မချည်တဲ့ကြိုး

ရင်မှာလွမ်းရင် မျှော်တိုင်းမြင်လို့

 လက်ညှိုးညွှန်ရာ နင်ဖြစ်ဖို့လည်း

ငါဆိုတဲ့ကောင်က ရွှေဘုန်းလူမှ

မဟုတ်ခဲ့တာ ချစ်သူ..

( ၂၅ရက်နေ့မှာ ရွှေဘုန်းလူမဖြစ်ခဲ့ပေမယ့် ခင်ဗျားကျွန်တော့်ကို accepted လုပ်ပေးခဲ့လို တကယ်တကယ်ပျော်ခဲ့ရပါတယ် ကျွန်တော့်ပင်ကိုယ်ဗီဇက ချစ်တဲ့သူကို တောက်တဲ့တစ်ကောင်လို တွယ်ကပ်ခဲ့ပေမယ့် ခင်ဗျားအနှောက်အယှက်ဖြစ်မှာ စိုးရိမ်လို့ အဝေးမှာပဲနေပေးပါမယ်ဗျာ )



ရွှေဖေါ့လုံးနဲ့ရိုက်ခေါ်ရအောင်လည်း

နင်လည်း ငမိုးရိပ်မဟုတ်

ငါ့ဘုန်းကံလည်း မင်းနန္ဒာလို မကြီးခဲ့ရပါဘူး..

( ရွှေဖေါ့လုံးမပြောနဲ့ ခင်ဗျားမလာလို့ကျွန်တော်သေနိုင်တယ်ဆိုခဲ့ရင်တောင် ခင်ဗျားမလာဘူးဆိုတာ သိထားပါတယ် ဒါပေမယ့် ခင်ဗျားကျွန်တော့်ဘဝမှာရှိတယ်ဆိုတဲ့ အသိလေးနဲ့တင် ကျွန်တော့်မနက်ဖြန်တွေက လှပနေရပါတယ် ဘုန်းကံကြီးလွန်းတဲ့ခင်ဗျားကို အညတရကောင်က ချစ်ခဲ့မိတာကအမှားလို့ မထင်ခဲ့ပါဘူး နောင်တလဲမရခဲ့ပါဘူးဗျာ )



သတ်မှတ်ထားပြီးသား ကံကြမ္မာကို 

ငါပြင်ဆင်ခွင့်ရှိရအောင် 

ငါ့အဘေးကစင်္ကြာဝတေးမင်းမှ

မဟုတ်ခဲ့တာ..

( အစထဲက ကျွန်တော့်ကံကြမ္မာက အနှုတ်ဘက်မှာရှိနေတာပါ အပေါင်းလက္ခဏာမပြောနဲ့ သုညအထိတက်လာရင်တောင် ကျွန်တော်အတွက် ဘုရားပေးတဲ့ဆုလို့ ပြောရမှာပါ )



ဒီလိုနဲ့ နင်တပိုင်းတစ

ဆိုညီးခဲ့တဲ သီချင်းနဲ့ပဲ

ငါ့ကိုငါ ဖြေသိမ့်လိုက်ပါတယ်..

( သတိရတိုင်း ခင်ဗျားအသံလေးကို နားထောင်ဖြစ်တယ် ကျွန်တော့်အတွက်အားဆေးပေါ့ဗျာ )



စည်းဆိုတာလူ့သိက္ခာင်္ံပါ

အဲ့ဒီဂုဏ်ဒြပ်လေးတစ်ခုတော့

ငါ ဖက်တွယ်ထားပါရစေ..

( ကတိမတည်နိုင်ခဲ့တာကို ခွင့်လွှတ်ပါဗျာ ကျွန်တော်က သံယောဇဉ်ကြီးလွန်းတဲ့ လူဖြစ်နေလို့ပါ )




ကိုယ်စိုက်တာ 

ကိုယ်ရိတ်သိမ်းရတဲ့ဘဝမှာ

နင့်ကိုငါ့ရင်မှာစိုက်ပျိုးခဲ့မိတာ

ငါမှားတာပါ။

( မှားမှန်းသိလို့ နောက်ဆုတ်ခဲ့ပေမယ် ပြေးဖို့အတွက်အရှိန်တင်သလို ဖြစ်ခဲ့ရတာ ထပ်ပြီးတောင်းပန်ပါတယ် ကျွန်တော်ဆိုတဲ့လူက ကန့်သတ်လိုက်ရင် ချိုးဖောက်ဖို့ကို ပိုပြီးအားထုတ်သလို ဖြစ်ရတာပါ )



#18.05.2021

#formybae


ခင်ဗျားကိုစပြီးတော့ စိတ်ဝင်စားတဲ့နေ့ကစပြီး အခုအချိန်ထိ နောက်ဆုတ်ဖို့ကြိုးစားခဲ့ပါတယ် ကျွန်တော်နှလုံးသားက နာကျင်လို့ နောက်ဆုတ်ခွင့်ကို ရုတ်သိမ်းခွင့်ပြုပါဗျာ။


#26.12.2021

#guyyouaremyeverything



No comments: