Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ။

Myanmar Times က ပြည်တွင်းသတင်း တစ်ပုဒ်ပါ အဲ့လိုသတင်းတွေ ဖတ်ခွင့်ရလို့ Myanmar Times မိသားစုဝင်တွေကို ကျေးဇူးအထူးတင်ပါတယ်။

တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးဆိုင်ရာ ဥပဒေပြင်ဆင်ရေးဆွဲ

အိအိတိုးလွင်
အတွဲ ၂၈ ၊ အမှတ် ၅၄၂ ( ၄ - ၁၀ ၊ ၁၁ ၊ ၂၀၁၁)
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနသည် တောရိုင်း တိရစ္ဆာန်နှင့်သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများထိန်းသိမ်း ရေးဥပဒေအား ပြန်လည်ပြင်ဆင်ရေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
၁၉၉၄ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေကို ထုတ်ပြန်ကာ မြန်မာနိုင်ငံရှိ ရှားပါးတောရိုင်း တိရစ္ဆာန်များနှင့် သဘာဝအပင်များ တရားမ၀င် ရောင်းဝယ် ဖောက်ကားမှုများအား အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ရာတွင် တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအပင်များ တရားမ၀င် ရောင်း ၀ယ်မှုများမှာပိုမိုများပြားလာလျက်ရှိပြီး ဥပဒေအရ သတ်မှတ်ထားသော ပြစ်ဒဏ်များမှာလည်း ယခုခေတ်နှင့် လိုက်လျော ညီထွေမှု မရှိတော့သည့်အတွက် ပြန်လည် ပြင်ဆင် ရေးဆွဲခြင်းကြောင်း သဘာဝပတ်ဝန်းကျင်နှင့် သားငှက်ထိန်း သိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ဌာနအနေနဲ့တော့ ဥပဒေပြန်လည် ရေးဆွဲပြီးသလောက်ဖြစ်နေပါပြီ။ အခုတော့ အတည်ပြုဖို့အတွက် ၀န်ကြီးဌာနတွင်း လေ့လာ သုံးသပ်မှုတွေကို ပြုလုပ်နေပါတယ်"ဟု ၎င်းက ပြောသည်။
တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များအား တရားမ၀င် ရောင်းဝယ် ဖောက်ကားမှုများတွေ့ရှိပါက ၁၉၉၄ ခုနှစ် ဥပဒေအရ ငွေဒဏ်ကျပ်တစ် သောင်းမှ ငါးသောင်းအထိလည်း ကောင်း၊ ထောင်ဒဏ်တစ်နှစ်မှ ခုနစ်နှစ် အထိလည်းကောင်း ချမှတ်နိုင်သည်။
ယခု ဥပဒေ ပြစ်ဒဏ်ပြင်ဆင်ချက်တွင်မူ ငွေဒဏ်နှင့် ထောင်ဒဏ်နှစ်ရပ်စလုံးအား မူလပြစ်ဒဏ်ထက် ဆယ်ဆခန့် တိုးမြှင့် သတ်မှတ်သွားရန် လျာထားကြောင်း သိရသည်။

No comments: