နာစရာနဲ့ဖြေပါ





လွမ်းစရာရှိရင် အရင်လိုဖြည့်မတွေးပေးနိုင်တော့ဘဲ နာစရာနဲ့ပဲဖြေပါတော့မယ်ဗျာ။


၂၀၂၂ခုနှစ် လမ်းခရီးမှာစိတ်မချရတဲ့အချိန် အိမ်ပြန်လာတဲ့အချိန် ချောချောမောမောမှ ပြန်ရောက်ရဲ့လား ဆိုပြီးဖုန်းမဆက်နိုင်တဲ့သူ စိတ်မပူတက်ခဲ့တဲ့သူ  မိသားစုနဲ့အလုပ်ခရီးကလွဲရင် ပထမဆုံး ကျွန်တော်တစ်ယောက်ထဲခရီးသွားဖြစ်တာပါ ကိုယ့်ဆုံးဖြတ်နဲ့ကိုယ်သွားဖြစ်ခဲ့တာဖြစ်ပေမယ့် နာတက်ဖို့ရေးပြထားတာပါ 


၂၀၂၃ခုနှစ် တခြားအမျိုးသမီးတစ်ယောက် မိသားစုနဲ့အပန်းဖြေခရီးသွားတာတောင် ရန်ကုန်အဝင်နောက်ကျလို့ စိုးရိမ်တကြီးအကူအညီပေးတာကိုတွေ့ရတော့ အဲ့ဒီအချိန်ကအများကြီး ဝမ်းနည်းခဲ့ရပါတယ် အခုတော့အဲ့ဒီအကြောင်းကိုစိတ်ထဲမှာ နာကျင်နေအောင်မှတ်သားထားပါတယ်


၂၀၂၃ခုနှစ် ရန်ကုန်ကိုရောက်နေတာတောင် တခြားမိန်းမနဲ့ ဟိုတယ်မှာ သုံးရက်လုံးလုံးအတူရှိခဲ့ပေမယ့် period လာနေလို့ အတူနေဖို့အဆင်ပြေပါမလားမေးရင်း ကျွန်တော်နဲ့စကားများခဲ့ရလို့ ရန်ကုန်မှာတစ်ညပဲအိပ်ပြီးခရီးဆက်မယ်ပြောခဲ့တဲ့သူ ၁၂ရက်နေ့ညမှာ ရန်ကုန်လာတာတောင်မတွေ့လိုက်ရတဲ့စိတ်ကြောင့် ကျွန်တော်တစ်ယောက်မတော်တဆကားတိုက်သေသွားခဲ့ရင် ဘဝကူးမကောင်းဘဲနာနာဘဝဖြစ်နေမှာပါ 


အဲ့ဒီအချိန်မှာ နှစ်ယောက်သား ဘုရားဖူးသွားကြပြီး ရန်ကုန်မြို့အနှံလည်ပတ်နေတာကို နောင်တချိန်မှာပြန်သိရတော့မအံသြတော့ပါဘူး အဲ့ဒီခံစားချက်ကဘယ်အချိန်ပဲဖြစ်ဖြစ် ပြန်တွေးတိုင်းမျက်ရည်ကျရပေမယ့် အခုတော့နာတက်အောင်ပဲ စိတ်ထဲမှာမှတ်ထားပါတယ်


၂၀၂၄ခုနှစ် အလုပ်အဆင်မပြေတာတွေ စိတ်ဓါတ်ကျပြီးတော့ ကိုယ့်ဘာသာသတ်သေချင်မိတာတွေ မိဘကျန်းမာရေးမကောင်းလို့ အရေးပေါ်ဖြစ်နေတဲ့အချိန်မှာတောင် နင်အဆင်ပြေရဲ့လားတစ်ခွန်းတောင်မမေးခဲ့သူပါ လေးနှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာလည်း နင်အဆင်ပြေလားဆိုတာကို တစ်ခါမျှမမေးခဲ့သူပါ 


ဘယ်လောက်ပဲအလုပ်များနေပါစေ အလုပ်အားတဲ့အချိန်ခဏမှာ တခြားမိန်းမတွေအတွက် သာကြောင်းမာကြောင်းစာပို့နိုင်ပေမယ့် စကားစမြည်ဖုန်းဆက်ပြောပေးနိုင်ပေမယ့် ကျွန်တော့်အတွက် viber မှာ ပို့ထားတဲ့စာတောင် အလုပ်များနေလို့ ဝင်မဖတ်နိုင်တဲ့သူပါ


၂၀၂၃၊ ၂၀၂၄ ခုနှစ် နှနှစ်အတွင်းမှာ အကြိမ်ကြိမ်တဖက်သက်ဖြည့်တွေးပေးခဲ့ပေမယ့် တော်သင့်ပါပြီ လုံလောက်သွားပါပြီ ကျွန်တော်က viber အမြဲဝင်ထားတက်ပြီး ဖုန်း hand သွားတဲ့အချိန်တိုင်း voice call ခေါ်မိလို့ တဖက်မှာအရေးကြီးတဲ့အချိန်ဆိုရင် ကျွန်တော့်ကြောင့်ထိခိုက်သွားမလားလို့စိုးရိမ်ကြီးခဲ့မိသူပါ အဲ့လိုမိန်းမမျိုးကိုလုပ်ရက်ခဲ့တာကို နာစရာနဲ့ဖြေတက်အောင် မှတ်ထားပါတယ်


၂၀၂၄ ခုနှစ် နှစ်ကုန်ခါနီးမှာထွက်ခတ်နဲ့ထပ်ကြုံရနေလို့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရချိန်မှာ အရင်လိုနာကျင်မှုနဲ့ထပ်ကြုံပြန်လို့ ဒီဆုံးဖြတ်ချက်ကိုအသေအချာကိုချနိုင်ခဲ့တာပါ အဲ့လိုမှမဟုတ်ဘဲ ရှေ့ဆက်ပြီးဖက်တွယ်နေမိအုန်းမယ် ဖြည့်တွေးပေးပြီးသည်းခံအုန်းမယ်ဆိုရင် နောင်ဆယ်နှစ် ဆယ့်ငါးနှစ် မိန်းမတစ်ယောက်အတွက် နောက်ဆုံးအချိန်ရောက်သည်အထိ ဒီလိုဆက်ဆံရေးမျိုးနဲ့သာ ကျွန်တော့်ဘဝအဆုံးသတ်သွားရမှာပါ


ကိုယ့်အပေါ် စေတနာ မေတ္တာ မပြောနဲ့ အချိန်ခဏတောင်မပေးနိုင်ခဲ့သူကို စေတနာ မေတ္တာ နားလည်မှုတွေ သည်းခံပေးမှုတွေ ကိုယ်ချင်းစာနာမှုတွေနဲ့ တဖက်သက် အချိန်အများကြီးပေးခဲ့မိလို့ လေးနှစ်ဆိုတဲ့အချိန်ကာလကို ဝန်ခံရရင်တော့တကယ်ကိုနှမြောမိခဲ့ပါတယ်


ဘာလို့စာအရှည်ကြီးတွေ ရေးနေရလည်းဆိုရင် သတိရလို့ပြန်ဖတ်မိတဲ့အချိန်တိုင်း ကျွန်တော်စိတ်ထဲအသည်းထဲကနေပြီးတော့ ဒီလိုတွေခံစားခဲ့ရတယ် နာကျင်ခဲ့ရတယ် မျက်ရည်ကျခဲ့ရတယ် ဝမ်းနည်းခဲ့ရတယ် စိတ်ပင်ပန်းခဲ့ရတာတွေကို တစိမ့်စိမ့်နာတက်အောင်ပါ။


Viber ကို မဖျက်သေးဘူးဆိုတာကိုလည်းသိစေချင်ပါတယ် ခင်ဗျားကြောင့်မဟုတ်ရပါဘူး အကျိုးအကြောင်းသိစေချင်တာက ဒူဘိုင်းကမမတစ်ယောက် အိမ်ကိုပြန်မရောက်သေးလို့ အဆက်အသွယ်လုပ်ဖို့အတွက် အရေးတကြီးကျန်နေသေးလို့ပါ 


ကျွန်တော့်အပေါ် စိတ်ရင်းနဲ့ မေတ္တာ စေတနာ ကိုယ်ချင်းစာတရား ပေးမယ့်သူအတွက်မှ ဒီ viber ကို ပြန်ဖွင့်မှာပါ။


8thDecember2024.

No comments: