Let it be.


 


ဒီ post ကို ၃ရက်နေ့ထဲက ကျွန်တော်ရေးထားတာပါ  ခင်ဗျားနေမကောင်းဖြစ်နေတဲ့ 

အချိန်မှာ စိတ်အနှောက်အယှက်ဖြစ်စေမှာစိုးလို့ ခင်ဗျားနဲ့ဆက်သွယ်ဖို့ 

ဘာတစ်ခုမျှမကြိုးစားတော့ပဲ တနေ့နေ့တချိန်ချိန်ကျ ခင်ဗျားဝင်ဖတ်မိရင်ဆိုတဲ့ အတွေးနဲ့ 

post တင်ပေးခဲ့တာပါ..





28th

19ရက်နေ့ကမှ အဆင်ပြန်ပြေသွားတဲ့ ကျွန်တော်တစ်ယောက် 21ရက်နေ့နောက်ပိုင်း 

စကားပြောခွင့်မရတော့ လူနဲ့စိတ်နဲ့မကပ်ပဲ ယောင်နနဖြစ်နေမိတယ်


အလုပ်များနေမှန်းသိပေမယ့် seen မဖြစ်တဲ့ စကားတစ်ခွန်းမှ မဆိုတဲ့ online ဆိုတဲ့ 

စာသားလေးကို သတိရမိတဲ့အခါတိုင်း တမော့တမောငေးကြည့်ယုံပါပဲ


ကျွန်တော် မိန်းမတစ်ယောက်ရယ်လို ခင်ဗျားသတ်မှတ်ထားရဲ့လားဗျာ 


မသတ်မှတ်ဘူးထင်ပါတယ် ဒါကြောင့်လည်း မိန်းမတစ်ယောက်အတွက် 

ယောင်္ကျားတစ်ယောက်စီကနေ မျှော်လင့်ထားသမျှ အချစ် အလွမ်း သံယောဇဥ် 

ဆက်သွယ်မှု ဘာတစ်ခုမျှ ကျွန်တော်မရခဲ့တာ နေမှာပါ


ငါအလုပ်များနေတာကို အလိုက်ကမ်းစိုးမသိ နင်အပြစ်တင်နေသလားလို့ မပြောပါနဲ့ ကျွန်တော်အတွက့်

ဆက်သွယ်မှုလေးတစ်ခုလောက်ရရင် အဆင်ပြေပါပြီ


ငါမအားသေးဘူး စာမပို့နဲ့အုံးဆိုတဲ့ စာလေးတစ်ကြောင်းတော့ ကျွန်တော်လိုချင်မိပါတယ် 

စိတ်ပူနေရတာတောင် အစစအရာဂရုစိုက်ပါ သတိထားပါတောင် မဆိုရဲတဲ့သူပါ  

online ဆိုတဲ့ စာသားလေးကသာ ကျွန်တော့်ကမ္ဘာဖြစ်နေရတာ တကယ်တမ်း

စဥ်းစားကြည့်ရင် ဝမ်းနည်းဖို့ကောင်းပါတယ်ဗျာ..



29th

တနေ့လုံး အလုပ်၂ခုကို တပြိုင်နက် Run နေရတော့မအားဘူး ဖြစ်နေတာ 

ညနေခင်းမှ အဆူခံရတော့ စိတ်ထဲမှာအဆင်မပြေတော့ဘူး ကိုယ်လုပ်လို့မရတဲ့အပိုင်းကို 

တာဝန်ခံခိုင်းတာကတော့ မဖြစ်သင့်ဘူးလေဗျာ


လူကခေါင်းငိုက်စိုက်ချပြီး ပြန်လာပေမယ့် စာပို့ထားမလားလို့ မျှော်လင်နေခဲ့မိတာပါ 

online ဖြစ်နေတာတောင် စာမပို့ထားဘူးနော် အလုပ်များနေတာပါလို့ ​​

ဖြည့်တွေးလိုက်ပါတယ်


ခင်ဗျားအတွက် ကျွန်တော်က လေထုထဲက 

မိန်းမတစ်ယောက်များ ဖြစ်နေသလားဗျာ..



31st 

စာပို့မိလိုက်တယ် ကျွန်တော်လည်း မိန်းမတစ်ယောက်ဖြစ်လို့ ကိုယ်ချစ်ရတဲ့ 

ယောင်္ကျားတစ်ယောက်ကို တွယ်ကပ်နေခဲ့မိတာမှားသွားလားဗျာ။




1st 

အဆက်အသွယ်လုံးဝမရလို့ account တွေမွှေကြည့်မမိတော account ထဲက 

မှူးတစ်ယောက်ကျသွားတယ် ကျွန်တော့်ထက်တောင် အသက်ငယ်သေးတယ်ဗျာ

တစ်ယောက်ထဲ ယောက်ယက်ခက်သွားပြီး မနေ့ကစာပို့မိတာကို နောင်တရမိပါတယ်


နေမကောင်းတာကို ကျွန်တော်မသိခဲ့မိတာအတွက် ဘယ်သူ့ကိုအပြစ်တင်ရမလည်းဗျာ 

စိတ်တွေရှုပ်ထွေးနေမိပါတယ် 


ညသန်းခေါင်ကြီး တရေးနိုးသွားတော့ ခင်ဗျား account ဝင်ကြည့်မိတာ 

block သွားတာကို သိလိုက်ရတယ် တညလုံးအိပ်မပျော်တော့ပါဘူး 

တပေါက်ပေါက်ကျလာတဲ့ မျက်ရည်တွေကြားမှာ 

ကြိုးစားအိပ်ကြည့်တယ် အိပ်လို့မပျော်ခဲ့ပါဘူး




2nd

အလုပ်မှာလည်း အဆင်မပြေပါဘူး အကုန်လုံးကို သည်းခံပေးရတာကို 

တကယ်ကိုမုန်းတယ်ဗျာ ပင်ပန်းနေပါပြီ အရာအားလုံးကို  

ကျွန်တော်ဆက်ပြီးဖက်တွယ်ဖို့ အင်အားမရှိတော့သလောက်ပါပဲဗျာ



Let it be. 

အကုန်လုံးကို လွှတ်ချလိုက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါပြီ နောက်ဆုံးအနေနဲ့ 

ခင်ဗျားနဲ့ပတ်သက်သမျှ သတင်းတွေကို ရှာကြည့်မိပါတယ် 


ကားခိုင်းမိသွားတယ်တွေ့ရတော့ ကိုယ့်ဘာသာအပြစ်တင်မိပါတယ် 

နင့်ကြောင့်တဖက်သား အန္တရာယ်ဖြစ်ပြီ ထပ်ပြီးတော့မနှောက်ယှက်ပါနဲ့တော့



ခင်ဗျားကတော့တွေးမိမှာပါ ငါအန္တရာယ်ဖြစ်မှာ စိတ်ပူတယ်တဖွဖွပြောပြီးတော့ 

ငါ့ကိုအန္တရာယ်ဖြစ်စေပါလားဆိုပြီး စိတ်ရင်းနဲ့တောင်းပန်ပါတယ် 



ခင်ဗျားထိခိုက်သွားဖို့ တကယ့်ကိုမရည်ရွယ်ပါဘူး အခုလိုထိခိုက်မိစေတဲ့အတွက် 

ကျွန်တော်ဘယ်လိုနည်းနဲ့မှ အဆက်အသွယ်မလုပ်တော့ပါဘူးဗျာ



3rd

ကျွန်တော်အစထဲက ကတိပေးထားခဲ့ပြီးသားပါ 

ခင်ဗျားထိခိုက်အောင် ဘာတစ်ခုမျှမလုပ်မိစေရပါဘူး

ဆိုတာ ဒီကတိကိုကျွန်တော်တည်ပေးလိုက်ပါပြီ။



Viber Telegram SMS Telephone ဘာတစ်ခုကမျှ 

ကျွန်တော်မဆက်သွယ်တော့ပါဘူးဗျာ။



ခင်ဗျားနဲ့ ပတ်သက်ခဲ့သမျှ အရာအားလုံးကို 

ချစ်ခြင်းမုန်းခြင်းမမြည်တဲ့ စည်းပေါ်မှ

ထားခဲ့လိုက်ပါပြီ ဒီထက်ပိုပြီးတော့ 

ကျွန်တော် မခံစားသင့်တော့ပါဘူး တကယ်လည်း

မခံစားနိုင်တော့ပါဘူးဗျာ။




No comments: