Guardian




Guardian ကို မက်မက်မောမောလိုချင်ခဲ့တာက AHA နဲ့ ပြီးပြတ်သွားတဲ့ 2014 မှာပါ ကျွန်တော်ရဲ့ ပင်ကိုစရိုက်ကိုက တစ်ဖက်သားကို အရမ်းတွယ်တာမိတက်တဲ့လူမျိုးပါဗျာ..




အဲ့ဒီလိုနဲ့ 2016 မှာ တက္ကသိုလ်ကသူငယ်ချင်းနဲ့ ပြန်ဆုံမိတယ် တက္ကသိုလ်တက်တုန်းက ကျွန်တော်ကငတုံးတစ်ယောက်ဖြစ်ခဲ့လို့ သူကျွန်တော်ကိုကြိုက်ခဲ့လား မကြိုက်ခဲ့ဘူးလားဆိုတာ သေချာမသိခဲ့ပါဘူး သိခဲ့တာတစ်ခုက သူကျွန်တော်ကို တကယ်စောင့်ရှောက်ခဲ့ပါတယ်..




သူငယ်ချင်းနဲ့ပြန်ဆုံတာ ၇လပိုင်း YKKO မှာ ကြေးအိုးသွားသောက်ဖြစ်တယ် ၈လပိုင်း သင်္ဘောပြန်တက်တယ် ကမ်းကပ်တဲ့အချိန်တိုင်း ကျွန်တော် line ပေါ်မှာမရှိဘဲ အိမ်ယာစောစောမထလို့ တခြားအစ်မတစ်ယောက်ကိုဖုန်းဆက်နှိုးခိုင်းပြီး အကူအညီတောင်းခဲဲ့ရတာက အမှတ်တရပါ..




သိပ်မကြာပါဘူး ၁၀လပိုင်းလောက်မှာ ပြဿနာတက်ပြီး ပြတ်သွားရတာပဲ ကျွန်တော်ကို block သွားတာ အဲ့ဒီအချိန်ကစပြီး လူတစ်ယောက်ကို ဘယ်လောက်ပဲစိတ်ဆိုးဆိုး ကျွန်တော် block မလုပ်တော့ပါဘူး အဲ့ဒီနာကျင်မှုကို အခုအချိန်ထိ Guardian လို့သတ်မှတ်မိလိုက်တဲ့ ခင်ဗျားကြောင့် ကျွန်တော်နာနာကျင်ကျင် ခံစားရနေလို့ပါဗျာ..



ဒါပေမယ့် ကျွန်တော့်ကို လက်တွေ့စောင့်ရှောက်ပေးခဲ့တဲ့သူထဲမှာ အဲ့ဒီသူငယ်ချင်းက အချိန်ကာလအကြာဆုံးပါ Second year ကနေ Final အထိ စောင့်ရှောက်ပေးခဲ့တဲ့သူပါ အခုအချိန်မှာတော့ သူလည်းမစောင့်ရှောက်ပေးနိုင်သလို ကျွန်တော်လည်း သူ့အစောင့်အရှောက်ခံဘဝကို လက်မခံပေးနိုင်တော့လို့ပါ..



အခုမှ ဒီ post ပိုင်ရှင် ကျွန်တော့် Guardian အကြောင်းစမှာပါ



2021 မေလမှာ ခင်ဗျားနဲ့ စကားပြောဖြစ်ပေမယ့် ကျွန်တော့် Guardian ဖြစ်စေချင်တဲ့ဆန္ဒအလျင်းမရှိခဲ့ပါဘူး အဲ့တုန်းက ကျွန်တော့်စိတ်ကအဖြူရောင်ရှိနေပါသေးတယ်..


မှတ်မှတ်ရရ ၁၈ရက်နေ့မှာ ခင်ဗျားအသံကြားပြီးတော့ ကျွန်တော့်စိတ်တွေယိမ်းယိုင်လာရတာပါ မဖြစ်နိုင်ဘူး မဖြစ်သင့်ဘူးဆိုတာ အစောကြီးထဲက လက်ခံထားပြီးသားပါ ဒါပေမယ့် ကျွန်တော့်စိတ်ကို မတားမြစ်နိုင်ခဲ့ပါဘူးဗျာ..



2021 ဩဂုတ်လ ခင်ဗျားအမေဆုံးသွားလို့ ခရီးထွက်တဲ့အချိန်မှာ ကျွန်တော်စိတ်တအားပူခဲ့ရပါတယ် လမ်းခရီးမှာ တစ်စုံတစ်ခုဖြစ်သွားပြီး ခင်ဗျားထိခိုက်မှာကို အလွန်အမင်းစိုးရိမ်ခဲ့ဘူးပါတယ် စိုးရိမ်စိတ်မီးပွားက မီးတောက်အဖြစ်တော့ ခင်ဗျားကိုမကူးစက်ခဲ့ပါဘူး..




2021 စက်တင်ဘာလ Viber မှာပေါ်နေတဲ့ Birhday wish လေးတစ်ကြောင်းက ကျွန်တော့်တနေ့တာကို အရာအားလုံးပြည့်စုံစေခဲ့ပါတယ် တကူးတရ wish လုပ်တာမဟုတ်ပေမယ့် ကျွန်တော် 100% ပျော်ရွှင်ခဲ့ရပါတယ်..



နောက်ဆုတ်ဖို့ကြိုးစားရင်း တိုးဝင်နေမိတဲ့ခြေလှမ်းတွေကို ကျွန်တော်တကယ်မတားစီးနိုင်ခဲ့ပါဘူး မတားလည်းမတားရက်ပါဘူး ခင်ဗျားတို့အမြင်မှာ ပြည့်စုံနေတယ်လိုထင်ခဲ့တဲ့ ကျွန်တော့်မှာ လူမသိနိုင်တဲ့ ဒဏ်ရာတွေနဲ့ပါဗျာ..




2021 ဒီဇင်ဘာလ ခင်ဗျားကတော့ တကူးတကရည်ရွယ်ပြီး စကားလာပြောခဲ့တာမဟုတ်ပေမယ့် လမင်းကိုညစဉ်မျှော်ကြည့်နေမိတဲ့ ကလေးတစ်ယောက်အတွက်တော့ လသာညတွေက သူ့အတွက် ဘုရားပေးတဲ့ဆုလဒ်ပါပဲ..




စစ်ဖွင့်ကစားသူက တိုက်စစ်မဟုတ်ဘဲ ခံစစ်နဲ့တိုးလို့ စစ်ရုတ်လိုက်တဲ့အချိန်မှာ ခံစစ်သမားဘက်ကနေ ရှေ့တိုးခဲ့မိတာ တကယ်ကိုမှားခဲ့တဲ့ အမှားကြီးတစ်ခုပါ အမှားမှန်းသိရက်နဲ့ ကျွန်တော်ဇွတ်တိုးပြီးဝင်ခဲ့မိပါတယ်..




ဒီလိုနဲ့ပဲ ခင်ဗျားက ကျွန်တော့်အတွက် Guardian ဖြစ်လာခဲ့ပါတယ် မဖြစ်နိုင်မှန်း မဖြစ်သင့်မှန်းသိပေမယ့်လည်း ခင်ဗျားကို ကျွန်တော့်ဘဝထွက်သက်အထိ ရှိစေချင်ခဲ့ပါတယ် 


တကယ်တော့ ခင်ဗျားစောင့်ရှောက်ခံဖြစ်ခွင့်ရတာ တကယ့်ကို ရက်ပိုင်းလေးမျှသာပါ ဒါပေမယ့်လည်း ကျွန်တော်ခင်ဗျားကို စချစ်မိတဲ့အချိန်ကစပြီး အခုအချိန်အထိ ကျေနပ်ခဲ့ရသူပါ ကျွန်တော်မျှော်လင့်နေခဲ့မိတဲ့ Guardian ကို ကျွန်တော့်ဘဝမှာ ခဏတာပိုင်ဆိုင်ခဲ့ဘူးလို့ပါဗျာ..



ခင်ဗျားတို့လည်း ကြုံဘူးကျမှာပါ စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် လက်တွေ့ဘဝကဇာတ်လမ်းတွေက ပိုပြီးနာကျင်ရတယ်ဆိုတာ ကျွန်တော့်ဘဝကလည်း အဲ့ဒီလိုပါပဲ ကျွန်တော့်ဘဝရဲ့ Guardian အမျှဝေနေတဲ့အချိန်ကျမှ သာဓုတစ်ခွန်းခေါ်ခဲ့မိတာနေမှာပါ ကျွန်တော်အတွက်ရေစက်က အင်မတန်ကိုနည်းခဲ့လွန်းပါတယ်..




သေချာတဲ့ဒီဘဝမှာတောင် ခင်ဗျားအနားမရှိနိုင်တဲ့ ကျွန်တော်က မသေချာတဲ့နောင်ဘဝကို ဘယ်လိုအင်အားမျိုးနဲ့ ဆုတောင်းရမလဲဗျာ ဒါပေမယ့် နောင်ဘဝမှာ လူဖြစ်ခဲ့ရင်တော့ ခင်ဗျားဘေးမှာ ပါရမီဖြည့်ဘက်််််ဖြစ်ရပါစေလို့ ဆုတောင်းပါစေဗျာ။




#18.05.2021 _ 30.01.2022


သောက




နောင်တတော့မရပါဘူးခင်ဗျာ

လူတစ်ယောက်အပေါ် 

ကျွန်တော်ချစ်နိုင်သမျှကို 

ပုံအောပြီးချစ်ခဲ့မိလို့ 

တကယ်ကို နောင်တမရပါဘူး။



ဒီနေ့ကုန်ဆုံးသွားရင်

ကျွန်တော်မရှိနိုင်တော့ဘူးဆိုရင်တောင်

ခင်ဗျားက ကျွန်တော်ထွက်သက်ဖြစ်မယ့်သူပါဗျာ



အရာအားလုံးကို​ တွေ့ကြုံဆုံခဲ့ဘူးတဲ့

ခင်ဗျားအတွက် လောကကြီးကမဆန်းကြယ်ပေမယ့်

လောကကိုဘောင်ခပ်ကျဉ်းကျဉ်းလေးပဲ

သိနားလည်တဲ့ကျွန်တော်အတွက်

ခင်ဗျားနဲ့ဆုံတွေရတာ 

တကယ်ကိုဆန်းကြယ်လွန်းပါတယ်


တချို့အရာတွေကကျွန်တော်ပိုင်ဆိုင်ဖို့

တန်ဘိုးကြီးမှန်းသိပေမယ့်လည်း လူပီသလွန်းတဲ့

လူတစ်ယောက်အတွက် ပိုင်ဆိုင်ခွင့်ရဖို့ကို တိတ်တဆိတ်မျှော်လင့်ခဲ့ဘူးပါတယ် 



တိတ်တဆိတ်လေးပါပဲ



အချစ် ခင်ဗျားအတွက်ခပ်ပေါပေါခံစားချက်

ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်

ကျွန်တော်အတွက် အသက်လောက်တန်ဘိုးရှိတဲ့ခံစားချက်ပါ


အဲ့လိုခံစားချက်နဲ့ပဲ ခင်ဗျားအပေါ်ချစ်ခဲ့မိတဲ့လူပါဗျာ



အချိန်တွေတနေ့ပြီးတနေ့ ကုန်ဆုံးသွား​ပြီး

အသက်ကတစ်ရက်ပြီးတစ်ရက် အိုမင်းလာနေပေမယ့်

ခင်ဗျားအပေါ်ငြိတွယ်မိနေတဲ့ သံယောဇဉ်ကထုထည်မတရားကို ကြီးထွားလာနေတယ်ဗျာ



အနိစ္စ၊ဒုက္ခတဲ့ ဘုရားလည်းဟောတယ် ခင်ဗျားလည်းပြောတယ် ဒါပေမယ့်လည်း ဒုက္ခမှန်းသိရက်သားနဲ့ ဒုက္ခလို့မမြင်နိုင်သေးတဲ့ကျွန်တော့်အတွက် ခင်ဗျားတရားချလည်း အမှန်မသိနိုင်သေးပါဘူး



အချိန်ကအကောင်းဆုံးသမားတော်ပါ တချိန်ကျရင်တော့ ခင်ဗျားပြောခဲ့တဲ့ ဒုက္ခဆိုတာကိုသိမြင်နိုင်ပြီး ခင်ဗျားကိုလွှတ်ချနိုင်မှာပါ 



အခုအချိန်မှာတော့ မတွေ့ရမမြင်ရတဲ့သောကကြီးကိုဖက်တွယ်ပြီး ခင်ဗျားလွှတ်ချခဲ့တဲ့အရပ်မှာ အနည်ထိုင်ဖို့ ကျွန်တော်ကြိုးစားနေပါတယ်ဗျာ။




#23.01.2022

#imissyouSB






လေးဖြူ - အလွမ်း


🌼 ၇၂နာရီမပြည့်သေးဘူး ကျွန်တော် ခင်ဗျားကိုတော်တော်လေး သတိရနေမိပါပြီဗျာ.. 🌼




ကျွန်တော့်ကို မလိုချင်တော့တဲ့လူတစ်ယောက်ကို 

ဖက်တွယ်နေမိခဲ့တာ တကယ်ကိုပင်ပန်းလွန်းပါတယ်ဗျ


ထားခဲ့ရင်နေခဲ့မယ် နေရဲဖို့သတ္တိဆိုတာ ဘယ်လောက်အထိကြံ့ခိုင်ဖို့လိုလည်းဆိုတာ ခင်ဗျားနားလည်မယ် 

မထင်ပါဘူး 


ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားက

နေရဲထားရဲတဲ့လူဖြစ်ပြီး ကျွန်တော်က 

မနေရဲမထားရဲခဲ့တဲ့ လူဖြစ်နေလို့ပါ။


17.1.2022




နဒီမင်္ဂလာ ခင်မောင်တိုး၊ ခင်ဝမ်း

မနက်က အလုပ်သွားခါနီး နဒီမင်္ဂလာသီချင်းကြားလိုက်ရတော့ စိတ်ထဲမှာ ဆွေးဆွေးနစ်နစ်ကြီး ခံစားလိုက်ရတယ် ကျွန်တော်အတွက့် နမိတ်ပဲလားတော့ မသိပါဘူးဗျာ..

အခုတော့ ခင်ဗျားဆိုတဲ့ လူတစ်ယောက်ကို လွတ်ချလိုက်ပါတယ် ဒီထက်ပိုပြီး ခင်ဗျားကို ပိုပြီးဖက်တွယ်မိနေရင် ကျွန်တော်တစ်ခုခုဖြစ်တော့မယ်ဆိုတာ သေချာသလောက်ပါပဲ..

ခင်ဗျားအတွက် မဆန်းကြယ်ခဲ့တဲ့လောကကြီးက ကျွန်တော့်အတွက်တော့ တကယ်ကို ဆန်းကြယ်လွန်းခဲ့ပါတယ်ဗျာ။




မင်း - ထူးအယ်လင်း မီးမီးခဲ

ကျွန်တော့်ခိုလှုံရာက
ခင်ဗျားအပြင်တခြားမရှိနိုင်တော့ပါဘူးဗျာ။




ဆုတောင်းပါရစေဗျာ
နောင်ဘဝမှာ ကျွန်တော် 
လူပြန်ဖြစ်ခဲ့မယ်ဆိုရင်
တဖက်သားကိုပုံအောပြီး
ချစ်တက်တဲ့သူ
မဖြစ်ရပါစေနဲ့ဗျာ
တကယ်ကိုနာကျင်ရပါတယ်ဗျ။


Linn Linn - Nway Ain Mat Tal


လင်းလင်းသီချင်းလိုပေါ့ဗျာ 
ကပ်တစ်မျိုးပါ 
ခင်ဗျားကိုချစ်ရတာ 
ဝဋ်ဒုက္ခကြီးလှချည်လား..

😓

ပြီးပါပြီဗျာ


 

တစ်ခုတော့ ပြောခဲ့ပါရစေ ခင်ဗျားအတွက် ကျွန်တော်တကယ်ပဲ ဈေးပေါလွန်းခဲ့ပါတယ် ဒါပါပဲဗျာ။


ခင်ဗျားကတော့ ကျွန်တော့်ဘက်ကနေ စိန်ခေါ်လိုက်တယ်ထင်ခဲ့မှာပါ အဲ့ဒါကျွန်တော်ခံစားနေရတဲ့ ခံစားချက်သပ်သပ်ပါဗျာ။


စစ်သားနဲ့စစ်တိုက်ရအောင် ကျွန်တော်မှအရူးမဟုတ်တာဗျာ ဒါပေမယ့် ယောကျင်္ားတစ်ယောက်ကို ဒီနေ့ဒီအချိန်ထိ နားလည်မပေးနိုင်တဲ့ မိန်းမတစ်ယောက်အတွက် ခံစားချက်ကို မဖော်ပြနိုင်တဲ့ စကားလုံးတွေက ခင်ဗျားအတွက် လက်နက်တွေဖြစ်သွားလားဆိုတာ မတွေးတော့ပါဘူး ကျွန်တော်တကယ် နာကျင်နေတာပါ။


ဒီတစ်ညလုံးတော့ blog မှာ ရင်ဖွင့်ပါရစေဗျာ ရင်ဖွင့်စရာ သူငယ်ချင်းဆိုတာ ကျွန်တော်အတွက် မရှိခဲ့လို့ပါ


ကျွန်တော်ဒိုင်ယာရီမရေးဖြစ်တာ ဆယ်စုနှစ်တစ်ခုကျော်ပါပြီ ခင်ဗျားရဲ့အကြောင်းကိုတော့ တခုတ်တရရေးဖြစ်တယ်ဗျ ကျွန်တော်က လူတစ်ယောက်ကိုချစ်မိရင် တကယ်တန်ဘိုးထားတက်တဲ့ လူပါဗျာ


ခံစားချက်က မျက်ရည်ပေါက်ပေါက်ကျချင်ပေမယ့် အားတင်းနေရတော့ ကျွန်တော်ရေးတာတွေက ကပေါက်တိကပေါက်ချာဖြစ်နေမှာပါ 


အရင်ဘဝက ဝဋ်ကြွေးရှိခဲ့လို့နေမှာပါ ကျွန်တော်ပုံအောပြီးချစ်မိသမျှ ကျွန်တော့်ကိုပြန်မချစ်ကြတာ ကျွန်တော့်အမှားပဲနေမှာပါ ယောကျင်္ားတစ်ယောက်တပ်မက်လောက်တဲ့ ရုပ်ရည်ရော ခန္ဓာကိုယ်အချိုးအစားရော အရည်အချင်းရော ကျွန်တော့်မှာ မရှိခဲ့တာဗျာ


ယောကျင်္ားတစ်ယောက်က ပြာနေအောင်ချစ်ခံရတဲ့ အမျိုးသမီးမပြောနဲ့ ယောကျင်္ားတစ်ယောက်ချစ်ခံရတယ်ဆိုတဲ့ မိန်းမတိုင်းကို ကျွန်တော်တကယ်အားကျတယ်ဗျာ သူတို့မှာ နားခိုရာရင်ခွင်တစ်ခု ပိုင်ဆိုင်နိုင်သေးတယ်လေဗျာ ကျွန်တော်ခမျာ ငေးကြည့်ယုံပဲတက်နိုင်တဲ့လူပါ


ရင်ဘက်တစ်ခုလုံး ဗြောင်းဆန်နေတယ်ဗျာ 


Happy ending မဖြစ်ဘူးဆိုတာ နားလည်ထားပေမယ့် ဒီလောက်အထိတော့ စုတ်ပြတ်သွားမယ်လို့ မထင်ထားပါဘူးဗျာ အခုတော့ တကယ်နာကျင်နေပါတယ်ဗျာ


တကယ်ရယ်ရတယ်ဗျာ ခင်ဗျားနဲ့တူတဲ့သမီးကလေးမွေးဖို့အထိ ကျွန်တော်စိတ်ကူးယဉ်ခဲ့မိသူပါ တကယ်အဖြစ်အပျက်တွေက drama series တွေထက် ပိုပြီးသနားစရာကောင်းပါတယ်ဗျာ


ဒီညပြီးသွားရင် ကျွန်တော်ဆိုတဲ့ လူတစ်ယောက် ခင်ဗျားကို ခင်ဗျားရဲ့ဘဝကို ဘယ်နည်းနဲ့မှ နည်းနည်းလေးမှ မပတ်သက်စေရပါဘူးဗျာ။


ကျွန်တော်စိတ်ပင်ပန်းသလို ခင်ဗျားပင်ပန်းပါစေလို့ စချစ်မိတဲ့အချိန်ကနေ အခုအချိန်ထိ မတွေးခဲ့ဘူးပါဘူးဗျာ။




ချစ်ရသည်




တခြားလူတစ်ယောက်အတွက်
သာမန်စကားတစ်ခွန်းဖြစ်နိုင်ပေမယ့်
ကျွန်တော့်အတွက်တော့
အပျော်လွန်သွားပြီး
အအေးဖျော်ထားတဲ့ဘူးနဲ့ 
အအေးအဆီဘူး
မှားသောက်မိတဲ့ဘဝ..


#အဲ့လောက်တောင်ချစ်ရသည်
#7:18


ခင်ဗျားသိထားတာထက် အတိုင်းအဆများစွာ 
ခင်ဗျားကို ကျွန်တော်ချစ်မိတာ မမှားပါဘူးဗျာ ပြဿနာရှာတိုင်း အခုအချိန်အထိ 
သည်းခံပေးခဲ့လို့ ကျေးဇူးပါဗျာ 
စချစ်မိတဲ့အချိန်ကစပြီး ခင်ဗျားကို
ကျေးဇူးတင်နေမိတာပါခင်ဗျာ။

🥰

Speechless


ဒီလိုပါပဲ ကောင်မလေးရယ်

အချစ်ဆိုတဲ့အရာဟာ နင့်အတွက် 

တန်ဘိုးကြီးလွန်းလှပါတယ်။


😔

Never

 လူတစ်ယောက်ကို ချစ်ဖို့ဆိုတာ

ကျွန်တော်အတွက့် တကယ်မလွယ်ကူတဲ့အရာပါ 

အဲ့ဒီထက် ပိုပြီးခက်ခဲတာက အဲ့ဒီလူတစ်ယောက်က ကျွန်တော်ကို ပြန်ချစ်ဖို့ပါပဲ..



အသက်၄၀ကျော် မိန်းမတစ်ယောက်က အသက်၂၀အရွယ် မိန်းကလေးတစ်ယောက်လို 

ခင်ဗျားကိုဂျစ်တိုက်နေခဲ့လို့ ခင်ဗျားစိတ်ရှုပ်ခဲ့ရမှာ အမှန်ပါပဲဗျာ ဒါပေမယ့် အဲ့ဒါသူခင်ဗျားကို 

ရူးရူးမူးမူးစွဲလန်းနေခဲ့လို့ပါဗျာ



ဒီဇင်ဘာလ(၅)ရက်နေ့ နောက်ပိုင်း ခင်ဗျားကြောင့် အိပ်ရေးပျက်ခဲ့တဲ့ညတွေကို ဘယ်နှစ်ညတိုင်လဲဆိုတာ ကျွန်တော်တကယ် မမှတ်မိတော့ပါဘူး



30, 31, 1, 2, 3, 4, 5



ခင်ဗျားနဲ့ စကားမပြောခဲ့ရတဲ့ ကျွန်တော်ရဲ့

ကယောင်ခြောက်ခြား ရက်စွဲတွေပါ ထားလိုက်ပါတော့ အခုတော့မလိုအပ်တော့ပါဘူး



ကျွန်တော်က အခုကချိန်ထိ မရင့်ကျက်သေးတာ

ဝန်ခံပေမယ့် သန်မာချင်ယောင်ဆောင်နေမိခဲ့တဲ့ 

လူတစ်ယောက်ပါ အခုတော့အရှုံးပေးလိုက်ပါပြီဗျာ



ကျွန်တော်ဘက်ကနေ စတင်ခဲ့မိတဲ့ relationship 

တစ်ခုကို ကျွန်တော်ဘက်ကနေပဲ အဆုံးသတ်ခွင့်

ပြုပါဗျာ


ခင်ဗျားကိုစောင့်နေရတာ တကယ်ပင်ပန်းပါတယ် ကျွန်တော် တကယ်ပင်ပန်းနေပါပြီ ကျွန်တော်

ဒီထက်ပိုပြီး ကြံ့ခိုင်ချင်ယောင် မဆောင်တော့ပါဘူးဗျာ ဖမ်းဆုပ်ထားဖို့ အင်အားမရှိတော့လို့ 

ခင်ဗျားလက်တစ်စုံကို လွှတ်ပေးလိုက်ပါပြီ



အားနာလို့ဖြစ်စေ မပြောရက်လို့ဖြစ်စေ 

ခင်ဗျားမပြောခဲ့တဲ့ အဆုံးသတ်ဖို့ကို 

ကျွန်တော့်ဘာသာပဲ ရွေးချယ်လိုက်ပါတယ်



စကားအများကြီး မပြောတော့ပါဘူးဗျာ 

ကျွန်တော့်အတွက်မဟုတ်ပါဘူး 

ညီမလေးနဲ့ကလေးတွေအတွက် ခင်ဗျားကို

ခင်ဗျားအမြဲဂရုစိုက်ပေးပါဗျာ 

နောက်ဆုံးအကြိမ်အဖြစ် ကျွန်တော်ဘက်ကနေ 

တောင်းဆိုတာပါ


ခဏခဏပြောခဲ့မိပါတယ် အခုလည်း

ထပ်ပြောပါရစေ ခင်ဗျားကို စသိတဲ့အချိန်ကစပြီး 

အခုအချိန်အထိ အရာအားလုံးအတွက် 

ကျေးဇူးတင်ပါတယ်ဗျာ


ခင်ဗျားကဘုန်းကံမြင့်မားတဲ့ လူတစ်ယောက်ဖြစ်လို့ ကျွန်တော်လို အညနရတစ်ယောက်က 

ခင်ဗျားဘေးမှာ နေခွင့်မရတဲ့အတွက် 

ထူးပြီးတော့ စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ 

အချိန်တစ်ခုကြာရင် ကျွန်တော် 

stable ဖြစ်သွားမှာပါဗျာ။


By the way!



လူတစ်ယောက်ကို ရူးရူးမူးမူး ချစ်ဖို့ဆိုတာ မလွယ်ပါဘူးဗျာ..


အဲ့လိုပါပဲ ရူးရူးမူးမူးချစ်နေတဲ့ လူတစ်ယောက်ကို accepted လုပ်ပေးဖို့ဆိုတာလဲ တကယ်မလွယ်ပါဘူး..


အရူးတစ်ကောင်ကို care လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ ခင်ဗျားက ကျွန်တော့်ဘဝအတွက် ဘုရားပေးတဲ့ဆုပါဗျာ..


#1.1.2022

9:00pm


💕 Love you, Bae! 😘 💕