ကျွန်တော့်ကဗျာ

 





သက်ဆိုင်မှုမရှိပေမယ့်
ခင်ဗျား Account လေး 
စိမ်းနေတာလဲ 
ကျွန်တော့်အတွက်
ကဗျာတစ်ပုဒ်ပါပဲ။


🥰


ဆယ်စုနှစ်တစ်ခုနီးပါး ကျွန်တော်ချစ်မိတဲ့ လူတိုင်းကို ပိုင်ဆိုင်လိုစိတ်ကြီးမားစွာ ဖြစ်ခဲ့ဘူးပါတယ်..



But ပိုင်ဆိုင်ခွင့်မရှိတဲ့ ခင်ဗျားကိုတော့ ကျွန်တော်ပိုင်ဆိုင်ဖို့ မကြိုးစားတော့ပါဘူး ခင်ဗျားကိုမြင်နေခွင့်နဲ့ ခင်ဗျားအသံကြားနေခွင့်ရတာလည်း ကျွန်တော့်အတွက် ဘုရားပေးတဲ့ဆုလို့ မှတ်ယူထားပါတယ်..



အချစ်ဆိုတဲ့ စကားလုံးကို ပေါပေါလောလော သုံးခဲ့မိလို့ထင်တယ် ကျွန်တော်ခင်ဗျားကို အဲ့လိုစကားတွေနဲ့ မပြောရက်နိုင်သလို့ ပြောလဲမပြောထွက်တော့ပါဘူး..



တချို့ခံစားချက်တွေက စကားလုံးနဲ့ ဖေါ်ပြလို့မရတာ ကျွန်တော်အခုမှ တကယ်နားလည်လာခဲ့တာပါ..



အေးချမ်းတဲ့ခင်ဗျားကို ကြည့်နေရင်းနဲ့ ပူလောင်လွန်းတဲ့​ ကျွန်တော်ဆိုတဲ့ကောင်တောင် အေးချမ်းလာရတာ ခင်ဗျားရဲ့ မေတ္တာတရားပါ..



ဒီအချိန်မှ ခင်ဗျားကို တွေ့ရပေမယ့် အရင်လို ကံကြမ္မာကို ယိုးမယ်ဖွဲ့ဖို့ကို ကျွန်တော်မတွေးမိဘူးဗျ ခင်ဗျားနဲ့ ဆုံခွင့်ပေးတဲ့ ကံကြမ္မာကို ကျွန်တော်ကျေးဇူးတင်နေရတာ..



ခင်ဗျားက ကျွန်တော့်အတွက်တော့ အရာရာဖြစ်တည်နိုင်မယ့် သက်ရှိကဗျာပါ။



#22_5_2021





 




https://images.app.goo.gl/odevR11




သက္ဆိုင္မႈမ႐ွိေပမယ့္

ခင္ဗ်ား Account ေလး 

စိမ္းေနတာလဲ 

ကြၽန္ေတာ့္အတြက္

ကဗ်ာတစ္ပုဒ္ပါပဲ။



🥰




ဆယ္စုႏွစ္တစ္ခုနီးပါး ကြၽန္ေတာ္ခ်စ္မိတဲ့ လူတိုင္းကို ပိုင္ဆိုင္လိုစိတ္ႀကီးမားစြာ ျဖစ္ခဲ့ဘူးပါတယ္..






But ပိုင္ဆိုင္ခြင့္မ႐ွိတဲ့ ခင္ဗ်ားကိုေတာ့ ကြၽန္ေတာ္ပိုင္ဆိုင္ဖို႔ မႀကိဳးစားေတာ့ပါဘူး ခင္ဗ်ားကိုျမင္ေနခြင့္နဲ႔ ခင္ဗ်ားအသံၾကားေနခြင့္ရတာလည္း ကြၽန္ေတာ့္အတြက္ ဘုရားေပးတဲ့ဆုလို႔ မွတ္ယူထားပါတယ္..






အခ်စ္ဆိုတဲ့ စကားလုံးကို ေပါေပါေလာေလာ သုံးခဲ့မိလို႔ထင္တယ္ ကြၽန္ေတာ္ခင္ဗ်ားကို အဲ့လိုစကားေတြနဲ႔ မေျပာရက္ႏိုင္သလို႔ ေျပာလဲမေျပာထြက္ေတာ့ပါဘူး..






တခ်ိဳ႕ခံစားခ်က္ေတြက စကားလုံးနဲ႔ ေဖၚျပလို႔မရတာ ကြၽန္ေတာ္အခုမွ တကယ္နားလည္လာခဲ့တာပါ..






ေအးခ်မ္းတဲ့ခင္ဗ်ားကို ၾကည့္ေနရင္းနဲ႔ ပူေလာင္လြန္းတဲ့​ ကြၽန္ေတာ္ဆိုတဲ့ေကာင္ေတာင္ ေအးခ်မ္းလာရတာ ခင္ဗ်ားရဲ႕ ေမတၱာတရားပါ..






ဒီအခ်ိန္မွ ခင္ဗ်ားကို ေတြ႕ရေပမယ့္ အရင္လို ကံၾကမၼာကို ယိုးမယ္ဖြဲ႕ဖို႔ကို ကြၽန္ေတာ္မေတြးမိဘူးဗ် ခင္ဗ်ားနဲ႔ ဆုံခြင့္ေပးတဲ့ ကံၾကမၼာကို ကြၽန္ေတာ္ေက်းဇူးတင္ေနရတာ..






ခင္ဗ်ားက ကြၽန္ေတာ့္အတြက္ေတာ့ အရာရာျဖစ္တည္ႏိုင္မယ့္ သက္႐ွိကဗ်ာပါ။






#22_5_2021









No comments: