သောက




နောင်တတော့မရပါဘူးခင်ဗျာ

လူတစ်ယောက်အပေါ် 

ကျွန်တော်ချစ်နိုင်သမျှကို 

ပုံအောပြီးချစ်ခဲ့မိလို့ 

တကယ်ကို နောင်တမရပါဘူး။



ဒီနေ့ကုန်ဆုံးသွားရင်

ကျွန်တော်မရှိနိုင်တော့ဘူးဆိုရင်တောင်

ခင်ဗျားက ကျွန်တော်ထွက်သက်ဖြစ်မယ့်သူပါဗျာ



အရာအားလုံးကို​ တွေ့ကြုံဆုံခဲ့ဘူးတဲ့

ခင်ဗျားအတွက် လောကကြီးကမဆန်းကြယ်ပေမယ့်

လောကကိုဘောင်ခပ်ကျဉ်းကျဉ်းလေးပဲ

သိနားလည်တဲ့ကျွန်တော်အတွက်

ခင်ဗျားနဲ့ဆုံတွေရတာ 

တကယ်ကိုဆန်းကြယ်လွန်းပါတယ်


တချို့အရာတွေကကျွန်တော်ပိုင်ဆိုင်ဖို့

တန်ဘိုးကြီးမှန်းသိပေမယ့်လည်း လူပီသလွန်းတဲ့

လူတစ်ယောက်အတွက် ပိုင်ဆိုင်ခွင့်ရဖို့ကို တိတ်တဆိတ်မျှော်လင့်ခဲ့ဘူးပါတယ် 



တိတ်တဆိတ်လေးပါပဲ



အချစ် ခင်ဗျားအတွက်ခပ်ပေါပေါခံစားချက်

ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်

ကျွန်တော်အတွက် အသက်လောက်တန်ဘိုးရှိတဲ့ခံစားချက်ပါ


အဲ့လိုခံစားချက်နဲ့ပဲ ခင်ဗျားအပေါ်ချစ်ခဲ့မိတဲ့လူပါဗျာ



အချိန်တွေတနေ့ပြီးတနေ့ ကုန်ဆုံးသွား​ပြီး

အသက်ကတစ်ရက်ပြီးတစ်ရက် အိုမင်းလာနေပေမယ့်

ခင်ဗျားအပေါ်ငြိတွယ်မိနေတဲ့ သံယောဇဉ်ကထုထည်မတရားကို ကြီးထွားလာနေတယ်ဗျာ



အနိစ္စ၊ဒုက္ခတဲ့ ဘုရားလည်းဟောတယ် ခင်ဗျားလည်းပြောတယ် ဒါပေမယ့်လည်း ဒုက္ခမှန်းသိရက်သားနဲ့ ဒုက္ခလို့မမြင်နိုင်သေးတဲ့ကျွန်တော့်အတွက် ခင်ဗျားတရားချလည်း အမှန်မသိနိုင်သေးပါဘူး



အချိန်ကအကောင်းဆုံးသမားတော်ပါ တချိန်ကျရင်တော့ ခင်ဗျားပြောခဲ့တဲ့ ဒုက္ခဆိုတာကိုသိမြင်နိုင်ပြီး ခင်ဗျားကိုလွှတ်ချနိုင်မှာပါ 



အခုအချိန်မှာတော့ မတွေ့ရမမြင်ရတဲ့သောကကြီးကိုဖက်တွယ်ပြီး ခင်ဗျားလွှတ်ချခဲ့တဲ့အရပ်မှာ အနည်ထိုင်ဖို့ ကျွန်တော်ကြိုးစားနေပါတယ်ဗျာ။




#23.01.2022

#imissyouSB






No comments: