မူး မြစ်ထင်


 


ခင်ဗျားကတော့ ဖွင့်မပြောရင်တောင်

ထင်နေမှာပါပဲ ဒီကောင်မ ငါ့ဒီလောက်ကြိုက်နေတာ

အရင်က ယောင်္ကျားမမြင်ခဲ့ဘူးလား ဆိုပြီးတော့..



မဟုတ်ဘူးဗျ အဓိကက အဲ့ဒီယောင်္ကျားက ခင်ဗျားဖြစ်နေလို့ဗျ



ခင်ဗျားအသံ ခင်ဗျားမျက်နှာ ခင်ဗျားလှုပ်ရှားမှု ယုတ်အစွဆုံးပြောမယ်ဗျာ ခင်ဗျားလေလည်တဲ့အသံ လေလည်တဲ့အနံတောင်မှ ကျွန်တော်က ကြားချင်မြင်ချင်ထိတွေ့နေချင်တဲ့သူပါ



အခုလိုဘာလို့ လင်တရူးဖြစ်နေလည်းဆိုရင် ခင်ဗျားနဲ့ အတူရှိခဲ့ရလို့လေ မတွေ့မမြင်မကြားရဘဲ တစ်နှစ်နီးပါး ဆက်နွယ်နေမိတဲ့လူကို ခင်ဗျားနဲ့တွေ့ခွင့်ပေးလိုက်တာက အရူးကိုအမဲသားကျွေးလိုက်မိသလိုပါပဲ



သောက်လေသောက်လေ ငတ်မပြေတဲ့ ကျွန်တော်ရော ခင်ဗျားရော သိပေမယ့်လည်း ခင်ဗျားစည်းတားထားတာတောင် ကျွန်တော့်ဘက်ကမှ မရပ်တန့်နိုင်တာ ခင်ဗျားကိုအပြစ်ဆိုလို့မရပါဘူး အစထဲကဇွဲကောင်းကောင်းနဲ့ ဇွတ်တိုးခဲ့သူက ကျွန်တော်ပါဗျာ



၈လ ခင်ဗျားနဲ့အတူနေရဖို့မပြောနဲ့ ခင်ဗျားမျက်နှာမမြင်ရ ခင်ဗျားအသံမကြားရတာ အဲ့ဒီလောက်တောင် ရှိနေပါပြီ ကျွန်တော့်စိတ်အလိုတိုင်းဆို ခင်ဗျားစီလာခဲ့ချင်ပေမယ့်လည်း အခြေအနေကမပေးဘူးလေ



ကျွန်တော်​က ခင်ဗျားရဲ့အားနည်းချက် ဖြစ်ခဲ့ရရင် ကျွန်တော်ပဲ စိတ်ဆင်းရဲရမှာပါ ခင်ဗျားကိုမဖြည့်ဆည်းပေးနိုင်ပေမယ့် ဘယ်သောအခါမျှ ကျွန်တော်ကခင်ဗျားရဲ့ချို့ယွင်းချက် ဖြစ်လို့မရဘူးလေ 



ဗလာနတ္တိဖြစ်နေတဲ့ ခင်ဗျားကိုယ်ခန္ဓာကို တင်းတင်းကြပ်ကြပ် အကြာကြီးဖက်ထားပြီးတော့ ဆံဖျားကနေ ခြေဖဝါးအထိ တရစပ်နမ်းပြစ်ချင်တယ် အဲ့ဒါတောင်မှ ကျွန်တော့်အလွမ်းတွေ ပြေမယ်မထင်ပါဘူး


နင်က ငါ့မူပိုင် ဖာသည်မလေးပဲ


အဲ့လိုပြောတာတောင် ကျွန်တော့်မှာဒေါသမထွက်နိုင်တဲ့အပြင် ခင်ဗျားကိုတပ်မက်မိတဲ့ စိတ်ဆန္ဒတွေ ပိုတိုးလာမိတော့ ကံကြမ္မာကတောင် မိုက်လုံးကြီးတဲ့ဟာမ နင်ဖြစ်နင်ခံဆိုပြီးတော့ ကျွန်တော့်ကိုလက်မှိုင်ချထားလိုက်တာ နေမှာဗျ



မမြင်ဘူး မူး မြစ်ထင်တဲ့ မမြင်ဘူးရအောင်လည်း အရှေ့မှာ အရူးအမူးဖြစ်ခဲ့ရဘူးတဲ့ ယောင်္ကျားတစ်ယောက်လည်း ရှိခဲ့ဘူးပါတယ် အတူလည်းရှိခဲ့ဘူးပါတယ်



ဒါတောင် ခင်ဗျားမှ ခင်ဗျားဖြစ်နေရတာတော့ ခင်ဗျားအပေါ်အဆုံးအထိ ဖက်တွယ်ပါစေလို့ ခင်ဗျားဆုတောင်းခဲ့တာလား ကျွန်တော်ကပဲ အရင်ဘဝက ခင်ဗျားအပေါ်ကျုးလွန်ခဲ့မိလို့ အကြွေးဆပ်ဖို့ ကံပါလာသလား အကြောင်းအရာတစ်ခုတော့ရှိမှာပါ



ဘာကြီးပဲရှိနေပါစေ ခင်ဗျားကို တပ်မက်တွယ်တာတဲ့ တဏှာရာဂစိတ်ကတော့ ဒီရေအလားတိုးလာနေတော့ တစ်တခါတလေ ကျွန်တော်ကိုယ်တိုင်တောင် စိတ်ညစ်ယူရတဲ့အထိပါပဲ



မူးပဲဖြစ်ဖြစ် မြစ်ပဲဖြစ်ဖြစ် ခင်ဗျားဆိုတဲ့ 

လူနဲ့ တစ်ရက်ကလေးဖြစ်ဖြစ် အတူနေချင်တယ်ဗျာ။




No comments: