All for one


ငါ့ဘက်ကမှားတာပါ။

That's all.

#7:39


အသက်၄၀ကျော်စ ကျွန်တော်ကအခုထိ မရင့်ကျက်သေးပါဘူး နောက်ထပ်၁၀နှစ်ဆိုလဲ ရင့်ကျက်ဖို့မမြင်ပါဘူး


ဘာဖြစ်လဲဆိုတော့ သူများလက်ထဲက မုန့်လုစားထားတဲ့ ကလေးတစ်ယောက်လိုပါပဲ တစ်တူးကောင်လို မိုးပေါ်ခြေထောက်မြှောက်ပြီးအိပ်နေမိတော့ ထိန်းကနဲဆိုတာနဲ့ ငါထိပြီလို့ထင်နေတဲ့သူပါ


ဒီလိုပါပဲ စထဲကမှားနေတဲ့လူတစ်ယောက်အတွက် အမှန်ဆိုတာ အမှားလားလို့ မေးရမလိုပါပဲဗျာ


ဒီနေ့ဒီအချိန်ထိ လူတစ်ယောက်ကိုချစ်မိရင် ကျွန်တော်စိတ်ရှိသလောက် ပုံအောပြီးချစ်တက်တဲ့လူဖြစ်လို့ နောင်တမရတော့ပါဘူးဗျာ


ငါ့ဘက်ကမှားတာပါ အရင်ကလဲ မှားခဲ့ပါတယ် အခုလဲ မှားနေစဲပါပဲ နောင်လဲမှား​နိုင်သေးပါတယ် မပြင်နိုင်သေးတဲ့ မရင့်ကျက်နိုင်တဲ့စိတ်ကို အပြစ်မတင်တော့ပါဘူးဗျာ။



 

မချည်တဲ့ကြိုး

ရင်မှာလွမ်းရင် မျှော်တိုင်းမြင်လို့

 လက်ညှိုးညွှန်ရာ နင်ဖြစ်ဖို့လည်း

ငါဆိုတဲ့ကောင်က ရွှေဘုန်းလူမှ

မဟုတ်ခဲ့တာ ချစ်သူ..

( ၂၅ရက်နေ့မှာ ရွှေဘုန်းလူမဖြစ်ခဲ့ပေမယ့် ခင်ဗျားကျွန်တော့်ကို accepted လုပ်ပေးခဲ့လို တကယ်တကယ်ပျော်ခဲ့ရပါတယ် ကျွန်တော့်ပင်ကိုယ်ဗီဇက ချစ်တဲ့သူကို တောက်တဲ့တစ်ကောင်လို တွယ်ကပ်ခဲ့ပေမယ့် ခင်ဗျားအနှောက်အယှက်ဖြစ်မှာ စိုးရိမ်လို့ အဝေးမှာပဲနေပေးပါမယ်ဗျာ )



ရွှေဖေါ့လုံးနဲ့ရိုက်ခေါ်ရအောင်လည်း

နင်လည်း ငမိုးရိပ်မဟုတ်

ငါ့ဘုန်းကံလည်း မင်းနန္ဒာလို မကြီးခဲ့ရပါဘူး..

( ရွှေဖေါ့လုံးမပြောနဲ့ ခင်ဗျားမလာလို့ကျွန်တော်သေနိုင်တယ်ဆိုခဲ့ရင်တောင် ခင်ဗျားမလာဘူးဆိုတာ သိထားပါတယ် ဒါပေမယ့် ခင်ဗျားကျွန်တော့်ဘဝမှာရှိတယ်ဆိုတဲ့ အသိလေးနဲ့တင် ကျွန်တော့်မနက်ဖြန်တွေက လှပနေရပါတယ် ဘုန်းကံကြီးလွန်းတဲ့ခင်ဗျားကို အညတရကောင်က ချစ်ခဲ့မိတာကအမှားလို့ မထင်ခဲ့ပါဘူး နောင်တလဲမရခဲ့ပါဘူးဗျာ )



သတ်မှတ်ထားပြီးသား ကံကြမ္မာကို 

ငါပြင်ဆင်ခွင့်ရှိရအောင် 

ငါ့အဘေးကစင်္ကြာဝတေးမင်းမှ

မဟုတ်ခဲ့တာ..

( အစထဲက ကျွန်တော့်ကံကြမ္မာက အနှုတ်ဘက်မှာရှိနေတာပါ အပေါင်းလက္ခဏာမပြောနဲ့ သုညအထိတက်လာရင်တောင် ကျွန်တော်အတွက် ဘုရားပေးတဲ့ဆုလို့ ပြောရမှာပါ )



ဒီလိုနဲ့ နင်တပိုင်းတစ

ဆိုညီးခဲ့တဲ သီချင်းနဲ့ပဲ

ငါ့ကိုငါ ဖြေသိမ့်လိုက်ပါတယ်..

( သတိရတိုင်း ခင်ဗျားအသံလေးကို နားထောင်ဖြစ်တယ် ကျွန်တော့်အတွက်အားဆေးပေါ့ဗျာ )



စည်းဆိုတာလူ့သိက္ခာင်္ံပါ

အဲ့ဒီဂုဏ်ဒြပ်လေးတစ်ခုတော့

ငါ ဖက်တွယ်ထားပါရစေ..

( ကတိမတည်နိုင်ခဲ့တာကို ခွင့်လွှတ်ပါဗျာ ကျွန်တော်က သံယောဇဉ်ကြီးလွန်းတဲ့ လူဖြစ်နေလို့ပါ )




ကိုယ်စိုက်တာ 

ကိုယ်ရိတ်သိမ်းရတဲ့ဘဝမှာ

နင့်ကိုငါ့ရင်မှာစိုက်ပျိုးခဲ့မိတာ

ငါမှားတာပါ။

( မှားမှန်းသိလို့ နောက်ဆုတ်ခဲ့ပေမယ် ပြေးဖို့အတွက်အရှိန်တင်သလို ဖြစ်ခဲ့ရတာ ထပ်ပြီးတောင်းပန်ပါတယ် ကျွန်တော်ဆိုတဲ့လူက ကန့်သတ်လိုက်ရင် ချိုးဖောက်ဖို့ကို ပိုပြီးအားထုတ်သလို ဖြစ်ရတာပါ )



#18.05.2021

#formybae


ခင်ဗျားကိုစပြီးတော့ စိတ်ဝင်စားတဲ့နေ့ကစပြီး အခုအချိန်ထိ နောက်ဆုတ်ဖို့ကြိုးစားခဲ့ပါတယ် ကျွန်တော်နှလုံးသားက နာကျင်လို့ နောက်ဆုတ်ခွင့်ကို ရုတ်သိမ်းခွင့်ပြုပါဗျာ။


#26.12.2021

#guyyouaremyeverything



အရိပ်တစ်ခုပိုင်ဆိုင်ခြင်း

For my Bae!


သံသရာတပတ်လည်သောအခါ

 




ကျွန်တော်က ခံစားချက် လွန်ကဲတဲ့လူတစ်ယောက် 

ဖြစ်ပေမယ်​ ခင်ဗျားလို လူတစ်ယောက်အတွက် စောင့်ထိန်းပေးရမယ့်ဝတ္တရား ကျွန်တော့်မှာ

အပြည့်အဝရှိပါတယ်ဗျာ



မှတ်မှတ်ရရ ခင်ဗျားကိုစသိခဲ့တာ ဧပြီလ 

နန်း share ထားတဲ့ post နဲ့ပါ အဲ့ဒီ post ဖတ်ပြီးတော့ request မပို့ဖြစ်သေးဘူးဗျ ရက်နည်းနည်းကြာမှ 

ပို့ဖြစ်တာပါ အဲ့တုန်းက ခင်ဗျားမွေးနေ့ကို သိထားတာ 21.02.1977 or 1978




ရက်တော့မမှတ်မိတော့ဘူး မေလထဲမှာ ခင်ဗျား

ကားမောင်းရင်း သီချင်းဆိုရင်း live လွှင့်တော့ ကျွန်တော်​ခင်ဗျားကိုစပြီးစိတ်ဝင်စားမိတယ် 

အဲ့ live ကို ၁၀ကြိမ်မက ကျွန်တော်ဝင်ကြည့်မိတယ်


 ရက်နည်းနည်းကြာတော့ ကျွန်တော် down ထားလိုက်တယ် အဲ့ရက်ကစပြီး ခင်ဗျားပုံတွေ save ထားမိတယ် (လနည်းနည်းကြာမှ ကာမပိုင်ရှိတဲ့ အမျိုးသားတစ်ယောက်ကို စိတ်ဝင်စားတာ မဖြစ်သင့်ဘူးဆိုပြီး 

ဖျက်လိုက်တာပါ ၂ပုံတော့ ချန်ထားမိပါတယ်)



ကျွန်တော်ပြောဘူးမယ်ထင်ပါတယ် FB ကို 

မွှေတက်တယ်ဆိုတဲ့အကြောင်း ခင်ဗျားကို 

စိတ်ဝင်စားမိတဲ့အချိန်ကစပြီး ကျွန်တော်မွှေမိလိုက်တာ ခင်ဗျားမွေးနေ့ကို သိလိုက်ရတဲ့အချိန်မှာ 

တော်တော်လေးအံဩမိပါတယ် သံသရာ

တပတ်လည်တာပေါ့ဗျာ 




AHA နဲ့ချစ်သူဖြစ်တာက 2011 မေလ 

သူ့မွေးနေ့က 22.03.1987 ကျွန်တော်ကို

ပြောထားတာက 1980 ကျွန်တော့်ထက် 

အသက်ငယ်တဲ့လူတွေကို စိတ်မဝင်စားတာ 

သူသိတော့ first date ကျမှ မွေးနေ့အမှန်ကို 

ဖွင့်ပြောတော့ ကျွန်တော်ကျွံသွားတာပါ



ခင်ဗျားတင်တဲ့ပုံတွေကြည့်တာနဲ့တင် ခင်ဗျာ

မိသားစုရဲ့ အေးချမ်းသာယာမှုရော ညီမလေးရဲ့

မိန်းမပီသတဲ့ အရည်အချင်းကို ကျွန်တော်အများကြီးနားလည်ပါတယ် 



ကျွန်တော်လဲ မိန်းမတစ်ယောက်ဖြစ်လို့ ယောကျင်္ားတစ်ယောက်အပေါ် မိန်းမတစ်ယောက်ရဲ့

စိုးရိမ်ပူပန်မှုတွေကို ကောင်းကောင်းသဘောပေါက်နားလည်ပါတယ် 



အဲ့ဒါကြောင့် သတင်းကိစ္စကလွဲရင် အတက်နိုင်ဆုံး ခင်ဗျားကိုမငြိတွယ်မိအောင် ကြိုးစားခဲ့ပါတယ် စိတ်ဝင်စားမိတဲ့ လူတစ်ယောက်အပေါ် ကျွန်တော် emotion များတာ ကျွန်တော်သိတယ်လေ




ဩဂုတ်လမှာမှ ကျွန်တော် ခင်ဗျားနာမည်အရင်းကို 

သိပြီးတော့ ထပ်ပြီးမွှေမိပါသေးတယ် အဲ့ဒီနောက်ပိုင်း people you may know မှာ ညီမလေး account ပေါ်လာတိုင်း ကျွန်တော်လိပ်ပြာမလုံခဲ့ပါဘူး 

ကျွန်တော်ဘက်က မဖြူစင်ခဲ့တာကို



ခင်ဗျားမိန်းမတွေကို အထင်မကြီးတာ 

ကျွန်တော်သိထားပါတယ် စိတ်မကောင်းပါဘူး ကျွန်တော်လဲ ခင်ဗျားအထင်မကြီးတဲ့ 

တစ်ယောက်ဖြစ်ခဲ့မှာပါ



၅ရက်နေ့က ခင်ဗျားစကားပြန်ပြောတော့ 

ကျွန်တော်တော်တော်လေး ပျော်သွားတယ် 

ခင်ဗျားမေးတာတွေက တခြားတစ်ယောက်ဆိုရင်တော့ ကျွန်တော်ရိုင်းရိုင်းစိုင်းရိုင်း တုန့်ပြန်မှ

ဖြစ်ပေမယ့် ခင်ဗျားကိုတော့ အကုန်လုံးဖြေပေးခဲ့ပါတယ် ကျွန်တော်စိတ်ဝင်စားတဲ့ လူတစ်ယောက်ကို ကျွန်တော်ဖြစ်တည်မှုကို အမှန်အတိုင်း

သိစေချင်တာ ကျွန်တော့်အားနည်းချက်လို့ 

တစ်ခါမှမတွေးမိခဲ့ပါဘူး



ခင်ဗျားကတော့ မိန်းမတစ်ယောက်ဖြစ်ပြီး လက်လွတ်စပယ်ပြောလို့ ကျွန်တော့်ကို 

အထင်သေးကောင်းသေးခဲ့ပေမယ့် ကျွန်တော်ကတော့ ခင်ဗျားအပေါ်အထင်မသေးခဲ့ပါဘူး 

နောင်လဲအထင်မသေးပါဘူး ကျွန်တော်အထင်ကြီးတဲ့လူကိုပဲ ကျွန်တော်သဘောကျမိတာပါ



ကျွန်တော်က emotion အရမ်းများတော့ 

ခင်ဗျားနဲ့ပတ်သတ်လာရင် ကျွံသွားဖို့ဆိုတာ 

ရာခိုင်နှုန်းအရမ်းများပါတယ် အဲ့ဒါကိုထိန်းချုပ်ဖို့ ကျွန်တော်တော်တော်လေး ကြိုးစားခဲ့ရပါတယ်



အခုကျွန်တော်ပြောနေတာတွေ ခင်ဗျား

နားလည်ချင်မှ နားလည်မှာပါ အဓိကအချက်က ကာမပိုင်ရှိတဲ့ အမျိုးသားတစ်ယောက်ကို 

အခုထက်ပိုပြီး မငြိတွယ်မိဖို့ ကျွန်တော်

ကြိုးစားနေပါတယ် 



ခင်ဗျားဘဝထဲ ဒီထက်ပိုပြီး တိုးမဝင်မိစေဖို့ 

ကျွန်တော့်ကိုကျွန်တော်လဲ ထိန်းချုပ်ထားတယ်ဆိုတာ သိစေချင်တာပါ



နောက်တစ်ချက်က အသက်ရလာတော့ 

အရင်ကထက်စာရင် ပိုနားလည်လာတယ် 

ဒီခံစားချက်ကြီးကို ခင်ဗျားကိုဝန်မခံပဲ 

မြိုသိပ်ထားရင် အစိုင်အခဲကြီးထွားလာပြီး 

ကျွန်တော်မလုပ်သင့်တာတွေ လုပ်မိမှာစိုးရိမ်လိုပါဗျာ...








နွံ

တိုးထွက်ဖို့ကြိုးစားလေ

ကျွန်တော်နစ်မြုပ်လေပါပဲ

ဒါကြောင့်

လွတ်မြောက်မယ့်အချိန်ထိ

ညိမ်ညိမ်လေးပဲ

တည်ရှိနေပါတော့မယ်။


#20.12.2021

The End



Hoping so much?


ခင်ဗျားအပေါ်မှာ ကျွန်တော်အများကြီး မျှော်လင့်ခဲ့မိလို့လားဗျာ


မနေ့တနေ့ကမှ ခင်ဗျားအပေါ်  စိတ်ဝင်စားခဲ့တဲ့အကောင်မဟုတ်ပါဘူးဗျာ မေလထဲက ခင်ဗျားအပေါ် စိတ်ဝင်စားနေခဲ့ရတဲ့ လူပါဗျာ 


မဖြစ်နိုင်မှန်းသိလို့ စိတ်ရိုင်းကိုချွန်းနဲ့အုပ်​ပြီး distrub မလုပ်ခဲ့တဲ့သူပါဗျာ



ရက်စက်တယ်ဗျာ အရင်ထဲက ခင်ဗျားအတွက် ဘာမှမဟုတ်ခဲ့တဲ့ လူတစ်ယောက်ပါ နောင်လဲ ဘာမှမဟုတ်တဲ့ လူတစ်အဖြစ်ပဲ ရှိနေမှာပါ


တကယ်ရင့်တယ်ဗျာ


နေပါမယ် ခင်ဗျားနဲ့ အဝေးဆုံးနေရာမှာ 

ရှိနေပေးပါမယ်ဗျာ။



#18.05.2021_19.12.2021

#TheEnd.



 

ကျေးဇူးပါ





နေ့စဉ်သုံးနေကျ
စကားလုံးတောင်
ခင်ဗျားပြောလိုက်ရင်
ကျွန်တော်အတွက်တော့
ပျားရည်လိုပါပဲလေ..


#7:14 Pm




ပျော်စရာများလည်း မင်းတွေ့နိုင်တယ်

ငိုစရာများလည်း မင်းတွေ့ရင် ယိုင်လဲမသွားနဲ့နော်

အလွယ်လေးမင်းဖြတ်ကျော်..


#ThanksKHMT



ဇော်ဝင်းထွဋ် - ပျားရည် (Zaw Win Htut)



ဓါးသွားထက် ပျားရည်စက်လို ခုံမင်နေတယ်


မင်းမရှိလို့ မဖြစ်တဲ့ အချစ်ဟာ ဘယ်သူလဲ



မင်းမရှိလို့ မဖြစ်တဲ့ အဖြစ်ဟာ ကိုယ်ပါပဲ..


မြန်မာပြည်ရဲ့ တနေရာမှာ တည်ရှိနေတဲ့ ခင်ဗျာတစ်ယောက် ကြားနိုင်ပါစေဗျာ။

Nha Lone Thway Myat Yat Tant Twar Aung Chit Tae ( Cover By Scarlett Win )


မိန်းကလေး version နဲ့မှ ခင်ဗျားအတွက် ကျွန်တော် feel တက်ခဲ့ပြီလားဗျာ ?

ပုံပြင်လေးတစ်ခု



 ပုံပြင်လေးလို

ဒဏ္ဍာရီတစ်ခုလို

ရင်ခုန်ခြင်းများ ရှင်သန်ခြင်းအစ



အရွယ်လွန်ချိန်မှာ ပုံပြင်လေးတစ်ခုကို ရင်ခုန်မိတာ ကျွန်တော်မှားသွားလား? မှားခဲ့တယ်ဆိုလည်း 

နောင်တမရပါဘူး အဲ့ဒီပုံပြင်ကို ကျွန်တော်

နှစ်သက်ခဲ့မိသူပါ..





သူကလည်း ငို ကိုယ်က လဲပြို

အခု. . .

ချစ်တက်လွန်းသူကြီးနဲ့ မချစ်ရက်တော့သူတစ်ဦး

ဒီသံသရာမှတည့်တည့်ကြီးကိုတိုး



တကယ်ကို ချစ်တက်လွန်းသူကြီးဖြစ်ခဲ့ဘူးပါတယ် 

ဖြစ်နေဆဲပါပဲ သံသရာမှာ တည့်တည့်ကြီးတိုးမိခဲ့တဲ့ ခင်ဗျားနဲ့မှ မချစ်သင့်လို့ မချစ်ရက်တော့တာပါဗျာ..





မိုးလင်းကမိုးချုပ်ချစ်နေသူနဲ့ 

သိပ်အဖက်မလုပ်တဲ့ ကိုယ်

ဘဝပျက်သွားတယ်ပြောလည်း

အပြုံးမပျက်တတ်သူတို့အတွက်

နင်ပြန်မလာတာဆန်းတော့သိပ်မဆန်းဘူး



အဲ့လိုပူလောင်မှုတွေက ကျွန်တော့်သွေးသားထဲမှာ ရှင်သန်နေတာလားဗျာ လူတစ်ယောက်ကို 

၂၄နာရီကျော် သတိရနေမိတာက တော်တော်ကြီးကို ပင်ပန်း​ရတာပါ..





သူကလည်းသူ က်ိုယ်ကလည်းလူ 

တစ်မျိုး



အဟတ် ထမင်းရည်ပူက တစ်ကြိမ်ထက်ပိုလောင်ဖို့ 

မသင့်ပါဘူးဗျာ..




ပုံပြင်လေးတစ်ပုဒ် ဆင်စွယ်လက်တစ်စုံ

ငါဟာ လွှတ်ချတတ်ဖို့ တဖွဖွပြောခဲ့ဖူး

သူကလည်း ငို ကိုယ်က လဲပြို အခု ...



ဘုရားမပေးခဲ့တဲ့ ခင်ဗျားလက်တစ်စုံကို  

အတွေးထဲမှာ ချည်နှောင်ထားဖို့ အကြိမ်ကြိမ် 

စိတ်ကူးယဉ်ခဲ့ဘူးပါတယ်..



ချစ်တတ်လွန်းသူ မင်းနဲ့ မချစ်ရက်တော့သူတစ်ဦး

Corridor မှာဝင်တိုက်တဲ့ အခန်းရိုက်ဖူး

မိုးလင်းကမိုးချုပ် တွေ့ချင်သူနဲ့ အမြဲအိပ်နေတတ်တဲ့သူ



အချစ်ငတ်နေသူတစ်ယောက်အတွက် 

ချစ်တက်လွန်းသူခင်ဗျားက ဘုရားပေးတဲ့

ဆုလာဒ်ကြီးပါ ဒါပေမယ့် ဆုလာဒ်ပိုင်ရှင်က 

ကျွန်တော်််််််််််မှမဟုတ်ခဲ့တာ.. 





နှလုံးသားလှသူကြီးနဲ့ ရင်ဘတ်အပေါက်နဲ့လူတစ်ဦး

ဒီသံသရာမှာ ပတ်ချာလည်လို့မူး

မင်းအဖြစ်က မင်းကိုအခုပဲမြေမြှုပ်ပစ်တော့မလို့

ဒါမှမဟုတ် ငါ့ကိုငါပဲ သတ်ပစ်လိုက်ရမလို

No




ရင်ဘက်ပေါက်နေတဲ့ ကျွန်တော်လို လူအတွက် နှလုံးသားလှလွန်းတဲ့ခင်ဗျားကို ဒီသံသရာကြီးမှာ 

ပတ်ချာမလည်စေဖို့အတွက် ကျွန်တော်ကိုယ်

ကျွန်တော် မြေမြှုပ်လိုက်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။




ပုံပြင်လေးအဆုံးမှာ ကျွန်တော်​မောင်ကျားကြီးဟာ


ကိုယ်ကလည်း ငို 


ကိုယ်ကလည်း ပြို



#5.12.2021

3:54pm



အပြင်ကမ္ဘာမှာ မဖြစ်နိုင်တဲ့ကိစ္စတွေကို 

ဖန်တီးမယ့်အစား ကျွန်တော့်ကမ္ဘာလေးထဲမှာပဲ 

ပိတ်လှောင်နေရတာ ပိုကောင်းပါတယ် ဗျာ။


ပုံပြင်လေးအဆုံးမှာ ကျွန်တော် မောင်ကျားကြီးဟာ

သေကောင်ပေါင်းလဲကိုပဲ ဒေါသမထွက်ပါဘူးဗျာ

သောကမျက်ရည်တွေပဲ ဘူးသီးလုံးလောက်ကျလာရတာပါ။


#30.90.2022



ဈေးပေါလွန်းခဲ့တယ်

 



တချို့ကကျွန်တော်အပေါ် 

တကယ်ကောင်းပါတယ်

ဒါပေမယ့် မျက်နှာမှာအပြုံးတုတွေနဲ့


တချို့က ကျွန်တော်အပေါ် 

လုံးဝမကောင်းပါဘူး

ဒါပေမယ့် ပကတိမျက်နှာနဲ့


ဒုတိယလူမျိုးကို 

ကျွန်တော်တကယ်သဘောကျပါတယ် 

ဘာဖြစ်လို့လဲဆိုတော့

နောက်ကျောကိုဓါးနဲ့ထိုးမယ့်လူအတွက်

ကျွန်တော်ရင်ဘက်ကြီးက

ဈေးပေါလွန်းပါတယ်


ဒဏ်ရာတွေလာမပေးနဲ့ ကလေးရယ်

emotions သိပ်များတဲ့ကောင်အတွက်

ထိရှလွယ်လွန်းလို့ပါကွယ်။


#pleasedontmine

စည်း


မ​ကျော်ရလို့

သတ်မှတ်ခဲ့ပေမယ်

ကျော်မိတဲ့အခိုက်အတန့်အတွက်

ကျွန်တော်နောင်တမရတော့ပါဘူး

နောင်မှရတက်တဲ့

အပေါစားဖြေရှင်းချက်တွေအတွက်

စိတ်ရှုပ်မခံချင်တာ

ကျွန်တော့်အားနည်းချက်ပါ။


#5.12.2021



Sometime I made careless and across 
the prohibit line because I really don't want to worry about it. I wanna be free from everything.

8:00pm

ကန့်သတ်ချက်


ဆောင်းတွင်းအိမ်မက် ကယောက်ကယက်

အဲ့လိုကယောက်ကယက်အိမ်မက်မှုးကို တော်တော်ကြာကြာက မက်ခဲ့ဘူးတယ်ဗျ



ကြာပါပြီ တော်တော်လေးကို ကြာခဲ့ပါပြီ အဲ့ဒီတုန်းကတော့ မလေးမှာပေါ့ဗျာ New Year ဆို Company က ပေးထားတဲ့ Apartment House မှာ သူငယ်ချင်းတွေစုပြီး နှစ်သစ်ကိုကြိုတယ် အခုပြန်တွေးလိုက်တိုင်း အဲ့ဒီအချိန်တွေက တကယ်ပျော်ဖို့ကောင်းခဲ့ဘူးပါတယ် 



အဲ့လိုပျော်ဖို့ကောင်းတဲ့ ရောဂါက ကူးစက်သွားပြီးတော့ အလုပ်ကနေ resign ယူပြီး အိမ်ပြန်ခဲ့တဲ့အချိန်ရောက်ရင် ဒီဇင်ဘာ ၃၁ရက်နေ့ရောက်တိုင်း အင်းယားကန်ဘောင်မှာ ခင်ဗျားနဲ့အတူ Happy New Year ပြိုင်တူအော်ပြီး မီးရှုးဖောက်မယ် ဆုတောင်းစာပါတဲ့ မီးပုံးပျံလွှတ်မယ်လို့ စိတ်ကူးခဲ့ဘူးပါတယ် အခုတော့ ဆောင်းတွင်းအိမ်မက် ကယောက်ကယက်တွေပေါ့ဗျာ



အဲ့ဒီစိတ်ကူးကို လက်တွေ့အကောင်အထည်မဖေါ်ဖြစ်ခဲ့လို့ ကျွန်တော်ခမျာ အခုအချိန်တွေးမိတိုင်း အတော်လေးကို စိတ်ကလေးချမ်းသာနေရပါတယ်



ခင်ဗျားစဉ်းစားကြည့်ဗျာ ဒီခေတ်ကြီးထဲမှာ

နီးနီးနားနား လမ်းနီကကန်ဘောင်သွားရင်တောင် Taxi ခက အသွားအပြန်

တစ်သောင်းကျမယ်၊ ကန်ဘောင်ဆိုတော့ public ဧရိယာဖြစ်လို့ အပြင်းမသောက်သင့်တော့ Spy ၃လုံးလောက်ဆိုရင်တောင် တစ်သောင်းခွဲ အသာလေး အကင်နဲ့ရေသန့်ဘူးက တစ်သောင်းထား မီးရှုးက ၈ချက်ဖောက်ဆိုတော့ တစ်သောင်းတော့ကျော်မှာပဲ မီးပုံးပျံက ၃လုံးဆိုတော့ ငါးထောင်ပဲထား မီးပုံမှာ ဆုတောင်းစာအပြင် ပိုက်ဆံလေးလဲချိတ်ပေးချင်သေးတယ် ရတဲ့လူပျော်ပါစေပေါ့ဗျာ အဲ့မှာတင် တစ်သောင်းခွဲ၊ ကန်ဘောင်ကရောင်းတဲ့ အမှတ်တရတိုလီမုတ်စတွေ ဝယ်ဖြစ်ရင်ပဲ ငါးထောင်လောက်သွားမယ် ကဲ အခုတင် ခုနှစ်သောင်းလောက်ဖြစ်နေပြီ အတိုအထွာလေးအတွက် တစ်သောင်းပဲထား ရှစ်သောင်း ဘုရားဘုရား ဒီလိုကာလကြီးထဲမှာ ပိုက်ဆံရှစ်သောင်းကို ဖြုတ်ကနဲ သုံးလိုက်မိတော့မလို့ ကန်ကြီးပေလို့ဗျ



စဉ်းစားကြည့်ပါဗျာ Show ပွဲလဲမဟုတ် မှောင်မှောင်မဲမဲ ရေကန်ကြီးကိုကြည့်ပြီးတော့ လူတွေတစ်ပြုံတစ်မကြီးထဲတိုးပြီး တစ်နာရီလောက်အချိန်အတွင်းမှာ ခင်ဗျားနဲ့ Happy New Year ကို အသံပြာပြာနဲ့အော်ဖို့ ငွေရှစ်သောင်းကုန်ဖို့ စိတ်ကူးခဲ့တာ ကျွန်တော် တော်တော်ကို မိုက်လုံးကြီးခဲ့တာပဲခင်ဗျာ ကံသီပေလို့



ဖြစ်သင့်တာက ကိုယ့်အိမ်ကိုယ့်ယာမှာ 0.75 liter အေးဆေးဖွင့် အကင်တစ်သောင်းဖိုးလောက်ဆိုရင်တောင် Live လွှက့်တဲ့ သီချင်းနားထောင်ရင်း အပြီငြိမ့်နေလို့တောင်ရသေးဗျ လူတိုးစရာမလိုပဲ ညတစ်နာရီသိမ်းမလား ၂နာရီမှသိမ်းမလား It's up to you ပဲဗျာ 



ဒီလိုတွေရေးပြနေလို့ ဒီကောင် မစားရတဲ့အမဲ သဲနဲ့ပတ်တာ မဟုတ်ပါဘူးဗျာ အဲ့ဒါတွေက 

ခင်ဗျားတို့ကို အပူတွေပါကွာလို့လဲ မပြောရက်ပါဘူးခင်ဗျာ ကျွန်တော်တောင် တချိန်ကအပူလွန်သွားလို့ ကျွမ်းပြီးတော့ အရောင်တောင် ပြောင်းခဲ့ဘူးတာပဲ အေးဆေးပါဗျ



ပြောချင်တာက သံယောဇဉ်ဆိုတာ အရက်သောက်သလိုပါပဲ Limited လေးတော့ ထားရပါတယ် ဒီကန့်သတ်ချက်ကျော်ရင် အပူလောင်နိုင်တယ် အပူရှပ်တက်တယ် မီးကျွမ်းတက်တယ်ဆိုတာ နားလည်ထားရင် သံယောဇဉ်ပဲဖြစ်ဖြစ် အရက်ပဲဖြစ်ဖြစ် ခင်ဗျားကို ဥပါဒ်မပြုနိုင်ပါဘူးဗျာ


အခုတလော အရက်အကြောင်းတွေရေးနေလို့ ဆရာကြီးမထင်နဲ့ မသောက်ဖြစ်တာ ၂နှစ်ရှိပြီ နှစ်ကုန်ကို 0.75 liter လေး သောက်ချင်လွန်းလို့ ကောက်နေတဲ့ဆံပင်တောင် ပြန်မဖြောင့်နိုင်သေးတဲ့ဘဝ။


#ရင်တွင်းဖြစ်​တွေပါဗျာ