အလံဖြူ



မနေ့ညက ခေါင်းမှာဆံပင်ဖြူတွေ့တော့

မမကနှုတ်ပေးမလို့လုပ်တော့ မနှုတ်ပါနဲ့ဆိုပြီး

ကမန်းကတန်း တားထားရတယ်..


မမကို လူတက်ကြီးလုပ်ပြီးတော့ ဆံပင်ဖြူတယ်ဆိုတာ သေမင်းက နင်အိုပြီဆိုပြီးတော့ အလံဖြူလာစိုက်တာလို့ မမနှုတ်ပေးလိုက်ရင် သူ့ကိုမခန့်ရကောင်းလားဆိုပြီး ထပ်လာစိုက်မှာပဲ အဲ့ဒီတော့ ဒီအတိုင်းထားလိုက်တာပဲ ကောင်းပါတယ်ဆိုပြီး သူ့ကိုတရားချလိုက်ရော..


အမှန်ကနှုတ်လိုက်လဲ ထပ်ဖြူမှာပဲလေ အဲ့ဒီတော့ အသားအနာခံပြီးနှုတ်မလား ဒီအတိုင်းပဲထားမှာပေါ့ဗျာ.. ( အသက်လဲ မငယ်တော့တာ.. )


အသက်ကြီးလာတာ တော်တော်သိသာတယ်ဗျာ New Year က ကလေးတွေနဲ့ ဓါးမြလှေစီးတုန်းက မျက်လုံးစုံမှိတ်ပြီး ဘုရားစာရွတ်နေရတယ် ဘယ်လောက်မှ မမြင့်တဲ့လှေနော်..


ငွေဆောင်သွားတုန်းကလဲ Spy ၄လုံးနဲ့မူးနေတယ် (အရင်ကဆိုရင် Beer ၄ဂျားလောက်အထိ ဖြိုနိုင်တဲ့ကောင်နော်..)

Boat စီးတော့လဲ ပင်လယ်ထဲရောက်သွားတော့ ဘုရားစာရွတ်နေရတယ် ( လှိုင်းကြီးလို့ Boat မှောက်ရင်တော့ ကျွန်တော်၅ပါးမှောက်မှာဗျ ရေမှလုံးလုံး မကူးတက်တာဗျာ.. )


ကျွန်းမှာရေစိမ်တော့လဲ Life jacket ပါတာတောင် ရေမကူးတက်တော့ ၅မိနစ်တောင်ရေမစိမ်ရဲဘူး စိတ်ထဲမှာ လုံးဝ Safe မဖြစ်ဘူးဗျာ အဲ့ဒါနဲ့ပဲ Boat ပေါ်တက်ထိုင်နေရရော ကျွန်တော်က ရေတော်တော်ကြိုက်တဲ့အကောင်ပါ ( တော်ကြာကိုယ်ရေနစ်နေရင် သူများတွေ ဒုက္ခရောက်နေမယ်.. )


အသက်ကြီးလာတာကို ဘယ်လိုခံစားမိလဲဆိုရင် စိတ်ညစ်တာတွေ စိတ်ရှုပ်တာတွေကို မခံစားနိုင်တော့တာ အဲ့လိုဖြစ်နေတာ တော်တော်ကြာနေပြီဗျ ၂နှစ်၊၃နှစ်လောက်တော့ရှိပြီ..


အသက်ကြီးပြီဆိုတာကို လက်ခံလိုက်တာ ပြီးခဲ့တဲ့နှစ်က Bangkok သွားတော့မှဗျ ပါလာတဲ့ကလေး၂ယောက်က ၂၄၊၂၈ ဆိုတော့ Fighter တွေ ၂ယောက်လုံးက ကမ္ဘာပတ်နေတဲ့ ဆရာတွေဆိုတော့ Dream world မှာ အမှန်အကန်ကဲမယ်ပေါ့..

စစဝင်ဝင်ချင်းပဲ ဟာရီကိန်းစီးမိလိုက်တာ သူတို့ကရေလည်ပျော်နေတယ် ကိုယ့်မှာက ဂျွမ်းပြစ်နေပြီ သိပ်မကြာပါဘူး ၁၀မိနစ်လောက်နေတော့ ထိုးအန်ပါလေရော မမလေး၂ယောက်ကို Request လုပ်ရတယ် အဲ့လိုဟာတွေဆို မစီးတော့ပါဘူးဆိုပြီး မရပါဘူး ဓါးမြလှေစီးပါလေရော ( အော်တာဆိုတာ ငယ်သံတောင်ပါတယ် ထိုင်းကကလေးပေါက်စကတောင်ပြောတယ် နင်ဘာကြောက်နေတာလဲဆိုပြီးတော့ ရုပ်ကလေးကနုနေတော့ အဘွာကြီးပေါက်စလို့ မထင်
ရဘူးလေ.. )


အခုတော့ အမြင့်တွေဆို No ပါ ပေ၅၀လောက်တောင်ကြာက်တက်ပြီဆိုတော့ Playground တွေရောက်ရင် မျက်ရည်အဝဲသားနဲ့ ငေးကြည့်နေရမှာပေါ့ဗျာ..။

No comments: