Guardian




Guardian ကို မက်မက်မောမောလိုချင်ခဲ့တာက AHA နဲ့ ပြီးပြတ်သွားတဲ့ 2014 မှာပါ ကျွန်တော်ရဲ့ ပင်ကိုစရိုက်ကိုက တစ်ဖက်သားကို အရမ်းတွယ်တာမိတက်တဲ့လူမျိုးပါဗျာ..




အဲ့ဒီလိုနဲ့ 2016 မှာ တက္ကသိုလ်ကသူငယ်ချင်းနဲ့ ပြန်ဆုံမိတယ် တက္ကသိုလ်တက်တုန်းက ကျွန်တော်ကငတုံးတစ်ယောက်ဖြစ်ခဲ့လို့ သူကျွန်တော်ကိုကြိုက်ခဲ့လား မကြိုက်ခဲ့ဘူးလားဆိုတာ သေချာမသိခဲ့ပါဘူး သိခဲ့တာတစ်ခုက သူကျွန်တော်ကို တကယ်စောင့်ရှောက်ခဲ့ပါတယ်..




သူငယ်ချင်းနဲ့ပြန်ဆုံတာ ၇လပိုင်း YKKO မှာ ကြေးအိုးသွားသောက်ဖြစ်တယ် ၈လပိုင်း သင်္ဘောပြန်တက်တယ် ကမ်းကပ်တဲ့အချိန်တိုင်း ကျွန်တော် line ပေါ်မှာမရှိဘဲ အိမ်ယာစောစောမထလို့ တခြားအစ်မတစ်ယောက်ကိုဖုန်းဆက်နှိုးခိုင်းပြီး အကူအညီတောင်းခဲဲ့ရတာက အမှတ်တရပါ..




သိပ်မကြာပါဘူး ၁၀လပိုင်းလောက်မှာ ပြဿနာတက်ပြီး ပြတ်သွားရတာပဲ ကျွန်တော်ကို block သွားတာ အဲ့ဒီအချိန်ကစပြီး လူတစ်ယောက်ကို ဘယ်လောက်ပဲစိတ်ဆိုးဆိုး ကျွန်တော် block မလုပ်တော့ပါဘူး အဲ့ဒီနာကျင်မှုကို အခုအချိန်ထိ Guardian လို့သတ်မှတ်မိလိုက်တဲ့ ခင်ဗျားကြောင့် ကျွန်တော်နာနာကျင်ကျင် ခံစားရနေလို့ပါဗျာ..



ဒါပေမယ့် ကျွန်တော့်ကို လက်တွေ့စောင့်ရှောက်ပေးခဲ့တဲ့သူထဲမှာ အဲ့ဒီသူငယ်ချင်းက အချိန်ကာလအကြာဆုံးပါ Second year ကနေ Final အထိ စောင့်ရှောက်ပေးခဲ့တဲ့သူပါ အခုအချိန်မှာတော့ သူလည်းမစောင့်ရှောက်ပေးနိုင်သလို ကျွန်တော်လည်း သူ့အစောင့်အရှောက်ခံဘဝကို လက်မခံပေးနိုင်တော့လို့ပါ..



အခုမှ ဒီ post ပိုင်ရှင် ကျွန်တော့် Guardian အကြောင်းစမှာပါ



2021 မေလမှာ ခင်ဗျားနဲ့ စကားပြောဖြစ်ပေမယ့် ကျွန်တော့် Guardian ဖြစ်စေချင်တဲ့ဆန္ဒအလျင်းမရှိခဲ့ပါဘူး အဲ့တုန်းက ကျွန်တော့်စိတ်ကအဖြူရောင်ရှိနေပါသေးတယ်..


မှတ်မှတ်ရရ ၁၈ရက်နေ့မှာ ခင်ဗျားအသံကြားပြီးတော့ ကျွန်တော့်စိတ်တွေယိမ်းယိုင်လာရတာပါ မဖြစ်နိုင်ဘူး မဖြစ်သင့်ဘူးဆိုတာ အစောကြီးထဲက လက်ခံထားပြီးသားပါ ဒါပေမယ့် ကျွန်တော့်စိတ်ကို မတားမြစ်နိုင်ခဲ့ပါဘူးဗျာ..



2021 ဩဂုတ်လ ခင်ဗျားအမေဆုံးသွားလို့ ခရီးထွက်တဲ့အချိန်မှာ ကျွန်တော်စိတ်တအားပူခဲ့ရပါတယ် လမ်းခရီးမှာ တစ်စုံတစ်ခုဖြစ်သွားပြီး ခင်ဗျားထိခိုက်မှာကို အလွန်အမင်းစိုးရိမ်ခဲ့ဘူးပါတယ် စိုးရိမ်စိတ်မီးပွားက မီးတောက်အဖြစ်တော့ ခင်ဗျားကိုမကူးစက်ခဲ့ပါဘူး..




2021 စက်တင်ဘာလ Viber မှာပေါ်နေတဲ့ Birhday wish လေးတစ်ကြောင်းက ကျွန်တော့်တနေ့တာကို အရာအားလုံးပြည့်စုံစေခဲ့ပါတယ် တကူးတရ wish လုပ်တာမဟုတ်ပေမယ့် ကျွန်တော် 100% ပျော်ရွှင်ခဲ့ရပါတယ်..



နောက်ဆုတ်ဖို့ကြိုးစားရင်း တိုးဝင်နေမိတဲ့ခြေလှမ်းတွေကို ကျွန်တော်တကယ်မတားစီးနိုင်ခဲ့ပါဘူး မတားလည်းမတားရက်ပါဘူး ခင်ဗျားတို့အမြင်မှာ ပြည့်စုံနေတယ်လိုထင်ခဲ့တဲ့ ကျွန်တော့်မှာ လူမသိနိုင်တဲ့ ဒဏ်ရာတွေနဲ့ပါဗျာ..




2021 ဒီဇင်ဘာလ ခင်ဗျားကတော့ တကူးတကရည်ရွယ်ပြီး စကားလာပြောခဲ့တာမဟုတ်ပေမယ့် လမင်းကိုညစဉ်မျှော်ကြည့်နေမိတဲ့ ကလေးတစ်ယောက်အတွက်တော့ လသာညတွေက သူ့အတွက် ဘုရားပေးတဲ့ဆုလဒ်ပါပဲ..




စစ်ဖွင့်ကစားသူက တိုက်စစ်မဟုတ်ဘဲ ခံစစ်နဲ့တိုးလို့ စစ်ရုတ်လိုက်တဲ့အချိန်မှာ ခံစစ်သမားဘက်ကနေ ရှေ့တိုးခဲ့မိတာ တကယ်ကိုမှားခဲ့တဲ့ အမှားကြီးတစ်ခုပါ အမှားမှန်းသိရက်နဲ့ ကျွန်တော်ဇွတ်တိုးပြီးဝင်ခဲ့မိပါတယ်..




ဒီလိုနဲ့ပဲ ခင်ဗျားက ကျွန်တော့်အတွက် Guardian ဖြစ်လာခဲ့ပါတယ် မဖြစ်နိုင်မှန်း မဖြစ်သင့်မှန်းသိပေမယ့်လည်း ခင်ဗျားကို ကျွန်တော့်ဘဝထွက်သက်အထိ ရှိစေချင်ခဲ့ပါတယ် 


တကယ်တော့ ခင်ဗျားစောင့်ရှောက်ခံဖြစ်ခွင့်ရတာ တကယ့်ကို ရက်ပိုင်းလေးမျှသာပါ ဒါပေမယ့်လည်း ကျွန်တော်ခင်ဗျားကို စချစ်မိတဲ့အချိန်ကစပြီး အခုအချိန်အထိ ကျေနပ်ခဲ့ရသူပါ ကျွန်တော်မျှော်လင့်နေခဲ့မိတဲ့ Guardian ကို ကျွန်တော့်ဘဝမှာ ခဏတာပိုင်ဆိုင်ခဲ့ဘူးလို့ပါဗျာ..



ခင်ဗျားတို့လည်း ကြုံဘူးကျမှာပါ စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် လက်တွေ့ဘဝကဇာတ်လမ်းတွေက ပိုပြီးနာကျင်ရတယ်ဆိုတာ ကျွန်တော့်ဘဝကလည်း အဲ့ဒီလိုပါပဲ ကျွန်တော့်ဘဝရဲ့ Guardian အမျှဝေနေတဲ့အချိန်ကျမှ သာဓုတစ်ခွန်းခေါ်ခဲ့မိတာနေမှာပါ ကျွန်တော်အတွက်ရေစက်က အင်မတန်ကိုနည်းခဲ့လွန်းပါတယ်..




သေချာတဲ့ဒီဘဝမှာတောင် ခင်ဗျားအနားမရှိနိုင်တဲ့ ကျွန်တော်က မသေချာတဲ့နောင်ဘဝကို ဘယ်လိုအင်အားမျိုးနဲ့ ဆုတောင်းရမလဲဗျာ ဒါပေမယ့် နောင်ဘဝမှာ လူဖြစ်ခဲ့ရင်တော့ ခင်ဗျားဘေးမှာ ပါရမီဖြည့်ဘက်််််ဖြစ်ရပါစေလို့ ဆုတောင်းပါစေဗျာ။




#18.05.2021 _ 30.01.2022


No comments: