ရပ်တန့်လိုက်ပါပြီ။













 


1ရက်နေ့ညက blocked သွားတယ် 3ရက်နေ့ စိတ်သက်သာရမလားဆိုပြီး ပိုက်ဆံနည်းနေတာတောင် အလုပ်က ညီမလေးနဲ့ Spa လိုက်သွားတယ် ၂နာရီလောက် အနှိမ်ခံထားရလို့ တစ်ကိုယ်လုံးနာကျင်နေတာတောင် ညဘက်ထပ်ပြီးတော့ သားဘဲတို့နဲ့ Bar လိုက်သွားတယ် ဒါပေမယ့် စိတ်ညစ်တာက မပျောက်သွားပါဘူး 



ကျွန်တော်ကယောင်္ကျားဆိုရင် တစ်ယောက်ဆိုတစ်ယောက်ကိုပဲ တပ်မက်ပြီးဖက်တွယ်တက်လွန်းတဲ့ တယူသန်သမားကိုဗျ



ခင်ဗျားနဲ့ပတ်သက်တာတွေမှန်သမျှ ကျွန်တော်က အကုန်လုံးကို အလေးအနက်ထားခဲ့မိတာကို

အဲ့ဒီစိတ်ကြောင့်ပဲ  10ရက်နေ့မှာ ဗုံးဗုံးလဲသွားတာ 

ဒီနေ့အထိပါပဲ 



ဒီတစ်ခါတော့ ခင်ဗျားကို ကျွန်တော်တကယ်ကို မုန်းပါတယ် နောက်တစ်ကြိမ်ထပ်ပြီးတော့

ဖက်တွယ်ဖို့ တစ်နည်းနည်းမျှဆက်သွယ်ဖို့ ဘယ်လိုမျှမကြိုးစားတော့ပါဘူး အကြိမ်ကြိမ်

နာကျင်စေခဲ့သူကို လွှတ်ချလိုက်တာ ကျွန်တော်မမှားခဲ့ဘူးထင်ပါတယ်



မိန်းမတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာဖြစ်စေ စိတ်ပိုင်းဆိုင်ရာဖြစ်စေ တစ်နည်းနည်းနဲ့ 

အဲ့လိုနာကျင်စေတဲ့ ဘယ်လိုယောင်္ကျားကိုမဆို ကျွန်တော်မုန်းပါတယ် 



အစွဲအလန်းကြီးတက်တဲ့သူဖြစ်လို့ အသားကျဖို့တော့ အချိန်တော့ယူရပါလိမ့်မယ် 

အဲ့ဒီအချိန်အတွင်းမှာ ကျွန်တော်တစ်ယောက် ကိုယ်ကျန်းမာ စိတ်ချမ်းသာဖို့အတွက် 

အများကြီးကြိုးစားပြီး နေထိုင်သွားပါမယ်



ကျွန်တော့်ဘက်ကနေ စပြီးကျူးလွန်ခဲ့တာဖြစ်လို့ ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး 

မချစ်သင့်တဲ့သူကို မဖက်တွယ်သင့်တဲ့သူကို မတပ်မက်ခဲ့သင့်သူကို ချစ်ခဲ့မိလို့ ဖက်တွယ်ခဲ့မိလို့ 

တပ်မက်ခဲ့မိလို့ အခုလို စိတ်ရောကိုယ်ပါ နာကျင်ခံစားနေရတာက ဘုရားရိုက်တယ်လို့ပဲ 

ကျေကျေနပ်နပ် ခံယူထားလိုက်ပါတယ်



ခင်ဗျားဘဝတစ်လျှောက်လုံးမှာ ကိုယ့်ဘက်ကနေ တာဝန်မယူပေးနိုင်ဘဲ 

အပျော်သဘောတစ်ခုထဲနဲ့ ခင်ဗျားသာယာမှုတစ်ခုထဲအတွက်နဲ့ လွတ်လပ်တဲ့မိန်းမ 

လွတ်လပ်တဲ့မိန်းမ ဘယ်မိန်းမကိုမျှ ရည်ရွယ်ပြီးတော့ဖြစ်ဖြစ် မရည်ရွယ်ခဲ့ဘဲနဲ့ဖြစ်ဖြစ် 

စိတ်ဒုက္ခမပေးမိပါစေနဲ့ဗျာ။



6:11pm

12thJune2023

Monday.




No comments: