ခယ



အဘွားရှိတုန်းက အမြဲဆုံးမတယ် ကုမ္ပဏီဝန်ထမ်းဆိုတာ ကမ်းနားသစ်ပင် အချိန်မရွေးအလုပ်ပြုတ် သွားနိုင်တယ်ဆိုပြီးတော့ အစိုးရလခစားက ဘဝနောင်ရေးသေချာတယ်..

 အစိုးရဝန်ထမ်းဘဝကနေ ခဏပဲတာဝန်ထမ်းဆောင်ပြီး ကျွန်တော်အလုပ်ထွက်လိုက်တော့ သူ့ခမျာနှမြောနေတာ အခုအချိန်ကျမှ ကျွန်တော်တကယ် နောင်တရနေမိတာ..

အဲ့တုန်းက အသက်လဲငယ်သေးတော့ အစိုးရဝန်ထမ်းဘဝကို တကယ်စိတ်မဝင်စားတာပါ ဒီလိုနဲ့ကမ်းနားသစ်ပင်ဘဝကို ဆယ်စုနှစ် ၂ခုနီးပါး ရောက်သွားတော့တာပဲ..

ကျွန်တော် Ex Boss တွေ အကုန်လုံး တကယ်သဘောကောင်းပါတယ် ကျွန်တော့်ကိုလဲ အလေးထားတယ်ဗျာ ဝန်ခံရရင် အကြောင်းအမျိုးမျိုးပြပြီး ကျွန်တော့်ဘက်ကနေ လက်တွဲဖြုတ်ခဲ့မိပါတယ်..

အခုတော့ အဘွားကို တမ်းတနေမိတယ် သမီးရယ် လူ့အောက်ကျို့လို့ လူပိလို့မသေပါဘူးဆိုတဲ့ အဘွားအမြဲပြောတဲ့စကားကို ကြားနေမိတယ် အဘွားကိုပြောပြချင်မိတယ် အဘွားရယ် လူ့အောက်ကျို့လို့ လူပိလို့တော့ မသေပါဘူး ဒါပေမယ့် အဲ့ဒီခံစားချက်က မနက်ဖြန်ဆိုတာ မရှိချင်သလောက်ပါပဲဗျာ ဆိုတာကို..

မနက်ဖြန်များစွာ ဖြတ်ကျော်ပြီးရင် အဆင်ပြေမှာပါဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ ကျွန်တော့်ရင်ဘက်ကို ဝမ်းမချချင်တော့ပါဘူး ခံနိုင်ရည်ရှိသရွေ့တော့ လူ့အောက့်ကျို့ရမှာပေါ့ခင်ဗျာ။

No comments: