သမုဒယ

https://images.app.goo.gl/


                                ကြင်ရဖို့ဝေးစွ..

မြင်နေခွင့်ရှိတဲ့

မီးစိမ်းလေးတောင်

အစိုးမရတဲ့လောကကြီးမှာ

မမြင်ရတော့တဲ့

ကျွန်တော့်ဘဝ



သမုဒယဆိုတာ

ဒုက္ခသစ္စာမှန်း

ကျွန်တော်လက်ခံထားပေမယ့်

ခင်ဗျားဆိုတဲ့

ရုပ်နာမ်ကြီးကို

ဖက်တွယ်မိနေဆဲပါဗျာ။



#29_5_2021




တနေ့က ခင်ဗျားပင်ပန်းနေမှန်းသိလို့ ရာသီပြောင်းချိန်သီချင်းကို ဂရုစိုက်ပိုင်ခွင့်မရှိတဲ့ ကျွန်တော်က ခင်ဗျားအတွက် ရည်စူးပြီးတင်ခဲ့မိပါတယ်..



ဒီနေ့ ကျွန်တော်မြင်ခွင့်ရှိတဲ့ ခင်ဗျား Account လေး မီးမစိမ်းတော့မှ ကျွန်တော်သီချင်းတင်မိလို့များ ခင်ဗျား Account မီးမစိမ်းတော့တာလားလို့တောင် သံသယဖြစ်မိပါတယ်..



ပိုင်ခွင့်မရှိ ဆိုင်ခွင့်မရှိမှန်း နားလည်ထားပေမယ့် ခင်ဗျားကို ငြိတွယ်မိတဲ့ ကျွန်တော့်ကိုကျွန်တော် အပြစ်မတင်ရက်ပါဘူး..



မီးဆိုတာ မလောင်ခင်ကတားစီးရတာပါ အခုလောင်နေတာက သမုဒယမီးဆိုတော့ ပိုဆိုးတာပေါ့ဗျာ ဒီမီးကို မငြိမ်းသတ်နိုင်သေးပေမယ့် ကျွန်တော်််လို အမှိုက်အတွက်နဲ့ ခင်ဗျားလို ပြဿဒ််််ကြီး မီးမလောက်ဖို့ကိုတော့ ကျွန်တော်ကြိုးစားနေပါတယ်..



အမှန်ကခင်ဗျားလဲ ကျွန်တော့်ဘဝထဲ ဝင်လာတာမဟုတ်သလို ကျွန်တော်လဲ ခင်ဗျားဘဝထဲ ဇွတ်တိုးဝင်ခဲ့တာ မဟုတ်ပါဘူး အမှတ်မထင် ကျွန်တော်ခြေကျွံသွားမိတာပါ..



ခြေလှမ်းကိုနှုတ်လေ ကျွန်တော်နစ်မြုပ်လေဖြစ်လို့ ဒီအတိုင်းလေး နေခဲ့မိတာပါ ဒါပေမယ့် ရက်ကိုလစားလာတဲ့ အချိန်မှာ ကျွန်တော်နှုတ်ဖို့ တကယ်မလွယ်တော့ဘူးဗျာ..



စည်း အဲ့ဒီစကားလုံးက ကျွန်တော့်ဆန္ဒတွေကို တံတိုင်းသဖွယ် ကာကွယ်ပေးထားတာပါ သာမန်လူတစ်ယောက်ကိုတောင် သာကြောင်းမာကြောင်းစကားပြောဖို့ သတ္တိနည်းတဲ့ ကျွန်တော်က 


ခင်ဗျားကို စကားပြောဖို့ဆိုတာ ရန်ကုန်မြစ်ထဲခုန်ချတာမှ ကျွန်တော့်အဖို့ လွယ်ကူပါမယ်..



ဒါပေမယ့် ခင်ဗျား Account မီးမစိမ်းတော့တာကိုတော့ တော်တော်ခံစားရပါတယ်။






https://images.app.goo.gl/




                                ၾကင္ရဖို႔ေဝးစြ..


ျမင္ေနခြင့္႐ွိတဲ့


မီးစိမ္းေလးေတာင္


အစိုးမရတဲ့ေလာကႀကီးမွာ


မျမင္ရေတာ့တဲ့


ကြၽန္ေတာ့္ဘဝ






သမုဒယဆိုတာ


ဒုကၡသစၥာမွန္း


ကြၽန္ေတာ္လက္ခံထားေပမယ့္


ခင္ဗ်ားဆိုတဲ့


႐ုပ္နာမ္ႀကီးကို


ဖက္တြယ္မိေနဆဲပါဗ်ာ။






#29_5_2021








တေန႔က ခင္ဗ်ားပင္ပန္းေနမွန္းသိလို႔ ရာသီေျပာင္းခ်ိန္သီခ်င္းကို ဂ႐ုစိုက္ပိုင္ခြင့္မ႐ွိတဲ့ ကြၽန္ေတာ္က ခင္ဗ်ားအတြက္ ရည္စူးၿပီးတင္ခဲ့မိပါတယ္..






ဒီေန႔ ကြၽန္ေတာ္ျမင္ခြင့္႐ွိတဲ့ ခင္ဗ်ား Account ေလး မီးမစိမ္းေတာ့မွ ကြၽန္ေတာ္သီခ်င္းတင္မိလို႔မ်ား ခင္ဗ်ား Account မီးမစိမ္းေတာ့တာလားလို႔ေတာင္ သံသယျဖစ္မိပါတယ္..






ပိုင္ခြင့္မ႐ွိ ဆိုင္ခြင့္မ႐ွိမွန္း နားလည္ထားေပမယ့္ ခင္ဗ်ားကို ၿငိတြယ္မိတဲ့ ကြၽန္ေတာ့္ကိုကြၽန္ေတာ္ အျပစ္မတင္ရက္ပါဘူး..






မီးဆိုတာ မေလာင္ခင္ကတားစီးရတာပါ အခုေလာင္ေနတာက သမုဒယမီးဆိုေတာ့ ပိုဆိုးတာေပါ့ဗ်ာ ဒီမီးကို မၿငိမ္းသတ္ႏိုင္ေသးေပမယ့္ ကြၽန္ေတာ္္္လို အမိႈက္အတြက္နဲ႔ ခင္ဗ်ားလို ျပႆဒ္္္္ႀကီး မီးမေလာက္ဖို႔ကိုေတာ့ ကြၽန္ေတာ္ႀကိဳးစားေနပါတယ္..






အမွန္ကခင္ဗ်ားလဲ ကြၽန္ေတာ့္ဘဝထဲ ဝင္လာတာမဟုတ္သလို ကြၽန္ေတာ္လဲ ခင္ဗ်ားဘဝထဲ ဇြတ္တိုးဝင္ခဲ့တာ မဟုတ္ပါဘူး အမွတ္မထင္ ကြၽန္ေတာ္ေျခကြၽံသြားမိတာပါ..






ေျခလွမ္းကိုႏႈတ္ေလ ကြၽန္ေတာ္နစ္ျမဳပ္ေလျဖစ္လို႔ ဒီအတိုင္းေလး ေနခဲ့မိတာပါ ဒါေပမယ့္ ရက္ကိုလစားလာတဲ့ အခ်ိန္မွာ ကြၽန္ေတာ္ႏႈတ္ဖို႔ တကယ္မလြယ္ေတာ့ဘူးဗ်ာ..






စည္း အဲ့ဒီစကားလုံးက ကြၽန္ေတာ့္ဆႏၵေတြကို တံတိုင္းသဖြယ္ ကာကြယ္ေပးထားတာပါ သာမန္လူတစ္ေယာက္ကိုေတာင္ သာေၾကာင္းမာေၾကာင္းစကားေျပာဖို႔ သတၱိနည္းတဲ့ ကြၽန္ေတာ္က 



ခင္ဗ်ားကို စကားေျပာဖို႔ဆိုတာ ရန္ကုန္ျမစ္ထဲခုန္ခ်တာမွ ကြၽန္ေတာ့္အဖို႔ လြယ္ကူပါမယ္..






ဒါေပမယ့္ ခင္ဗ်ား Account မီးမစိမ္းေတာ့တာကိုေတာ့ ေတာ္ေတာ္ခံစားရပါတယ္။




No comments: