အချိန်



အလူမီနီယံလိုမျိုး အကန့်အသတ်မရှိ
တန်ပြန်သံသရာ လည်နိုင်တယ်
ဒီလိုစိတ်ကလေးနဲ့ပဲ ခင်ဗျားကို ချစ်ခဲ့တာ...။

Like an aluminium,
Can be recycled regardless of limitation,
I'd simply loved you.
တေဇာ (လရောင်လမ်း)

အိပ်ခါနီးကယောင်ကတမ်းထဖြစ်တာ မဟုတ်ဘူးဗျ
လွန်ခဲ့တဲ့၇နှစ်ကျော်ကကြိုက်ခဲ့တဲ့ကဗျာကိုပြန်ဖတ်မိလို့ အံ့ဩသွားရတာ
ဘာမှမလုပ်ပေးနိုင်တဲ့ ကဗျာတစ်ပုဒ်ကိုအခုအချိန်အထိသဘောကျနေပေမယ့်
ဘာမှမလုပ်ပေးနိုင်တဲ့ လူတစ်ယောက်ကိုတော့အချိန်ကာလတစ်ခုအတွင်းမှာ သီးမခံနိုင်တော့တာ..
ကျွန်တော့်ဘက်ကလွန်သွားသလားလို့ မတွေးတော့ပါဘူး
လူဆိုတာ အတ္တသမားဆိုတော့ ကိုယ့်ဘက်ကိုပဲယက်လိုက်ပါတယ်
ကျောက်ဆောင်တောင် ရေတိုက်စားတာများရင် ပွန်းပဲ့ရတာပဲ
ကျွန်တော်လဲ စွန်းထင်းခံရတာများတော့ အရောင်ပြောင်းသွားတာနေမှာပါ။

စိတ်ပိန်လို့ရေးတဲ့စာ


မျိုသိပ်တာတွေများလာတော့လဲ ပေါက်ကွဲမိတာပေါ့ဗျာ...

အလုပ်လုပ်နေတာလေဗျာ မူကြိုကျောင်းလာတက်နေတာ မဟုတ်ဘူးလေ ဟိုဟာမလုပ်နဲ့ ဒီဟာလုပ်ပါ ဟိုလိုမပြောနဲ့ ဒီလိုပြောပါ ပြောနေရအောင် အလုပ်အချိန်အတွင်း personal တစ်ခုမှ မလုပ်ဘူးဗျ အလုပ်ကိစ္စပဲလုပ်နေတာဗျ..

ယဉ်ကျေးတာကို Complain တက်တာ ဒီတစ်ခါပဲမြင်ဘူးသေးတယ် လူဗျအရောင်ပြောင်းရအောင် ပုတ်သင်ညှိမဟုတ်ဘူးဗျ ရိုင်းတယ်ဆိုတာ သင်စရာမလိုဘူး တက်လွန်းလို့ တဖက်ကမ်းတောင်ရောက်သွားမယ် ခင်ဗျားတို့လို့ နေရအောင် ကျုပ်ကအရိုင်းစိုင်းမဟုတ်ဘူးဗျ..

အလုပ်ကိစ္စပြောတာတောင် တိုးတိုးပြောပါ ဖုန်းခဏခဏမပြောပါနဲ့ပြောရအောင် ခင်ဗျားတို့လို အော်ကြီးဟစ်ကျယ်များ ပြောနေမိလို့လားဗျ ဖုန်းခဏခဏမပြောနဲ့ပြောရအောင် ကျုပ်ဘက်ကဆက်နေတာလား အလုပ်ကိစ္စမေးတာ မဟုတ်ဘူးလား ဘယ်လိုသတ္တဝါတွေနဲ့ ရေစက်ပါနေမှန်း မသိပါဘူးဗျာ..

အဖေစိတ်ဆင်းရဲမှာစိုးရိမ်လို့ ကြိတ်မှိတ်နေရတာ အလုက်ခန့်တာရော လစာပေးတာရော တစ်ပတ်၂ရက်ပိတ်ပေးတာရော ကျေးဇူးတကယ်တင်ပါတယ် ဒါပေမယ့် လူ့ကျင့်ဝတ်မရှိတာတော့ သီးမခံနိုင်ဘူးဗျ..

အလုပ်နဲ့ပတ်သတ်ပြီး နာမည်အပျက်မခံနိုင်ကောင်ဆိုတော့ ကြိတ်မှိတ်ပြီး ၆လလောက်အထိ ကျွန်ခံပေးအုန်းမယ်ခင်ဗျ အဲ့ဒါမှ ခင်ဗျားတို့ထပ်ပြီး လူ့ကျင့်ဝတ်ကို ထိပါးလာရင်တော့ ဆောရီးပါဗျာ ကျွန်တော်ဘက်ကစပြီး နှုတ်ဆက်ပေးပါမယ်ခင်ဗျ။

သီးခံပါတယ် အသက်ကြီးလာပြီဆိုပြီး အရင်ကထက်ပိုပိုပြီးတော့ လူဆိုတာခက်တယ်ဗျ Ethic ဆိုတာ နားမလည်တဲ့ကောင်က ခပ်များများဆိုတော့ အရိုင်းအစိုင်းတွေနဲ့ ရေစက်ဆုံပါလေရော..


နွေ



ရိုးတံကျဲပြရအောင်လဲ
ပက်ကြားအက်ကနေတောင်ရုံးမထွက်နိုင်သေးတဲ့လူ
အသေကောင်လေးပါလို့မေတ္တာပို့နေလဲ
ရင်နဲ့ကျောကပ်ပြီးဆယ်စုနှစ်တွေကျေ်ခွနင်းလာမိတဲ့အကောင်
နွေရာသီကတာရှည်လွန်းတာလား
အဲ့ဒီအကောင်ကပဲအသက်ပြင်းတာလား
မိုးငွေလေးပြပြရတာနဲ့အသက်တွေရှည်ရှည်သွားရတာ
မနက်လင်းမှာတောင်မတောင့်တရဲတော့တဲ့ဘဝ
တနေ့တော့အပူရှိန်ပြင်းတဲ့နေရောင်အောက်မှာ
ရင်ဘက်ကိုဟင်းလင်းဖွင့်ပြီး
နွေကိုပွေ့ဖက်ခွင့်ရှိအုန်းမှာ။






Girl you are my love |By Chuon Chantethya |Zearpub Band

ကျိန်စာ



အဲ့လိုကျိန်ဖို့ ကျွန်တော်အတွက့် တန်ရဲ့လားဆို တန်ပါတယ်..

ထပ်ခါထပ်ခါ ကျွန်တော့်မေတ္တာကို အစော်ကားခံနေရတာထက်စာရင် ကျွန်တော့်ကိုကျွန်တော် အသေဆိုးနဲ့သေရပါစေလို့ ဆုတောင်းခဲ့တာက ပိုကောင်းပါတယ်..

စကားကျွံရင်နှုတ်လို့မရပါဘူး ကျွန်တော်ပါးစပ်က ကျွန်တော်င်္သချိုင်းကို သတ်မှတ်ပေးလိုက်တာအတွက်  ကျွန်တော်ဝမ်းမနည်းပါဘူးဗျာ..

 ကျွန်တော့်ဘက်ကမှားခဲ့တာပါ မေတ္တာဆိုတာကို တန်ဘိုးမထားတက်သူကို အခမဲ့ပေးမိလိုက်တော့ ဖိနပ်စီးပြီးတက်နင်းခံခဲ့ရတာ..

တနေ့တော့ဆိုတာ ကျွန်တော့်ဘဝမှာ မရှိတော့ပါဘူး ဒီလိုဖြစ်သမျှအားလုံးကို ဘုရားပေးတဲ့လက်ဆောင်လို့ လက်ခံလိုက်ပါတယ်..

လူဆိုတာ ကိုယ်နဲ့တန်ရာကိုပဲ ပိုင်ဆိုင်ခွင့်ရှိတာလေ ကျွန်တော်က ဘုန်းကံကြီးမားတဲ့ အမျိုးကောင်းသားကို မတန်မရာပတ်သတ်ခဲ့မိတာပါ..

ကျွန်တော့်မေတ္တာ အစော်ကားခံလို့ ဝသွားပါပြီ ဒီထက်အစော်ကားခံဖို့လဲ ခံနိုင်ရည်မဲ့သွားပါပြီ.. 

လူတစ်ယောက်ကို ကိုယ်နှုတ်အမူအယာ မပါဘဲဘယ်လိုပုံစံမျိုးနဲ့ နာကျင်အောင်လုပ်လို့ရမှန်း စော်ကားလို့ရမှန်း နားလည်သွားပါပြီ ..

ကျွန်တော့်စိတ်ကို နာကျင်အောင်လုပ်ခဲ့ပြီးပါပြီ အကြိမ်များစွာလဲစော်ကားခဲ့ပြီးပါပြီ ဆုတောင်းပြည့်ပါတယ် ကျွန်တော်ဆိုတဲ့နွား တကယ်နာသွားပြီဗျာ။




သင်ခန်းစာ



၂၀၁၈အတွက် သင်ခန်းစာအကြီးကြီးရလိုက်တာတော့ လူတစ်ယောက်ရဲ့ ရုပ်ရေသွင်ပြင်ကိုခံစားပြီး ယောင်္ကျားလို့ သတ်မှတ်ခဲ့မိတာပါ..

လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့အပြုအမူကသာ ယောင်္ကျားလို့ လက်ခံရမှန်း နားလည်ခဲ့ပါပြီ..

စပါးလုံးတစ်ထောက်စာ ရုပ်ရေသွင်ပြင်ကို တပ်မက်ခဲ့မိလို့ ကျွန်တော်ေ_ါက်ရှက်ကွဲခဲ့ရတာ ဒီနေ့နောက်ဆုံး ဝဋ်ကြွေးဆပ်လိုက်တာလို့ လက်ခံလိုက်ပါတယ်..

ယောင်္ကျးလို့ သတ်မှတ်ခဲ့မိတဲ့ လူတစ်ယောက်ကြောင့် အကြိမ်များစွာ သူပေးခဲ့တဲ့ ကတိဆိုတာကို ယုံကြည်ပြီး အကြီးကြီးမျှော်လင့်ခဲ့မိပါတယ် အဲ့ဒီကတိတွေကို မိုက်မိုက်ရိုင်းရိုင်း ဖျက်စီးခံရတိုင်း သွေးတွေဆူပွက်ပြီး၊ မျက်ရည်တွေကျခဲ့ရဘူးပါတယ်..

ဘယ်သူမှားလဲ ကျွန်တော်ပဲမှားတာပါ မိန်းမတစ်ယောက်ကို ကတိလွယ်လွယ်ပေးပြီး အမြဲရှောင်ဖယ်ပြေးတက်တဲ့ လူတစ်ယောက်ကို ယောင်္ကျားလို့သတ်မှတ်ပြီး အရူးအမူးချစ်ခဲ့မိခဲ့တာကိုပါ။

ခယ



အဘွားရှိတုန်းက အမြဲဆုံးမတယ် ကုမ္ပဏီဝန်ထမ်းဆိုတာ ကမ်းနားသစ်ပင် အချိန်မရွေးအလုပ်ပြုတ် သွားနိုင်တယ်ဆိုပြီးတော့ အစိုးရလခစားက ဘဝနောင်ရေးသေချာတယ်..

 အစိုးရဝန်ထမ်းဘဝကနေ ခဏပဲတာဝန်ထမ်းဆောင်ပြီး ကျွန်တော်အလုပ်ထွက်လိုက်တော့ သူ့ခမျာနှမြောနေတာ အခုအချိန်ကျမှ ကျွန်တော်တကယ် နောင်တရနေမိတာ..

အဲ့တုန်းက အသက်လဲငယ်သေးတော့ အစိုးရဝန်ထမ်းဘဝကို တကယ်စိတ်မဝင်စားတာပါ ဒီလိုနဲ့ကမ်းနားသစ်ပင်ဘဝကို ဆယ်စုနှစ် ၂ခုနီးပါး ရောက်သွားတော့တာပဲ..

ကျွန်တော် Ex Boss တွေ အကုန်လုံး တကယ်သဘောကောင်းပါတယ် ကျွန်တော့်ကိုလဲ အလေးထားတယ်ဗျာ ဝန်ခံရရင် အကြောင်းအမျိုးမျိုးပြပြီး ကျွန်တော့်ဘက်ကနေ လက်တွဲဖြုတ်ခဲ့မိပါတယ်..

အခုတော့ အဘွားကို တမ်းတနေမိတယ် သမီးရယ် လူ့အောက်ကျို့လို့ လူပိလို့မသေပါဘူးဆိုတဲ့ အဘွားအမြဲပြောတဲ့စကားကို ကြားနေမိတယ် အဘွားကိုပြောပြချင်မိတယ် အဘွားရယ် လူ့အောက်ကျို့လို့ လူပိလို့တော့ မသေပါဘူး ဒါပေမယ့် အဲ့ဒီခံစားချက်က မနက်ဖြန်ဆိုတာ မရှိချင်သလောက်ပါပဲဗျာ ဆိုတာကို..

မနက်ဖြန်များစွာ ဖြတ်ကျော်ပြီးရင် အဆင်ပြေမှာပါဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ ကျွန်တော့်ရင်ဘက်ကို ဝမ်းမချချင်တော့ပါဘူး ခံနိုင်ရည်ရှိသရွေ့တော့ လူ့အောက့်ကျို့ရမှာပေါ့ခင်ဗျာ။