ကန့်သတ်ချက်


ဆောင်းတွင်းအိမ်မက် ကယောက်ကယက်

အဲ့လိုကယောက်ကယက်အိမ်မက်မှုးကို တော်တော်ကြာကြာက မက်ခဲ့ဘူးတယ်ဗျ



ကြာပါပြီ တော်တော်လေးကို ကြာခဲ့ပါပြီ အဲ့ဒီတုန်းကတော့ မလေးမှာပေါ့ဗျာ New Year ဆို Company က ပေးထားတဲ့ Apartment House မှာ သူငယ်ချင်းတွေစုပြီး နှစ်သစ်ကိုကြိုတယ် အခုပြန်တွေးလိုက်တိုင်း အဲ့ဒီအချိန်တွေက တကယ်ပျော်ဖို့ကောင်းခဲ့ဘူးပါတယ် 



အဲ့လိုပျော်ဖို့ကောင်းတဲ့ ရောဂါက ကူးစက်သွားပြီးတော့ အလုပ်ကနေ resign ယူပြီး အိမ်ပြန်ခဲ့တဲ့အချိန်ရောက်ရင် ဒီဇင်ဘာ ၃၁ရက်နေ့ရောက်တိုင်း အင်းယားကန်ဘောင်မှာ ခင်ဗျားနဲ့အတူ Happy New Year ပြိုင်တူအော်ပြီး မီးရှုးဖောက်မယ် ဆုတောင်းစာပါတဲ့ မီးပုံးပျံလွှတ်မယ်လို့ စိတ်ကူးခဲ့ဘူးပါတယ် အခုတော့ ဆောင်းတွင်းအိမ်မက် ကယောက်ကယက်တွေပေါ့ဗျာ



အဲ့ဒီစိတ်ကူးကို လက်တွေ့အကောင်အထည်မဖေါ်ဖြစ်ခဲ့လို့ ကျွန်တော်ခမျာ အခုအချိန်တွေးမိတိုင်း အတော်လေးကို စိတ်ကလေးချမ်းသာနေရပါတယ်



ခင်ဗျားစဉ်းစားကြည့်ဗျာ ဒီခေတ်ကြီးထဲမှာ

နီးနီးနားနား လမ်းနီကကန်ဘောင်သွားရင်တောင် Taxi ခက အသွားအပြန်

တစ်သောင်းကျမယ်၊ ကန်ဘောင်ဆိုတော့ public ဧရိယာဖြစ်လို့ အပြင်းမသောက်သင့်တော့ Spy ၃လုံးလောက်ဆိုရင်တောင် တစ်သောင်းခွဲ အသာလေး အကင်နဲ့ရေသန့်ဘူးက တစ်သောင်းထား မီးရှုးက ၈ချက်ဖောက်ဆိုတော့ တစ်သောင်းတော့ကျော်မှာပဲ မီးပုံးပျံက ၃လုံးဆိုတော့ ငါးထောင်ပဲထား မီးပုံမှာ ဆုတောင်းစာအပြင် ပိုက်ဆံလေးလဲချိတ်ပေးချင်သေးတယ် ရတဲ့လူပျော်ပါစေပေါ့ဗျာ အဲ့မှာတင် တစ်သောင်းခွဲ၊ ကန်ဘောင်ကရောင်းတဲ့ အမှတ်တရတိုလီမုတ်စတွေ ဝယ်ဖြစ်ရင်ပဲ ငါးထောင်လောက်သွားမယ် ကဲ အခုတင် ခုနှစ်သောင်းလောက်ဖြစ်နေပြီ အတိုအထွာလေးအတွက် တစ်သောင်းပဲထား ရှစ်သောင်း ဘုရားဘုရား ဒီလိုကာလကြီးထဲမှာ ပိုက်ဆံရှစ်သောင်းကို ဖြုတ်ကနဲ သုံးလိုက်မိတော့မလို့ ကန်ကြီးပေလို့ဗျ



စဉ်းစားကြည့်ပါဗျာ Show ပွဲလဲမဟုတ် မှောင်မှောင်မဲမဲ ရေကန်ကြီးကိုကြည့်ပြီးတော့ လူတွေတစ်ပြုံတစ်မကြီးထဲတိုးပြီး တစ်နာရီလောက်အချိန်အတွင်းမှာ ခင်ဗျားနဲ့ Happy New Year ကို အသံပြာပြာနဲ့အော်ဖို့ ငွေရှစ်သောင်းကုန်ဖို့ စိတ်ကူးခဲ့တာ ကျွန်တော် တော်တော်ကို မိုက်လုံးကြီးခဲ့တာပဲခင်ဗျာ ကံသီပေလို့



ဖြစ်သင့်တာက ကိုယ့်အိမ်ကိုယ့်ယာမှာ 0.75 liter အေးဆေးဖွင့် အကင်တစ်သောင်းဖိုးလောက်ဆိုရင်တောင် Live လွှက့်တဲ့ သီချင်းနားထောင်ရင်း အပြီငြိမ့်နေလို့တောင်ရသေးဗျ လူတိုးစရာမလိုပဲ ညတစ်နာရီသိမ်းမလား ၂နာရီမှသိမ်းမလား It's up to you ပဲဗျာ 



ဒီလိုတွေရေးပြနေလို့ ဒီကောင် မစားရတဲ့အမဲ သဲနဲ့ပတ်တာ မဟုတ်ပါဘူးဗျာ အဲ့ဒါတွေက 

ခင်ဗျားတို့ကို အပူတွေပါကွာလို့လဲ မပြောရက်ပါဘူးခင်ဗျာ ကျွန်တော်တောင် တချိန်ကအပူလွန်သွားလို့ ကျွမ်းပြီးတော့ အရောင်တောင် ပြောင်းခဲ့ဘူးတာပဲ အေးဆေးပါဗျ



ပြောချင်တာက သံယောဇဉ်ဆိုတာ အရက်သောက်သလိုပါပဲ Limited လေးတော့ ထားရပါတယ် ဒီကန့်သတ်ချက်ကျော်ရင် အပူလောင်နိုင်တယ် အပူရှပ်တက်တယ် မီးကျွမ်းတက်တယ်ဆိုတာ နားလည်ထားရင် သံယောဇဉ်ပဲဖြစ်ဖြစ် အရက်ပဲဖြစ်ဖြစ် ခင်ဗျားကို ဥပါဒ်မပြုနိုင်ပါဘူးဗျာ


အခုတလော အရက်အကြောင်းတွေရေးနေလို့ ဆရာကြီးမထင်နဲ့ မသောက်ဖြစ်တာ ၂နှစ်ရှိပြီ နှစ်ကုန်ကို 0.75 liter လေး သောက်ချင်လွန်းလို့ ကောက်နေတဲ့ဆံပင်တောင် ပြန်မဖြောင့်နိုင်သေးတဲ့ဘဝ။


#ရင်တွင်းဖြစ်​တွေပါဗျာ







No comments: