ဘီဒေး



တနေ့တနေ့. Vday.  ဆိုပြီး မျက်စိနောက်လောက်အောင် လုပ်ပြနေကျတာ ကျွန်တော်Ro ပြလိုက်ရင် မျက်ရည်စက်လက်ဖြစ်သွားမှာ သနားလို့ဗျ..

သောက့်မြင်ကပ်ကပ်နဲ့ လစာထုတ်ပြီး ရှိစုမဲ့စုလက်ကျန် ပိုက်ဆံ၂သောင်းလေးကို နှင်းဆီပန်း၁သောင်းဖိုးဝယ်မယ် ဘုရားသွားပြီး အကုန်လှူပြစ်မယ် ချောကလက်၁သောင်းဖိုးဝယ်ပြီး အဝစားပြစ်မယ် ၁သောင်းဖိုးဆိုတော့ နံတောင်ကပ်ပါ့မလားမသိဘူးဗျ..

ကျွန်တော်လဲ ခပ်ကဲကဲကောင်ပါ အခုခေတ်ဟာလေးတွေက ပိုကဲပိုသဲနေတော့ သောက်မြင့်ကပ်တာ သောက်မြင့်ကပ်တာ တစက်လေးမှ ကြည့်မရဘူး..

မပြောတော့ပါဘူး အဲ့လိုအကဲတွေ အသဲတွေမှ မိန်းမထင်နေတဲ့ခေတ်ကြီးမှာ သူ့အရပ်နဲ့ သူ့ဇာတ်ကို လွှတ်ထားလိုက်ပါတယ်..

သောက့်မြင့်ကပ်တာကို အကျယ်ချဲ့ပြမယ်ဗျ ဒီလကို အလုပ်၂ရက်ပျက်ထားပေမယ့် လစာမဖြတ်ထားတော့ ၃သိန်းခွဲအပြည့်ရတယ် လစာထုတ်တော့ အိမ်စရိတ်၁သိန်းခွဲရယ်(အထင်မကြီးနဲ့ ပေးပြီးတော့ တပတ်ကို၃သောင်းလောက် ပြန်တောင်းသုံးတာ)..

အလုပ်မရှိတုန်းက ဦးလေးစီကယူသုံးထားတာပြန်ပေးတာရယ်(ပေးရမှာ၁သိန်း ခပ်တည်တည်ပဲ ၅သောင်းပဲပို့ပေးလိုက်တယ်)..

Laptop ဖိုးလေး ကျန်တာပေးတာရယ်(အစ်ကိုကတော့ ရေစက်ချထားပုံပါပဲ အလုပ်မရှိတုန်းယူထားတာဆိုတော့ ကျန်တာလေး ရပါ့မလားဆိုပြီး)..

ကျန်တဲ့၁သိန်းကို အဘွားအတွက့်ဆေးဝယ်ပေးတာ အမေနဲ့ကလေးတွေမုန့်ဖိုးပေးတာ အကျီရွေးတာ ဖုန်းငွေဖြည့်တာ လက်ထဲမှာ ၂သောင်းပဲကျန်တယ်..

ကားခနဲ့ ခိုစာကျွေးတာက တနေ့၁ထောင်ဆိုတော့ နောက်လအတွက် အိုကေပေါ့ အလုပ်နောက်ကျလဲ YBS စီး အလုပ်စောလဲ YBS စီး(Taxiတွေက စိတ်မချရဘူးလေဗျာ ပိုက်ဆံမရှိတော့ Taxi တောင်ခလုပ်တိုက်လိုက်သေးတယ်)..

အလုပ်ပြန်ရင် ဟိုဟာဒီဟာ ဝယ်စားနေကျဆိုတော့ တစ်လလုံး အလုပ်ကနေအိမ်ကို မျက်စိမှိတ်ပြန်ပေါ့ ပိုက်ဆံမှမရှိတော့တာ တောင်းစားရမှာလားဗျ (ကျွတ်ကျွတ်သနားစရာ ကောင်းလိုက်တာ)..

ဒေီလအတွက့် ရေသည်ယောင်္ကျးလို ပိုက်ဆံ၂သောင်းလေး ကျစ်ကျစ်ပါအောင် ဆုပ်ထားပါတယ်ဆိုမှ အားနေရင် V Day V Day ဆိုပြီး လူကိုသောက်မြင့်ကပ်အောင် လုပ်နေကျတော့ နှင်းဆီပန်း၁သောင်းဖိုးဝယ် ချောကလက်၁သောင်းဖိုဝယ်ပြီး 
B Day လုပ်မယ်ဗျာ။


No comments: