ဗိုလ်ကြီးရီ










ယောင်္ကျားလေးတွေကို မျက်နှာများတယ်ဆိုပြီး စိတ်တိုကျတယ် မိန်းမတွေကရော ဘာထူးသလဲ အတူတူပါပဲဗျာ ကျွန်တော်ကထိပ်ဆုံးကနေမယ်ထင်တယ်..


လူတစ်ယောက်ကို ၁နှစ်လောက်တောင် ရင်မခုန်တက်တော့တာ လွန်တာဗျာ ရင်ဘက်က Pro ဆန်သွားတာနေမှာပါ..


အခုလဲ ရင်ခုန်မိပြန်ပြီ ကောင်းပါတယ် မနီးစပ်နိုင်တဲ့လူကို ရင်ခုန်ရတာ ခံစားချက်ပိုကောင်းတာပေါ့ စိတ်ကူးနဲ့ရူးရတာက ကျွန်တော်လိုကောင်အတွက် အကောင်းဆုံးပါ..


သေချာတာက 2020 အစပိုင်းတော့ ဒီတစ်ယောက်နဲ့ပဲ ရင်ခုန်နေရအုန်းမှာပါ ကျန်တဲ့လူတွေ ဘေးကင်းတာပေါ့..


အထီးကျန်တယ်ဆိုတာ ခပ်တုံးတုံးလူတွေအတွက်ပါ အသည်းကွဲတယ်ဆိုတာ ထက်မြက်တဲ့လူတွေအတွက်လို့ ကျွန်တော်ခံယူထားပါတယ် ဟိုမရောက်ဒီမရောက် ကျွန်တော့်လိုလူအတွက်တော့ ရင်ခုန်စရာတွေက အများကြီးပါဗျာ..


အလုပ်မရှိမှာစိုးရိမ်ရတာနဲ့ ပိုက်ဆံမရှိတာစိုးရိမ်ရတာနဲ့ ခရီးသွားဖို့စိတ်ပူရတာနဲ့ ၁နှစ်ဆိုတဲ့အချိန်က ခဏလေးနဲ့ကုန်သွားလိုက်တာ အသက်တောင်တော်တော်လေးရလာပြီ..


ဟား ဟား အခုထိတော့ ကိုယ့်ဘာသာကိုယ် အသက်ကြီးလာတယ်လို့ မခံစားရသေးဘူးဗျ ဒါနဲ့ပဲ ရင်ခုန်သံတွေကမရပ်တန့်သေးတာနေမှာပါ..


တကယ်ပြောတာဗျ ခရီးသွားနေတာတောင် စိတ်တွေက ဗိုလ်ကြီးရီစီရောက်နေတာ ကံကောင်းလို့ ပင်လယ်ထဲရေနစ်မသေပဲ ရန်ကုန်ပြန်ရောက်လာတာဗျ..


အခုဆိုရင် စနေ၊တနင်္ဂနွေရောက်ဖို့ ဆုတောင်းနေတက်ပြီ အလုပ်နားရက်ကိုဆုမတောင်းခဲ့မိဘူး ဗိုလ်ကြီးရီကြည့်မိတော့မှပဲ ဆုတောင်းတက်နေပြီ..


Credit: https://m.facebook.com/story.php


၁၆ပိုင်းကိုကြည့်ဖို့ ၁၆လလောက် စောင့်နေရသလို ခံစားရတယ်ဗျာ တကယ်ပြောတာပါ။



ဘာသာခြားမေတ္တာ




Source;https://www.google.com/

မိုးအကုန်ဆောင်းအကူးကာလ နိုဝင်ဘာလရဲ့နေ့တနေ့ ရန်ကုန်မြို့ရှိ ဘာသာခြားတို့အများစုနေထိုင်ရာ မဆလာစက်မှတ်တိုင်ကနေ YBS ကားပေါ်ကို တုန်တုန်ချိချိတက်လာသော အသက်၇၀ ဝန်းကျင် အဘွားအိုနှင့်အသက်၃နှစ်ခန့် မြေးအရွယ်ကလေးငယ်...


မြေးအဘွားနှစ်ဦးစလုံး ကိုးကွယ်ရာဘာသာ၏ ဓလေ့ထုံးတမ်းဖြစ်သော Hijab @ ခေါင်းမြီးခြုံထားကြသည်..


အချိန်အခါမဟုတ်ရွာသွန်းသော မုန်တိုင်းမိုးကြောင့် YBS Bus ကားကြမ်းပြင်တွင် မိုးရေတို့ရွှဲရွှဲစိုနေ၏..


မှတ်တိုင်မှတက်လာသော အဆိုပါမြေးအဘွားနှစ်ဦးကို ချော်လဲမည့်ဘေးမှကင်းဝေးစေရန် ဝင်ပေါက်အနီးရှိဟိန္ဒူအမျိုးသမီးတစ်ဦးမှ ဖေးမပေးထားသည်.. ( စိုးရိမ်စိတ်ဖြင့် တစ်ကားလုံးရှိ အာရုံစိုက်မှုက ထိုမြေးအဘွားးအပေါ်တွင် တည်ရှိနေသည် )


နေ့တဒူဝ စိတ်မရှည်စွာ ကျွန်တော်ဖြတ်သန်းရသော ဒေါ်သိန်းတင်မီးပွိုင့်ကို ဒီနေ့တွင် ထူးထူးခြားခြားကျေးဇူးတင်လိုက်မိပါသည်.. ( အဆိုပါမီးပွိုင့်၏ ကြာမြင့်လှစွာသော ကိန်းဂဏန်းများအောက်တွင် ထိုမြေးအဘွားကို YBS ပေါ်ရှိ လူများမှဖေးမကူညီပြီး ကားအဆင်းပေါက်အနီးရှိ ထိုင်ခုံတွင်​ေနရာချပေးလိုက်ကြပါသည် )


YBS ကားကြီး ကုန်သည်လမ်းပေါ်အရောက်တွင် ခုံနေရာမှထ၍ ထိုမြေးအဘွားအနီးရှိထိုင်ခုံနားတွင် ဆင်းရမည့်မှတ်တိုင် ကျွန်တော်စောင့်ဆိုင်းနေစဉ် သမီးထိုင်ပါလားဆိုသည့် စကားသံနှင့်အတူ သူ့နေရာကိုလူတစ်ကိုယ်စာရွေ့ပေးလိုက်သည်..


ကျွန်တော်နှုတ်ခမ်းမှ ကြည်လင်သောအပြုံးတစ်ပွင့် ထွက်ပေါ်လာပြီး သမီးရှေ့မှတ်တိုင်မှာဆင်းတော့မှာပါ ကျေးဇူးတင်ပါတယ်..


ဆင်းရမည့်မှတ်တိုင်မရောက်ခင် ကမန်းကတန်း ပိုက်ဆံအိတ်ဖွင့်ပြီး သမီးကားခလှူတာပါဆိုသည့် စကားနှင့်အတူ အဘွားအိုလက်ကိုဆုပ်ကိုင်မိသည့် အချိန်တွင် ဘာသာခြားနှစ်ဦး၏ အရောင်ကင်းမဲ့သော မေတ္တာတရားကို လက်တွေ့ခံစားသိရှိလိုက်ရပါသည်...။

ဂရုစိုက်ပါဟန်နီ - ဝေလ







နင်မပျော်တဲ့တစ်နေ့ ထွက်သွားချင်သွားနိုင်တယ်



နင်ပြန်လာချင်တဲ့တစ်နေ့ စိတ်ကူးပေါ်ခဲ့ရင်ကွယ်



ဟန်နီ ...ဟန်နီ...ဟန်နီ ... နင်ရောက်ရာအရပ်က ဖုန်းဆက်..



မိုင်တွေခြားလည်း တစ်မိနစ်မှ ၁၅ကျပ်ထဲ



အဆင်မပြေမှုများအတွက် အကြာကြီးရင်ဖွင့်နိုင်တယ်



ဟန်နီ...ဟန်နီ...ဟန်နီ... မင်းအခက်အခဲတွေ တွေ့ချိန်တိုင်းမှာ



ငါ့ဆီခလုတ်နှိပ်လိုက်ပါကွယ် ...


ငြိမ်းချမ်းတဲ့စိတ်


-----------------------------
❇️ ငြိမ်းချမ်းတဲ့စိတ်
-----------------------------
ကြည်လင်ရွှင်လန်းတဲ့သူ ငြိမ်းချမ်းတဲ့သူ
ဖြစ်ဖို့ သင့်မှာ အခွင့်အရေးရှိပါတယ်။
ကြည်လင် ရွှင်လန်းတဲ့သူ ငြိမ်းချမ်းတဲ့သူ
ဖြစ်ဖို့ တာဝန်လည်း ရှိပါတယ်။
ငြိမ်းချမ်းတဲ့စိတ်မှာ အစွမ်းသတ္တိရှိတယ်။ မငြိမ်းချမ်းတဲ့စိတ်မှာ အစွမ်းသတ္တိမရှိဘူး။
စိတ်အေးချမ်းတဲ့သူဟာ ကိုယ့်ဘဝမှာ တကယ်အရေးအကြီးဆုံး အလေးနက်ဆုံး တန်ဖိုးအရှိဆုံးဖြစ်တဲ့ အသိဥာဏ်တွေရဖို့ လုပ်နိုင်တယ်။
ကိုယ့်ကိစ္စအတွက် ကိုယ့်ကိုယ်ကို အချိန်ပိုပေးနိုင်တယ်။
သင့်ရဲ့စိတ်ငြိမ်းချမ်းမှုထက် ပိုပြီး
တန်ဖိုးရှိတဲ့အရာ ဘယ်လိုအရာမျိုးမှ
မရှိပါဘူး။
တည်ငြိမ်အေးချမ်းပြီးတော့ အသိဥာဏ် ရင့်ကျက်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အရေးဟာ ဘဝမှာ အရေးအကြီးဆုံးဖြစ်တယ်။
ဘာဘွဲ့မှမရ ဘာအတန်းမှ မအောင်လည်း သူ့ဘဝကိုသူ အေးအေးချမ်းချမ်း သတိနဲ့
ယှဉ်ပြီး ဥာဏ်နဲ့ ယှဉ်ပြီးနေသွားတဲ့သူကို
ဘဝကို အောင်အောင်မြင်မြင်
နေသွားတဲ့သူလို့ ဆိုနိုင်တယ်၊၊
ပစ္စည်းဥစ္စာတွေအများကြီးရှိပေမယ့် ရာထူး အမြင့်ကြီးရှိပေမယ့် စိတ်အေးချမ်းမှု မရှိရင် မအောင်မြင်တဲ့သူပဲ။
လေးနက်တဲ့ မြင့်မြတ်တဲ့အသိဥာဏ်
ရှိလေလေ စိတ်အေးချမ်းမှု ရလေလေ အောင်မြင်လေလေလို့ ပြောလို့ရတယ်။
ဒီလိုမဟုတ်ဘဲနဲ့ လေးနက်တဲ့ မြင့်မြတ်တဲ့ စိတ်ထားနဲ့ အသိဥာဏ်မရှိတဲ့သူဟာ…
ပစ္စည်းဥစ္စာရှိလေလေ အကုသိုလ်
များလေလေ ဖြစ်လာတာပဲ။
ရာထူးကြီးလေလေ မကောင်းမှု
ပိုလုပ်လေလေ ဖြစ်လာတာပဲ။
အဲဒီလိုမတရားမှုတွေ မကောင်းမှုအကုသိုလ် တွေကို လုပ်ထားတဲ့အတွက်ကြောင့် စိတ်မချမ်းသာမှုဆိုတာ ဖြစ်နေမှာပဲ။
တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဟာ အဆင့်အတန်းနိမ့်တဲ့ စိတ်မျိုးဖြစ်တယ်။
သူတစ်ပါးကို ငဲ့ညှာထောက်ထားမှုမရှိဘဲ တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဟာ
dignity မရှိဘူး။
တည်ကြည်ခန့်ညားမှု၊ ဣနြေ္ဒသိက္ခာ မရှိဘူး။ လေးနက်မှု၊ မြင့်မြတ်မှု မရှိဘူး။ စိတ်ကြည် လင်အေးချမ်းမှုလည်း မရှိဘူး။
ရဖို့ထက် သိဖို့က ပိုအရေးကြီးတယ်။
ရတာထက် သိတာက ပိုတန်ဖိုးရှိတယ်။
ပိုအကျိုးရှိတယ်။ ကျေနပ်မှု
အေးချမ်းမှု ပိုပေးတယ်။
လူအများဟာ သိဖို့ထက်
ရဖို့ကို ပိုဦးစားပေးကြတယ်။
ဒါကြောင့် မအေးချမ်းတာဘဲ။ မသိတဲ့
သူဟာ မရလည်းဒုက္ခ ရလည်း ဒုက္ခပါပဲ။ 
စိတ်ရဲ့ကြည်လင်မှု၊ အေးချမ်းမှု သန့်ရှင်းမှု အသိဥာဏ်ရဲ့နက်နဲမှုအပေါ်မှာ မူတည်ပြီး
တော့ ကိုယ့်ဘဝရဲ့အရည်အသွေးဆိုတာ ဖြစ်လာတာပဲ။
ကိုယ့်ဘဝမှာ အဆင်ပြေတယ်
မပြေဘူးဆိုတာ ဖြစ်လာတာပဲ။
သင်ဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကို ရပြီဆိုရင် သင့်အတွက် အကျိုးဖြစ်ထွန်းစေမှု မရှိတဲ့ အတွေးတွေနဲ့ စိတ်ရဲ့တုန့်ပြန်မှုတွေကို အလိုအလျောက် ပယ်လိုက်မယ်။
လောကကြီးကို တန်ဖိုးထားဖို့ဆိုတာ ကိုယ့်စိတ်မှာ အေးချမ်းမှု ရှိရမယ်။
အေးချမ်းမှုရှိမှ နူးညံ့သိမ်မွေ့မှု
ဖြစ်လာတယ်။ နက်နဲမှုရှိလာတယ်။
အေးချမ်းမှုမရှိရင် နူးညံ့သိမ်မွေ့မှု
နက်နဲမှုဆိုတာ မဖြစ်တော့ဘူး။
အသိအမြင်ရှင်းဖို့ဆိုတာ စိတ်တည်ငြိမ်မှ စိတ်ချမ်းသာမှ ရမယ်။
စိတ်မတည်ငြိမ်တဲ့သူ စိတ်ဆင်းရဲနေတဲ့
လူဟာ အသိအမြင်မရှင်းဘူး။
တည်ငြိမ်မှု အေးချမ်းမှုရှိမှ
အမှန်ကို သိနိုင်တယ်။
စိတ်တည်ငြိမ် အေးချမ်းတဲ့လူဟာ မှတ်ဥာဏ်လည်း ပိုကောင်းလာတယ်။
အထူးသဖြင့် ဆက်စပ်ပြီးတော့ စဉ်းစားလို့ ရတယ်။ ထိုးထွင်းပြီးတော့ မြင်တယ်။
မတည်ငြိမ် မအေးချမ်းတဲ့လူဟာ
မေ့လွယ်တယ်။
စိတ်တည်ငြိမ် အေးချမ်းရင် ဘာအလုပ်ပဲ လုပ်လုပ် အချိန်ကုန် သက်သာတယ်။ လူပင်ပန်းလည်း သက်သာတယ်။
မြန်မြန်ဆန်ဆန် အေးအေးဆေးဆေး
ပြီးတယ်။ အမှားအယွင်းနည်းတယ်။
ကိုယ့်ဘဝ အခြေအနေပေးရင်
ပေးသလောက် စိတ်အေးချမ်းအောင် အသိဥာဏ်ကောင်းသထက် ကောင်းအောင်
ကြိုးစားပြီး လုပ်တဲ့အကျင့်ကို
ငယ်ငယ်ထဲက လုပ်သင့်တယ်။
အဲသလို ငယ်ငယ်ထဲက လုပ်ရင် သိပ်အသက်မကြီးသေးခင်မှာပဲ…
စိတ်နေသဘောထားကော အသိဥာဏ်ကော အများကြီး လေးနက်ရင့်ကျက်သွားလိမ့်မယ်။
တစ်ဘဝက နှစ်ဘဝစာလောက် ဖြစ်သွားလိမ့်မယ်။ ဘဝကိုနေရတာ တကယ်တွက်ခြေကိုက်လာမယ်။
စိတ်အေးအေးချမ်းချမ်းနေချင်ရင် သူများ အကြောင်းကို တတ်နိုင်သလောက် မပြောပဲ နေတာကောင်းတယ်။
အထူးသဖြင့် သူများမကောင်းကြောင်း မပြောဘဲနေတာ ကောင်းတယ်။
စိတ်ငြိမ်းချမ်းသွားတဲ့သူဟာ စဉ်းစားပုံ
တွေးခေါ်ပုံ အရင်ကနဲ့ မတူတော့ဘူး။
တန်ဖိုးထားတာတွေ မတူတော့ဘူး။
အရင်တုန်းက ပစ္စည်းဥစ္စာ အပျော်အပါး၊ ကျော်ကြားမှု ဂုဏ်ပကာသနကို
သိပ်မက်တဲ့ လူဟာ …
စိတ်တကယ်ငြိမ်းချမ်းသွားတဲ့အခါမှာ
အဲဒါတွေက သိပ်ကလေးဆန်တယ်
ဆိုတာ သိလာတယ်။
အဲဒါတွေဟာ အပေါ်ယံပဲဆိုတာကိုလည်း သိတယ်။ အယူအဆ မတူတာရှိလာပြီ
ဆိုရင် မျှမျှတတ ကြည့်တတ်လာတယ်။
ကိုယ့်ဘက်ကော သူ့ဘက်ကော ထောင့်စေ့ အောင် ကြည့်ဖို့ သဘောထားကြီးကြီးထား တတ်လာတယ်။
ကိုယ်လိုသလို တစ်ဖက်သတ် အဓိပ္ပါယ် မကောက်ဘူး။ တစ်ကိုယ်ကောင်းမဆန်ဘူး။ တစ်ဖက်သတ် အနိုင်မယူဘူး။
တစ်ခုခု ကြုံကြိုက်လာရင် ချက်ချင်း
ပြန်ပြီးတော့ မတုံ့ပြန်ဘူး။
သူ့မှာ သတိရှိတယ်၊ ဥာဏ်ရှိတယ်။ ချင့်ချိန်နိုင်တယ်။
သတိမပါ ဥာဏ်မပါဘဲနဲ့ မြင်တိုင်း ကြားတိုင်း စိတ်က အလိုအလျောက် တုံ့ပြန်နေမယ်
ဆိုရင်တာ့ လွတ်လပ်တဲ့သူ မဟုတ်ဘူး။
အမြဲတမ်း အပြစ်တင်နေတတ်တဲ့သူရဲ့
အနားမှာ ဘယ်သူမှမနေချင်ဘူး။
အမြဲတမ်း မကျေမနပ်ဖြစ်နေရင်
ကိုယ့်မှာ ပူလောင်တဲ့စိတ် ဖြစ်ရသလို
ပတ်ဝန်းကျင်က လူတွေကိုလည်း
ပူလောင်မှုတွေ ကူးစက်ပါတယ်။
ငါလည်း သူတစ်ပါးကို လွန်လွန်ကျွံကျွံ အပြစ်မတင်တဲ့သူဖြစ်အောင် ပြောချင် နေတဲ့စိတ်ကို သိအောင် ကြိုးစားမယ်။
ပြောတဲ့အခါလည်း ငါ့အသံနေ အသံထားနဲ့ စကားလုံး အသုံးအနှုံးကို သတိထားမယ်
ဆိုတဲ့ စိတ်ကို ခံယူထားသင့်တယ်။
ငြိမ်းချမ်းတဲ့စိတ် နူးညံ့တဲ့စိတ်နဲ့ တတ်နိုင်သလောက် နေမယ်။
ငြိမ်းချမ်းတာ နှုးညံ့တာနဲ့ ပျော့ညံ့တာဟာ မတူဘူးလို့ သဘောပေါက်ထားရင်…
ငြိမ်းချမ်းတာ နူးညံ့တာဟာ ခိုင်မာမှုရှိလို့ ရင့်ကျက်မှုရှိလို့ဆိုတာကို မြင်လာပါလိမ့်မယ်။
တကယ်လေးနက်မြင့်မြတ်တဲ့ အသိဥာဏ်ကို
လိုချင်ရင် စိတ်ကို ငြိမ်းချမ်းအောင် ထားရမယ်။
မဖြစ်စလောက်ကိစ္စနဲ့ စိတ်ပင်ပန်းအောင် မလုပ်သင့်ဘူး။
မဖြစ်စလောက်ကိစ္စနဲ့ ကိုယ်ပင်ပန်း နွမ်းနယ်အောင် မလုပ်သင့်ဘူး။
မသွားသင့်တဲ့ အပိုခရီးတွေ မကြည့်သင့်တဲ့ အပိုကိစ္စတွေ မပြောသင့်တဲ့ အပိုစကားတွေ
နားမထောင်သင့်တဲ့ အပိုစကားတွေ
ကိုလည်း နားမထောင်သင့်ဘူး။
အပိုတွေ မှန်သမျှ လျှော့ရမှာပဲ။
ကိုယ့်ရဲ့အချိန်နဲ့အင်အားကို
ချွေတာသင့်တယ်။
စိတ်ငြိမ်းချမ်းအောင်
နေ့စဉ်လုပ်ရမယ်။
ဘာဖြစ်လို့လဲဆိုတော့ စိတ်မငြိမ်းချမ်းအောင် လုပ်နေတဲ့အရာတွေက ကိုယ့်ပတ်ဝန်းကျင်မှာ နေ့စဉ်ရှိနေလို့ပါ။
လုပ်တတ်ရင် အချိန်တိုင်းဟာ တရားအားထုတ်တဲ့အချိန်ပါ။
နေတတ်ရင် နေရာတိုင်းဟာ တရားအားထုတ်တဲ့နေရာပါ။
ဘယ်အချိန်ကျမှ၊ ဘယ်နေရာကျမှလို့ အချိန်ရွှေ့နေဖို့၊ နေရာရွေးနေဖို့ မလိုပါဘူး။
ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေ ဆွေမျိုးတွေကို တရားလက်ဆောင်ပေးပါ။ ကိုယ့်သားသမီးတွေကို တရားအမွေပေးပါ။
ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

#Via - Paral Lei


Thanks for sharing.

🙏🙏🙏

မိစ္စာ

 

လူဆိုတဲ့မိစ္စာကောင်တွေကြားထဲမှာ

ကျွန်တော်ရှင်သန်နိုင်ဖို့ဆိုတာ

တကယ်မလွယ်ပါဘူး..

နောက်ကျောကိုထိုးတဲ့ဓါးတွေ

အပြုံးတုတွေအောက်က 

အမုန်းမျက်လုံးတွေ

ကျောခိုင်းလိုက်တာနဲ့

လျှံကျလာတဲ့အတင်းစကားတွေ

အကုန်လုံးကို(တကယ်)စိတ်ကုန်နေပြီဗျာ..

ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူး

ထားခဲ့လိုက်ပါတော့ အဲ့ဒီစကားတွေကို

ခင်ဗျားခေါင်းကိုလူတက်နင်းမှမခံရဘူးတာဗျာ

ခင်ဗျားရွတ်ဆိုနိုင်တာမဆန်းပါဘူး..

ပိုက်ဆံဆိုတဲ့အကောင်ကိုဖက်တွယ်ထားပြီး

ရွှေထီးမဆောင်းချင်တော့ပါဘူး

လက်ဗလာနဲ့မြေကြီးပေါ်ကိုရဲရဲကြီးခုန်ဆင်းလိုက်ပါပြီ

နောက်ကျောထိုးတဲ့ဓါးတွေ၊အပြုံးတုတွေ၊အတင်းအဖျင်းတွေ

ဝေးတဲ့အရပ်မှာပဲနေချင်ပါတော့တယ်..

သူတော်ကောင်းကြီးမဖြစ်ခဲ့ပေမယ့်

ကျွန်တော်လူယုတ်မာတော့မဖြစ်ခဲ့ပါဘူး

လူယုတ်မာတွေကြားမှာဖြူစင်နေသမျှကာလပတ်လုံး

ကျွန်တော်မျက်ရည်ကျနေရတဲ့ဘဝက

ရှင်ကြီးဂေါတမတကယ်မတရားဘူးဗျာ..

အကုသိုလ်ကြီးလို့လူဖြစ်ရတဲ့ကြားထဲ

ကျွန်တော်တစ်ယောက်က

သူများထက်ထူးပြီးမယုတ်မာတက်တော့

လူတွေကြားထဲမှာ 

ဝဋ်ကြီးနေရတယ်။

ကျွန်ချင်းတူရင်တောင် 

ဘုံကျွန်ဖြစ်ရတဲကောင်ကိုပိုပြီးသနားတယ်ဗျ

တနေ့ထမင်းနှစ်နပ်စားပြီး

ကျောတခင်းစားအိပ်ရတာချင်းတူပေမယ့်

ဘုံကျွန်ရဲ့အိမ်မက်ဆိုတာ 

ရေပေါ်အရုပ်ရေးသလိုပါပဲ

တနေ့တော့

ကျွန်ဘဝဇာတ်သိမ်းရမယ်လို့

ကြွေးကြော်ရင်း

ဘုံကျွန်တစ်ကောင် နေဝင်သွားရတာပဲ။

Forever Love





Singer : Wang Leehom 王力宏
Album :Shangri-La
Title : Forever Love
English Title : Forever Love

愛你, 不是因為你的美而已
Ài nǐ, bùshì yīnwèi nǐ dì měi éryǐ
Love you, not because your beauty


我越來越愛你 / 每個眼神觸動我的心
wǒ yuè lái yuè ài nǐ/ měi gè yǎnshén chùdòng wǒ de xīn
I love you more and more, your every eye contact touch my heart


因為你讓我看見Forever / 才瞭解自己
yīnwèi nǐ ràng wǒ kànjiàn Forever/ cái liǎojiě zìjǐ
Because you let me see forever and I understand myself


未來這些日子 / 要好好珍惜
wèilái zhèxiē rìzi/ yào hǎohǎo zhēnxī
I really want to treasure these future days


愛我, 有些痛苦 / 有些不公平
ài wǒ, yǒuxiē tòngkǔ/ yǒuxiē bù gōngpíng
Love me, there will be pain, will be unfairness


如果真的愛我 / 不是理所當然的決定
rúguǒ zhēn de ài wǒ/ bùshì lǐsuǒdāngrán de juédìng
If you really love me, it's not an "of course" decision


感到你的呼吸在我耳邊 / 像微風神奇
gǎndào nǐ de hūxī zài wǒ ěr biān/ xiàng wéifēng shénqí
Feel your breath in my ear just like magic breeze


溫柔的安撫 / 我的不安定
wēnróu de ānfǔ/ wǒ de bù āndìng
Your tenderness calm my uneasiness


所以我~ 要 / 每天研究你的笑容 Ooh ~ 多麼自然
suǒyǐ wǒ ~ yào/ měitiān yánjiū nǐ de xiàoróng Ooh ~ duōme zìrán
So I, want learn your smile everyday Ooh ~ how natural it is


Forever love, Forever love
我只想用我這一輩子去愛你
wǒ zhǐ xiǎng yòng wǒ zhè yībèizi qù ài nǐ
I just want to spend all of my life to love you


從今以後 / 你会是所有 / 幸福的理由
cóng jīn yǐhòu/ nǐ huì shì suǒyǒu/ xìngfú de lǐyóu
From now on, you will be the reason of all my happiness


愛情, 是場最美最遠的旅行
àiqíng, shì chǎng zuìměi zuì yuǎn de lǚxíng
Love, is the most beautiful farthest journey


沿途雨季泥濘 / 偶爾阻礙我們的前進
yántú yǔjì nínìng/ ǒu'ěr zǔ'ài wǒmen de qiánjìn
The muddy rainy season sometimes hinder our progress


感到你的體溫在我懷裡 / 像陽光和煦
gǎndào nǐ de tǐwēn zài wǒ huái lǐ/ xiàng yángguāng héxù
Feel your body temperature in my arms, just like a sunshine


巧妙的融化 / 我的不安定
qiǎomiào de rónghuà/ wǒ de bù āndìng
You magically calm my uneasiness


不可思議 / 證明我愛你的理由 Ooh ~ 多麼自然
bùkěsīyì/ zhèngmíng wǒ ài nǐ de lǐyóu Ooh ~ duōme zìrán
Unbelievable, this prove my reason to love you Ooh ~ how naturally


Forever love, Forever love
我只想用我這一輩子去愛你
wǒ zhǐ xiǎng yòng wǒ zhè yībèizi qù ài nǐ
I just want to spend all of my life to love you


從今以後 / 你会是所有 / 幸福的理由
cóng jīn yǐhòu/ nǐ huì shì suǒyǒu/ xìngfú de lǐyóu
From now on, you will be the reason of all my happiness


你感動的眼睛 / 我沉默的聲音 / 彷彿就是最好的證明
nǐ gǎndòng de yǎnjīng / wǒ chénmò de shēngyīn /  fǎngfú jiùshì zuì hǎo de zhèngmíng
Your flickering eyes, my silent voice, that is the best proof


就讓我在說一次 I love you oh (直到永遠)
jiù ràng wǒ zài shuō yīcì I love you oh (zhídào yǒngyuǎn)
Just let me say one more I love you oh (Forever)


Forever love, Forever love
我只想用我這一輩子去愛你
wǒ zhǐ xiǎng yòng wǒ zhè yībèizi qù ài nǐ
I just want to spend all of my life to love you


從今以後 / 你会是所有 / 幸福的理由
cóng jīn yǐhòu/ nǐ huì shì suǒyǒu/ xìngfú de lǐyóu
From now on, you will be the reason of all my happiness


Forever Love Forever Love Forever Love

#This song for my smart guy, Soon. Too late, but i wanna say to you thank you.

မဲ့ပြုံး



လဲကျသွားရင်တောင်

ကောင်းကင်ကို ပက်လက်လှန်ကြည့်ပြီး

ရယ်မောနေလိုက်ပါ

ဘဝကိုအရှုံးမပေးပါနဲ့..


တနေ့ကဖတ်မိလိုက်တဲ့ စာသားလေးပါ

ကျွန်တော်လဲကျချင်နေပါပြီ

အရှုံးလဲမပေးချင်ပါဘူး

မရယ်မောနိုင်ပေမယ့်

ကောင်းကင်ကြပြီး မဲ့ပြုံးလေးတော့

ပြုံးမိလိုက်ပါတယ်။


Ps: ကျွန်တော်ဖတ်ဖို့ အက်ဆေး။

ခွက်ကျန်





ခွက်ကျန်
______
အစစ်အမှန် အဖြစ်အပျက်တွေက
ကာလ ယန္တယားအောက်မှာ
ပုံရိပ်ယောင်တွေ ဖြစ်ခဲ့ပြီ ။
လက်ကျန်ဘဝရဲ့
ညနေခင်းတိုင်း ဟာလည်း
အလင်းယိုင်ခဲ့သလို့
လမ်းတိုင်းဟာလည်း
မှောင်ပျပျ နဲ့ ဝိုးတဝါး ။
သွားလာဖြစ်ရုံ လက်ကျန် ကံလမ်းက
ယိုယွင်းခြင်း အနောက်ခြမ်းကို
တိုးတိုးပြီးညွှန်ချိန်မှာ
တိမ်တောက်တာတွေလည်း ပြယ်ခဲ့ပြီ ။
ကဲ ......
ခု အလင်းလက်ကျန် ယဲ့ယဲ့မှာ
မျှော်လင့်ချက် ခွက်ကျန် နဲ့
လူတစ်လုံး သူတစ်လုံး ဖြစ်ဖို့ရော
ရှိပါဦးမလားပဲ ...။
     -မှတ်စုကြမ်း   #AungOo
Source:  https://m.facebook.com/story.php?
Remark: Fb က သူများ Post ကို မလာပြန်ပြီဗျာ။
ကျွန်တော် ကဗျာလေးဖတ်ပြီး သဘောကျသွားတယ်ဗျာ
မှန်ကြည့်မိသလို ကဗျာထဲက ဇာတ်ဆောင်က ကိုယ်ဖြစ်သွားတာပါ။
လူတစ်လုံး သူတစ်လုံးဖြစ်ဖို့ ဝင်သက်၊ထွက်သက်လေးအေးမြနေဖို့ ြကြိုးစားရအုန်းမယ်ဗျာ..

အချိန်


အနည်ထိုင်ချိန်မှာ မင်းရောက်လာတာ
အင်မတန်မှပဲ
ဝမ်းနည်းစရာ...
အခုအချိန်မှတော့ နောင်တမရမိတော့ပါဘူး ဘဝဆိုတာ ကိုယ်တိုင်ရေးလို့ရတဲ့ အက်ဆေးတစ်ပုဒ် မဟုတ်ဘူးလေဗျာ..
မိန်းမတစ်ယောက်ရဲ့ ခံစားချက်ဆိုတာ တသတ်မတ်ထဲ တည်ရှိနေပါ့မလားဗျာ သူလဲလူတစ်ယောက်ဖြစ်တော့ ပြောင်းလဲသွားနိုင်တယ်ဆိုတာ လက်ခံပေးလိုက်ရင်
ခင်ဗျား အဆင်ပြေသွားမှာပါ...
အကြိမ်ကြိမ်အခါခါ အဲ့ဒီခံစားချက်တွေကြောင့် ပူလောင်နစ်မွမ်းခဲ့ပြီးလို့ အခုအချိန်မှာတော့ အိမ်မက်ဆိုးကြီး ပြန်မမက်ချင်တော့ဘူးဗျာ..
လူဆိုတော့လဲ အပ်ကျမတ်ကျ မပြောရဲပါဘူး ကံကိုလဲပုံမချချင်ပါဘူး ကျွန်တော့်ကို စိတ်ဆင်းရဲစရာတွေ ယူလာမပေးတဲ့သူ ကျွန်တော့်ခံစားချက်တွေကို ဝေမျှခံစားပေးမယ့်သူ ဆိုရင်တော့ May be ပေါ့ဗျာ ကျွန်တော်က သွေးနဲ့သားနဲ့ တည်ဆောက်ထားတဲ့ လူဖြစ်နေတော့ လက်ခံမှာပေါ့ဗျာ..
😇😇😇
အခုအချိန် ပြန်တွေးကြည့်ရင်တော့ အတိတ်ကအဖြစ်တွေဟာ ရယ်စရာပြက်လုံးတစ်ခုလိုပါပဲ..
ရည်းစားဦးတုန်းက ကိုယ့်မှာတော့ချစ်လိုက်ရတာ မမမြင်ဘူး မူးမြစ်ထင်တာမဟုတ်ဘူး ပင်လယ်လောက်ကို ထင်ခဲ့မိတာ ရေမြေခြားနေတာတောင် ငါ့ကိုချစ်လိုက်တာ သူ့ခမျာဖုန်းဖိုးတွေ စျေးကြီးတာတောင် နေ့တဒူဝ ငါ့ကိုဂရုတစိုက် ဖုန်းဆက်ရတာ ဆိုပြီးတော့ အသည်းတွေ တဖြုတ်တ်ဖြုတ် ကြွေခဲ့မိတာ..
နောက်တစ်ယောက်ရှိနေတာ သိရတော့ အသည်းတင်မကဘူး အသက်ပါ တဖုတ်ဖုတ် ကြွေသွားရတာ ငါအသက်မရှင်နိုင်တော့ပါဘူးဆိုပြီးတော့ ကိုယ့်ကိုကိုယ် သတ်သေဖို့အထိတောင် လုပ်ခဲ့ဘူးတာ အခုအချိန်မှာ ပြန်တွေးကြည့်တော့ ( သတ်သေဖို့စဉ်းစားမိတာကို ဥာဏ်နည်းလှချေလားပြီးအံသြမိတယ် ) သတ်မသေမိတာ ကျေးဇူးတင်ပါတယ် နွားမရယ်ဆိုပြီး ချီးကျူးမိပါတယ်..
ကိုယ့်ကိုထားခဲ့တဲ့ ဒင်းကိုလည်း ရှိကြီးခိုးမိတယ် မောင်မင်ကြီးသား ကျန်းမာ၊ ချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ် ဒင်းကျေးဇူကြီးလို့ ကလေးတဖက်နဲ့ ဒူးနဲ့မျက်ရည်သုပ်နေရမယ့် ဘဝမျိုးမရောက်ခဲ့တာ..
🙏🙏🙏
နောက်တစ်ယောက်ကျတော့လဲ ထိုနည်းလည်းကောင်းပါပဲ ငါ့ကို ဂရုစိုက်ပါလားဆိုပြီး ဒုတိယမ္ပိ စိတ်ကြီးတွေဝင်ပြီးသကာလ နွားဖြစ်ခဲ့တဲ့ ဘဝကိုမေ့ပြီး ခွေးဘဝရောက်တော့တာပဲ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွား ကျောင်းချင်မိတာထက်ဆိုးတယ် ကြီးတော်ထမိန် လျှော်ပေးချင်တာ..
မောင်မင်ကြီးသားက ကိုယ့်အရည်အချင်းကိုပြီး သုံးစားမရမှန်းသိလို့ ကိုယ့်ကိုနှစ်ပြားမတန်အောင် မှတ်လောက်သားလောက် အပြောအဆိုခံရပြီးမှ ခွေးဘဝရောက်နေမှန်း
အသိဝင်တော့တယ် ဒါတောင်နှစ်ခါလောက်ကို ခြေသလုံးဖက်ချင်သေးတာ ထမိန်လျှော်ဘဝလေးကို ဖက်တွယ်နေချင်သေးလို့..
ဒီမောင်မင်းကြီးသားကိုလဲ ကျေးဇူးတင်မိပါတယ် ကျန်းမာ၊ ချမ်းသာပါစေ ဒင်းသာဒီလိုမျိုး နှစ်ပြားမတန်ပြောခဲ့လို နောက်ဆိုငါလျှော်နေတဲ့ထမိန် မပေးနိုင်ဘူးဆိုပြီးတော့ ထမိန်လျှော်တဲ့ဘဝကို ဖက်တွယ်ထားနေအုန်းမှာ..
🙏🙏🙏
Crush တွေတုန်းကလည်း သူကလွဲရင် ဖွဲနဲ့ဆန်ကွဲ ထင်ခဲ့မိတာပါပဲ ရည်းစားတွေတုန်းကလဲ နောက်ဆုံးအချစ်ပြီး ထင်ခဲ့မိတာပါ
နောက်တစ်ယောက်မတွေ့ခင် အချိန်အထိတော့ ဟုတ်နေတာပဲ နောက်တစ်ယောက်တွေ့တဲ့အခါကျမှ ကိုယ်ထင်တာတွေ
တက်တက်စင်အောင် လွဲနေမှန်းသိတော့တာပါဗျာ...။

😊😊😊
@Ygn,MM.

Dear crush


နေ့တိုင်းမဟုတ်ရင်တောင်
ခဏခဏ ခင်ဗျားလေးကိုသတိရနေတယ်..

အလွမ်းတွေက မစိုက်ပျိုးပဲ
ရင်ဘက်တခြမ်းလုံးနီးပါး
ရှင်သန်လာကြတယ်..

တချို့အတိတ်တွေက
အဲ့လောက်တောင်ချိုမြိန်မှန်း
ကျွန်တော်မသိခဲ့ပါဘူး..

အလွမ်းတွေကို မခုတ်ထွင်ပဲသူ့ဘာသာ
ရှင်သန်စေတက်ပါပြီ..

ဆစ်ကနဲစူးရှရှ နာကျင်ရတာထက်
ဖျတ်ကနဲနာကျင်ခြင်းက ပိုလှပနေခဲ့တယ်..

အနာဂတ်မှာလဲ ခင်ဗျားမရှိနိုင်သလို
ပစ္စုပ္ပန်မှာလဲ ကျွန်တော်တစ်ယောက်ထဲပါပဲ..

သို့သော်..
ကျွန်တော့်ရင်ထဲက ပုံရိပ်တွေကတော့
မပျောက်ပျယ်သွားပါဘူး..

တနေ့ဆိုတာကိုမတမ်းတနေတော့ပဲ
အတွေးတွေနဲ့ ကျွန်တော်ကျေနပ်ခဲ့ပါပြီ
နေကောင်းပါစေလို့ တိုးဖွဖွဆုတောင်းရင်း
သတိရမိပါတယ် ချစ်သောပိုးဟပ်ဖြူ။

#Dear_crush_soon

100 Days My Prince


https://m.facebook.com/story.php?story_fbid=495139344351757&id=459529411246084

ကျုပ်ခမျာလဲ Blog မရေးနိုင်တိုင်း Game လေးဆော့လိုက် သီချင်းလေးနားထောင်လိုက် ဇာတ်လမ်းတွဲလေးကြည့်လိုက်နဲ့ သာယာနေတဲ့ဘဝဗျ..

ဒါတောင် Blog ကို သံယောဇဉ်မပြတ်တော့ သီချင်းလေးဘာလေး လာလာတင်နေရတာ ဇာတ်လမ်းတွဲလဲ ပါသပေါ့ဗျာ..

မင်းမရှိရင်မဖြစ်လို့

ပိုးဟပ်ဖြူ














၇နှစ်ကြာမှ ခင်ဗျားကို ပြန်သတိရမိတဲ့ ကျွန်တော့်ကို ခွင့်မလွှတ်ပါနဲ့ဗျာ..


ဒီဇင်ဘာလရောက်တိုင်း ခင်ဗျားလေး မွေးနေ့ကို သတိမရတော့တာ အတော်ကြာပြီဗျာ..


Witch' Love ကို မကြည့်မိရင် ခင်ဗျားကို ပြန်သတိရမှာ မဟုတ်ဘူးဗျ အဲ့ဒီ Series ကြပြီး တစ်ယောက်ယောက်ကို သတိရမိတယ် Actor ရဲ့ မျက်လုံးတွေက ကျွန်တော်ရင်းနှီးနေသလို ခံစားရတာ..


မနေ့က Kim Hyun Woo ပုံတွေ ရှာရင်းနဲ့ ခင်ဗျားကို ပြန်တွေ့လိုက်မိတာ ကျွန်တော်ရဲ့ ပိုးဟပ်ဖြူ   ယောကျာင်္းတစ်ယောက်အနေနဲ့ ခင်ဗျားမျက်လုံးတွေက အရမ်း Soft ဖြစ်လွန်းပေမယ့် ကျွန်တော်အရမ်းသဘောကျမိတယ်..


အဲ့ဒီမျက်လုံးတွေကနေတဆင့် တဖက်သားကို အလေးထားတက်တဲ့ စာနာတက်တဲ့ ဂရုစိုက်တက်တဲ့ ခင်ဗျားရင်ဘက်ကို အတိုင်းသားမြင်ရတယ်ဗျာ..


အရင်ကတော့ ကျွန်တော်အမှားလုပ်မိတိုင်း ပြသနာဖြစ်တိုင်း Cover ပေးတဲ့ Care လုပ်တက်တဲ့ ခင်ဗျားကို သတိရမိတယ် အခုတော့ ခင်ဗျားကိုမေ့သွားတာ အတော်ကြာသွားပြီ ဒီဇင်ဘာလရောက်တိုင်း ခင်ဗျားမွေးနေ့ကို သတိမရတာလဲ အတော်ကြာပြီဗျ အခုတော့ ရင်ဘက်ထဲ ပြန်ဝင်လာပြပြီဗျာ..


အခုမှ အမှတ်မထင် ရက်စွဲတွေ နောက်ပြန်ရစ်ပြီး သတိရမိသွားတာ ခွင့်လွှတ်ပါ အရင်လို ခဏခဏနေမကောင်း ဖြစ်သေးလား partner တွေကိုရော Cover လုပ်ပေးနေတုန်းပဲလား ခရီးကပြန်လာတိုင်း ဆေးရုံတက်ရသေးလား ကျွန်တော်သိချင်တာတွေ အများကြီးဗျာ..


မနက်က နေမကောင်းတာတောင် အလုပ်သွားရင်း ခင်ဗျားအကြောင်းတွေးနေတာ အိမ်ပြန်ရောက်တော့ ခင်ဗျား  Account ထဲ ဝင်ကြည့်မိတယ် အရင်အတိုင်းပဲ မပြောင်းလဲပါဘူး ၇နှစ်အတွင်း ခင်ဗျားပုံ ပြောင်းလဲသွားပြီလား သိချင်နေတဲ့ ကျွန်တော့်ဆန္ဒ ဆုတောင်းမပြည့်ဘူးဗျာ..


တနေနေ့ တချိန်ချိန်မှာတော့ ခင်ဗျားကို ပြန်တွေ့ရမယ်လို့ မျှော်လင့်မိပါတယ် but ကံကြမ္မာဆိုတာ ကျွန်တော်မှ ဇာတ်ညွှန်းရေးလို့မရတာဗျာ။


Soon, I really sorry for save your photo but only one photo.

Witch's Love



https://m.facebook.com/story.php?story_fbid=475429412940666&id=347343952415880

အပိုင်း ၁၂ပိုင်းပဲ ပါပါတယ် စာရေးရမှာ ငပျင်းဖြစ်နေလို့ တင်ချင်တာ တင်ပေးထားတာဗျ..


ဘုရားဖူးတောလား

ကျောက်ပန်းတောင်းရဲ့ မနက်ခင်း





ပုပ္ပါးတောင် အရိပ်





ပုပ္ပါးတောင်မကြီး











အသုပ်စုံ

သင်္ဘောသီးအစိမ်း တကျွတ်ကျွတ်နဲ့ စားကောင်းသလား မမေးနဲ့



ထန်းရည်ချို ဘူးသီးကြော် ထန်းခေါက်ဖာ

အုန်းမှူတ်ခွက်လား ထန်းမှူတ်ခွက်လား မမေးခဲ့ရဘူး



ပုဂံ Day 1






ညဏ်တော်မှာ သဗ္ဗေညု





ပခုက္ကူ Day 1









ပုဂံ Day 2 တန်ခိုးအရာမှာရွှေစည်းခုံ

မနက်စောစော ရွှေစည်းခုံဘုရားဖူးရတာ တကယ်ကြည်ညိုဖို့ ကောင်းပါတယ်








တုရင်တောင် မနက်ခင်း



နေထွက်လာတာကို ကြည့်ရတာ တကယ်လှတယ်ဗျာ









ဓမ္မရာဇကစစ်သူကြီးနန်း ဘုရားဖူးတွေအမျှရပြီး ကျွတ်ထိုက်ပါပြီဗျာ





ဧရာဝတီရေပြင်ထက်က လောကနန္ဒာ






တန့်ကြည်တောင်အလှ









အနုအဆစ်လက်ရာ အာနန္ဒာ

Sunset ကြည့်ရင်း ဖူးဖြစ်တဲ့ဘုရား ပုဂံသွားရင် 

တပတ်ဆယ်ရက်လောက်မှ သေချာဖူးဖြစ်မှာဗျ

ဓမ္မရံကြီးကနေ Sunset မကြည့်ရလို့ Guide က ပုဂံသားဆိုတော့ တက်လို့ရတဲ့ ဘုရားတစ်ဆူစီ ခေါ်လာပေးတယ် စိတ်မကောင်းစွာနဲ့မကြည့်လိုက်ရဘူး ဘုရားရဲ့ကြံ့ခိုင်မှူအတွက် ပိတ်ထားတာနဲ ကြုံသွားတာ

ထူးဆန်းတာက ပုဂံရောက်တိုင်း ဓမ္မရံကြီးစေတီကို မဖူးရတာ Post ရေးနေရင်းနဲ သတိရမိတာ နောက်တစ်ခါတော့ ပုဂံရောက်ရင် ဖူးဖြစ်အောင်ဖူးရမယ်..

ကျိုက်ထီးရိုးသွားခါနီး အလုပ်ကညီမလေးက ပုဂံသွားမလားတဲ့ Ok ပေါ့ ကိုယ်က ပုဂံသွားချင်တာ ၂နှစ်ကျော်ပြီလေ..

ခိုင်သူနဲ့ ကျိုက်ထီးရိုးသွားတော့ ရက်နည်းနည်းနဲ့ဘုရားဖူးရတာ အဆင်မပြေမှန်းသိသွားရော ရန်ကုန်ပြန်ရောက်ရင်တော့ ရေခါးကို မသွားတော့ဘူး ပြောမယ်ပေါ့..

အိမ်ရောက်လို့ Internet ဖွင့်လိုက်တာနဲ့ မမလေးက ပုဂံ Pagage  ကို ၂ယောက်စာငွေပေးသွားပြီ သူစိုက်ထားမယ် နောက်ကျမှ အေးဆေးပေးပါတဲ့..

၂၈ရက်နေ့ ပုဂံသွားမှာ ၂၄ရက်နေ့ထဲက သူကအိပ်ယာထဲလဲနေပြီ အစ်မဘာသာ အိမ်ကလူတွေနဲ့သွားပါတဲ့ ပုဂံသွားချင်နေတဲ့တူမက ကလောမဟုတ်ရင် မလိုက်ဘူးတဲ့ (ဖနောင့်နဲ့ ပေါက်ချင်စရာ) တူတော်မောင်ကလဲ မွေးနေ့ရှိလို့ မလိုက်တော့ဘူးတဲ့ (အသက်၂၀အရွယ်ဆို Party များကျင်းပမလား မသိဘူး)..

အမေနဲ့သွားမလားဆိုတော့ သူကကားအတက်အဆင်း မလုပ်နိုင်ဘူးလေ အုတ်ခဲတစ်လုံးစာ အမြင့်တောင် ခြေထောက်က မမနိုင်ဘူး အိုကေ ဘယ်သူမှမလိုက်ရင် တစ်ယောက်ထဲ Go မယ်ဆိုတော့ အဖေနဲ့အမေက ကျွန်တော်အိုကြီးအိုမကို စိတ်ပူနေတယ်..

ဒါနဲ့ပဲ အဖေနဲ့သားအဖ၂ယောက် ပုဂံရောက်ဖြစ်ရော..

အသက်၇၀ကျော် အဖေ့ကို ခေါ်သွားတာ အိမ်ကမသိအောင် စိတ်ပူနေပေမယ့် ခရီးပန်းတာကလွဲရင် အရမ်းကြီးမစိုးရိမ်ရဘူး ကျွန်တော်ကတော့ ခြေထောက်တွေယောင်ကိုင်းပြီး အိမ်ပြန်ရောက်လေရဲ့။