Someone




အဒိန္နဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ၊



သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏လို့ 



ဘုရားရှိခိုးတိုင်းဆုတောင်းခဲ့ပေမယ့်..



ခင်ဗျားပုံကိုတော့ 



ကျွန်တော် ခိုးယူခဲ့မိပါတယ်။





ဒီနေ့ကစပြီးတော့ ခင်ဗျားပုံကို 

ထပ်ပြီးမယူတော့ပါဘူးဗျာ

ရောဂါမကျွမ်းခင် 

ဆေးကုသဖို့သင့်ပါပြီ။



ခင်ဗျားလဲ ကျွန်တော့်ဘဝထဲ ဝင်လာတာ

မဟုတ်သလို

ကျွန်တော်လဲ ခင်ဗျားဘဝထဲ ဝင်ခွင့်မရှိသူပါ။



ဘုရားခေတ်မှာ အရိယာမဖြစ်ခဲ့လို့

ဒီခေတ်မှာ ပုထုဇဉ်ဖြစ်နေရပေမယ့်

ကျင့်ဝတ်ဆိုတဲ့ အရံအတားကိုတော့ 

ကျွန်တော်ကျော်လွှားဖို့ မကြိုးစားသူပါ။



အနေဝေးပေမယ့် သွေးမအေးနိုင်တဲ့ 

ကျွန်တော်လိုကောင်အတွက်တော့

အချိန်ဆိုတာဆေးတစ်ပါးပါ။








အဒိႏၷဒါနာ ေဝရမဏိသိကၡာပဒံ သမာဒိယာမိ၊



သူ႕ဥစၥာကို ခိုးယူျခင္းမွ ေ႐ွာင္ၾကဥ္ပါ၏လို႔ 



ဘုရား႐ွိခိုးတိုင္းဆုေတာင္းခဲ့ေပမယ့္..



ခင္ဗ်ားပုံကိုေတာ့ 



ကြၽန္ေတာ္ ခိုးယူခဲ့မိပါတယ္။





ဒီေန႔ကစၿပီးေတာ့ ခင္ဗ်ားပုံကို 

ထပ္ၿပီးမယူေတာ့ပါဘူးဗ်ာ

ေရာဂါမကြၽမ္းခင္ 

ေဆးကုသဖို႔သင့္ပါၿပီ။



ခင္ဗ်ားလဲ ကြၽန္ေတာ့္ဘဝထဲ ဝင္လာတာ

မဟုတ္သလို

ကြၽန္ေတာ္လဲ ခင္ဗ်ားဘဝထဲ ဝင္ခြင့္မ႐ွိသူပါ။



ဘုရားေခတ္မွာ အရိယာမျဖစ္ခဲ့လို႔

ဒီေခတ္မွာ ပုထုဇဥ္ျဖစ္ေနရေပမယ့္

က်င့္ဝတ္ဆိုတဲ့ အရံအတားကိုေတာ့ 

ကြၽန္ေတာ္ေက်ာ္လႊားဖို႔ မႀကိဳးစားသူပါ။



အေနေဝးေပမယ့္ ေသြးမေအးႏိုင္တဲ့ 

ကြၽန္ေတာ္လိုေကာင္အတြက္ေတာ့

အခ်ိန္ဆိုတာေဆးတစ္ပါးပါ။

No comments: