သင်ခန်းစာ



၂၀၁၈အတွက် သင်ခန်းစာအကြီးကြီးရလိုက်တာတော့ လူတစ်ယောက်ရဲ့ ရုပ်ရေသွင်ပြင်ကိုခံစားပြီး ယောင်္ကျားလို့ သတ်မှတ်ခဲ့မိတာပါ..

လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့အပြုအမူကသာ ယောင်္ကျားလို့ လက်ခံရမှန်း နားလည်ခဲ့ပါပြီ..

စပါးလုံးတစ်ထောက်စာ ရုပ်ရေသွင်ပြင်ကို တပ်မက်ခဲ့မိလို့ ကျွန်တော်ေ_ါက်ရှက်ကွဲခဲ့ရတာ ဒီနေ့နောက်ဆုံး ဝဋ်ကြွေးဆပ်လိုက်တာလို့ လက်ခံလိုက်ပါတယ်..

ယောင်္ကျးလို့ သတ်မှတ်ခဲ့မိတဲ့ လူတစ်ယောက်ကြောင့် အကြိမ်များစွာ သူပေးခဲ့တဲ့ ကတိဆိုတာကို ယုံကြည်ပြီး အကြီးကြီးမျှော်လင့်ခဲ့မိပါတယ် အဲ့ဒီကတိတွေကို မိုက်မိုက်ရိုင်းရိုင်း ဖျက်စီးခံရတိုင်း သွေးတွေဆူပွက်ပြီး၊ မျက်ရည်တွေကျခဲ့ရဘူးပါတယ်..

ဘယ်သူမှားလဲ ကျွန်တော်ပဲမှားတာပါ မိန်းမတစ်ယောက်ကို ကတိလွယ်လွယ်ပေးပြီး အမြဲရှောင်ဖယ်ပြေးတက်တဲ့ လူတစ်ယောက်ကို ယောင်္ကျားလို့သတ်မှတ်ပြီး အရူးအမူးချစ်ခဲ့မိခဲ့တာကိုပါ။

No comments: