အနူလက်



ကျွန်တော်လား အနူလက်နဲ့ရွှေခွက်ကို လိုချင်ခဲ့တဲ့အကောင်လေ..

မနေ့တနေ့ကမှ ရွှေခွက်လေးကို ကိုင်ကြည့်မိရင်း ခွက်ပေါ်က အနူမျက်နှာကိုမြင်မှ ငါအနူဟဲ့ဆိုပြီး သတိရသွားမိတဲ့အကောင်..

မနက်တိုင်း အိပ်ယာနိုးတိုင်း ဖုန်းအစုတ်ကလေးဖွင့်ကြည့်ပြီး ကျွန်တော်အနူသည်မှန်းသိအောင် သတိပေးတဲ့စာကို ဖတ်ဖြစ်အောင်ဖတ်ပါတယ် မတန်တရာ ရွှေခွက်ကိုမြင်ပြီး နောက်တစ်ကြိမ် ရွှေခွက်ကို သွားကိုင်မိမှာ စိုးရိမ်လို့ဗျာ..

မနေ့တနေ့ကမှ မိဘကျေးဇူးကြောင့် ဒီလိုတိုက်ခန်းကျည်းကျည်းလေးမှာ ပြန်နေရတဲ့အကောင်ပါ တသက်လုံး လူတောတိုးခဲ့တဲ့ အကောင်မှ မဟုတ်တာဗျာ..

ကုန်းကောက်စရာမရှိအောင် မဆင်းရဲခဲ့ဘူးပေမယ့် ၁၀ပေ × ၁၅ပေ ကားဘော်ဒီရုံ ထပ်ခိုးအပေါ်မှာတောင် ငှားနေခဲ့ဘူးတဲ့ဘဝကို ဖြတ်သန်းခဲ့ဘူးပါတယ် အဲ့လိုကောင်မျိုးက square footage 960 တိုက်ခန်းမှာနေရတော့ အနူဘဝကို မေ့သွားတာပါ..

ကျွန်တော်ကို အားပေးခဲ့တဲ့သူတွေကို ကျေးဇူးမတင်ပါဘူး သူတို့အားပေးလေ ကျွန်တော်အနူသည်ဆိုတာကို မေ့သွားလေ..

ကျွန်တော်ကို စော်ကားခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါတယ် သူတို့ပြောလို့ ကျွန်တော်အနူသည်ဆိုတာ သတိရသွားတာလေ ကိုယ့်ဘဝကို ပြန်ရသွားတာ..

ကျေးဇူးတင်ပါတယ်ဗျာ အနူတစ်ကောင် အနူသည်ဘဝပြန်ရသွားလို့ပါ။





ကျေနပ်ယုံပါပဲဗျာ



ကျွန်တော်ဆိုတဲ့အကောင်ကပဲ သူတစ်ပါးထက်ပိုပြီး ပူပင်တက်လွန်း ပူလောင်တက်လွန်းတာ နေမှာပါ..။

ကျွန်တော်ကပဲ တကယ့်ကို ဒရမ်မာဆန်လွန်းတာလား ဒီဇာတ်လမ်းကပဲ ဇာတ်နာလွန်းတာလား ထပ်ပြီးတော့ မသိချင်တော့ပါဘူးဗျာ..

ဘဝတစ်ခု နီးစပ်ဖို့ ကျွန်တော့်ဘက်က အသဲအသန် ကြိုးစားခဲ့တိုင်း အရက်ကထက် ပိုဝေးကွာသွားရတာ ဘာလို့လဲလို့ ကျွန်တော် ဒီထက်ပိုပြီး မတွေးရက်တော့ပါဘူး..

ကျွန်တော်လဲ ရွှေဘုံပေါ်မှာစံပြီး ရွှေဇွန်းကိုက်မွေးလာတဲ့အကောင် မဟုတ်ပါဘူး သာမာန်လူလတ်တန်းစားပါ လူသက်တမ်း တဝက်ကျော်အထိ မိဘစီကနေ နို့သက်ခံနေရတဲ့အကောင်ပါ ကိုယ်ပိုင်အရည်အချင်းမရှိဘူးဆိုတာ ဝန်ခံပါတယ် ကြိုးစားချင်စိတ်မရှိတဲ့ လူပျင်းတစ်ယောက်ဆိုတာလဲ အမှန်ပါ အဲ့ဒါကြောင့်..

ဒီလိုအကောင်မျိုးဖြစ်လို့ လက်မတွဲနိုင်ဘူးဆိုရင်လဲ ခင်ဗျားအပြစ်မဟုတ်ပါဘူး ကျွန်တော်ကမှ အသုံးမကျခဲ့တာပါ။

ကျွန်တော်တကယ်ပင်ပန်းနေပြီဗျ ဒီထက်ပိုပြီးတော့ မတောင့်ခံနိုင်တော့ဘူး ဒီလိုဖြစ်ရတာလဲ ဘယ်သူနဲ့မှ မသက်ဆိုင်ပါဘူး အရာအာလုံး ကျွန်တော်ဖန်တီးခဲ့သူပါ ဒီရလဒ်ကို ကျွန်တော်ပဲလက်ခံရမှာပါ..

ဘဝမှာ အေးချမ်းမှုထက် စိတ်ချမ်းသာတဲ့အရာ ဘယ်အရာမှ မရှိနိုင်ပါဘူး ကျွန်တော်ကတော့ အမြဲပူလောင်နေတက်တဲ့ ပူပင်နေတက်တဲ့ အကောင်ဆိုတော့ အေးချမ်းမှုဆိုတာ ခံစားခွင့်မရနိုင်ပါဘူး..

သူတစ်ပါးရဲ့ ခံစားချက်ကို နားလည်ပါတယ် ခံစားတက်ပါတယ် ကျွန်တော်သူများထက်ပိုပြီးတော့ ကျွန်တော့်ခံစားချက်ကိုတော့ သူများနားလည်အောင် ပြောမပြတက်တာ ကျွန်တော့်အားနည်းချက်နေမှာပါ..

ဘဝတဲ့ သရမပါဘဲ ဗျည်းအက္ခရာ ၂လုံးနဲ့ တည်ဆောက်ထားပေမယ့် ကျွန်တော်တစ်ယောက် အခုအချိန်အထိ ကျွမ်းပြစ်နေတုန်းပါပဲ တနေ့တော့ အဆင်ပြေသွားမယ်ဆိုတာကို မမျှော်လင့်တော့ပါဘူး မစောင့်စားတော့ပါဘူးဗျာ..

ဘဝမှာ ကျွန်တော်လိုချင်တာတွေကြီးပဲ ပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်မှန်း ကျေကျေနပ်နပ်ကြီး လက်ခံလိုက်ပါပြီဗျာ။





Feb





ဆရာတော်ဘုရားတွေက ဟောပြသင်ကြားပါတယ် တဘဝ တခန္ဓာဆိုပြီးတော့...

ကျွန်တော်ဆိုတဲ့ အကောင်ကလဲ ပိုင်ဆိုင်သမျှ အဲ့ဒီခန္ဓာလေးကိုပဲ စိတ်ရှိတိုင်း နှိပ်စက်နေမိတာ ဒီကနေလဲ့ ရှိစုမဲ့စု ဆံပင်လေးကို ညှပ်ပစ်လိုက်ပြန်ပြီဗျ။ 

ဘီဒေး



တနေ့တနေ့. Vday.  ဆိုပြီး မျက်စိနောက်လောက်အောင် လုပ်ပြနေကျတာ ကျွန်တော်Ro ပြလိုက်ရင် မျက်ရည်စက်လက်ဖြစ်သွားမှာ သနားလို့ဗျ..

သောက့်မြင်ကပ်ကပ်နဲ့ လစာထုတ်ပြီး ရှိစုမဲ့စုလက်ကျန် ပိုက်ဆံ၂သောင်းလေးကို နှင်းဆီပန်း၁သောင်းဖိုးဝယ်မယ် ဘုရားသွားပြီး အကုန်လှူပြစ်မယ် ချောကလက်၁သောင်းဖိုးဝယ်ပြီး အဝစားပြစ်မယ် ၁သောင်းဖိုးဆိုတော့ နံတောင်ကပ်ပါ့မလားမသိဘူးဗျ..

ကျွန်တော်လဲ ခပ်ကဲကဲကောင်ပါ အခုခေတ်ဟာလေးတွေက ပိုကဲပိုသဲနေတော့ သောက်မြင့်ကပ်တာ သောက်မြင့်ကပ်တာ တစက်လေးမှ ကြည့်မရဘူး..

မပြောတော့ပါဘူး အဲ့လိုအကဲတွေ အသဲတွေမှ မိန်းမထင်နေတဲ့ခေတ်ကြီးမှာ သူ့အရပ်နဲ့ သူ့ဇာတ်ကို လွှတ်ထားလိုက်ပါတယ်..

သောက့်မြင့်ကပ်တာကို အကျယ်ချဲ့ပြမယ်ဗျ ဒီလကို အလုပ်၂ရက်ပျက်ထားပေမယ့် လစာမဖြတ်ထားတော့ ၃သိန်းခွဲအပြည့်ရတယ် လစာထုတ်တော့ အိမ်စရိတ်၁သိန်းခွဲရယ်(အထင်မကြီးနဲ့ ပေးပြီးတော့ တပတ်ကို၃သောင်းလောက် ပြန်တောင်းသုံးတာ)..

အလုပ်မရှိတုန်းက ဦးလေးစီကယူသုံးထားတာပြန်ပေးတာရယ်(ပေးရမှာ၁သိန်း ခပ်တည်တည်ပဲ ၅သောင်းပဲပို့ပေးလိုက်တယ်)..

Laptop ဖိုးလေး ကျန်တာပေးတာရယ်(အစ်ကိုကတော့ ရေစက်ချထားပုံပါပဲ အလုပ်မရှိတုန်းယူထားတာဆိုတော့ ကျန်တာလေး ရပါ့မလားဆိုပြီး)..

ကျန်တဲ့၁သိန်းကို အဘွားအတွက့်ဆေးဝယ်ပေးတာ အမေနဲ့ကလေးတွေမုန့်ဖိုးပေးတာ အကျီရွေးတာ ဖုန်းငွေဖြည့်တာ လက်ထဲမှာ ၂သောင်းပဲကျန်တယ်..

ကားခနဲ့ ခိုစာကျွေးတာက တနေ့၁ထောင်ဆိုတော့ နောက်လအတွက် အိုကေပေါ့ အလုပ်နောက်ကျလဲ YBS စီး အလုပ်စောလဲ YBS စီး(Taxiတွေက စိတ်မချရဘူးလေဗျာ ပိုက်ဆံမရှိတော့ Taxi တောင်ခလုပ်တိုက်လိုက်သေးတယ်)..

အလုပ်ပြန်ရင် ဟိုဟာဒီဟာ ဝယ်စားနေကျဆိုတော့ တစ်လလုံး အလုပ်ကနေအိမ်ကို မျက်စိမှိတ်ပြန်ပေါ့ ပိုက်ဆံမှမရှိတော့တာ တောင်းစားရမှာလားဗျ (ကျွတ်ကျွတ်သနားစရာ ကောင်းလိုက်တာ)..

ဒေီလအတွက့် ရေသည်ယောင်္ကျးလို ပိုက်ဆံ၂သောင်းလေး ကျစ်ကျစ်ပါအောင် ဆုပ်ထားပါတယ်ဆိုမှ အားနေရင် V Day V Day ဆိုပြီး လူကိုသောက်မြင့်ကပ်အောင် လုပ်နေကျတော့ နှင်းဆီပန်း၁သောင်းဖိုးဝယ် ချောကလက်၁သောင်းဖိုဝယ်ပြီး 
B Day လုပ်မယ်ဗျာ။


Because i love you | By Chuon Chantethya

ေ မာ င်


ကျွန်တော်က လူတစ်ယောက်ကို ဟင် ဆိုရင် တကယ်လှည့်မကြည့်တက်တဲ့ အကောင်ပါ..

တော်ယုံတော့ ကျွန်တော်ချစ်တဲ့သူကို မဟင်ရက်ပါဘူးဗျာ ဟင် မဖြစ်ခင်ကြားမှာ အဲ့ဒီလူကို ကလေးတစ်ယောက် သူ့အမေကို ပျောက်သွားမှာကြောက်သလို ကြောက်လွန်းအားကြီးလို့ အသေအကြေဖက်တွယ်ထားတဲ့ အကောင်ပါဗျာ..

ကျွန်တော်အကျင့်ကို ပြောပြတာပါ အဲ့လိုကောင်မျိုးဆိုတာ..

တစ်ကူးတစ်ကကြီးမဟုတ်ပေမယ့် သူ့ကိုမေ့ထားတာ တကယ်တမ်းတော့ စိတ်နာပြီး မေ့သွားတာဗျာ တော်တော်ကြာပြီဗျ အခုတလော စိတ်ညစ်တာတွေ တော်တော်များတော့ သတိရနေမိတယ် အဆိုးနဲ့ဇာတ်သိမ်းခဲ့ပေမယ့် ဒီလို Depression ရတဲ့ အချိန်တွေမှာ သူဂရုစိုက်ခဲ့တာတွေကို ကျွန်တော်သတိရနေမိတယ် ဒီလိုအချိန်မှာ သူသာရှိရင်ဆိုတဲ့ အတွေးမျိုးဝင်နေတယ်ဗျာ..

သူ အိမ်ထောင်ရေးရော အဆင်ပြေရဲ့လား နေကောင်းလား စီးပွားရေးရောပြေလည်ရဲ့လား အတွေးတွေက ကျွန်တော်ကို ပိုစိတ်ရှုပ်သွားစေတော့ မေ့ထားတာ ပိုကောင်းပါတယ် သတိမရချင်တော့ပါဘူးဗျာ..

မောင်

အဲ့ဒီနာမည်ခေါ်ဖို့ ကျွန်တော်တစ်ဘဝလုံး ရူးခဲ့ရတာ ရူးရူးမိုက်မိုက် ရင်ခုန်ခဲ့ဘူးတာ နောက်ဆုံးတော့ အဲ့ဒီနာမ်စားလေးတောင် မုန်းသွားတဲ့အထိ စိတ်နာခဲ့ရသူပါ..

အခုအချိန် ပြန်တွေ့ရင်တော့ ကျွန်တော်အနည်ထိုင်သွားပါပြီ ရင်မခုန်တော့ပါဘူးဗျာ ဒါပေမယ့် အရမ်းစိတ်ညစ်တဲ့အချိန်ကျရင်တော့ သူဂရုစိုက်ခဲ့တာတွေကို သတိရမိတယ်ဗျာ..

နင် အဆင်ပြေရဲ့လား

ငါကတော့အဆင်မပြေဘူးကွာ အရာအားလုံးကို မဖက်တွယ်ချင်တော့ပါဘူးကွာ။