ဘုန်းကြီးပါစေ အသက်ရှည်စေ။



 အဲ့ဒီနေရာကနေ ဘေးမသီရန်မခဘဲ ကိုယ့်သား ကိုယ့်လင်ယောင်္ကျား ကိုယ့်မိဘ ကိုယ့်အစ်ကို ပြန်ရောက်လာဖို့ကို အမျိုးသမီးဘယ်နှစ်ယောက်ကများ မျှော်လင့်နေသလည်းဆိုတာ ဘယ်သူကများ ကိုယ်ချင်းစာနိုင်မှာလည်းဗျာ..



မနေ့က အဆက်အသွယ်မရှိတာ ၁၀ရက်ပြည့်ပြီဖြစ်လို့ မိန်းမပီပီသသ ဂျီကျမိတယ် ဒီနေ့လည်း စာပို့ထားတာ seen မဖြစ်တော့ fb account ဝင်မွှေမိရင်းနဲ့ account ထဲက မှူးတစ်ယောက်ကျသွားတာသိလိုက်ရတယ်



တကယ်ကို ကယောင်ကတမ်းတွေဖြစ်မိတယ် ပြီးခဲ့တဲ့အပတ်ကတောင် ရတ ကပုံတင်ထားလို့ ဂရုစိုက်ပါဆိုပြီး care တောင်ပေးခဲ့သေးတာ ကျွန်တော်ထက်တောင် အသက်ငယ်သေးတယ်ဗျာ ရတ ရောက်တာတောင် တစ်လစွန်းစွန်းပဲရှိအုန်းမှာ



အပြင်မှာတွေ့ဘူးဖို့ဝေးစွ စကားတောင်မပြောဖြစ်ခဲ့ဘူးပေမယ့် တော်တော်လေး စိတ်မကောင်းဖြစ်မိတယ် ညီမလေးနဲ့ အရွယ်မရောက်သေးတဲ့ သားငယ်လေးအတွက် တောင်ကြီးပြိုကျသွားသလို နေမှာပါဗျာ ကျွန်တော်တောင် သိစက ဟာကနဲဖြစ်သွားရင်း သတင်းမှားဖြစ်ပါစေလို့ ဆုတောင်းရင်း ချက်ခြင်း account ဝင်ကြည့်တာ ဆုတောင်းမပြည့်ပါဘူးဗျာ



လူကြီးတွေ ရန်ပွဲအတွက် လူငယ်၊လူရွယ်တွေဘယ်လောက်များ သားသည် ခင်ပွန်း အဖေ အစ်ကိုတွေ ဘယ်လောက်များ အသက်ပေးခဲ့ရပြီလည်းဗျာ



၈နာရီကျော် သတင်းစသိလိုက်တဲ့ အချိန်ကစပြီးတော့ အခုအချိန်အထိ ကျွန်တော့်စိတ်နဲ့လူနဲ့ မကပ်တော့ပါဘူး အဲ့ဒီညီမလေးနေရာမှာ ကျွန်တော်သာဖြစ်ခဲ့ရင် ဆိုတဲ့အတွေးက လူကိုရိုက်ချသွားသလိုပါပဲ



သတင်းသိပြီးတာနဲ့ မနေ့ကကိစ္စနဲ့ပတ်သက်ပြီး 

ကိုကို့ကို တောင်းပန်ဖြစ်ပါတယ် သက်စွန့်ဆံဖျားတာဝန်ထမ်းဆောင်နေရတဲ့အချိန်မှာ ဘာမဟုတ်တာအတွက် ကျွန်တော်ဂျီကျမိခဲ့တာလေ



အန္တရာယ်ကင်းဘေးရှင်းဖို့က သူ့အတွက်အသက်တမျှကို အရေးကြီးပါတယ် လောကပါလ နတ်မင်းကြီးများလည်း ကိုကိုနဲ့တစ်ကွ တပ်မတော်တွေအကုန်လုံးကို စောင့်ရှောက်ပေးနိုင်ပါစေလို့ တကယ့်စိတ်ရင်းနဲ့ ဆုတောင်းမိပါတယ်



တပ်မတော်သားများနှင့်တကွ မိသားစုဝင်များအကုန်လုံး 

ဘုန်းကံမြင့်မားကြပါစေ

ဘေးမသီရန်မခဘဲ အန္တရာယ်ကင်း ဘေးရှင်းကြပါစေ 

သက်တော်ရာကျော် ရှည်ပါစေ

မတောင့်မတ မကြောင့်မကျဘဲ စိတ်ချမ်းသာ ကိုယ်ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေလို့ ဆုတောင်းပါတယ်ခင်ဗျာ..


မှူးတစ်ယောက်လည်း ဖြစ်လေရာ ဘဝတိုင်းမှာ 

ဘေးရန်ကင်ကွားပြီး ဘုန်းကံမြင့်မားပါစေ 

အသက်ရာကျော်ရှည်ပါစေ 

နောက်ဘဝဆက်တိုင်းမှာ ညီမလေးတို့သားအမိနဲ့ မိသားစုအတူတကွ အသက်ထက်ဆုံး ပျော်ရွှင်အေးချမ်းစွာ နေထိုင်သွားပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ..


တမလွန်ဘဝမှာ ငြိမ်းချမ်းပါစေ မှူးရေ။


🙏🙏🙏🙏🙏








No comments: