အနူလက်



ကျွန်တော်လား အနူလက်နဲ့ရွှေခွက်ကို လိုချင်ခဲ့တဲ့အကောင်လေ..

မနေ့တနေ့ကမှ ရွှေခွက်လေးကို ကိုင်ကြည့်မိရင်း ခွက်ပေါ်က အနူမျက်နှာကိုမြင်မှ ငါအနူဟဲ့ဆိုပြီး သတိရသွားမိတဲ့အကောင်..

မနက်တိုင်း အိပ်ယာနိုးတိုင်း ဖုန်းအစုတ်ကလေးဖွင့်ကြည့်ပြီး ကျွန်တော်အနူသည်မှန်းသိအောင် သတိပေးတဲ့စာကို ဖတ်ဖြစ်အောင်ဖတ်ပါတယ် မတန်တရာ ရွှေခွက်ကိုမြင်ပြီး နောက်တစ်ကြိမ် ရွှေခွက်ကို သွားကိုင်မိမှာ စိုးရိမ်လို့ဗျာ..

မနေ့တနေ့ကမှ မိဘကျေးဇူးကြောင့် ဒီလိုတိုက်ခန်းကျည်းကျည်းလေးမှာ ပြန်နေရတဲ့အကောင်ပါ တသက်လုံး လူတောတိုးခဲ့တဲ့ အကောင်မှ မဟုတ်တာဗျာ..

ကုန်းကောက်စရာမရှိအောင် မဆင်းရဲခဲ့ဘူးပေမယ့် ၁၀ပေ × ၁၅ပေ ကားဘော်ဒီရုံ ထပ်ခိုးအပေါ်မှာတောင် ငှားနေခဲ့ဘူးတဲ့ဘဝကို ဖြတ်သန်းခဲ့ဘူးပါတယ် အဲ့လိုကောင်မျိုးက square footage 960 တိုက်ခန်းမှာနေရတော့ အနူဘဝကို မေ့သွားတာပါ..

ကျွန်တော်ကို အားပေးခဲ့တဲ့သူတွေကို ကျေးဇူးမတင်ပါဘူး သူတို့အားပေးလေ ကျွန်တော်အနူသည်ဆိုတာကို မေ့သွားလေ..

ကျွန်တော်ကို စော်ကားခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါတယ် သူတို့ပြောလို့ ကျွန်တော်အနူသည်ဆိုတာ သတိရသွားတာလေ ကိုယ့်ဘဝကို ပြန်ရသွားတာ..

ကျေးဇူးတင်ပါတယ်ဗျာ အနူတစ်ကောင် အနူသည်ဘဝပြန်ရသွားလို့ပါ။





No comments: