ဆိုတာတောင် လေးလပိုင်းကတင်ထားတဲ့ post အောက်မှာ မန့်ထားလို့ ပြောင်းမှာကိုသိရတာပါ ဆယ်လပိုင်းလဆန်းလောက်ကမှ မိန်းကလေးတစ်ယောက်ရဲ့ post အောက်မှာ မန့်ထားလို့ မှာမဟုတ်တာသိရတာပါ လေးလပိုင်းနောက်ပိုင်းကနေစပြီး ဒီအချိန်အထိ ဘာလုပ်နေလည်းဘယ်ရောက်နေလည်းဘာမှမသိပါဘူး
အဲ့ဒါတောင်မှ ကျွန်တော်ဘက်ကနေဖက်တွယ်နေမိတုန်းပါပဲ ပြီးတော့ ကျွန်တော်ဘဲရနေပြီထင်တာကိုလည်း တကယ်ကိုမကြိုက်ပါဘူး ကျွန်တော်ကလူတစ်ယောက်ကိုချစ်မိရင် သဘောကျနေရင် ကြိုက်သွားပြီးရင် မပြောင်းလဲတက်ပါဘူး အတင်းအကြပ်ကြီးဒီလူမှဒီလူဆိုပြီး လုပ်ယူထားတာမဟုတ်ပေမယ့် အဲ့ဒီလူကိုပဲစိတ်ထဲမှာတွေးမိနေတဲ့သူပါ အချစ်ကြီးသလို သစ္စာလည်းကြီးတက်လို့ပါ
အဲ့တော့နင်ကတစ်ခြားယောင်္ကျားကို စိတ်မဝင်စားဘူးလားမေးရင် လူပဲဗျာစိတ်ဝင်စားတာပေါ့ဒါပေမယ့် ခင်ဗျားလိုစွဲစွဲလန်းလန်းကြီးအဲ့ဒီ့လူအပေါ်မှာ ဖြစ်တည်မှုမရှိတာလေ ကျွန်တော်က ကိုကို့ကိုအထင်ကြီးတယ် သဘောကျတယ် ချစ်တယ် ကြိုက်တယ် ဒါပေမယ့်ကျန်တဲ့သူအပေါ်အဲ့လိုစိတ်မျိုးတွေမဖြစ်လာဘူးလေ
fb မှာသိတဲ့တချို့တွေ ၆လ၁နှစ်နဲ့ခဏခဏလူပြောင်းရင်တောင် သူတို့ကိုဆူချင်တယ် တကယ်တော့သူတို့က ကံကောင်းတာပါ လူတစ်ယောက်တည်းကိုပဲစွဲစွဲလန်းလန်းမချစ်တာက သူတို့ရဲ့အားသာချက်လေ ဝန်ခံရရင်ကျွန်တော်လည်းအားကျမိပါတယ်
ဒီဇင်ဘာကုန်ရင် ကိုကို့ကိုမဆက်သွယ်ဖြစ်တာအတွက် နေသားကျနိုင်မယ်လို့တွေးထားတာပါ ဒါပေမယ့် ကိုကိုစာပို့တာနဲ့တင် ကျွန်တော်ဘက်ကနေမနေနိုင်ပါဘူး viber ပျက်သွားလို့တောင် အတော်လေးယောက်ယက်ခက်သွားတာပါ တမင်တကာဖျက်လိုက်တယ်ထင်နေမှာစိုးတာပါ
တနေ့ကစာပို့ပေးလို့ ကျေးဇူးတင်ပါတယ် ပုံပို့ပေးလို့လည်း အများကြီးပျော်ရပါတယ် video ကြည့်ဖို့ folder ဖွင့်တိုင်း အဲ့ဒီပုံလေးကိုမြင်တိုင်း ကျွန်တော်သဘောကျလို့အမြဲပြုံးမိပါတယ် လူတစ်ယောက်ကိုရူးရူးမိုက်မိုက်ချစ်မိတဲ့သူတွေပဲ အဲ့ဒီ့ခံစားချက်ကိုနားလည်မယ်ထင်ပါတယ်
စွန့်လွှတ်နိုင်ဖို့ကြိုးစားခဲ့ပေမယ့် ကျွန်တော်မအောင်မြင်ပါဘူး သူတစ်ပါးရဲ့အမျိုးသားကိုတပ်မက်နေမိတာလည်း မကောင်းမှုကျူးလွန်နေမိမှန်းသိပါတယ် ဒါပေမယ့် ကျွန်တော်မှကိုကို့ကိုမချစ်ဘဲ မနေနိုင်တော့လို့ပါ
မေတ္တာကြောင့်ချစ်တယ်ပြောပြော တဏှာကြောင့်ချစ်တယ်ပြောပြော ကျွန်တော်ကိုကို့ကိုအရမ်းချစ်ပါတယ် ရင်ခွင်ထဲဝင်ပြီးအကြာကြီးဖက်ထားချင်တယ် ကျွန်တော်တို့ဆုံတွေခဲ့တာဟာ မှားတယ်ဆိုတာလည်းလက်ခံထားပါတယ် ဒါပေမယ့်ဘယ်လိုပဲကြိုးစားပါစေ ကျွန်တော်ဘက်ကမှကိုကို့ကိုမပြတ်သားနိုင်တာ
တစ်ခါတလေကျရင် အရမ်းဝမ်းနည်းမိပါတယ် နင့်ကိုချစ်လို့လား နင့်ကိုအလေးအနက်ထားလို့လာ ပြန်မေးမိပါတယ် ဒါပေမယ့် ကျွန်တော့်ဘက်ကနေချစ်နေခွင့်ရရင် အဲ့ဒါတွေကမှအရေးမကြီးတော့တာ ကိုကို့ကို နှစ်တွေအများကြီးချစ်ခွင့်ရယုံနဲ့တင် ကျွန်တော်ကျေနပ်ပါပြီ ကျွန်တော်ကချစ်တာကို
စာလည်းအရှည်ကြီးဖြစ်သွားပြီ မနက်ထဲကစာရေးဖို့တွေးနေတာအခုညမှချရေးမိတာပါ တနေ့လုံးတွေးနေတာတွေချရေးရင် မိုးပါလင်းသွားနိုင်တယ် ခဏနေအိပ်ပါတော့မယ်
အစစအရာရာအကုန်လုံးဂရုစိုက်ပေးပါနော် ဒီလကုန်တဲ့အထိစာအရှည်ကြီးတွေထပ်မပို့တော့ပါဘူး စိတ်ရှုပ်မှာစိုးလို့ စာတွေလည်းခဏခဏမပို့တော့ပါဘူးနော်
ကျွန်တော်အရင်ထက်ပိုပြီး အများကြီးလွမ်းနေပါတယ်။
14th November 2024.
1:59 Am
No comments:
Post a Comment