3rd December 2024!!
💛💛
၂၀၂၄ခုနှစ်မှာ ကျွန်တော့်စီလာနားပေးတဲ့
လိပ်ပြာလေးတွေ အများကြီးနဲ့ဆုံတွေ့ခဲ့ရတာပါ
တချို့လိပ်ပြာလေးတွေက ၃၊၄နှစ်အဆက်အသွယ်ပြတ်နေတဲ့ မိတ်ဆွေ၊အပေါင်းအသင်း သူငယ်ချင်းတွေဖြစ်သလို
တချို့လိပ်ပြာလေးတွေက နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်နေတဲ့ မိတ်ဆွေ၊အပေါင်းအသင်း သူငယ်ချင်းတွေပါပဲ
တချို့လိပ်ပြာလေးတွေကျတော့ အပြင်မှာလည်းရင်းနှီးမှုမရသေးဘဲ fb ကနေတဆင့် သူငယ်ချင်းဖြစ်ခွင့်ရပြီး ကျွန်တော့်ကိုအရေးတယူအကူအညီပေးကြတဲ့သူတွေပါ..။
ဒီနေ့လည်း ကျွန်တော်ဘက်ကနေ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်နေခဲ့ပေမယ့် Last minutes ရောက်နေတဲ့အချိန်မှာ စိတ်ရင်းနဲ့တကူးတကကြီး အကူအညီပေးခဲ့တဲ့ လိပ်ပြာလေးမိသားစုကြောင့် ဒီစာကိုရေးဖြစ်သွားတာပါ
Last minutes ဖြစ်နေတဲ့အချိန်အထိ စိတ်ရင်းနဲ့ ကျွန်တော့်အပူကိုသူတို့အပူအလား အားတက်သရော အကူအညီပေးခဲ့ကြတဲ့ မိတ်ဆွေ၊အပေါင်းအသင်း၊သူငယ်ချင်း တစ်ဦးတစ်ယောက်တိုင်းစီကိုလည်း တကယ်ကိုတကယ်ကိုကျေးဇူးတင်ခဲ့ရပါတယ်
သူတို့ရဲ့စိတ်ခွန်အားတွေကြောင့် ကျွန်တော်ဒီနေ့အထိ လဲကျမသွားခဲ့ရတာပါ
ကျွန်တော့်ဘက်ကနေ ငွေကြေးအတိုင်းအတာအားဖြင့် လတ်တလောအခြေအနေမှာ အကူအညီမပေးနိုင်ပေမယ့် ကျွန်တော်အကူအညီပေးနိုင်တဲ့ဘယ်လိုကိစ္စရပ်မျိုးမဆို တဖက်သားလိုအပ်တဲ့အချိန်မှာ တဖန်ကူညီပေးနိုင်ဖို့အတွက်ကို ကျွန်တော့်စိတ်ထဲ၊နှလုံးသားထဲ စွဲမြဲစွာမှတ်သားထားပါတယ်
အခုလိုမတည်ငြိမ်သေးတဲ့ကာလကြီးမှာ သူတဖက်သားကို
ရာချီတဲ့ငွေကြေးအတိုင်းအတာမျိုးမပြောနဲ့ ဆယ်ချီတဲ့ငွေကြေးအတိုင်းအတာကို အကူအညီပေးဖို့ဆိုတာ အတော့်ကိုခက်ခဲတဲ့ကိစ္စပါ
အဲ့လိုခက်ခဲတဲ့ကိစ္စကို ခင်မင်မှုသံယောဇဥ်တစ်ခုထဲနဲ့တင် အကူအညီပေးခဲ့ကြတဲ့ လိပ်ပြာလေးတွေကြောင့် ကျွန်တော့်မနက်ဖြန်တွေ အသက်ဝင်ရပြန်ပါပြီ
ကာယကံရှင်မဟုတ်တော့ ကျွန်တော့်ခံစားချက်ကို နားလည်နိုင်မဟုတ်ပေမယ့် လူတစ်ယောက်ရဲ့စိတ်ထဲမှာ ဗလာဖြစ်သွားဖို့ဆိုတာ တော်ယုံလောကဓံဖိစီးမှုနဲ့တင် စိတ်ဗလာဖြစ်သွားဖို့မလွယ်ပါဘူး
အဲ့လိုအချိန်မှာ ကမ်းပေးခဲ့တဲ့လက်တစ်စုံတိုင်းစီကိုလည်း ကျွန်တော်တကယ်ကိုတန်ဖိုးထားရပါတယ်
ကျွန်တော်လည်း တစ်စုံတစ်ဦးတစ်ယောက်အတွက် စိုးရိမ်သောကရောက်နေရတဲ့အချိန်မှာ စိတ်ရင်းနဲ့အကူအညီပေးနိုင်တဲ့ လိပ်ပြာလေးဖြစ်ခွင့်ကို လေးလေးနက်နက်ကို ဆုတောင်းမိပါတယ်ခင်ဗျာ။
စိတ်ရင်းနဲ့တကယ်ကို ကျွန်တော်ကျေးဇူးတင်ရပါတယ်ဗျာ။
🙏🙏🙏
No comments:
Post a Comment