ဒီအချိန်မှာ အကုန်လုံးကိုထားခဲ့ပြီးတော့ တစ်ယောက်ထဲ စိတ်အေးလက်အေးဘဝနဲ့ 
လောကကြီးမှာ ဒီနေ့တစ်ရက်အတွက်ပဲ ရှင်သန်နေရတဲ့ 
လူတစ်ယောက်လိုပဲ နေချင်မိပါတယ်


တကယ်ကို အေးချမ်းတယ်ဗျာ






တသွင်သွင်စီးဆင်းနေတဲ့ ချောင်းရေထဲမှာ ပေါလောမျောပြီး နေရတဲ့ဘဝလောက်များ 
ဘယ်ဟာကပိုပြီးကောင်းနိုင်မှာလည်းဗျာ
လောကနိဗ္ဗာန်ဆိုတာ အပူအပင်ကင်းရတဲ့ဘဝဆိုတာ 
ကျွန်တော်မသိခဲ့လိုက်မိတာပါ



ကျွန်တော်သိမ်းထားမိတဲ့သောကတွေ လွှတ်ချလိုက်ပါပြီ








ရောင်နီလာချိန်လား အိပ်တန်းတက်ချိန်လား ကျွန်တော်မသိပေမယ့်
အဲ့ဒီ့စပါးခင်းကြီးကို ငေးကြည့်ရတာ ဟိုးအဝေးစီက ထန်းတောကြီးကို
မျှော်ကြည့်ရတာက တကယ်ကိုအေးချမ်းရပါတယ်


တောသူတောင်သားဖြစ်ခွင့်ရတာ
ဘုရားကသက်ညှာပေးခဲ့လိုပါပဲ


ကြမ်းရှရှစပါးပင်တွေကြား တိုးဝှေ့အိပ်ချင်မိတာ






အဲ့ဒီတောင်တန်းကြီးတွေကို ငေးကြည့်ရတဲ့အရသာကို နော်ဘူတောမှာတစ်ခါပဲရခဲ့ဘူးပါတယ်
စိမ်းစိုစိုတောင်တန်းကြီးတွေကို စိတ်လွတ်ကိုယ်လွတ် ငေးကြည့်ရတာက ကျေနပ်ဖို့ကောင်းပါတယ် 
စပါးခင်းတွေထက် လူသူကင်းဝေးတဲ့တောင်တန်းကြီးတွေကို ကျွန်တော်ပိုပြီးနှစ်သက်ပါတယ်



နေစထွက်တဲ့အချိန်ကစပြီး ဝါးနံတသင်းသင်းနဲ့ရေနွေးပူခွက်ဘေးချရင်း
ညိမ်ညိမ်လေးထိုင်ကြည့်နေရတာက လောကနိဗ္ဗာန်ပါပဲဗျာ





 
သူတို့လိုပဲ ကျွန်တော်လည်း ညိမ်ညိမ်လေးထိုင်ကြည့်ချင်တယ် 
မနက်ဖြန်ဆိုတာမရှိတောတဲ့ ဒီနေ့တနေ့အတွက်။



8th September 1981 -
23rd November 2023



All photo source; Google

No comments: