၁၉၈၈ - ၂၀၁၁


ဒီကဗျာကို ကိုနေဘုန်းလတ် ၃၁ နှစ်ပြည့်မွေးနေ့မှာ အမှတ်တရ ပြန်ရှာထားတာပါ သူလို့လူငယ်တွေ ကျွန်တော်တို့ နိုင်ငံမှာ အများကြီး ရှိသင့်ပါတယ် ဘယ်လိုပဲ ဒီမိုကရေစီ ရသွားပါစေ ပညာမတက်တဲ့ လူငယ်တွေလက်ထဲ နိုင်ငံထိုးအပ်ရမယ့် အရေးကို ရင်လေးနေမိတယ်..

ဖြစ်ချင်တာ ပြောပါဆိုရင် 1988 မတိုင်ခင်က ပညာရေးစနစ် ပြန်ရှိစေချင်တယ် ပညာရေးကို ဘဝတက်လမ်းအဖြစ် အသုံးချစေချင်တယ် ကျွန်တော်ကိုယ်တိုင် ဘွဲ့ရပညာတက်တဲ့ အင်္ဂလိပ်စကားကို သူတင်ကိုယ်တင် ပြောဖို့နေနေသာ အင်္ဂလိပ်သတင်းစာကိုတောင် အဘိဓ္ဓာန်ဘေးချဖတ်နေရတဲ့ အကောင်..

မင်းက သူများနိုင်ငံမှာ အလုပ်လုပ်နေတော့ သူများနိုင်ငံကိုမှ အထင်ကြီးလားလာမမေးနဲ့ ကျွန်တော်အထင်မကြီးတက်ပါဘူး တိုင်းတပါးသားကို အထင်သေးလို့ပြောနေတာ ၄တန်းလောက်တက်ပြီး (အလယ်တန်း အဆင့်လောက်) မန်နေဂျာဖြစ်နေတဲ့ကောင်နဲ့ ဘာရာထူးမှန်းမသိ သူဌေးကိုယ်ရေးအရာရှိလိုလို ဘာလိုလိုဖြစ်နေတဲ့ကောင်နဲ့ အဲ့လိုလူတွေနဲ့ အလုပ်တွဲလုပ်နေရတဲ့ ဘဝမို့လို့ပါ အဲ့ကောင်တွေ ဘာလို့နေရာရလဲသွားမေး အင်္ဂလိပ်လိုရေလည်အောင်ပြောတက်လို့..

ကျွန်တော်တိုနိုင်ငံမှာသာ နိုင်ငံခြားသားဆို အသားလွတ် အထင်ကြီးနေတာ သူတို့က အနောက်နိုင်ငံသားတောင် ဂရုကိုမစိုက်ဘူး သူတင်ကိုယ်တင် စကားပြောနိုင်တယ်လေ အာရှဆိုရင်တော့ ကျွန်တော်ပြောမနေတော့ဘူး စာအုပ်အနီဆို သွားပြီသာမှတ်တော့..

အဲ့ဒါနဲ့လမ်းလွဲကုန်ပြီ ပေးချင်တာကတစ်မျိုး ပညာမတက်တော့ အမြင်ကျည်းလာတယ် အစစအရာရာ ဝါးလုံးခေါင်းထဲ လသာတဲ့သူများလာတယ် ငါအဆင်ပြေတာပဲ ဒီထက့်ပိုကြည့်ရင် ငါ့မိသားစု အဆင်ပြေတာပဲ မဟုတ်သေးဘူးနော် ဘေးဘီကို နဲနဲလေးပဲ ငဲ့ကြည့်လိုက် အဆင်မပြေတဲ့သူတွေတစ်ပုံကြီး ကျွန်တော်တို့ နိုင်ငံမှာ ပညာမတက်တဲ့ကလေးတွေ ကျောင်းမနေရတဲ့ ကလေးတွေ တစ်ပုံကြီး..

ပညာမတက်တော့ ငွေရှာဖို့ခက်ခဲလာတယ် ဘာဖြစ်လဲ ဘာမှမဖြစ်ပါဘူး ပြည်တွင်းမှာဆို ကလေးသာသာ ကောင်လေးတွေ ကောင်မလေးတွေ အရမ်းပျက်စီးလာတယ် စားသောက်ဆိုင်တွေမှာ ကလပ်တွေမှာ အဆိုတော်တွေ၊မော်ဒယ်တွေ များလာတယ် နိုင်ငံတော့ကျော်မကျော်မသိဘူး Internet မှာတော့ကမ္ဘာကျော်တယ် မြန်မာနိုင်ငံက ကလေးမတွေ အသက်ကလေးတွေကမှ ၁၈မကျော်ဘူး မိဘကရောစားရက်လား ကမ္ဘာမီးလောင် သားတောင်ချနင်းတဲ့ ငတ်တော့လည်း စားရတာပေါ့..

ပြည်ပမှာဆို မြန်မာပြည်မှာ လူမကျန်သလောက် လာနေကြတယ် ရှိစုမဲ့စုပေါင်နှံ ရောင်းချပြီး လူ၁၀၀လာရင် ၅ယောက်တောင်မရှိဘူး အလယ်လတ်တန်းစား အလုပ်လုပ်ခွင့်ရတဲ့သူက အများစုက အောက်ခြေအလုပ်သမားတွေများတယ် ကိုယ့်ပိုက်ဆံ ကိုယ်ပေးပြီး ကျွန်ခံနေရတဲ့ဘဝ..

ဟူး မောတယ်ဗျာ တွေးကြည့်လိုက်ရင် ရင်လေးစရာကြီး အဓိကက ပညာမတက်တာ ကျောင်းမနေတဲ့ ကလေးများလားမများလား သိချင်ရင် မြို့သစ်တွေသွားကြည့် စာရင်းကောက် စာရင်းကောက်တဲ့သူ သေသွားလိမ့်မယ် စာတက်ရင်(အသိညဏ်ရှိရင်တောင်) စိတ်ဆိုတာမျိုးက မနဲချွန်းနဲ့ အုပ်နေရတာ စာမတက်တော့(ပညာမဲ့တော့) ကုန်းအဆင်းကို ဘီးတပ်ပြီးသားပေါ့..

ပညာမတက်ရင် မကောင်းမှုပြုဖို့ ပိုအားသန်နေမယ် အလုပ်လုပ်ဖို့ခက်ခဲလာရင် အလွယ်လမ်းလိုက်ချင်မယ် ခိုးလိုက်မယ် ဝှုက်လိုက်မယ် မိရင်ခံ မမိရင်စံ တနပ်စားတွေများလာမယ် အဲ့ဒီတော့ဘာဖြစ်မလဲ ကြာတော့ ကျွန်တော်တို့တိုင်းပြည်ပျက်ရော သူများက(အုပ်စိုးသွားရော)သူများကျွန်ဖြစ်ရော ခုတောင်တရုပ်လူမျိုး လုပ်ငန်းရှင်တွေ လက်ညှိးထိုးမလွဲဘူး မွန်ဂိုဆိုတဲ့ တရုပ်အချင်းချင်းတောင် လူမြိုခံရတာ ကျွန်တော်တို့ကိုရော သူတို့မမြိုသွားနိုင်ဘူးလို့ အာမမခံနိုင်ပါဘူး..

“ စာတက်ရင်အဲ့ဒါတွေ နားလည်မယ် ဆင်ခြင်မယ် မတိုးတက်ရင်သာနေမယ် သူများကျွန်တော့ အရောက်ခံမှာမဟုတ်ပါဘူး ” ဘာဖြစ်ရမယ် ညာဖြစ်ရမယ် ဒီမိုကရေစီပေးရမယ် လူ့အခွင့်အရေးရှိရမယ် ခင်ဗျားတို့တောင်းဆိုချင်တဲ့ အရာအားလုံး ရလာပါပြီထားအုံး ပြည်သူက စာမတက်ဘူးဗျာ ကဲဘာလုပ်ကြမလဲ အဲ့ဒီ့လူ့အခွင့်အရေးဆိုတာကြီးကို အရင်ဆုံး ပြည်သူဆိုတာလေးကို ငဲ့ကြည့်ကြပါ စာတက်အောင် အရင်ဝိုင်းဝန်းကြိုးစားပေးကြပါ ၈တန်းကနေစပြီး မအောင်မနေစနစ်တို့ ဘာတို့ကိုလဲ ပြင်ပေးကြပါ အရည်အချင်းရှိမှ အနာဂတ်အုတ်မြစ်တွေ ခိုင်ခံမှာပါ အရည်အတွက်ဆိုတာကြီးကို မကြည့်ကြပါနဲ့ တောင်းပန်ပါတယ် အနာဂတ် လူငယ်တွေအတွက့် ကြိုးစားပေးကြပါ..

“ ဒီ post ဖတ်ပြီး အုတ်တစ်ချပ်မဟုတ်တောင် သဲတစ်ပွင့်အနေနဲ့ ကလေးတွေရဲ့ စာသင်ကျောင်းကို ကူညီကြပါဆို့.. ”

“ ပန်းကလေးများ
  ပွင့်တော့မည်
  ဖူးတံဝင့်လို့ချီ..

  နေခြည်မှာ
  ရွှေရည်လောင်း
  ငါတို့စာသင်ကျောင်း.. ။ ”

“ အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေကို စာသင်ကျောင်းစီ ကျွန်တော်တို့ ကြိုးစားပို့ဆောင်ကြပါဆို့.. ” 


 

2 comments:

Family Board said...

တင်ချင်တာတွေတင်ပါ ခေါင်တော့မစားနဲနော် ဒါပဲ

Khin said...

သတိရှိရင်ရေးလေ မဟုတ်ဖူးလား Blog ကို nick name ပေးပြီးမရေးဘူးနော် real name နဲ့ရေးတာပါခင်ဗျ။ :P