I'm one person.


 

မနက်ဖြန် ညနေ၅နာရီဆိုရင် အိမ်ကဆရာမပြန်လာရပြီဆိုပြီး စိတ်ဒုံးဒုံးချထားခဲ့ပေမယ့်လည်း ဒီနေ့တစ်နေ့လုံး သူ့ မြန်မာ agent က မဆက်သွယ်လာတော့ ကျွန်တော်စိတ်ပူလာရပါပြီ ဒါတောင် ဒူဘိုင်းကောင်စစ်ဝန်ရုံးကနေ နေ့တိုင်းအဆက်အသွယ်မပြတ်ဘဲ အကူအညီပေးနေလို့သာ ကျွန်တော်အသက်ဝဝရှုနေရတာပါ..



မိသားစုတစ်စုမှာအခက်အခဲဖြစ်လာရတိုင်း မဖြစ်မနေသန်မာနေရတာကြီးကို ကျွန်တော်ငြီးငွေ့နေပြီဗျာ ခင်ဗျားတို့ဘယ်တော့မျှ စက်တင်ဘာလ ၈ရက်နေ့မှာမွေးတဲ့ အင်္ဂါသမီးမဖြစ်စေနဲ့ဗျ လောကဓံမှာအဆိုးနဲ့အကောင်းဒွန်တွဲထားပေမယ့် ဘုရားက ကျွန်တော့်ကို Avenger ထင်နေသလားမသိပါဘူးဗျာ ဗေထိဆိုရင်ကျွန်တော်ကြီးရင်ဆိုင်နေရတာကြီးက တကယ်ကိုစိတ်မောလူမောဖြစ်ရပါတယ်ဗျာ



၂၀၂၄ခုနှစ် ၁၂လရှိတဲ့အထဲမှာ လအတော်တော်များများက ကျွန်တော့်ကိုမြေကြီးပေါ်ကနေ ကုန်းမထနိုင်အောင်ကို အတော့်ကိုနှိပ်စက်ခဲ့တာပါ အချိန်မတန်သေးလို့ သေမယ့်လမ်းကိုအတွေးနဲ့တင်ရပ်တန့်နိုင်ခဲ့လို့ အခုအချိန်အထိအသက်နဲ့ခန္ဓာမြဲမြံနေရသေးတာပါဗျာ



မိဘတွေကိုဖွင့်မပြောပေမယ့် ဒီရက်တွေမှာအတော်လေးကိုစိတ်ပင်ပန်းဖြစ်ရပါတယ် သိန်းရာကျော်ဆိုတဲ့ပိုက်ဆံကို သူတစ်ပါးစီကနေအကူအညီရဖို့အတွက် ဘဝမှာဒီလောက်အထိမနှိမ့်ချခဲ့ဘူးပါဘူး မိသားစုအတွက်လိုအပ်လာတော့လည်း  ကျွန်တော်လုပ်ခဲ့ရတာပါ သူတစ်ပါးအကြွေးမြီရယူထားတော့ သတ်မှတ်အချိန်အတွင်း ကတိအတိုင်းပြန်ပေးနိုင်ဖို့အတွက်က ကျွန်တော်ရဲ့တာဝန်ကြီးဖြစ်လာပြန်ရော



ဘဝမှာပိုက်ဆံနဲ့ပတ်သက်လို့ နာမည်သေမှာကို ကျွန်တော်ကအကြောက်ကြီးတော့ အဲ့ဒီ့ပိုက်ဆံပြန်ပေးနိုင်ဖို့ကလည်း စိတ်ဖီစီးမှုကြီးတစ်ခုဖြစ်လာရတာပါ ၆ရက်နေ့ ပိုက်ဆံရလာတည်းက လကုန်ကျရင် ၆သိန်းပေးရမယ် ရက်နောက်ကျရင်မျက်နှာပျက်ရမယ်ဆိုတဲ့အသိက alert ဖြစ်နေရတာပါ



၉ရက်နေ့ပိုက်ဆံလွှဲရမယ့်အချိန်ကျတော့ ဆရာမက ကျွန်တော်တို့လက်ထဲမှာ ယူထားတဲ့ပမာဏထက်လိုအပ်တယ်ဆိုတော့ လူကရူးတောင်ရူးသွားချင်ပါတယ် ဒီပိုက်ဆံရဖို့ကို သားအမိနှစ်ယောာက်သား လူဆယ်ယောက်ထက်မနည်းအကူအညီတောင်းထားရပြီး အခုအစ်မမိသားစုကသာ အကူအညီပေးကြတာပါ တချို့မိသားစုကြတော့လည်းအကူအညီပေးနိုင်တဲ့စိတ်သာရှိပြီး ငွေကြေးမကူညီနိုင်တာ တချို့မိသားစုကြတော့လည်း ငွေကြေးတက်နိုင်ပေမယ့် အကူအညီပေးနိုင်တဲ့စိတ်နှလုံးမရှိတာ အများကြီးပါ နောက်ထပ်ပိုက်ဆံရဖို့ဆိုတာဘယ်လိုမှ မလွယ်ကူနိုင်တော့ပါဘူး



ငွေကြေးလိုအပ်နေတုန်းက အကူအညီတောင်းဘူးတဲ့ ကိုဖြိုးဝေအကူအညီနဲ့ပဲ ဒူဘိုင်းကောင်စစ်ဝန်ကိုအကူအညီတောင်းမိပါတယ် သူ့ contact ဘယ်ကရလဲသာမေးပြီး မဆိုင်းမတွ whatsapp မှာ ဆက်သွယ်ပေးဖို့ပြောပြီး ယနေ့အထိတိုင်အကူအညီပေးနေဆဲဖြစ်လို့ တကယ်ကို တကယ်ကို အများကြီးကျေးဇူးတင်ရပါတယ်ဗျာ 



ကျွန်တော့်အားနဲ့သာ ဆရာမကိစ္စကိုလုပ်ပေးနေရင် သိန်း၁၀၀နဲ့ လေယာဥ်လက်မှတ်ဖိုးလွှဲထားပြီးတာတောင် သူပြန်လာနိုင်ဖို့မလွယ်ကူပါပြီး မြန်မာနိုင်ငံကနေနောက်ထပ်လူတစ်ယောက်ရောက်တဲ့အချိန်မှ ကံကောင်းထောက်မရင်သာ ပြန်လာရနိုင်မှာပါ အခုက ကောင်စစ်ဝန်ရဲ့အားကြောင့်သာ မနက်ဖြန်ဆိုတဲ့ရောင်နီလေး ပျို့လာရတာပါ



လူတစ်ယောက်က ကိုယ့်ကိုအကူအညီပေးနေရင် အဆင်ပြေအောင်နေရမှာလေ ဆရာမက ၅လကျော်စိတ်ဖိစီးနေရရှာတာဆိုတော့ သူ့ခေါင်းထဲမှာအိမ်ပြန်ဖို့အတွေးကလွဲရင် ဘာမှမရှိတော့ တချက်တချက်သူ့ပြဿနာရှာလိုက်ရင် ကျွန်တော့်ခမျာလမ်းကြောင်းမသွေဖယ်သွားဖို့ကို အတော်ကိုတည့်ယူရပါတယ် အိမ်မှာဒေါသတကြီးအော်ဟစ်နေပေမယ့် သူ့ကိုတော့အများကြီးလျော့ပြောပေးရတာပါပဲ



အသက်၇၀ အသက်၈၀အရွယ် အမေနဲ့အဖေကလည်း သူတို့သမီးအတွက်စိတ်ပဲရှိရှာပြီး လူကမလုပ်ပေးနိုင်တော့ ကလေးရောကိုယ်ခွေးရောကိုယ်ဖြစ်နေရတဲ့အချိန်ပါ တနေ့ကအရင်ကအလုပ်အတူတူလုပ်ခဲ့ဘူးတဲ့ ညီမလေးမွေးနေ့ဖိတ်တော့ အိမ်ကကိစ္စကြောင့်မလာနိုင်လို့ လက်ဆောက်လာပေးပါရစေ request လုပ်တော့ သမီးမွေးနေ့ကိုဒီနေ့မှကပ်ပြီးမလာကြတော့ဘူး အစ်မခဏပဲလိုက်ခဲ့ပေးပါဆိုပြီး အိမ်အထိကိုလာကြိုပေးတော့ တစ်နှစ်ပတ်လုံးအကြောင်းကြောင်းကြောင့် သူခေါ်သမျှမလိုက်ဖြစ်တာနဲ့လိုက်သွားမိပါတယ် 



လူတွေအမြင်ကတော့ ဟယ် သူကသာယာနေတယ်ဆိုပြီး ကဲ့ယဲ့နေကြတာကိုသိမြင်ကြားပေမယ့် သူတို့လည်းသူတို့အတွေးနဲ့သူတို့ဆိုပြီး နားလည်ပေးလိုက်ပါတယ် အဲ့ကလေးလာခေါ်ခါနီး ညနေ၄နာရီအချိန်ကနေ ည၆နာရီအထိ ဆရာမက CID လာစစ်ပါတယ်ဆိုပြီး ပြဿနာတက်နေတော့ holiday မှန်းသိပေမယ့် ကောင်စစ်ဝန်စီ ကျွန်တော်ဆက်သွယ်ရပါတယ် တကယ်လည်းကျေးဇူးတင်ရပါတယ် သူ့လမ်းညွှန်မှုနဲ့ ဆရာမကိုစိတ်အေးအောင်ပြောပြပြီး ည၈နာရီအချိန်ကိုပြန်စောင့်ရပါတယ် ည၈နာရီအထိဆရာမထပ်ပြီးမဆက်သွယ်မှ သူအေးဆေးဖြစ်သွားပြီဆိုပြီး စိတ်နည်းနည်းအေးရပါတယ် 



သူများမွေးနေ့ပွဲသွားပြီး ဖုန်းတစ်လုံးနဲ့ဘန်းခံနေရတာ ဘယ်သူမှမသိပါဘူး ကျွန်တော်ပဲသိတာပါဗျာ ၉ရက်နေ့ညကစပြီး ဒီနေ့ညအထိ internet ကို ၂၄နာရီဖွင့်ထားရပြီး ခေါင်းပြားပြီးမအိပ်နိုင်သေးပါဘူး လူလည်းပေါင်၁၀၀ အောက်ရောက်နေပါပြီ ဆရာမနဲ့အဆက်အသွယ်မရရင်လည်း စိတ်ပူပြီး အမေ့စီကအဘန်းခံရ ဆရာမနဲ့အဆက်အသွယ်ရရင်လည်း သူ့ အိုမန် agent ရုံးကနေ သူ့ကြပ်သမျှကိုနားမလည်ပဲ ကျွန်တော့်ကိုလာဘန်းသမျှကို သည်းခံနေရ ကြာလာတော့လူလည်းအငွေ့ပျံချင်နေပါပြီ



အိမ်ကိုတော့ပြောထားပါတယ် ဆရာမပြန်ရောက်လို့ အဆင်ပြေသွားရင်တော့ ကျွန်တော်ရိပ်သာမှာခဏသွားနေမယ်ဆိုတာကိုပါ ၂၀၂၄ခုနှစ်မှာ ကျွန်တော့်ကိုလောင်နေသမျှ လောဘ ဒေါသ မောဟ မီးတွေ ကိလေသာ တဏှာ သောက မီးတွေ ခဏလေးဖြစ်ဖြစ် ချုပ်ငြိမ်းသွားအောင်ပါဗျာ



အဲ့ဒီ့တော့ အခုကျွန်တော်အရိယာကြီးဖြစ်နေပြီလားလို့ ရွဲပြီးမမေးပါနဲ့ဗျာ ဒီလောက်စိတ်ပင်ပန်းနေရတာတောင် ကျွန်တော့်ကို မေတ္တာ စေတနာမရှိဘူးလို့ ပြောခဲ့မိတဲ့ အစ်ကိုကြီးကို ဒီနေ့အထိဖက်တွယ်နေဆဲပါ 



ကျွန်တော်ဆိုတဲ့လူက လူအပီသလွန်နေတာကိုဗျာ။

ဇလွန်မြို့မာရ်အောင်မြင်ဘုရား ပြည်တော်ပြန်ဓမ္မခဏ်ဂါထာတော်။










အသံထွက်ရွတ်ဖတ်နိုင်ရန်


အိတိပိ ပိတကတ်တယံ အနိတ်စံ ဒုက်ခံ အနတ်တံ
သတ်တဗောဇင်ဂေါ အတ်ထင်ဂီကော မဂ်ဂေါ စတုပတ်ထာနံ
သပ်ဗတ်သ အိန်နော  သဟတ်သ သူရိယော
အောင်း နမော မေတ္တာနံ
ရာဇဘယံ စောရဘယံ
ဥဒကဘယံ အက်ဂိဘယံ
သတ်တဘယံ သပ်ဗဘယံ
ဇေယော ဇယတုမင်္ဂလံ။
အနိတ်စံ သင်ခတံ ပတိတ်စသမုပ်ပန်နံ
ခယဓမ်မံ ဝယဓမ်မံ ဝီရာဂဓမ်မံ နိရောဓဓမ်မံ ခမတိ။


ဤဂါထာတော်ကြီးကို ရွတ်ဖတ်ခြင်းအားဖြင့် အလိုရှိသော အရပ်၌ မိသားစုဖြင့် မခွဲခွာရပဲ နေထိုင်ရခြင်း၊ ရန်အပေါင်းကင်းဝေးစေခြင်း၊ အလုံးစုံ အောင်မြင်စေခြင်း စသည့် ကုသိုလ်အကျိုးထူးများ ရရှိနိုင်ကြစေရန် အလိုငှာ မျှဝေပူဇော်အပ်ပါသည်။




နာစရာနဲ့ဖြေပါ





လွမ်းစရာရှိရင် အရင်လိုဖြည့်မတွေးပေးနိုင်တော့ဘဲ နာစရာနဲ့ပဲဖြေပါတော့မယ်ဗျာ။


၂၀၂၂ခုနှစ် လမ်းခရီးမှာစိတ်မချရတဲ့အချိန် အိမ်ပြန်လာတဲ့အချိန် ချောချောမောမောမှ ပြန်ရောက်ရဲ့လား ဆိုပြီးဖုန်းမဆက်နိုင်တဲ့သူ စိတ်မပူတက်ခဲ့တဲ့သူ  မိသားစုနဲ့အလုပ်ခရီးကလွဲရင် ပထမဆုံး ကျွန်တော်တစ်ယောက်ထဲခရီးသွားဖြစ်တာပါ ကိုယ့်ဆုံးဖြတ်နဲ့ကိုယ်သွားဖြစ်ခဲ့တာဖြစ်ပေမယ့် နာတက်ဖို့ရေးပြထားတာပါ 


၂၀၂၃ခုနှစ် တခြားအမျိုးသမီးတစ်ယောက် မိသားစုနဲ့အပန်းဖြေခရီးသွားတာတောင် ရန်ကုန်အဝင်နောက်ကျလို့ စိုးရိမ်တကြီးအကူအညီပေးတာကိုတွေ့ရတော့ အဲ့ဒီအချိန်ကအများကြီး ဝမ်းနည်းခဲ့ရပါတယ် အခုတော့အဲ့ဒီအကြောင်းကိုစိတ်ထဲမှာ နာကျင်နေအောင်မှတ်သားထားပါတယ်


၂၀၂၃ခုနှစ် ရန်ကုန်ကိုရောက်နေတာတောင် တခြားမိန်းမနဲ့ ဟိုတယ်မှာ သုံးရက်လုံးလုံးအတူရှိခဲ့ပေမယ့် period လာနေလို့ အတူနေဖို့အဆင်ပြေပါမလားမေးရင်း ကျွန်တော်နဲ့စကားများခဲ့ရလို့ ရန်ကုန်မှာတစ်ညပဲအိပ်ပြီးခရီးဆက်မယ်ပြောခဲ့တဲ့သူ ၁၂ရက်နေ့ညမှာ ရန်ကုန်လာတာတောင်မတွေ့လိုက်ရတဲ့စိတ်ကြောင့် ကျွန်တော်တစ်ယောက်မတော်တဆကားတိုက်သေသွားခဲ့ရင် ဘဝကူးမကောင်းဘဲနာနာဘဝဖြစ်နေမှာပါ 


အဲ့ဒီအချိန်မှာ နှစ်ယောက်သား ဘုရားဖူးသွားကြပြီး ရန်ကုန်မြို့အနှံလည်ပတ်နေတာကို နောင်တချိန်မှာပြန်သိရတော့မအံသြတော့ပါဘူး အဲ့ဒီခံစားချက်ကဘယ်အချိန်ပဲဖြစ်ဖြစ် ပြန်တွေးတိုင်းမျက်ရည်ကျရပေမယ့် အခုတော့နာတက်အောင်ပဲ စိတ်ထဲမှာမှတ်ထားပါတယ်


၂၀၂၄ခုနှစ် အလုပ်အဆင်မပြေတာတွေ စိတ်ဓါတ်ကျပြီးတော့ ကိုယ့်ဘာသာသတ်သေချင်မိတာတွေ မိဘကျန်းမာရေးမကောင်းလို့ အရေးပေါ်ဖြစ်နေတဲ့အချိန်မှာတောင် နင်အဆင်ပြေရဲ့လားတစ်ခွန်းတောင်မမေးခဲ့သူပါ လေးနှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာလည်း နင်အဆင်ပြေလားဆိုတာကို တစ်ခါမျှမမေးခဲ့သူပါ 


ဘယ်လောက်ပဲအလုပ်များနေပါစေ အလုပ်အားတဲ့အချိန်ခဏမှာ တခြားမိန်းမတွေအတွက် သာကြောင်းမာကြောင်းစာပို့နိုင်ပေမယ့် စကားစမြည်ဖုန်းဆက်ပြောပေးနိုင်ပေမယ့် ကျွန်တော့်အတွက် viber မှာ ပို့ထားတဲ့စာတောင် အလုပ်များနေလို့ ဝင်မဖတ်နိုင်တဲ့သူပါ


၂၀၂၃၊ ၂၀၂၄ ခုနှစ် နှနှစ်အတွင်းမှာ အကြိမ်ကြိမ်တဖက်သက်ဖြည့်တွေးပေးခဲ့ပေမယ့် တော်သင့်ပါပြီ လုံလောက်သွားပါပြီ ကျွန်တော်က viber အမြဲဝင်ထားတက်ပြီး ဖုန်း hand သွားတဲ့အချိန်တိုင်း voice call ခေါ်မိလို့ တဖက်မှာအရေးကြီးတဲ့အချိန်ဆိုရင် ကျွန်တော့်ကြောင့်ထိခိုက်သွားမလားလို့စိုးရိမ်ကြီးခဲ့မိသူပါ အဲ့လိုမိန်းမမျိုးကိုလုပ်ရက်ခဲ့တာကို နာစရာနဲ့ဖြေတက်အောင် မှတ်ထားပါတယ်


၂၀၂၄ ခုနှစ် နှစ်ကုန်ခါနီးမှာထွက်ခတ်နဲ့ထပ်ကြုံရနေလို့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရချိန်မှာ အရင်လိုနာကျင်မှုနဲ့ထပ်ကြုံပြန်လို့ ဒီဆုံးဖြတ်ချက်ကိုအသေအချာကိုချနိုင်ခဲ့တာပါ အဲ့လိုမှမဟုတ်ဘဲ ရှေ့ဆက်ပြီးဖက်တွယ်နေမိအုန်းမယ် ဖြည့်တွေးပေးပြီးသည်းခံအုန်းမယ်ဆိုရင် နောင်ဆယ်နှစ် ဆယ့်ငါးနှစ် မိန်းမတစ်ယောက်အတွက် နောက်ဆုံးအချိန်ရောက်သည်အထိ ဒီလိုဆက်ဆံရေးမျိုးနဲ့သာ ကျွန်တော့်ဘဝအဆုံးသတ်သွားရမှာပါ


ကိုယ့်အပေါ် စေတနာ မေတ္တာ မပြောနဲ့ အချိန်ခဏတောင်မပေးနိုင်ခဲ့သူကို စေတနာ မေတ္တာ နားလည်မှုတွေ သည်းခံပေးမှုတွေ ကိုယ်ချင်းစာနာမှုတွေနဲ့ တဖက်သက် အချိန်အများကြီးပေးခဲ့မိလို့ လေးနှစ်ဆိုတဲ့အချိန်ကာလကို ဝန်ခံရရင်တော့တကယ်ကိုနှမြောမိခဲ့ပါတယ်


ဘာလို့စာအရှည်ကြီးတွေ ရေးနေရလည်းဆိုရင် သတိရလို့ပြန်ဖတ်မိတဲ့အချိန်တိုင်း ကျွန်တော်စိတ်ထဲအသည်းထဲကနေပြီးတော့ ဒီလိုတွေခံစားခဲ့ရတယ် နာကျင်ခဲ့ရတယ် မျက်ရည်ကျခဲ့ရတယ် ဝမ်းနည်းခဲ့ရတယ် စိတ်ပင်ပန်းခဲ့ရတာတွေကို တစိမ့်စိမ့်နာတက်အောင်ပါ။


Viber ကို မဖျက်သေးဘူးဆိုတာကိုလည်းသိစေချင်ပါတယ် ခင်ဗျားကြောင့်မဟုတ်ရပါဘူး အကျိုးအကြောင်းသိစေချင်တာက ဒူဘိုင်းကမမတစ်ယောက် အိမ်ကိုပြန်မရောက်သေးလို့ အဆက်အသွယ်လုပ်ဖို့အတွက် အရေးတကြီးကျန်နေသေးလို့ပါ 


ကျွန်တော့်အပေါ် စိတ်ရင်းနဲ့ မေတ္တာ စေတနာ ကိုယ်ချင်းစာတရား ပေးမယ့်သူအတွက်မှ ဒီ viber ကို ပြန်ဖွင့်မှာပါ။


8thDecember2024.

ကျေးဇူးများစွာဖြင့်




 ဒီသံသရာမှ 

ငါလည်း လွတ်ပါစေ

ငါလည်း ကျွတ်ပါစေ။

7thDecember2024.




2024 ကုန်ဖို့ 22ရက်ပဲလိုပါတော့တယ် 22ရက်အတွင်းမှာ ကျွန်တော့်အတွက် မကောင်းတာတွေအကုန်လုံးကို ထားပြစ်ခဲ့မှာပါ 2025 ကို ကျွန်တော့်အတွက် ကောင်းတာတွေကြီးပဲ ယူဆောင်သွားမှာပါဗျာ။


ခင်ဗျားကိုလည်းထားပြစ်ခဲ့လိုက်ပါပြီ ကျွန်တော်အဆင်မပြေနေတဲ့အချိန်တောင် ခင်ဗျားကိုအလေးထားခဲ့ပါတယ် ခင်ဗျားကတော့အဆင်ပြေတဲ့အချိန်မှာတောင် ကျွန်တော်ဆိုတာမရှိခဲ့ပါဘူး 


ခင်ဗျားအတွက် ကျွန်တော်ကပိုက်ဆံမရှိတဲ့မိန်းမဖြစ်နေတော့ အလေးမထားဘူးဆိုတာကို 2022 ထဲကသိထားတာပါ ခင်ဗျားအတွက် မိန်းမဆိုတာဘယ်လိုသတ်မှတ်ထားတယ်ဆိုတာလည်းသိထားတဲ့သူပါ


ကျွန်တော်ကလူတစ်ယောက်ကို သဘောကျမိခဲ့ရင် ချစ်မိခဲ့ရင် ခွေးဖြစ်နွားဖြစ်ချစ်တက်တဲ့မိန်းမဖြစ်နေတော့ ကျွန်တော့်ကိုစိတ်ဆန္ဒဆာလောင်မှုဖြစ်တဲ့အချိန်မှ ကန်တော့ပါရဲ့ ဒါတောင်အလိုးခံပေးမယ့် တခြားမိန်းမတွေမရှိတဲ့အချိန်မှ ခင်ဗျားအတွက် ဂုဏ်သိက္ခာမထိခိုက်နိုင်ဘဲ ပြဿနာမဖြစ်နိုင်ဘဲ အန္တရာယ်မရှိနိုင်ဘဲ အာသာဖြေလို့ရတဲ့မိန်းမတစ်ယောက် ဖြစ်နေမှန်းသိရက်နဲ့ကို အကြိမ်ကြိမ်အခါခါ ကျွန်တော့်ဘက်ကနေလိုက်လျောပေးခဲ့မိတာပါ


ကန်တော့ပါရဲ့ခပ်ရိုင်းရိုင်းပြောရရင် ဒီဖာသည်မကရည်းစားမှမရှိဘဲ ငါကလွဲရင် သူ့လိုးမယ့်သူမှမရှိတာ ငါလိုးပေးတာပဲခံရမှာပေါ့လို့ ခင်ဗျားမှတ်ယူထားတာနေမှာပါ တဏှာဆိုတာ ကျွန်တော့်အတွက် porn site တွေကြည့်ပြီးတော့ အာသာဖြေလို့ရပါတယ် ခင်ဗျားဖြစ်နေလို့ကို ကာမဆန္ဒတွေခွင့်ပြုပေးတာ လုပ်ခွင့်ပေးခဲ့တာ ကျွန်တော့်ဘက်ကချို့ယွင်းချက်အကြီးကြီး ဖြစ်သွားခဲ့ရတာနေမှာပါ 


နောင်တရလို့ ဒီစာကိုရေးနေတာမဟုတ်ဘူးဗျ ကျွန်တော့်ရဲ့စိတ်ဆန္ဒရှိတဲ့အတိုင်း ခင်ဗျားအပေါ်ထားခဲ့တဲ့ စေတနာ မေတ္တာတွေ တဏှာတွေအကုန်လုံးကို သေးသေးလေးတောင်မျှနောင်တမရပါဘူး 


2025 မှာတော့ ခင်ဗျားအပေါ်ထားရှိခဲ့တဲ့ စေတနာတွေ မေတ္တာတွေ တဏှာတွေ အကုန်လုံးကို ရုတ်သိမ်းလိုက်ပါပြီ ကျွန်တော့်အပေါ်  မိန်းမတစ်ယောက်လိုစေတနာရှိပေးနိုင်တဲ့ ယောင်္ကျားတစ်ယောက်အပေါ်ပဲ ခွေးဖြစ်နွားဖြစ်ချစ်ပေးပါတော့မယ် ကန်တော့ပါရဲ့ အဲ့ဒီ့ယောင်္ကျားလိုးတာကိုပဲခံပါတော့မယ်


ကျွန်တော့်ကို မိန်းမတစ်ယောက်လို စေတနာနည်းနည်းလေးတောင် မရှိခဲ့တဲ့အတွက် အများကြီးစိတ်မကောင်းဖြစ်ခဲ့ရပါတယ် နင်ကအလကားလိုးလို့ရတဲ့ ဖာသည်မလုပ်ခဲ့တာကိုဆိုပြီး ကျွန်တော့်ဘာသာပဲအပြစ်ခံယူထားပါတယ်



2024 ကုန်ခါနီးမှာ ခင်ဗျားစေတနာမရှိတာကို သိခွင့်ရလိုက်လို့ ကျေးဇူးတင်ပါတယ် မေတ္တာ၊အကြင်နာ၊ဂရုဏာမရှိတာကိုသိထားပေမယ့် စေတနာရှိလိမ့်မယ်လို့ မျှော်လင့်ထားမိတာပါ ကျွန်တော်မှားသွားတယ်ဗျာ 



မှတ်မှတ်ရရ ခင်ဗျားစီကနေအကူအညီတောင်းခဲ့ဘူးပါတယ် တူမလေးကိစ္စနဲ့ အစ်မကိစ္စအတွက် အကူအညီမပေးနိုင်လို့ စိတ်မကောင်းဖြစ်ရပါတယ် ခင်ဗျားမကူညီနိုင်တာကိုလည်း နားလည်နိုင်ပါတယ် ခင်ဗျားစီကနေ ပိုက်ဆံတစ်ခါတောင်းခဲ့ဘူးပါတယ်မပေးခဲ့ပါဘူး အဲ့ဒီအချိန်တည်းက ကျွန်တော့်အပေါ်စေတနာမရှိတာကို သိလိုက်ရပေမယ့် ကျွန်တော့်ဘာသာညာခဲ့မိတာပါ တခြားမိန်းမဆိုရင် အကူအညီပေးမလားမသိပေမယ့် ကျွန်တော်ဖြစ်နေလို့ စေတနာမရှိခဲ့တာပဲနေမှာပါဗျာ



အတိတ်တွေလည်းမတူးဆွချင်တော့ပါဘူး ယောင်္ကျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာမထိခိုက်စေဖို့ အစစအရာရာသတိထားပါဗျာ တဖက်သားကခင်ဗျားအပေါ် စေတနာ မေတ္တာကြီးတဲ့သူဆိုရင် ပြဿနာမတက်နိုင်ပေမယ့် ဘာမှမဖြစ်ခဲ့ပေမယ့် တဖက်သားကခင်ဗျားလိုလူမျိုးဆိုရင်တော့ ဂရုစိုက်ပါဗျာ



ငါ ဒီလိုအခြေအနေမျိုးမှာ နင် ဒီလိုမျိုးရေးသလားမပြောပါနဲ့ ကျွန်တော်ဘာဖြစ်လို့ ဒီလိုအချိန်မျိုးမှာတောင် ဒီလိုရေးရတယ်ဆိုတာ ခင်ဗျားသိမှာပါ လေးနှစ်ဆိုတဲ့အချိန်အတွင်းမှာ ကျွန်တော့်ကိုမေတ္တာမရှိခဲ့တာကိုသိထားခဲ့လို့ ဘာမှမပြောတော့ပါဘူး ကျွန်တော့်အပေါ်စေတနာရှိခဲ့ရဲ့လားဆိုတာကို ခင်ဗျားဘာသာရိုးရိုးသားသားပြန်မေးကြည့်ပါ ကျွန်တော်ကတော့ အရိုးသားဆုံးခင်ဗျားအပေါ်ဆက်ဆံပေးခဲ့သူမို့လို့ လိပ်ပြာလည်းလုံပါတယ် နောင်တလည်းမရှိခဲ့ပါဘူး။



တစ်ကြိမ်တစ်ခါပဲတွေ့ဘူးခဲ့တဲ့သူဆိုတော့ လမ်းမှာတွေ့ရင် ကျွန်တော်မှတ်မိချင်မှ မှတ်မိမှာပါ ကျွန်တော့်ကိုခင်ဗျားမှတ်မိခဲ့ရင်တောင် မနှုတ်ဆက်ပါနဲ့ ကျွန်တော်မမှတ်မိချင်လို့ပါ ကျွန်တော့်ကိုနာကျင်စေခဲ့တဲ့သူကို ကျွန်တော့်မှတ်ဉာဏ်ကနေထုတ်ပြစ်တာက ကျွန်တော့်အကျင့်စရိုက်ဖြစ်နေတာပါ။



လေးနှစ်ဆိုတဲ့အချိန်အတွင်းမှာ တစ်ကြိမ်တစ်ခါတည်းတွေ့ခဲ့ရပြီး ဖုန်းတစ်ခါတည်းပြောခဲ့ဘူးပြီး video call မပြောနဲ့ voice message တောင်တစ်ခါမျှပို့ပေးခဲ့ခြင်းမရှိဘဲ မိန်းမပီပီသသ လက်ဆောင်ဆိုတာ တစ်ခါမျှမရခဲ့ဘူးပဲ လူတစ်ယောက်အတွက် ကန်တော့ပါရဲ့လီးတစ်ချောင်းအတွက် သည်းခံနိုင်ခဲ့တဲ့ လင်တရူးမကြီးကျွန်တော့်ကိုကျွန်တော် အတော်လေးကိုသနားမိပါတယ်။



Save The Date!!


 



3rd December 2024!!

💛💛


၂၀၂၄ခုနှစ်မှာ ကျွန်တော့်စီလာနားပေးတဲ့ 

လိပ်ပြာလေးတွေ အများကြီးနဲ့ဆုံတွေ့ခဲ့ရတာပါ 

တချို့လိပ်ပြာလေးတွေက ၃၊၄နှစ်အဆက်အသွယ်ပြတ်နေတဲ့ မိတ်ဆွေ၊အပေါင်းအသင်း သူငယ်ချင်းတွေဖြစ်သလို 

တချို့လိပ်ပြာလေးတွေက နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်နေတဲ့ မိတ်ဆွေ၊အပေါင်းအသင်း သူငယ်ချင်းတွေပါပဲ 

တချို့လိပ်ပြာလေးတွေကျတော့ အပြင်မှာလည်းရင်းနှီးမှုမရသေးဘဲ fb ကနေတဆင့် သူငယ်ချင်းဖြစ်ခွင့်ရပြီး ကျွန်တော့်ကိုအရေးတယူအကူအညီပေးကြတဲ့သူတွေပါ..။


ဒီနေ့လည်း ကျွန်တော်ဘက်ကနေ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်နေခဲ့ပေမယ့် Last minutes ရောက်နေတဲ့အချိန်မှာ စိတ်ရင်းနဲ့တကူးတကကြီး အကူအညီပေးခဲ့တဲ့ လိပ်ပြာလေးမိသားစုကြောင့် ဒီစာကိုရေးဖြစ်သွားတာပါ 


Last minutes ဖြစ်နေတဲ့အချိန်အထိ စိတ်ရင်းနဲ့ ကျွန်တော့်အပူကိုသူတို့အပူအလား အားတက်သရော အကူအညီပေးခဲ့ကြတဲ့ မိတ်ဆွေ၊အပေါင်းအသင်း၊သူငယ်ချင်း တစ်ဦးတစ်ယောက်တိုင်းစီကိုလည်း တကယ်ကိုတကယ်ကိုကျေးဇူးတင်ခဲ့ရပါတယ် 


သူတို့ရဲ့စိတ်ခွန်အားတွေကြောင့် ကျွန်တော်ဒီနေ့အထိ လဲကျမသွားခဲ့ရတာပါ


ကျွန်တော့်ဘက်ကနေ ငွေကြေးအတိုင်းအတာအားဖြင့် လတ်တလောအခြေအနေမှာ အကူအညီမပေးနိုင်ပေမယ့် ကျွန်တော်အကူအညီပေးနိုင်တဲ့ဘယ်လိုကိစ္စရပ်မျိုးမဆို တဖက်သားလိုအပ်တဲ့အချိန်မှာ တဖန်ကူညီပေးနိုင်ဖို့အတွက်ကို ကျွန်တော့်စိတ်ထဲ၊နှလုံးသားထဲ စွဲမြဲစွာမှတ်သားထားပါတယ် 


အခုလိုမတည်ငြိမ်သေးတဲ့ကာလကြီးမှာ သူတဖက်သားကို 

ရာချီတဲ့ငွေကြေးအတိုင်းအတာမျိုးမပြောနဲ့ ဆယ်ချီတဲ့ငွေကြေးအတိုင်းအတာကို အကူအညီပေးဖို့ဆိုတာ အတော့်ကိုခက်ခဲတဲ့ကိစ္စပါ


အဲ့လိုခက်ခဲတဲ့ကိစ္စကို ခင်မင်မှုသံယောဇဥ်တစ်ခုထဲနဲ့တင် အကူအညီပေးခဲ့ကြတဲ့ လိပ်ပြာလေးတွေကြောင့် ကျွန်တော့်မနက်ဖြန်တွေ အသက်ဝင်ရပြန်ပါပြီ


ကာယကံရှင်မဟုတ်တော့ ကျွန်တော့်ခံစားချက်ကို နားလည်နိုင်မဟုတ်ပေမယ့် လူတစ်ယောက်ရဲ့စိတ်ထဲမှာ ဗလာဖြစ်သွားဖို့ဆိုတာ တော်ယုံလောကဓံဖိစီးမှုနဲ့တင် စိတ်ဗလာဖြစ်သွားဖို့မလွယ်ပါဘူး


အဲ့လိုအချိန်မှာ ကမ်းပေးခဲ့တဲ့လက်တစ်စုံတိုင်းစီကိုလည်း ကျွန်တော်တကယ်ကိုတန်ဖိုးထားရပါတယ်


ကျွန်တော်လည်း တစ်စုံတစ်ဦးတစ်ယောက်အတွက် စိုးရိမ်သောကရောက်နေရတဲ့အချိန်မှာ စိတ်ရင်းနဲ့အကူအညီပေးနိုင်တဲ့ လိပ်ပြာလေးဖြစ်ခွင့်ကို လေးလေးနက်နက်ကို ဆုတောင်းမိပါတယ်ခင်ဗျာ။


စိတ်ရင်းနဲ့တကယ်ကို ကျွန်တော်ကျေးဇူးတင်ရပါတယ်ဗျာ။


🙏🙏🙏