အချိန်



အလူမီနီယံလိုမျိုး အကန့်အသတ်မရှိ
တန်ပြန်သံသရာ လည်နိုင်တယ်
ဒီလိုစိတ်ကလေးနဲ့ပဲ ခင်ဗျားကို ချစ်ခဲ့တာ...။

Like an aluminium,
Can be recycled regardless of limitation,
I'd simply loved you.
တေဇာ (လရောင်လမ်း)

အိပ်ခါနီးကယောင်ကတမ်းထဖြစ်တာ မဟုတ်ဘူးဗျ
လွန်ခဲ့တဲ့၇နှစ်ကျော်ကကြိုက်ခဲ့တဲ့ကဗျာကိုပြန်ဖတ်မိလို့ အံ့ဩသွားရတာ
ဘာမှမလုပ်ပေးနိုင်တဲ့ ကဗျာတစ်ပုဒ်ကိုအခုအချိန်အထိသဘောကျနေပေမယ့်
ဘာမှမလုပ်ပေးနိုင်တဲ့ လူတစ်ယောက်ကိုတော့အချိန်ကာလတစ်ခုအတွင်းမှာ သီးမခံနိုင်တော့တာ..
ကျွန်တော့်ဘက်ကလွန်သွားသလားလို့ မတွေးတော့ပါဘူး
လူဆိုတာ အတ္တသမားဆိုတော့ ကိုယ့်ဘက်ကိုပဲယက်လိုက်ပါတယ်
ကျောက်ဆောင်တောင် ရေတိုက်စားတာများရင် ပွန်းပဲ့ရတာပဲ
ကျွန်တော်လဲ စွန်းထင်းခံရတာများတော့ အရောင်ပြောင်းသွားတာနေမှာပါ။

No comments: