အမိုး



အမေနာမည်က ခင်မို့မို့ အဘွားခေါ်တာက ခင်မို့မို့ ယောက္ခမတွေခေါ်တာ မို့မို့ ဆွေမျိုးတွေခေါ်တာက မမို့ မမသမီး သူ့မြေးမမွေးမှပဲ အမိုးဖြစ်တော့တယ် အဲ့ဒီအမိုးဂယက်က သူ့မြေး၂ယောက်တင်မကဘူး ဆွေမျိုးတွေကပါ အမိုးဖြစ်ကုန်တော့တာ..

အမေက လူတကာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတက်တယ် ကျွန်တော်ကလွဲရင်ပေါ့ သဘောကောင်းလိုက်တာလဲ လွန်ရော အမျိုးချစ်တက်လိုက်တာလဲ သူ့အပြင်မရှိဘူး အမျိုးတွေက သူ့အပေါ်ကောင်းလားဆိုရင် တစိမှမကောင်းဘူး သူ့အမေ ကျွန်တော့်မဘွားက အစ..

ငယ်တုန်းကတော့ ဒေါသထွက်မိတယ် စိတ်တိုမိတယ် အမေ့အမျိုးတွေကြောင့် အိမ်မှာခဏခဏ စကားများရလို့ အသက်ကြီးလာတော့ စိတ်လျော့လိုက်ပါတယ် အဘွားလဲ အသက်ကြီးနေပြီ အမျိုးတွေလဲ ၅၀ကျော် ၆၀တန်းတွေဆိုတော့ ကျွန်တော်ပဲ စိတ်လျော့လိုက်ပါတယ်..

အမေလောက့် လက်ဖွာတဲ့သူလဲ မတွေ့ဘူးဘူး ကိုယ့်ကိစ္စဖြစ်ဖြစ် သူတစ်ပါးကိစ္စဖြစ်ဖြစ် လက်လွယ်သလားမမေးနဲ့ သူ့မှာမရှိရင် ချေးငှားပေးလိုက်တာ နောင်ခါလာ နောင်ခါရှင်းသမား ကျွန်တော်ကတော့ သူတစ်ပါးအောက်ကျို့ရတာ သိပ်မုန်းတဲ့လူမျိုး ကျွန်တော်က သူတစ်ပါးပေါ်လဲ သေးသေးတင်မခံဘူး ကိုယ့်အပေါ်ဆို ပိုဆိုးတော့ အမေ့ကြောင်ပြဿနာဖြစ်တာတွေကို တော်တော်ကိုမုန်းခဲ့တယ်ဗျာ..

အမေခန်း သမီးခန်းပြတ်ရတာလဲ အကြိမ်ရေမနည်းဘူး သူ့သားနဲ့သမီးကတော့ ရွှေပြည်အေးသမားတွေ အမေလဲအမေကြိုက်တာလုပ် ဝင်မပြောဘူး သူတို့လဲသူတို့ကြိုက်တာလုပ်မယ် ဝင်မပြောနဲ့ဆိုတော့ အိမ်မှာက ကျွန်တော်တစ်ယောက်ပဲ ဘီလူးဆိုင်းတီးနေရရော..

အမေနဲ့ရန်ဖြစ်ရတာ အကြိမ်ကြိမ် သေခန်းဖြတ်တာလဲ အခါခါ သားသမီးပဲဗျာ ၁ပတ်လောက်နေတော့ စိတ်ပြေသွားတာပါပဲ အမေနေမကောင်းလို့ ဆေးရုံဆေးခန်းတက်ရရင် ဟို၂ယောက်က ရွှန်းရွှန်းဝေနေတာပဲ ညအိပ်ညနေလူနာစောင့်ဆို အကြောင်းပြချက်တစ်ပုံတပင်နဲ့ ပြေးရော မတည့်အတူနေ ကျွန်တော်ပဲစောင့်ရရော..

အမေက ကျွန်တော့်အတွက် အကုန်ကောင်းပါတယ် ကျွန်တော်သေအောင်မကြိုက်တဲ့ ၂လုံးထီထိုးတာကလွဲရင် ကျွန်တော့်လောက် နင်ပဲငါဆပြောတာ ကျွန်တော့်လောက် ပြဿနညရှာတာတောင် အဲ့ဒီကိစ္စကို သူမစွန့်နိုင်သေးပါဘူး..

တနေ့တော့ သူစွန့်မှာပါဆိုတဲ့ အတွေးနဲ့ပဲ ၈ကျွန်တော့်စိတ်ကို ဖြေသိမ့်ထားလိုက်ပါယ်..

💗💗 Happy Mothers Day 💗💗 ပါ အမေ..

အမေနှင့်တကွ အမေများအားလုံးကို ကျွန်တော် ဒီနေရာကနေ ကန်တော့လိုက်ပါတယ်။
🙏🙏🙏🙏🙏


No comments: