ပြီးပါပြီဗျာ


 

တစ်ခုတော့ ပြောခဲ့ပါရစေ ခင်ဗျားအတွက် ကျွန်တော်တကယ်ပဲ ဈေးပေါလွန်းခဲ့ပါတယ် ဒါပါပဲဗျာ။


ခင်ဗျားကတော့ ကျွန်တော့်ဘက်ကနေ စိန်ခေါ်လိုက်တယ်ထင်ခဲ့မှာပါ အဲ့ဒါကျွန်တော်ခံစားနေရတဲ့ ခံစားချက်သပ်သပ်ပါဗျာ။


စစ်သားနဲ့စစ်တိုက်ရအောင် ကျွန်တော်မှအရူးမဟုတ်တာဗျာ ဒါပေမယ့် ယောကျင်္ားတစ်ယောက်ကို ဒီနေ့ဒီအချိန်ထိ နားလည်မပေးနိုင်တဲ့ မိန်းမတစ်ယောက်အတွက် ခံစားချက်ကို မဖော်ပြနိုင်တဲ့ စကားလုံးတွေက ခင်ဗျားအတွက် လက်နက်တွေဖြစ်သွားလားဆိုတာ မတွေးတော့ပါဘူး ကျွန်တော်တကယ် နာကျင်နေတာပါ။


ဒီတစ်ညလုံးတော့ blog မှာ ရင်ဖွင့်ပါရစေဗျာ ရင်ဖွင့်စရာ သူငယ်ချင်းဆိုတာ ကျွန်တော်အတွက် မရှိခဲ့လို့ပါ


ကျွန်တော်ဒိုင်ယာရီမရေးဖြစ်တာ ဆယ်စုနှစ်တစ်ခုကျော်ပါပြီ ခင်ဗျားရဲ့အကြောင်းကိုတော့ တခုတ်တရရေးဖြစ်တယ်ဗျ ကျွန်တော်က လူတစ်ယောက်ကိုချစ်မိရင် တကယ်တန်ဘိုးထားတက်တဲ့ လူပါဗျာ


ခံစားချက်က မျက်ရည်ပေါက်ပေါက်ကျချင်ပေမယ့် အားတင်းနေရတော့ ကျွန်တော်ရေးတာတွေက ကပေါက်တိကပေါက်ချာဖြစ်နေမှာပါ 


အရင်ဘဝက ဝဋ်ကြွေးရှိခဲ့လို့နေမှာပါ ကျွန်တော်ပုံအောပြီးချစ်မိသမျှ ကျွန်တော့်ကိုပြန်မချစ်ကြတာ ကျွန်တော့်အမှားပဲနေမှာပါ ယောကျင်္ားတစ်ယောက်တပ်မက်လောက်တဲ့ ရုပ်ရည်ရော ခန္ဓာကိုယ်အချိုးအစားရော အရည်အချင်းရော ကျွန်တော့်မှာ မရှိခဲ့တာဗျာ


ယောကျင်္ားတစ်ယောက်က ပြာနေအောင်ချစ်ခံရတဲ့ အမျိုးသမီးမပြောနဲ့ ယောကျင်္ားတစ်ယောက်ချစ်ခံရတယ်ဆိုတဲ့ မိန်းမတိုင်းကို ကျွန်တော်တကယ်အားကျတယ်ဗျာ သူတို့မှာ နားခိုရာရင်ခွင်တစ်ခု ပိုင်ဆိုင်နိုင်သေးတယ်လေဗျာ ကျွန်တော်ခမျာ ငေးကြည့်ယုံပဲတက်နိုင်တဲ့လူပါ


ရင်ဘက်တစ်ခုလုံး ဗြောင်းဆန်နေတယ်ဗျာ 


Happy ending မဖြစ်ဘူးဆိုတာ နားလည်ထားပေမယ့် ဒီလောက်အထိတော့ စုတ်ပြတ်သွားမယ်လို့ မထင်ထားပါဘူးဗျာ အခုတော့ တကယ်နာကျင်နေပါတယ်ဗျာ


တကယ်ရယ်ရတယ်ဗျာ ခင်ဗျားနဲ့တူတဲ့သမီးကလေးမွေးဖို့အထိ ကျွန်တော်စိတ်ကူးယဉ်ခဲ့မိသူပါ တကယ်အဖြစ်အပျက်တွေက drama series တွေထက် ပိုပြီးသနားစရာကောင်းပါတယ်ဗျာ


ဒီညပြီးသွားရင် ကျွန်တော်ဆိုတဲ့ လူတစ်ယောက် ခင်ဗျားကို ခင်ဗျားရဲ့ဘဝကို ဘယ်နည်းနဲ့မှ နည်းနည်းလေးမှ မပတ်သက်စေရပါဘူးဗျာ။


ကျွန်တော်စိတ်ပင်ပန်းသလို ခင်ဗျားပင်ပန်းပါစေလို့ စချစ်မိတဲ့အချိန်ကနေ အခုအချိန်ထိ မတွေးခဲ့ဘူးပါဘူးဗျာ။




No comments: