အဖော်




“စကားပြောဖော်...“


လူတိုင်းမှာ “စကားပြောဖော်“ဆိုတာ သိပ်ကိုလိုတယ်။ ဘာဖြစ်လို့လဲဆိုတာ ပြောပြမယ်နော်။

တကယ်တော့ လူတွေမှာ ဘယ်သူမှ မသိကြတဲ့ dark sideလေးတွေဆိုတာရှိတယ်။ အဲဒီအထဲမှာ ဘာတွေရှိနေလဲဆိုရင် နာကျင်မှု၊ အထီးကျန်ခြင်းနဲ့ ငြီးငွေ့မှုတွေ ရှိတယ်။ တခါတလေဆို စိတ်ဓာတ်ကျတာမျိုးတွေ၊ ဒေါသမထိန်းနိုင်တာမျိုးတွေ အနည်းနဲ့အများ ခံစားဖူးကြတယ်လေနော်။


နိုင်ငံတကာမှာတော့ ကိုယ့်စိတ်ထဲ မတည်ငြိမ်တာတွေ ရှိလာမယ်၊ အကောင်းမြင်စိတ်တွေ နည်းလာမယ် စတာတွေကို ခံစားသိလာပြီဆိုတာနဲ့ ဒါကို ဘယ်လိုကုထုံးနဲ့ ကုမယ်ဆိုတာမျိုး စဉ်းစားတတ်ကြပါတယ်။ Dear Zindagiဆိုတဲ့ ရုပ်ရှင်ထဲကလိုပေါ့။


ကိုယ့်ကိုယ်ကိုပဲ ဥပမာအနေနဲ့ ပြောပြမယ်နော်။ အခုချိန် ကိုယ့်အတွက် လိုအပ်နေတာကကျ “လူတစ်ယောက်“ပဲ။ စကားပြောဖော်သဘောမျိုးခေါ်မလား...အဲဒီ့လူဟာ ကိုယ့်အတွက် ရည်းစားအဖြစ်ရှိနေပေးဖို့ မလိုဘူးနော်။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် အရေးမကြီးသေးဘူး။


အနည်းဆုံးတော့ အဲဒီ့လူရှေ့ရောက်ရင် ဟန်ဆောင်နေစရာမလိုဘဲ ကိုယ့်ရဲ့တစ်နေ့တာအလွဲတွေကို ပြောပြရင်း ရယ်ကြမယ်...


ကော်ဖီဆိုင်မှာ တနေကုန်ထိုင်ပြီး ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေအကြောင်း ဆွေးနွေးကြမယ်...


Bar မှာထိုင်ပြီး cheer လုပ်တဲ့အချိန်တိုင်း ငါတို့ရဲ့ရန်သူတွေကျရှုံးပါစေလို့ အတူတူအော်ပြီး သောင်းကျန်းကြမယ်...


ခရီးသွားချင်တဲ့စိတ်ပေါ်လာတဲ့အခါတိုင်း အဖော်နှစ်ခါ စပ်စရာမလိုတဲ့ travel buddy သဘောမျိုးလေးအဖြစ် ရှိနေမယ်...


Crush က စကားလာပြောလို့ ပျော်ရွှင်မြူးထူးနေတဲ့အကြောင်းတွေကို မငြီးငြူတမ်း ပြောဆိုနားထောင်ကြမယ်...


အသည်းကွဲနေပြီဆိုရင်လည်း အတူတူပုခုံးဖက်ပြီး ခံစားကြမယ်...


ဆိုလိုချင်တာက ငိုစရာရှိရင်လည်း အတူတူငိုမယ်...


ရယ်စရာရှိရင်လည်း အတူတူရယ်မယ်ပေါ့...


အဓိက,က

ကိုယ့်စိတ်ကို နားလည်ပြီး

ကိုယ်နဲ့ chemistryဂမိတဲ့

တစ်ယောက်နဲ့တစ်ယောက် ချုပ်နှောင်တာတွေမရှိဘဲ

အရာအားလုံးကို အတူတူမျှ​ေဝခံစားဖို့

“လူတစ်ယောက်“ကို လိုချင်တာ။

Credit: https://m.facebook.com/story.php

?


ဒီအချိန်မှာတော့ ကျွန်တော့်အတွက့် ချစ်သူဆိုတာထက် အပေါင်းအသင်းဆိုတာကိုပဲ ပိုပြီးမက်မောမိပါတယ်.. ( I means closed friend)

အလုပ်ကပြန်လာရင် စကားပြောမယ် လကုန်ရင် Bar သွားမယ် ပိုက်ဆံပေါရင် Show ပွဲသွားမယ် တစ်ခါတလေ ခရီးသွားမယ် အချစ်အကြောင်းမဟုတ်ဘဲ ဘဝအကြောင်းကို လက်ခံပြီး နားထောင်နိုင်မယ့် လုမျိုးကိုပဲ ကျွန်တော် လိုချင်မိတယ်ဗျာ။

No comments: