်မှားခဲ့တာပေါ့ ဗျာ..
ဒီလိုနဲ့ . .
Creating yourself.
ဟား ဟား ကျွန်တော့်လိုလူမျိုး ဖန်တီးရင်တော့ ကမ္ဘာကြီးလည်နေရာကနေ ရပ်တန့်သွားမှာ ဗျ ကျွန်တော်က ဖြစ်သင့်တာထက် ဖြစ်ချင်တာကို အလေးထားတဲ့သူလေ..
တချို့စိတ်ကူးတွေက လက်ခံလို့ဖြစ်နိုင်ပေမယ့် တချို့အတွေးတွေက လက်ခံလို့မဖြစ်သင့်ဘူးဆိုတာ နားလည်ပါတယ်..
သေချာတာတစ်ခုက ကျွန်တော့်ကိုကျွန်တော် မရှာဖွေတော့ဘူးဗျာ တနေ့တော့ တွေရှိမှာပါ အဲ့ဒီအချိန်ကိုလဲ စောင့်စားမနေတော့ပါဘူး ဘဝဆိုတာ အချိန်ခဏလေးပါ ခဏလေးအတွင်းမှာ ကျွန်တော်ရှင်သန်နိုင်ဖို့ ဖြစ်တည်လာပြီးသားပဲ နေထိုင်နိုင်ဖို့ ကြိုးစားယုံပါပဲ..
ဆုလဲမတောင်းတော့ပါဘူး အများကြီးလဲ မလိုချင်တော့ပါဘူး ကျွန်တော်စိတ်ချမ်းသာဖို့ အဓိကပါပဲ။
You look happier!! 😊😊
အမိုး
အမေနာမည်က ခင်မို့မို့ အဘွားခေါ်တာက ခင်မို့မို့ ယောက္ခမတွေခေါ်တာ မို့မို့ ဆွေမျိုးတွေခေါ်တာက မမို့ မမသမီး သူ့မြေးမမွေးမှပဲ အမိုးဖြစ်တော့တယ် အဲ့ဒီအမိုးဂယက်က သူ့မြေး၂ယောက်တင်မကဘူး ဆွေမျိုးတွေကပါ အမိုးဖြစ်ကုန်တော့တာ..
အမေက လူတကာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတက်တယ် ကျွန်တော်ကလွဲရင်ပေါ့ သဘောကောင်းလိုက်တာလဲ လွန်ရော အမျိုးချစ်တက်လိုက်တာလဲ သူ့အပြင်မရှိဘူး အမျိုးတွေက သူ့အပေါ်ကောင်းလားဆိုရင် တစိမှမကောင်းဘူး သူ့အမေ ကျွန်တော့်မဘွားက အစ..
ငယ်တုန်းကတော့ ဒေါသထွက်မိတယ် စိတ်တိုမိတယ် အမေ့အမျိုးတွေကြောင့် အိမ်မှာခဏခဏ စကားများရလို့ အသက်ကြီးလာတော့ စိတ်လျော့လိုက်ပါတယ် အဘွားလဲ အသက်ကြီးနေပြီ အမျိုးတွေလဲ ၅၀ကျော် ၆၀တန်းတွေဆိုတော့ ကျွန်တော်ပဲ စိတ်လျော့လိုက်ပါတယ်..
အမေလောက့် လက်ဖွာတဲ့သူလဲ မတွေ့ဘူးဘူး ကိုယ့်ကိစ္စဖြစ်ဖြစ် သူတစ်ပါးကိစ္စဖြစ်ဖြစ် လက်လွယ်သလားမမေးနဲ့ သူ့မှာမရှိရင် ချေးငှားပေးလိုက်တာ နောင်ခါလာ နောင်ခါရှင်းသမား ကျွန်တော်ကတော့ သူတစ်ပါးအောက်ကျို့ရတာ သိပ်မုန်းတဲ့လူမျိုး ကျွန်တော်က သူတစ်ပါးပေါ်လဲ သေးသေးတင်မခံဘူး ကိုယ့်အပေါ်ဆို ပိုဆိုးတော့ အမေ့ကြောင်ပြဿနာဖြစ်တာတွေကို တော်တော်ကိုမုန်းခဲ့တယ်ဗျာ..
အမေခန်း သမီးခန်းပြတ်ရတာလဲ အကြိမ်ရေမနည်းဘူး သူ့သားနဲ့သမီးကတော့ ရွှေပြည်အေးသမားတွေ အမေလဲအမေကြိုက်တာလုပ် ဝင်မပြောဘူး သူတို့လဲသူတို့ကြိုက်တာလုပ်မယ် ဝင်မပြောနဲ့ဆိုတော့ အိမ်မှာက ကျွန်တော်တစ်ယောက်ပဲ ဘီလူးဆိုင်းတီးနေရရော..
အမေနဲ့ရန်ဖြစ်ရတာ အကြိမ်ကြိမ် သေခန်းဖြတ်တာလဲ အခါခါ သားသမီးပဲဗျာ ၁ပတ်လောက်နေတော့ စိတ်ပြေသွားတာပါပဲ အမေနေမကောင်းလို့ ဆေးရုံဆေးခန်းတက်ရရင် ဟို၂ယောက်က ရွှန်းရွှန်းဝေနေတာပဲ ညအိပ်ညနေလူနာစောင့်ဆို အကြောင်းပြချက်တစ်ပုံတပင်နဲ့ ပြေးရော မတည့်အတူနေ ကျွန်တော်ပဲစောင့်ရရော..
အမေက ကျွန်တော့်အတွက် အကုန်ကောင်းပါတယ် ကျွန်တော်သေအောင်မကြိုက်တဲ့ ၂လုံးထီထိုးတာကလွဲရင် ကျွန်တော့်လောက် နင်ပဲငါဆပြောတာ ကျွန်တော့်လောက် ပြဿနညရှာတာတောင် အဲ့ဒီကိစ္စကို သူမစွန့်နိုင်သေးပါဘူး..
တနေ့တော့ သူစွန့်မှာပါဆိုတဲ့ အတွေးနဲ့ပဲ ၈ကျွန်တော့်စိတ်ကို ဖြေသိမ့်ထားလိုက်ပါယ်..
💗💗 Happy Mothers Day 💗💗 ပါ အမေ..
အမေနှင့်တကွ အမေများအားလုံးကို ကျွန်တော် ဒီနေရာကနေ ကန်တော့လိုက်ပါတယ်။
🙏🙏🙏🙏🙏
မျက်နှာမွဲ
အခုရက်ပိုင်း ပိုက်ဆံနဲ့ပတ်သတ်ပြီး ကျွန်တော့်ရက်ဘက် စုတ်ပြတ်သွားတယ်ဗျာ ကျွန်တော်ထပ်မှားပြန်ပြီ ဗျာ..
အသက်၃၇နှစ်မှ ပိုက်ဆံကို ငမ်းငမ်းတက်မလိုချင်တော့ပါဘူး လိုချင်ရင်လဲ မရပါဘူး သာမာန်မိသားစုကမွေးလာပြီး သာမာန်ဘွဲ့တစ်ခု သာမာန်အလုပ်တစ်ခုရှိတဲ့ ကျွန်တော်အတွက့် ပိုက်ဆံဆိုတာ လစာထုတ်ပြီး အိမ်မရောက်ခင်အထိ အလွန်ဆုံးတစ်နာရီပေါ့ဗျာ မြန်မာငွေသုံးသိန်းငါးသောင်းက ကျွန်တော့်ရှိမှာ အများဆုံးရှိတဲ့ လူပါ..
ဒီအသက်မှ မိဘအိမ်မှာ အခန်းသားနေပြီး တပြားမှမပေးဘဲ မနေရဲပါဘူးဗျာ ကျွန်တော့်ထမင်းစရိတ်တော့ ပြန်ပေးတာပေါ့ လခထုတ်ပြီး အိမ်ကိုပေးပြီး ကြိုသုံးထားတဲ့အကြွေးတွေဆပ်ပြီးရင် ကျွန်တော့်လက်ထဲ တစ်သိန်းကျန်တဲ့လဆိုတာ ခပ်ရှားရှားပါ..
တလတလ ကျွန်တော့်အသုံးစရိတ်တင် တစ်သိန်းငါးသောင်းလောက်ရှိတော့ အကြွေးမတင်တဲ့လဆိုတာ မရှိပါဘူး လကုန်ရင် ပိုက်ဆံစုမယ်ဆိုတဲ့ စိတ်ကူးက ရေပေါ်အရုပ်ရေးသလို ပျက်သွားရတာ..
ဒီအသက်ရောက်မှ ပိုက်ဆံကျိကျိတက် ချမ်းသာချင်လို့လဲ မရတော့ပါဘူးဗျာ အလုပ်တစ်ခုရဖို့တောင် နှစ်ဝက်လောက်စောင့်ရတဲ့ဘဝမှာ အလုပ်အသစ်လဲ မရှာရဲတော့ပါဘူး..
ကျွန်တော့်ဘဝကို ကျေနပ်သွားတာ မဟုတ်ပါဘူး ရောင့်ရဲလိုက်တာပါ ၇နှစ်သက်တမ်းကျော် အပေအတေလို ဖြစ့်ခဲ့ဘူးတာ ဒီထက်ပိုပြီး အပေအတေလို မနေချင်တော့ပါဘူး သူများတွေဘဝကို အားကျပေမယ့် မကြိုးစားတော့ဘူးဗျာ အကုန်လုံးကို လက်ခံပေးနိုင်အောင် ကြိုးစားပါမယ်..
ကျွန်တော်လဲ သာမာန်လူသားတစ်ယောက်ပဲ အားကျတာပေါ့ လိုချင်တာပေါ့ဗျာ လုံးချင်းအိမ်မှာနေ Lexus ကားစီးပြီး နောက်ဆုံးပေါ်ဖုန်းကိုင်ချင်တာပေါ့ဗျာ အခြေအနေမှ မပေးနိုင်တာဗျာ..
၂သိန်းကျော်တန်ဖုန်းတစ်လုံးတောင် မဝယ်နိုင်လို့ ဖုန်းမကောင်းတာကိုတောင် သီးခံပြီးကိုင်နေရတဲ့ လူပါ ဖုန်းအသစ်လိုချင်တာပေါ့ဗျာ ကျွန်တော်မှမဝယ်နိုင်တာ စိတ်ဆင်းရဲမခံတော့ပါဘူး တနေ့တနေ့ သောကတွေနဲ့ ဖြတ်သန်းနေရတဲ့ဘဝကို ရင်မဆိုင်ချင်တော့ပါဘူးဗျာ..
ငွေမရှိတာ တကယ်မျက်နှာငယ်ရတယ် မိဘကလွဲရင် ဘယ်သူမှ အဖက်မလုပ်ကျဘူးဗျ လူတွေအထင်ကြီးအောင်နေမိတဲ့ ကျွန်တော့်ဘာသာပဲ အပြစ်တင်ပါတယ်..
မိဘအိမ်မှာ ကပ်နေပြီး သာမာန်ဘွဲ့ရထားတဲ့ အောက်ခြေလူတန်းစားတစ်ယောက်ပါ ပိုင်ဆိုင်မှုဆိုတာ နတ္တိပါ မိဘအမွေဆိုတာလဲ မူးလို့ရှုစရာမရှိပါဘူး လူတစ်ဖက်သား အထင်ကြီးအောင် နေခဲ့မိတာကို ခွင့်လွှတ်ပေးပါဗျာ။
မှားသွားတယ်ဗျာ
သတိရတဲ့စိတ်ကို
လွတ်ပေးလိုက်မိပါတယ်
ခင်ဗျားစီ ဖုန်းခေါ်ခဲ့မိတယ်..
(မိုက်မဲမှန်းသိပါတယ်)
တားမရတဲ့စိတ်ကို
အလိုလိုက်ခဲ့မိတယ်
ခင်ဗျား wall ကို ဝင်ကြည့်မိတယ်..
(ဆုတောင်းမကောင်းဘူးဗျာ သာယာနေတာကိုမြင်ခဲ့ရတော့)
ကျွန်တော်ကလွဲရင်
အရာအားလုံးအဆင်ပြေနေတာပဲ
ဘာလို့များ ကျွန်တော်မရှိတော့တဲ့နေရာကို
အရူးတစ်ယောက်လို ဖက်တွယ်ထားမိနေတာလဲ
ရိုးရိုးလေးပါပဲ ကျွန်တော်မှားသွားတယ်..
(အမှားဆိုတာကို လက်ခံထားပြီးသားပါ ယုံဖို့ကမလွယ်ကူဘူးလေဗျာ)
သတိရနေတယ်ဆိုတဲ့ message တစ်စောင်အတွက့်
အချိန်တော်တော်ကြာသွေးပျက်ခဲ့ပါတယ်
ဒါပေမယ့် ယောင်္ကျားတစ်ယောက်ရဲ့
ပျားရည်တစက်လို့ မထင်ခဲ့မိပါဘူးဗျာ
ခင်ဗျားစာတက်သလောက်
ကျွန်တော်ညံ့ခဲ့ပါတယ်..
(ယောင်္ကျားဆိုတဲ့ ဘာသာရပ်ကို ဘယ်သောအခါမှ ကျွန်တော်နားလည်နိုင်မှာ မဟုတ်ပါဘူး)
ခင်ဗျားကိုချစ်ခဲ့တဲ့
အစိတ်အပိုင်းတစ်ခုလောက်ပဲဖဲ့ထုတ်ပြီး
ကျွန်တော်ကိုယ်ကျွန်တော်ဂရုစိုက်ပါတော့မယ်
သတိရတဲ့စိတ်ကိုမထိမ်းချုပ်ထားတော့ပါဘူး
မတားစီးထားတော့ပါဘူး..
(အဲ့ဒီနေရာမှာကျွန်တော်မရှိဘူးဆိုတာကို
လက်ခံလိုက်တာပါ)
ကျွန်တော်မရှိတဲ့အရပ်ကိုကျောခိုင်းထားလိုက်ပါပြီ။
(Thank you)
Ps : ခင်ဗျားနဲ့ပတ်သတ်သမျှ ကျွန်တော်ရေးခဲ့သမျှ မျက်ရည်ကျခဲ့ရပါတယ်
ဒီစာကိုတော့ မျက်ရည်မကျဘဲရေးနိုင်လို့ ကျွန်တော်ကျေးဇူးတင်ပါတယ်။
လွတ်ပေးလိုက်မိပါတယ်
ခင်ဗျားစီ ဖုန်းခေါ်ခဲ့မိတယ်..
(မိုက်မဲမှန်းသိပါတယ်)
တားမရတဲ့စိတ်ကို
အလိုလိုက်ခဲ့မိတယ်
ခင်ဗျား wall ကို ဝင်ကြည့်မိတယ်..
(ဆုတောင်းမကောင်းဘူးဗျာ သာယာနေတာကိုမြင်ခဲ့ရတော့)
ကျွန်တော်ကလွဲရင်
အရာအားလုံးအဆင်ပြေနေတာပဲ
ဘာလို့များ ကျွန်တော်မရှိတော့တဲ့နေရာကို
အရူးတစ်ယောက်လို ဖက်တွယ်ထားမိနေတာလဲ
ရိုးရိုးလေးပါပဲ ကျွန်တော်မှားသွားတယ်..
(အမှားဆိုတာကို လက်ခံထားပြီးသားပါ ယုံဖို့ကမလွယ်ကူဘူးလေဗျာ)
သတိရနေတယ်ဆိုတဲ့ message တစ်စောင်အတွက့်
အချိန်တော်တော်ကြာသွေးပျက်ခဲ့ပါတယ်
ဒါပေမယ့် ယောင်္ကျားတစ်ယောက်ရဲ့
ပျားရည်တစက်လို့ မထင်ခဲ့မိပါဘူးဗျာ
ခင်ဗျားစာတက်သလောက်
ကျွန်တော်ညံ့ခဲ့ပါတယ်..
(ယောင်္ကျားဆိုတဲ့ ဘာသာရပ်ကို ဘယ်သောအခါမှ ကျွန်တော်နားလည်နိုင်မှာ မဟုတ်ပါဘူး)
ခင်ဗျားကိုချစ်ခဲ့တဲ့
အစိတ်အပိုင်းတစ်ခုလောက်ပဲဖဲ့ထုတ်ပြီး
ကျွန်တော်ကိုယ်ကျွန်တော်ဂရုစိုက်ပါတော့မယ်
သတိရတဲ့စိတ်ကိုမထိမ်းချုပ်ထားတော့ပါဘူး
မတားစီးထားတော့ပါဘူး..
(အဲ့ဒီနေရာမှာကျွန်တော်မရှိဘူးဆိုတာကို
လက်ခံလိုက်တာပါ)
ကျွန်တော်မရှိတဲ့အရပ်ကိုကျောခိုင်းထားလိုက်ပါပြီ။
(Thank you)
Ps : ခင်ဗျားနဲ့ပတ်သတ်သမျှ ကျွန်တော်ရေးခဲ့သမျှ မျက်ရည်ကျခဲ့ရပါတယ်
ဒီစာကိုတော့ မျက်ရည်မကျဘဲရေးနိုင်လို့ ကျွန်တော်ကျေးဇူးတင်ပါတယ်။
Subscribe to:
Posts (Atom)