Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။


ဗုဒ္ဓစွယ်တော်



ဗုဒ္ဓစွယ်တော် မြန်မာသို့ ကြွချီ အပူဇော်ခံမည်

ကျော်ဆုမွန်
အတွဲ ၂၇ ၊ အမှတ် ၅၃၀ ( ၁၂ - ၁၈ ၊ ၈ ၊ ၂၀၁၁)
ပြီးခဲ့သည့် ၁၉၉၆ ခုနှစ်က နောက်ဆုံး ပူဇော်ခံခဲ့သည့် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ ဗုဒ္ဓမြတ်စွယ်တော်ကို စတုတ္ထ အကြိမ်မြောက် အဖြစ် မြန်မာနိုင်ငံသို့ ပင့်ဆောင်အပူဇော်ခံရန် စီစဉ်နေပြီဖြစ်ကြောင်း နိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဩဂုတ်လ ၉ ရက်နေ့က ပြောသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်း မြို့ရှိ ကွမ်ဂျီးစုဘုရားကျောင်းမှ နေပြည် တော်ရှိ ဥပ္ပါတသန္တိစေတီတော် လိုဏ် အတွင်းသို့ ပထမဆုံးအကြိမ်အဖြစ် လည်းကောင်း၊ ရန်ကုန်မြို့ရှိ ကမ္ဘာအေး ကုန်းမြေ မဟာပါသာဏလိုဏ်ဂူအတွင်း နှင့် မန္တလေးမြို့ရှိ မဟာ အတုလဝေယန် ကျောင်းတော်ကြီး၌လည်းကောင်း ပင့်ဆောင်အပူဇော်ခံရန် စီစဉ်လျက်ရှိပြီး စွယ်တော်ကြွရောက်လာမည့် အချိန်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
ဗုဒ္ဓစွယ်တော်ပင့်ဆောင်ရေးအတွက် နိုင်ငံတော်ကဦးစီးကော်မတီကို ဖွဲ့စည်းထားရှိပေးပြီးဖြစ်ကာ ဆပ်ကော်မတီအသီးသီးက ဒုတိယ သမ္မတကို ဆောင်ရွက်မည့်အချက်များအား ဩဂုတ်လ ၉ ရက်နေ့က နေပြည်တော်တွင် ညှိနှိုင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
မြန်မာနိုင်ငံသို့ ဗုဒ္ဓမြတ်စွယ်တော် စတင်ကြွချီခဲ့သည်မှာ ၁၉၅၅ ခုနှစ်က ဖြစ်ပြီး ရန်ကုန်မြို့၊ ကမ္ဘာအေး မဟာ ပါသာဏလိုဏ်ဂူတွင် ရှစ်လကြာ ပူဇော် ခံခဲ့ခြင်းဖြစ်ကာ ဒုတိယအကြိမ်ကို ၁၉၉၄ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ၄၅ ရက်ကြာ အပူဇော်ခံခဲ့သည်။
ထို့နောက် ၁၉၉၆ -၁၉၉၇ ခုနှစ်တွင် တတိယအကြိမ်အဖြစ် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ရက်ပေါင်း ၉၀ အပူ ဇော်ခံခဲ့ပြီး နောက်ပိုင်း ၁၅ နှစ်အကြာ ထပ်မံ ပင့်ဆောင်အပူဇော်ခံရန် စီစဉ်ခြင်း ဖြစ်သည်။
ယခုအကြိမ်တွင် စွယ်တော်သည် မန္တလေးမြို့တွင်နောက်ဆုံး အပူဇော်ခံပြီး ပြန်လည်ကြွချီမည်။

No comments: