Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေးအတွက် ပထမခြေလှမ်းအစဖြစ်သည်ဟု ပူးတွဲကြေညာ

ရွှေယင်းမာဦး
နိုင်ငံရေးသတင်းထောက်ချုပ်
အတွဲ ၂၇ ၊ အမှတ် ၅၂၈ ( ၂၉၊၇ - ၄၊၈ ၊ ၂၀၁၁)

ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် နှင့် ဒေါ်အောင်ဆန်းစုကြည် တို့တွေ့ဆုံ ဆွေးနွေးအပြီး သတင်းထောက်များ၏ မေးမြန်းချက် များကို ဖြေကြားနေစဉ်။
ဓာတ်ပုံ-ကောင်းထက်
အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေး နွေးမှု သည် နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး အတွက် ခြေလှမ်း အစတစ်ခုပင်ဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့ ဆွေးနွေးပွဲအပြီးတွင် ဝန်ကြီး က သတင်းထောက်များအား ပြောကြားသည်။
ရန်ကုန်မြို့၊ စိမ်းလဲ့ကန်သာအစိုးရ ဧည့်ဂေဟာတွင် တစ်နာရီနှင့် ၁၀ မိနစ်ကြာ တွေ့ဆုံဆွေးနွေး ခဲ့ပြီးသည့်နောက် သတင်းထောက်များ၏ မေးမြန်း ချက်များကို ဖြေကြားရာတွင် ယင်းသို့တွေ့ဆုံမှုများအား ဆက်လက်လုပ်ဆောင်သွားရန် သဘောတူပြီး ဖြစ်ကြောင်း အလုပ် သမား ၀န်ကြီးဌာနနှင့် လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ဦးအောင်ကြည်သည် ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်ကတည်းက ဆက်ဆံရေးဝန်ကြီး အဖြစ်တာဝန်ယူကာ၊ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုးကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သူဖြစ်ပြီး ယခုအကြိမ်သည် အစိုးရသစ်လက်ထက် ပထမဆုံး အကြိမ် တွေ့ဆုံမှုဖြစ်သည်။
ယခင်ကတွေ့ဆုံမှုများသည် အထိုက်အလျောက် အကျိုးကျေးဇူးဖြစ်ထွန်းမှုရှိခဲ့ပြီး ယခုအကြိမ်တွေ့ဆုံမှုသည် ယခင်ထက် ပိုမို ကောင်းမွန်သည့် ရလဒ် ပေးနိုင်လိမ့်မည်ဟုမျှော်လင့်ကြောင်း ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်က ပြောသည်။
" Tangible Result (တိကျ ရေရာတဲ့ရလဒ်) မထွက်ခဲ့ဘူးလို့တော့ ကျွန်တော်တို့ မပြောနိုင်ပါဘူး"ဟု ပြည်ထောင်စု ၀န်ကြီးက ဆိုသည်။
ယင်းနေ့က တွေ့ဆုံဆွေးနွေး ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးသဘောတူ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာတွင် အဆိုပါတွေ့ဆုံမှုကို နှစ်ဖက်စလုံးက အပြုသဘော ရှုမြင်ပြီး ကျေနပ်အားရမှု ရှိသည်ဟု ဆိုသည်။
"ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြ" ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းသို့ဆွေးနွေးရာတွင် တရားဥပဒေစိုးမိုးရေး ကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းရေး ကိစ္စတို့လည်း ပါဝင်သည်ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါ ဆွေးနွေးမှုများမှ တိုင်းပြည်အတွက် အကျိုးဖြစ်စေ မည့်ရလဒ်များကိုသာ မျှော်လင့်ကြောင်း သတင်းထောက်များကို ပြောကြားသည်။

"ဘာပဲလုပ်လုပ်ပေါ့၊ ဘာစကားပဲပြောပြော၊ ဘယ်သူနဲ့ပဲတွဲတွဲ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့တိုင်းပြည်အတွက် ပြည်သူ ပြည်သားတွေကို အကျိုးပြုဖို့ပဲ။ အဲဒါကိုပဲ ကျွန်မတို့ မျှော်လင့်ပါတယ်"ဟု တွေ့ဆုံပွဲအပြီး၌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

No comments: